WZMR CONTENT PAGE

Monday, July 28, 2014

ရန်ကုန်တက္ကသိုလ်များ ဟော်ကီအသင်းကို လွမ်းဆွတ်သတိရခြင်း။



ဤစာရေးသူ ကျွှန်တော် ကုလားမင်းသား စရကား သည် ၁၉၇၁ ခုနှစ်မှစ ၍ ၁၉၇၆ ခုနှစ်အထိ ရန်ကုန် တက္ကသိုလ်များ ဟော်ကီအသင်းဝင် ဖြစ်ခဲ့၏။ ရန်ကုန် တက္ကသိုလ်များ (Rangoon University or Varsity) ကို ကိုယ်စားပြု ပြီး ကစားခဲ့ပါသည်။
    ဟော်ကီကစားရန် ကျွှန်တော့်ကို ဖိတ်ခေါ်ခဲ့သူမှာ Ibrahim Ahmad Meta ဖြစ်၏။ သူနှင့် သူ၏ အစ်ကိုများ ဖြစ်သော Musa Meta (RIT- Communication) နှင့် Yusof Meta (RASU- Zoology) တို့ မှာလည်း ရန်ကုန် တက္ကသိုလ်များ ဟော်ကီအသင်း၏ လက်ရွေးစင် အားကစား သမားများဖြစ်ခဲ့၏။ သူတို့ ညီအစ်ကို သုံးယောက်သည် မြန်မာနိုင်ငံ (Union of Burma) ကို ကိုယ်စားပြု ကစားသော လက်ရွေးစင်များလည်းဖြစ်ပါသည်။
  ကျွှန်တော်တို့   ဦးဆောင်သည့် ဆရာ (Chairman or Secretary) မှာ RIT စက်မှုအင်ဂျင်နီယာဌာန မှ ဆရာ ဦးတင်လှိုင် ဖြစ်၏။ ဆရာသည် ၁၉၇၉၊၈၀ သို့ မဟုတ် ၈၁ လောက်က ကွယ်လွန်သွားခဲ့ပါသည်။ ဆရာဦးတင်လှိုင် ကောင်းကင်ဘုံ (Nirvana) ကိုရောက်ပါစေကြောင်း ကျွှန်တော်တို့  ဝန်ဇင်းမင်းရာဇာ စာမျက်နှာမှ ဆုမွန်ကောင်းတောင်းပါသည်။ ဤဆရာ ဦးတင်လှိုင် နှင့် နာမည်တူ ဒေါက်တာ တင်လှိုင်မှာ လည်း စက်မှု တက္ကသိုလ် စက်မှုအင်ဂျင်နီယာဌာနက  အခြား ဆရာတဦးဖြစ်ပါ၏။ ဒေါက်တာ တင်လှိုင် က ဟော်ကီ မကစားပါ။ တင်းနစ် ကစားပါသည်။ ဆရာ ဒေါက်တာ တင်လှိုင်က ကျွှန်တော်တို့ ကို Thermodynamics သင်ပြခဲ့ပါသည်။
 အမှတ်တရဖြစ်သော နောက်သူငယ်ချင်းများထဲ မှ စက်မှုအင်ဂျင်နီယာကျောင်းသား ဖြိုးဝေဝင်းမှာ ကျွှန်တော်တို့  ရန်ကုန် စက်မှု တက္ကသိုလ်မှ ဟော်ကီ အသင်းဝင်တဦးလည်း ဖြစ်၊အားကစားသမားများကို ပို့ ဆောင်ရေးနှင့် အထွေထွေ ပံ့ပိုးကူညီ ခဲ့သူလည်းဖြစ်ခဲ့၏။ သူ့ ကို ရင်းနှီးသူ သူငယ်ချင်းများက “ဖြိုး” ဟုသာ ခေါ်ကြ၏။ ကျွှန်တော်တို့  ရန်ကုန် တက္ကသိုလ်များ ဟော်ကီအသင်းက ပထမတန်း တွင် Varsity A  (“က” အသင်း) က ပါဝင်ကစားပြီး၊ Varsity B ( ခ သင်း) နှင့် Varsity C ( “ဂ” ) အသင်းတို့ က ဒုတိယတန်းတွင် ကစားခဲ့ကြပါသည်။ စာရေးသူ ကျွှန်တော် စရကား မှာ ကနဦးတွင် Varsity “C” အသင်းက ကစားရပြီး နောင်သော် ၁၉၇၂-ရ၃ တွင် Varsity “B” သင်းက ပါဝင်ကစား ခဲ့ရပါသည်။
စာရေးသူ မှတ်မိသလောက် ကျွှန်တော်တို့  ရန်ကုန်တက္ကသိုလ်များ ဟော်ကီအသင်း တွင် ပါဝင်သစားခဲ့ကြသည့် ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသားများကို အောက်တွင်ဖော်ပြပါသည်။
(၁) Musa Meta (မူစာ မေတာ) - လျှပ်စစ်ဆက်သွယ်ရေး
(၂) Ibrahim Ahmad Meta (အီဗရာဟင်မ် အာမက် မေတာ) - သတ္တုဗေဒ ဌာန၊
(၃) ဖြိုးဝေဝင်း - စက်မှုအင်ဂျင်နီယာဌာန
(၄) (ဘီလူးခေါင်း) သိန်းလွင် ခေါ် သောင်းတန် - ကနဦး လျှပ်စစ်အင်ဂျင်နီယာဌာန
(၅) (မီးပွိုင့်) နေဝင်း - လျှပ်စစ်အင်ဂျင်နီယာဌာန
(၆) (စာကလေး) ခင်မောင်ဇော် - အီလက်ထရွန်နစ် အင်ဂျင်နီယာဌာန
(ရ) (အသေးလေး) ခင်မောင်ဇော် - လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာန
(ဂ) ဝင်းဘို - အီလက်ထရွန်နစ် အင်ဂျင်နီယာဌာန
(၉) ဇလုတ် ဌေးအောင် - စက်မှုအင်ဂျင်နီယာဌာန
(၁၀) သိန်းထွန်အောင် - အီလက်ထရွန်နစ်အင်ဂျင်နီယာဌာန
(၁၁) ကုလားမင်းသား စရကား (ဤ စာရေးသူ) - လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
(၁၂) သူရသန့် စင် ( စက်မငအင်ဂျင်နီယာဌာန ) 
ဆေး တက္ကသိုလ်(၁) မှ ဝင်းကို၊ ခင်သိန်း နှင့် မော်မော်တင်ထွတ်၊ RASU မှ Yusof Meta နှင့် အမည်မမှတ်မိတော့သော ဟော်ကီကစား သမားများစွာ ပါဝင်ခဲ့ကြပါသည်။
  ကျွှန်တော်သည် ၄-၂-၄  ပုံစံ ( 4-2-4 Form) ဖြင့် ကစားသည့်အခါများတွင် ညာအတွင်းလူ (Right Inner) သို့ မဟုတ် ဘယ်အတွင်းလူ (Left Inner) အဖြစ် ပါဝင် ကစားခဲ့ပါသည်။



         ကျွှန်တော် ဘယ်အတွင်းလူ (Left Inner) အဖြစ် ကစားသည့် ပွဲများတွင် ဇလုတ်ဌေးအောင် က ညာအတွင်းလူ နေရာမှ ကစားရ လေ့ရှိခဲ့ပါသည်။ သိန်းထွန်းအောင်ကမူ ညာတောင်ပံ(Right Wing) က ပင်တိုင်ကစားခဲ့ ရပါသည်။ သူသည် ဝေးဝေးမှနေကာ အသံကျယ်ကျယ် အော်တတ်သူ ဖြစ်၏။ ဇလုတ်ဌေးအောင်သည် အင်မတန် ဂိုး  ရချင်သူဖြစ်၏။ ရန်ကုန်ကျောင်းသားထဲမှ တချို့  ကို သူတို့ ချစ်သူရည်းစားများက လာရောက်အားပေးလေ့ ရှိကြ၏။  သူတို့ ထဲမှာ ဇလုတ်ဌေးအောင်ရဲ့ “ဆော်” ခေါ် ရည်းစားလည်း လာကြည့်သည့်အခါများ ရှိခဲ့မည် ထင်ပါ၏။ သေတော့ မသေချာပါ။ သို့ သော် ဇလုတ်ဌေးအောင် သည် အလွန် ဂိုးရှူး ချင်သူဖြစ် ခဲ့ပါ၏။ ကျွှန်တော့်ထံ ဟော်ကီဘောလုံး ရောက်လာပြီ ဆိုလျှင် လည်းကောင်း၊ ကျွှန်တော် ကျိုးစားလုယူလို့  ဘောလုံးရပြီ ဆိုလျှင် လည်းကောင်း၊ ဇလုတ်ဌေးအောင် နှင့် သိန်းထွန်းအောင် တို့  သည် ကျွှန်တော်ကို တကြော်ကြော် ခေါ်ကာ သူတို့ ထံ ဘောလုံး ပို့ ပေးရန်တောင်းကြ ပေတော့သည်။ တခါနှစ်ခါ ပေးကြည့်ပြီး သူတို့  ဂိုး မရသည့် အခါ စာရေးသူကျွှန်တော် (ကြွားလိုက်အုံးမယ်) မရ၊ ရအောင် ကျိုးစား ၍ ဂိုးသွင်းခဲ့၏။
 
ဆက်ပါဦးမည်။

Sunday, July 6, 2014

ပြည်တော်နာမည့် စီမံကိန်းများကို ရပ်ကြပါရန်ပန်ကြားခြင်း။



၁) အိမ်အကူအဖြစ် မြန်မာမိန်းကလေးများကို ပြည်ပနိုင်ငံများသို့  ပို့ ခြင်းနှင့်ပတ်သက်ပြီး စာရေးသူ ကျွှန်တော်တို့  ဖေဖော်ဝါရီထဲကပင် မလွှတ်စေလိုကြောင်း၊ အကြောင်းပြချက်များဖြင့် တင်ပြပြီး ဖြစ်ပါ၏။ “လူတင်ပါမှ နွားကျားကိုက်” ဆိုသည့် မြန်မာစကားဆိုရိုးရှိပါသည်။ အကယ်စင်စစ် မြန်မာမိန်းကလေးများကို ရောင်းကုန်သဖွယ် သဘောထားကာ နိုင်ငံခြားတိုင်းပြည်များသို့ ပို့  လိုသူများက မြန်မာစီးပွားရေးသမား ပွဲစားများ ပင်ဖြစ်ပါသည်။ What is nationalism? အမည်ဖြင့် တင်ပြထားသော ဆောင်းပါးကို ဖတ်ရှု ကြပါ။



၂) အထွေထွေ အလုပ်သမားအဖြစ် အင်ဒီးယား နှင့် တရုတ်နိုင်ငံသို့  မပို့ သင့်ပါ။ သူတို့ ၏ အလုပ်သမားများ ကိုပင် စင်္ကာပူနိုင်ငံကိုစေလွှတ်   အောက်ခြေသိမ်း အလုပ်များလုပ်နေသည် ကိုတွေ့ ရသည့် အတွက် ထိုတိုင်းပြည်များတွင် ထိုက်တန်သော လုပ်အားခ မရနိုင်သည်မှာ ရာနှုန်းပြည့် သေချာပါသည်။
၃) တကယ်လုပ်သင့်သည်မှာကား၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ပပြောက်အောင်ဆောင်ရွှက်ပြီး နိုင်ငံရေးတည်ငြိမ်အောင်ဖန်တည်းခြင်း ဖြစ်၏။ သို့ မှသာ ရင်းနှီးမြှပ်နှံလိုသူများက စိတ်ချယုံကြည်စွာ ဝင်လာရဲပေမည်။ အစဉ်အလာကြီးမားသည့် ဂျပန်နိုင်ငံက “National Panasonic – Masushita Coporation” သည် စက်ရုံတည်ဆောင်ပြီး ထုတ်လုပ်ရေး လုပ်ရန် လောလောဆယ်မှာ အစီအစဉ် မရှိဟု ဆို၏။ ဂျပန်လုပ်ငန်းရှင် ကုမ်ပဏီကြီးများ မြန်မာပြည်တွင် အမှန်ပင် စက်ရုံ အလုပ်ရုံများဖွင့်လို သည်မှာသေချာ၏။ သို့ သော် စိတ်ချယုံကြည်နိုင်မှု မရှိသဖြင့် မလုပ်လိုသေးခြင်း ပင်ဖြစ်ပေမည်။ ယင်းတို့ ယုံကြည်စိတ်ချနိုင်အောင် နိုင်ငံတော် အစိုးရက ဆောင်ရွက်ပေးနိုင်မှသာ အဆိုပါ ရင်းနှီးမြှပ်နှံမှုမျိုးကို ဆွဲဆောင်နိုင်ပေမည်။
ငါးပွက်ရာ ငါးစာချ ဆိုသကဲ့သို့  သူများတိုင်းပြည်များက မဖွယ်ရာသော အကြောင်းများကြောင့် သူတို့ မိန်းကလေးများကို အိမ်အကူ (maid) အဖြစ် မလွှတ်တော့ဘူးဆိုတော့ မှ ကိုယ့်အတွက် အခွင့်ကောင်းဟု ယူဆကြသည့် ပွဲစားများကတော့ “ဘနဖူး သိုက်တူးမည့် လူစားများ” ဖြစ်ကြပါ၏။
အဘတို့ လည်း သတိကြီးကြီးထားကြပါ။ အဘတို့  ကိုလည်း အနှီပွဲစားများ လှည့်စားကောင်း လှည့်စားနိုင်ပါသည်။ မြန်မာမိန်းကလေးများမှာတော့ စရိတ်စက (ပွဲစားခ၊လေယဉ်ခ စသည်)ကို  အကြွေးစနစ်ဖြင့် ကြွေးတင်ပြီးမှ ကျွှန်ခံရန်သွားရခြင်းဖြစ်ပါ၏။ မိန်းခလေးများ ခမြာ ကိုယ့်စရိတ်ကိုပေး အကြွေးတင်ခံပြီးမှ ကျွှန်ခံရန်လာရခြင်း ဖြစ်၏။ လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မင်းတို့  စဉ်းစားဆင်ခြင်တော်မူကြပါ။ မသင့်လျှော်သည်ကို တားဆီးနိုင်ရန်ဆောင်ကြဉ်းတော်မူကြပါ။

ကိုယ့်တိုင်းပြည်ထဲမှာ လယ်သူမလေးများ ဖြစ်ချင်ဖြစ်ပါစေ။ အိမ်အကူတော့ မဖြစ်စေချင်ပါ။



ဆရာတော် အရှင်အဂ္ဂစာရ ဟောကြားတဲ့ တရားကိုနာပြီး လိုက်နာကျင့်ကြံကြပါ။