WZMR CONTENT PAGE

Wednesday, March 4, 2015

ပိတ်ဆို့ခံထားရသည့် သပိတ်ကျောင်းသားများ အစာငတ်ခံဆန္ဒပြမည်ဟု ပြောဆိုနေ


လက်ပံတန်းမြို့တွင် ပိတ်ဆို့တားဆီးခံထားရသော ပင်မသပိတ်ကျောင်းသားများသည် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံနေသောနေရာတွင် ရှေ့သို့မတိုးနိုင်သောကြောင့် ထိုင်သပိတ်ပုံစံဖြင့် ရင်ဆိုင်နေရပြီး အစာငတ်ခံဆန္ဒပြမည်ဟု ပြောဆိုနေကြကြောင်း သပိတ်စစ်ကြောင်းတွင် ရောက်ရှိနေသည့် 7Day သတင်းထောက်က သတင်းပေးပို့သည်။
သပိတ်စစ်ကြောင်းတွင် ပါဝင်သော ရဟန်းသံဃာများနှင့် ကျောင်းသားများသည် ယနေ့နံနက် ၁၁ နာရီအချိန်မှစတင်ကာ အစာငတ်ခံဆန္ဒပြမည်ဟု ပြောဆို၍ ဆက်လက်ဆန္ဒပြနေကြခြင်း ဖြစ်သည်။ သာယာဝတီမြို့သို့ ချီတက်ရန် ထွက်ခွာလာသော ကျောင်းသားများသည် ၎င်းတို့တည်းခိုသည့် အောင်မြေဗိမာန်ဘုန်းကြီးကျောင်းနှင့် ၁ ဖာလုံအကွာတွင် တားဆီးခံရခြင်း ဖြစ်သည်။
ပဲခူးတိုင်းအာဏာပိုင်များက ကျောင်းသားများအား နံနက် ၁၀ နာရီအချိန်မှစတင်၍ ခြောက်နာရီအတွင်း လူစုခွဲရန် ကြေညာနေသည်။ ကျောင်းသားများကလည်း အကြမ်းဖက်နှိမ်နင်းမှုများမပြုလုပ်ရန် ရဲတပ်ဖွဲ့ထံ တောင်းဆိုထားကြသည်။
----------
ထိုင်သပိတ်ဆင်နွဲနေသော သပိတ်မှောက်ကျောင်းသားများ - ဓာတ်ပုံ ငြိမ်းချမ်း


No comments:

Post a Comment