WZMR CONTENT PAGE

Thursday, April 17, 2014

ဝန်ဇင်းမင်းရာဇာ သမိုင်း သုတေသန (၃) ပြူလူမျိုး၊ သက်လူမျိုး တို့ပူးပေါင်းမှုနှင့် တကောင်း အဘိရာဇာ။


  ရှေးဦး ဗမာများ မှာ ရှေးခေတ် အန္ဒိယပြည်  အနောက်မြောက် ပိုင်း ပန်ဂျတ်(ဘ) ဒေသ ကလာခဲ့ကြပါသည်။ ရှေးဗမာ များ ဘောင်းဘီ ဝတ်ကြပါသည်။ ယခု ဗမာ (မြန်မာ) များ ဝတ်နေကြသည့် ပုဆိုး ခေါ် လုံချည်(longi)  ကို သီဟို ခေါ် သီရိလင်္ကာနိုင်ငံ မှ ရရှိခြင်း ဖြစ်၏။ ကုလားဆီက ရတယ်လို့ပြောချင်လျှင် ရှင်းရှင်းလင်းလင်း သီဟိုကုလားဆီက ရ သည် ဟု ပြောမှမှန် ပေသည်။ ဗမာနှင့် ပုဆိုး ဝတ်ပုံ၊ ချည်ပုံ တူ သည် မှာ သီဟိုကုလားသာ ဖြစ်၏။
     စာရေးသူ ရေကြောင်း အင်္ဂျင်နီယာ ဘဝ ကသီရိလင်္ကာနိုင်ငံ ၊ အန္ဒိယပြည် တောင်ပိုင်း ယခု ချင်နိုင်း   (ယခင်က Madaras)၊   ကာလကတ္တား (formerly Calcutta, now Kolkatta) နှင့် ဘင်္ဂလာဒေ့ရှ (Bengladesh) နိုင်ငံများကို အကြိမ် တော်တော်များများ ရောက်ခဲ့ဘူး၏။  ကာလကတ္တားမှာ အနောက် ဘန်ဂေါ (West Bengal ) ပြည်နယ်၏မြို့တော်ဖြစ်၏။ ဘင်္ဂလာဒေ့ရှ (Bengladesh) နိုင်ငံ မှာ ရှေးခေတ် အန္ဒိယပြည်၏ အရှေ့ ဘန်ဂေါ (East Bengal ) ပြည်နယ်ဖြစ်ခဲ့၏။ ကာလကတ္တားက ဘင်္ဂါလီ လူ မျိုးများမှာ မြန်မာနိုင်ငံက ရခိုင်များနှင့် ခွဲမရ အောင် တူကြ၏။ အမှန်ဆိုက ဘင်္ဂလားပင်လယ်အော် ဒေသ ရခိုင်ပြည်မှာလည်း ရှေးက ဘင်္ဂလားဒေသ ၏အစိတ်အပိုင်း တခုဖြစ်ခဲ့၏။ သို့ပါ ၍ ရခိုင်လူမျိုးများ မှာလည်း ဘင်္ဂါလီများပင် ဖြစ်ပါ၏။ 

{ရခိုင်များမှာ အဖွဲ့အစည်းတခု၊ လူတစုက အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်း သည် ဆိုသကဲ့သို့ အချင်းချင်း သတ်ဖြတ်ခိုင်း ကြ၏။ ၉၆၉ စီမံကိန်း မှာ ပြည်တော်နာ ရုံမျှမက တပြည်ထောင်လုံး ပြက်စီးစေမည့် ဇာတ်တူသားစား  ဟင်္သာကိုးသောင်းပြက်သည့် ပုံပြင်(စာရေးသူ မူလတန်း- ဒုတိယတန်းမှာ ဖတ်ခဲ့ရသည်ထင်၏) ကဲ့သို့ဖြစ်ပေမည်။ယခုအခါ  ကမ္ဘာလုံး က ကဲ့ရယ်ကြသဖြင့် တတိုင်းပြည်လုံး အရှက်ရ စရာ လည်းဖြစ်ပေသည်။}

ပြောပြ ရှင်းပြလို သည့် အကြောင်းရင်းမှာ ဗမာတို့ ၏ ပထမဆုံး မြို့ ပြ နိုင်ငံ တကောင်း (Takawmah) ကို တည်ထောင် ခဲ့သည့် အဘိရာဇာ (Abiraja) မှာကား အန္ဒိယပြည် အနောက်မြောက် ပိုင်း ပန်ဂျတ်(ဘ) ဒေသမှ လာခဲ့ သော အန္ဒိယပြည် မြောက်ပိုင်းသား ကုလားကြီး ဧကန်စင်စစ်ဖြစ်ခဲ့ပါ၏။ အဘိရာဇာ (Abiraja) နှင့် “ပြူ လူမျိုး (Pru or Puru or Tircul or Tritsu )” နှင့် “သက် လူမျိုး ခေါ်  သာကီဝင် (Sakyan=Saka=Sak)” တို့အားလုံး အန္ဒိယပြည် မြောက်ပိုင်းမှလာခဲ့ကြ၏၊။ ယောက်ျား မိန်းမ ဘောင်းဘီ ဝတ်ကြ၏။ သို့သော် တရုတ် ဘောင်းဘီနှင့် မတူ တမူကွဲပြား၏။ 

   သျှမ်းများမှာလည်း အန္ဒိယပြည် မြောက်ပိုင်း အာဖဂံနိုင်ငံ မှာရှိတဲ့ ပါမီ(ရ်) – Little Pamir ဆိုတဲ့ အရပ်က လာခဲ့ကြ ခြင်းဖြစ်ပါသည်။ သျှမ်းတို့ကို  ကမ္ဘောဇ မောသျှမ်းဟု လည်းခေါ်ကြ၏၊။  ကမ္ဘောဇလူမျိုး များ၏ ထူးခြားမှု တခုမှာ လုံးဝန်း သော ဦးခေါင်း ရှိခြင်းဖြစ်၏။ ဤအကြောင်းအရာ ကိုတော့ သီးသန့် ခေါင်းစဉ် တခုဖြင့် စာတန်းရေး တင်ပြပါမည်။ 

ဖတ်ရန် ဖော်ပြပါ လင့်ခ် ကို နှိပ်ပါ။ 


No comments:

Post a Comment