WZMR CONTENT PAGE

Wednesday, April 2, 2014

အမိဧရာဝတီမြစ်ကြီး အဓွန့်ရှည် စေရေး။



 အမိဧရာဝတီမြစ်ကြီး  အဓွန့်ရှည် စေရေး။ (၁)

ရေးသူ ကုလားမင်းသား စရကား။

ဧရာဝတီမြစ် ကိုရှေးက Iravati ဟု ခေါ်ခဲ့၏။ ထိုအမည်ကို သမိုင်းတလျှောက် မှာ တဖြည်းဖြည်း ပြောင်းလဲလာပုံ မှာ၊ Irrawaddy, ဧရာဝတီ ဟုဖြစ် ပေသည်။ ချင်းတွင်းမြစ်ကို မူ သာလာဝတီ (River Sarasvati) ဟုခေါ်ခဲ့ပါသည်။ သို့ဖြစ်    မုံရွာမြို့ ကို သာလာဝတီ မြို့တော် ဟု ခေါ်ခဲ့ခြင်း ဖြစ် သည်ဟု စူးစမ်း တွေ့ ရပါသည်။ 

ရှေးက ဤ အမည်များ ဖြင့် မြစ်များ အန္ဒိယ နိုင်ငံကြီး တွင် ရှိ ခဲ့တဲ့ သမိုင်း အထောက်အထား တွေရှိ ပါသည်။

 ထိုစဉ်က အန္ဒိယ နိုင်ငံကြီး တွင် ယနေ့ခေတ်နိုင်ငံများဖြစ်သော အန္ဒိယနိုင်ငံ  ၊ ပါကစ္စတန် နိုင်ငံ၊ ဘင်္ဂလာဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါလ် (ရှေး အခါက ဟိမဝ န္တာ ) တို့ပါ ဝင်ပါသည်။  ထိုအန္ဒိယ နိုင်ငံကြီး ၏ အနောက်မြောက် အရပ်မှာ ဟင်ဒု ခေါ် အင်ဒု မြစ်ဝှမ်းဒေသ ရှိခဲ့၏။ ယခု ပါကစ္စတန် နိုင်ငံ အတွင်းရှိ  အနောက် ပန်ဂျတ်ပြည်နယ်ထဲ တွင် ရှိပါသည်။ River Iravati ကို  ပရူရှနီမြစ်  River Parushani ဟု လည်း ခေါ်ခဲ့ ပါသည်။ ပုရူရှာပူရ မြို့တော် purushapura နှင့်လည်း သမိုင်းကြောင်း အရဆက်နွှယ် နေမည်ဟု ယူဆရပါသည်။ purushapura သည် “ပြူ” (Pru) ဟုလည်းကောင်း ၊ Tircul or tritsu ဟုလည်းကောင်း၊ ခေါ်တွင် သည့် မြန်မာ တို့ရဲ့ ရှေးကျလှ သော လူမျိုး များ ၏ မူလဘူတ ဇာတိမြေ ရဲ့မြို့တော် ပင်ဖြစ်ပါသည်။ အထောက်အထား များစွာ ရှိပါသည်။ 

သို့ဖြစ်ရာ ဧရာဝတီမြစ် (Iravati) ၊ပြူလူမျိုး (Pru race) နှင့် ဗမာ(မြန်မာ) လူမျိုး မြန်မာနိုင်ငံ တို့ မှာ ခွဲမရ ဘဲ တသားတည်းဖြစ်၏။ ယခု ဗမာ (မြန်မာ) တချို့ ၊ မေခ နှင့် မလိခ မြစ်တို့ ဆုံရာ တန်ဖဲရွာ (မြစ်ဆုံရွာ) ဆီသို့ ခရီးရှည် လမ်းလျှောက် နေကြပါပြီ။ ရည်ရွယ်ချက်မှာ ဧရာဝတီ အဓွန့်ရှည် ရေး ဖြစ်၏။ ဤစာရေးသူ “ စရကား” တန်ဖဲရွာ ကိုရောက်ဖူးခဲ့ သည်မှာ ၁၉၆၉ ခုနှစ် ၁၀ တန်းကျောင်းသား ဘဝ မြစ်ကြီးနား တွင် ညကျောင်းတက် ခဲ့စဉ်က ဖြစ်ပါသည်။ စရကား ၏ စိတ်အစဉ်မှာ လည်း စေတနာမှန်ဖြင့် ငြိမ်းချမ်းစွာ အမိ ဧရာဝတီ ကို ကာကွယ်စောင့်လျှောက် နေသူများနှင့် လိုက်ပါ လျှက်ရှိပါ သည်။ ဤ မှန်သော သစ္စာ   စကားကြောင့်   အမိ ဧရာဝတီ  ကမ္ဘာတည် သ၍ စီးမြဲ စီးဆင်း နေနိုင်ပါစေ။

 အောက်ဖော်ပြပါ လင့်ခ် များကိုနှိပ်၍ ဖတ်ပါ။ 






 အောက် ဖော်ပြပါမြေ ပုံကို ရှု ပါ။



No comments:

Post a Comment