Tuesday, December 29, 2015

ကာလုံဥပဒေကို ပြတ်ပြတ်သားသား ဝေဖန်လိုက်တဲ့ ဆရာဦးကိုနီ ...




 ပြည်သူတွေ အခက်အခဲဖြစ်တဲ့ကိစ္စရပ်တိုင်းမှာ ဆရာ့အဖြေတွေကြောင့် အမြဲတန်းရှင်းရှင်းလင်းလင်း ဖြစ်ခဲ့ရပါတယ်။
ဒါကြောင့် ဆရာဦးကိုနီကို အမေစုနဲ့ NLD တင်မက ပြည်သူတွေအားလုံး (အရိုးကိုက်တွေကလွဲလို့)
ချစ်ခင်လေးစားကြတာပေါ့။ ဒီကောင်တွေ လူမျိုးရေး ဘာသာရေးနဲ့ ဆရာ့အပေါ် တိုက်ခိုက်ဖို့ကလွဲပြီး ဆရာ့ဖြေရှင်းချက်တိုင်းကို ဘယ်တော့မှ အချက်အလက်နဲ့ မဖြေရှင်းနိုင်ကြပါဘူး။ ကျေးဇူးပါဆရာ ...

*** "ကာလုံ ဥပဒေသည် ကာကွယ်ရေးဦးစီးချုပ်ကို ကာကွယ်ပေးတဲ့ ဥပဒေပဲ။ ကာကွယ်ရေးဦးစီးချုပ်ကို တိတိကျကျ ပြတ်ပြတ်သားသား အာဏာအပ်နှင်းတဲ့ ဥပဒေဖြစ်သွားမယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အာဏာကို တိုးချဲ့ချင်လို့ ဒီဥပဒေကို ပြဋ္ဌာန်းမှာ။ တနည်းအားဖြင့် သမ္မတကို ထိန်းထား နိုင်အောင် ၊ သမ္မတရဲ့ အထက်ကနေ သူက ထိန်းချုပ်ထားလို့ရနိုင်အောင် ရည်ရွယ်ချက်နဲ့ သူက ကြိုးပမ်းတာပဲ။ တကယ်လို့ ကာလုံဥပဒေဟာ တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်တဲ့ဥပဒေ ဆိုရင် လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ရေးဆွဲခဲ့ဖို့ကောင်းတယ်။ အခု ဒီဥပဒေကြမ်းကို တင်တဲ့အချိန်ဟာ ပြည်ခိုင်ဖြိုး ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးတဲ့နောက် တင်တာဖြစ်တဲ့အတွက် ရိုးဖြောင့်မှု မရှိဘုး။
တကယ်တမ်းပြောရရင် သမ္မတဟာ နိုင်ငံရဲ့ အကြီးအကဲဖြစ်တယ်။ နိုင်ငံသားအားလုံးရဲ့ အထွဋ်အထိပ်ပုဂ္ဂိုလ်ဖြစ်တယ်။ အစိုးရအဖွဲ့ရဲ့ အကြီးအကဲဖြစ်တယ်။ ဒါကြောင့် ကာလုံဆိုတာ သမ္မတကို အကာအကွယ်ပေးတဲ့ အဆင့်မျိုးသာ ဖြစ်သင့်တယ်။ ကာလုံဟာ သမ္မတရဲ့အထက်မှာ လက်ရှိအခြေခံဥပဒေဖွဲ့စည်းပုံအရ လုံးဝ ရှိလို့မရဘူး။ အဲ့တာကို ဥပဒေတရပ်အဖြစ် ပြဋ္ဌာန်းဖို့ ကြိုးစားမယ်ဆိုရင် အခုလို လူအားကောင်းလို့ လူအားနဲ့ ပြဋ္ဌာန်းခဲ့ရင်တောင် အဲ့ဒီ့ဥပဒေဟာ ဖွဲ့စည်းပုံနဲ့ မညီညွတ်တဲ့အတွက် နောက်တက်လာမယ့် သက်တမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးမှာ တင်ပြီး ဖျက်ပစ်ရမယ့် ဥပေဒထဲမှာ ပါဝင်ပါလိမ့်မယ်။" ***
‪#‎ဆရာဦးကိုနီ‬

Credit:  Nurhad with Love Hunter.

Saturday, November 7, 2015

ပြည်ထဲရေးဝန်ကြီးကို အရေးယူဖို့ ကုလသမဂ္ဂကောင်စီမှာ တိုက်တွန်း


ပြည်ထဲရေးဝန်ကြီးကို အရေးယူဖို့ ကုလသမဂ္ဂကောင်စီမှာ တိုက်တွန်း

 

koko-620.JPG
(အောက်တိုဘာလ ၁ ရက်နေ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားမှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို မိန့်ခွန်းပြောကြားစဉ်)
Photo: RFA
လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အများအပြား ကျူးလွန်ခဲ့တဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ကို တာဝန်ရှိသူအဖြစ် အရေးယူဖို့ မြန်မာအစိုးရကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းတင်ပြလိုက်ကြပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ Human Rights Council ရဲ့ အဖွဲ့ဝင်နိုင်ငံများအပေါ်သုံးသပ်တဲ့ Universal Periodic Review (UPR) ညီလာခံမှာ မနေ့က တင်ပြလိုက်ကြပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ ၂ဝ၁၂ ခုနှစ် လက်ပံတောင်းတောင်ဒေသ ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွဲမှုတွေ၊ ၂ဝ၁၅ မတ်လ လက်ပံတန်း ကျောင်းသားများကို အကြမ်းဖက်ဖြိုခွဲမှုတွေမှာ အဓိကတာဝန်ရှိသူအဖြစ် စုံစမ်းအရေးယူဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒီကိစ္စမှာ မြန်မာအစိုးရက အရေးမယူဘူးဆိုရင် နိုင်ငံတကာ ရာဇဝတ်ခုံရုံးအထိ တင်ပြ ဆောင်ရွက်သွားနိုင်တယ် လို့လည်း ဆိုပါတယ်။ ဒီအကြောင်းတွေနဲ့ ဆက်စပ်ပြီး RFA အဖွဲ့သား ဦးခင်မောင်ညိန်းက တင်ပြထားပါတယ်။

Monday, November 2, 2015

星期一,孟高棉,暹罗和 Kamboja、 佤族、 洼



星期六 2014 1 11 日星期一,孟高棉,暹罗和 Kamboja 佤族、 虽然缅甸、 孟高棉、 罗和 Kamboja 东南亚星期一可能有其个人的政治和地方、 文化、 风俗、 谱、 民族学、 词源和起源互相缠绕在一起。所以,我们会研究和在这个标题下的详细讨论。但它将细分如下。 1) 缅甸 2 星期一) 孟高棉 3) 4) Kamboja (ကမ်ဘောဇ) 产地
孟起源和高棉。寻找我们挚爱的孟亲属的起源,首先我们会把孟著名历史学家帐户名称的人民和我们将报价博士乃潘 Hla 为遵循:-ethononym 的孟族人民在过去的日子里,不同于现在的名称星期一,写人 (မန်)。在预吴哥窟高棉题字,阜被称为拉曼 (ရမည်)RMMAN RAMANYA (ရမည) 在第 6-7 纪广告。公元 1021 年,爪哇命名他们作为
它是非常有趣的是区资本镇命名央米丁 () Ramethin (ရမည်းသင်း) 缅甸的哈姆雷特。著名的海游戏马拉松爸爸出生在 Yamthethin。有一些宝塔建和崇拜的侄子和侄女的孟王 Manuha YamathinTheign 走村和 Shwse-Myin-田山,在我们深爱的蓝脊山附近北东部。ွှ့If 们探索和验证所建的宝塔的存在
们将与更多的资料、 实、 证据的那些实际上的亲戚的孟人续订或亲戚的缅甸自身。其实孟英雄 Sami Baran 救了缅甸一次通过战斗双与 Ga--啃老族,中国皇帝的英雄。很可能,王子 Thi--Wa Silva;双的姐夫的王子的 Ah-镇或 ' 国王 Swar sor '; 央米丁。Thi-- Swar Sor 柯姐姐和后者对前者的妹妹结婚结了婚。
To be continued -未完待

Saturday, October 24, 2015

ဦးမြင့်ဆွေသို့ -

https://www.facebook.com/lamin.thar.355744/posts/1512204525765458?pnref=story


ဦးမြင့်ဆွေသို့ -
(တစ်နေကုန်အလုပ်လုပ်ပြီး အလုပ်ကပြန်လာတော့ CSOC သင်တန်းရှိလို့ သွားပြနေရသေးတယ်။ အဲဒါကြောင့် ခုမှ ရေးနိုင်တာ)
ခုလိုသေသေချာချာ ပြန်ဆွေးနွေးပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ် ခင်ဗျား။
၁။ (စနစ်ဆိုတာ လူတွေလုပ်တာဗျ။) - သိပ်မှန်သပေါ့ဗျာ။
၂။ (ဘယ်သူမှမွေးလာကတည်းက အစိုးရဖြစ်ရမယ်။သခင်ဖြစ်ရမယ်။ကျွန်ဖြစ်ရမယ်ဆိုပြီး နဖူးတံဆိပ်အကပ်ခံမွေးလာတာ မဟုတ်ဘူးဗျ။) - သိပ်မှန်သပေါ့ဗျာ။
=======================
၁။ ((စနစ်ဆိုတာ လူတွေကလုပ်တာ)) - ဆိုတာကို ပြောပါမယ်။
ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဦးနေ၀င်းအာဏာမသိမ်းခင်က အရှေ့တောင်အာရှမှာ ထိပ်ဖြစ်ခဲ့တာ ဦးမြင့်ဆွေ သိပါတယ်။ အဲဒါ စနစ်ကောင်းခဲ့လို့ပဲ။ ဘယ်ကစနစ်လဲ။ အင်္ဂလိပ်တွေ ချမှတ်ခဲ့တဲ့စနစ်ကို ဆက်လက်ကျင့်သုံးခဲ့လို့။ မြန်မာပြည်နဲ့ကိုက်အောင်တော့ ပြန်ပြင်ရမှာပေါ့။ အဲဒီစနစ်ကို လုပ်ခဲ့တဲ့ အဲဒီခေတ်က လူတွေက လူတော်တွေကိုးဗျ။ စနစ်ကောင်းလို့ တိုင်းပြည်ကောင်းတာ။
စနစ်ဆိုတာ လူတွေကလုပ်ခဲ့လို့ပဲ ဆိုရှယ်လစ်စနစ်ဆိုတာကြီး ဖြစ်လာတာပေါ့ဗျာ။ အဲဒီ ဆိုရှယ်လစ်စနစ်ဆိုတာကြီးကြောင့် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးဖြစ်ခဲ့ရာကနေ အဆင်းရဲဆုံးဖြစ်ခဲ့တာ မဟုတ်လားဗျာ။
ဦးနေ၀င်းပြီး နောက်တက်လာတဲ့ စစ်ခေါင်းဆောင်တွေ လက်ထက်ကျတော့ ဘာစနစ်ကို ကျင့်သုံးသလဲ။ ငါ့မြင်းငါစိုင်း၊ စစ်ကိုင်းရောက်ရောက် ဆိုတဲ့စနစ်ကို ကျင့်သုံးကြတာပဲ။ အဲဒါကြောင့် မြန်မာနိုင်ငံဟာ အခု ဘယ်အခြေဆိုက်နေတယ် ဆိုတာ ဦးမြင့်ဆွေ သိပါတယ်။
အင်္ဂလန်ဆိုတာ ကမ္ဘာ့မြေပုံပေါ်မှာ ဇီးရွက်လောက်ကလေးရှိတဲ့တိုင်းပြည် သေးသေးလေးပေါ့ဗျာ။ ဒါပေမဲ့ ဘာ့ကြောင့် သူ့ထက် အဆပေါင်းများစွာကြီးတဲ့ အိန္ဒိယနိုင်ငံကို ရာစုနှစ်တစ်ခုလောက်ထိ သိမ်းပိုက်အုပ်ချုပ်ထားနိုင်ခဲ့သလဲ။ သူ့ထက် အင်မတန်ကြီးတဲ့ မြန်မာနိုင်ငံကို ရာစုနှစ် ထက်ဝက်လောက် သိမ်းပိုက်ထားနိုင်ခဲ့သလဲ။ မြန်မာနိုင်ငံကို လာအုပ်ချုပ်ခဲ့တဲ့ ဗြိတိသျှအရာရှိ ဘယ်လောက်ရှိမယ် ထင်ပါသလဲ။ လက်တစ်ဆုပ်လောက်ရှိတဲ့ အင်္ဂလိပ်လူမျိုးနည်းနည်းကလေးနဲ့ နေမ၀င်အင်ပါယာကြီး တစ်ခုလုံးကို ဘယ်လို အုပ်ချုပ်ခဲ့သလဲ။
စနစ်နဲ့ခင်ဗျ။ စနစ်နဲ့အုပ်ချုပ်တာ။ လူနဲ့အုပ်ချုပ်တာမဟုတ်ဘူး။
အဲသလောက်ဆို အဲဒီစနစ် ဘယ်လောက်ကောင်းသလဲဆိုတာ ဦးမြင့်ဆွေ နည်းနည်းလောက် ရိပ်မိလောက်ပါပြီ။ ဒါဖြင့် အဲဒီစနစ်ကို ဘယ်သူတွေ ရေးခဲ့သလဲ။ အင်မတန် တော်တည့်ထက်မြက်သူတွေ ရေးတယ်ဆိုတာ ယုံမှားသံသယမရှိနိုင်ပါဘူးဗျာ။
“ရေဘူးပေါက်တာမလိုချင်ဘူး။ ရေပါတာပဲလိုချင်တယ်” ဆိုတာလောက်သိတဲ့ ဦးဏှောက်တွေနဲ့ ရေးရင် အဲသလောက် ကောင်းမွန်တဲ့ စနစ်တစ်ခု ထွက်လာလိမ့်မယ်လို့ ဦးမြင့်ဆွေ ထင်ပါသလား။
စနစ်ကိုလူကရေးတာမှန်ပေမဲ့ အဲဒီစနစ်ကို ရေးတဲ့သူဟာ ကောင်းတဲ့၊ တော်တဲ့၊ နိုင်ငံ့အပေါ်လည်း စေတနာထားတဲ့ (Competent Person = Knowledge + Skill + Attitude) သူတွေ ရေးမှ ကောင်းတဲ့စနစ်ဖြစ်မှာပေါ့ဗျာ။ “ကျွန်တော်သာ နောက်ထပ် ၅ နှစ်လောက်အုပ်ချုပ်ရရင် စင်ကာပူလို ဖြစ်ရစေ့မယ်” လို့ အရူးချီးပန်းလျှောက်ပြောနေတဲ့သူတွေက ကောင်းမွန်တဲ့စနစ်တစ်ခု ရေးနိုင်လိမ့်မယ်လို့ ဦးမြင့်ဆွေ ထင်ပါသလား။
=============================================
နောက်တစ်ချက် -
၂။ ((ဘယ်သူမှမွေးလာကတည်းက အစိုးရဖြစ်ရမယ်။ သခင်ဖြစ်ရမယ်။ ကျွန်ဖြစ်ရမယ်ဆိုပြီး နဖူးတံဆိပ်အကပ်ခံမွေးလာတာ မဟုတ်ဘူးဗျ။
အမှိုက်စည်းကမ်းမယ့်မပစ်တာ တန်းစီတာ တဦးနဲ့တဦးကူညီတာ လေးစားတာ ကိုယ့်ဟာကိုယ်စာကြိုးစားတာ ကျန်းမာရေးလုပ်တာကျန်းမာတဲ့အစာစားတာ တဦးနဲ့ဦးအနှောက်အယှက်မဖြစ်အောင် နေတာစသည်ဖြင် ကိုယ့်ဟာကိုယ်လုပ်လို့ရသော အလုပ်ပေါင်းများစွာရှိရဲ့နဲ့တစိပ်ရှိ အစိုးရအစိုးရဆိုတာလုပ်မနေကြဘို့ ကျနော်တို့လူ့အဖွဲ့အစည်းကိုမေတ္တာရပ်ခံတာပါ။
အစိုးရဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ကိုယ့်ဟာကိုယ်ဒုက္ခရောက်မယ့်နည်းရော သူတို့ဒုက္ခရောက်မယ့်နည်းရောအားမပေးပါဘူး။ သူနိုင်ကိုယ်နိုင် win-win နည်းဘဲသုံးစေခြင်တယ်။ လူတွေအားလုံးအစွဲတွေ တဏှာမာနတွေကြောင့်ဒိဋ္ဌိဖြစ်ပြီး ဒုက္ခရောက်ကြတာ။ ဆေးလိပ်စွဲ ဆေးစွဲ အရက်စွဲ လောင်းကစားစွဲ အပျော်အပါးစွဲ။
စွဲမိရင်မှားမှန်းသိတောင်မဖြတ်နိုင်ကြတော့ဘူး။ အဲဒီလိုမျိုးတွေထဲမှာမှ အာဏာစွဲစည်းစိမ်စွဲတွေက အဆိုးဆုံးတွေပါ။ လွယ်လွယ်နဲ့ဖြတ်ဖို့ စွန့်လွှတ်ဖို့ခက်နေပါပြီ။
ဒီလိုအာဏာတွေစည်းစိမ်တွေအပေါ်မှာ သာယာခြင်းမကသာယာနေ
ကြတဲ့အတွက် ကိုယ်ချင်းစာတရားတွေဗြဟ္မစိုရ်တရားတွေပျောက်နေပါပြီ။) - ဆိုတာ ဆက်ပြောပါမယ်။
လူဟာ မွေးလာကတည်းက အစိုးအနေနဲ့မွေးလာတာမဟုတ်ဘူးဆိုတာ ဦးမြင့်ဆွေလို လူကြီးမပြောနဲ့။ မနေ့တစ်နေ့ကမှ ကိုရင်ဝတ်ကထွက်လာတဲ့ ၈ နှစ်သား ကျွန်တော့်သားတောင် သိပါတယ်ဗျား။
ကျွန်တော်တို့တိုင်းပြည်ကလူတွေ အဲသလို စည်းကမ်းမဲ့၊ ပညာမဲ့၊ အရက်သမား ဘိန်းသမားတွေဖြစ်အောင် ဦးနေ၀င်းကစလို့ အဆက်ဆက်သော စစ်အာဏာရှင်တွေက ဖျက်ဆီးခဲ့တယ်ဆိုတာ ဦးမြင့်ဆွေမသိတာများ အံ့သြကုန်နိုင်ဘွယ်ပါဘဲ ခင်ဗျာ။ ကလေးတွေပြောတာဆို ထားပါတော့။ အခု ဦးမြင့်ဆွေလို လူကြီးတစ်ယောက်က အဲဒါကိုမသိဘူးဆိုတော့ ကျွန်တော်ရှင်းပြရ တာပေါ့ဗျာ။
ကျွန်တော်ကတော့ ကျွန်တော်တို့တိုင်းပြည်က လူတွေရော (အားလုံးတော့မဟုတ်ဘူးပေါ့ဗျာ)။ ခု ကျောင်းသားလေးတွေရောကို အပြစ်မမြင်ပါဘူး။ သူတို့ (ကျွန်တော်တို့) ဟာ စနစ်ဆိုးရဲ့ သားကောင်တွေပါ။ တိုင်းပြည်ကို စနစ်တကျ ရစရာမရှိအောင် ဖျက်ဆီးခဲ့တဲ့ အာဏာရှင်တွေကသာ အဓိက တရားခံပါ။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်ခဲ့တဲ့ ဦးသန့်ဆိုတာ ဘယ်က ထွက်တာပါလဲ။ မြန်မာနိုင်ငံမှာ အင်မတန်တော်တဲ့ လူတွေ အများကြီး ထွက်ခဲ့ပါတယ်။ အခုလည်း ရှိပါတယ်။ ခင်ဗျားသိချင်တယ်ဆို ကျွန်တော် စာရင်းလုပ်ပေးမယ်။ ကျွန်တော် အခုအလုပ်လုပ်နေတဲ့ စင်ကာပူမှာကိုပဲ ကုမ္ပဏီ ဒါရိုက်တာ ဖြစ်နေတဲ့သူတွေ၊ မန်နေဂျာတွေ၊ အကြံပေးအရာရှိတွေ။ ကုန်ကုန်ပြောမယ်ဗျာ။ ကျွန်တော့်လို ပမွှား၊ ငချွတ်တောင် ကျွန်တော်တို့ ကုမ္ပဏီမှာ၊ ခုလုပ်နေတဲ့ ပရောဂျက်မှာ Safety နဲ့ပတ်သက်လို့ ကျွန်တော်အကြီးဆုံးပဲ။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဘာဖြစ်လို့ ဦးမြင့်ဆွေပြောသလို လူတွေတန်းမစီကြတာ၊ အမှိုက်ပစ်တွေပစ်တာ၊ လော်ကြီးတွေနဲ့ အသားကုန်ဖွင့်တာ၊ ကားတွေဆိုလည်း ကျော်ချင်သလို ကျော်တာ ဖြစ်နေသလဲ တဲ့။
နံပါတ် (၁)
-----------
သူတို့ အာဏာတည်မြဲရေးအတွက် လူတွေကို ပညာတတ်တွေမဖြစ်တော့အောင်၊ စဉ်းစားတွေးခေါ်တတ်တဲ့ အသိဉာဏ်တွေ မရတော့အောင် ပညာရေးကို တစ်စစီချေမှုန်းလိုက်တယ်။ ချိုးဖျက်လိုက်တယ်။ ချေမွှလိုက်တယ်။ ဖျက်ဆီးလိုက်တယ်။
နံပါတ် (၂)
-----------
တရားဥပဒေစိုးမိုးရေးကို ဦးစားမပေးဘဲ လူတွေကို စည်းမဲ့ကမ်းမဲ့လူတွေဖြစ်အောင် နေချင်သလိုနေ၊ လုပ်ချင်သလို လုပ်ခွင့်ပေးထားတယ်။ အဲဒီတော့ လူတွေဟာ အလိုလိုနေရင်း စည်းကမ်းမဲ့တဲ့သူတွေ ဖြစ်သွားတယ်။
နံပါတ် (၃)
-------------
လူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးမပေးဘူး။ လူတွေဟာ လုပ်စရာမရှိတော့ လမ်းဘေး ရောက်ကုန်တယ်။ လဖက်ရည်ဆိုင်ရောက်ကုန်တယ်။ အရက်ဆိုင် ရောက်ကုန်တယ်။ နှစ်လုံး သုံးလုံးထိုးတတ်လာတယ်။ အဲသလိုနဲ့ လေရာကလွင့်၊ လွင့်ရာကနေ လုံးလုံးပျက်တဲ့အခြေ ဆိုက်သွားတယ်။
နံပါတ် (၄)
------------
အကျင့်ပျက်ခြစားမှုကို ပိုးမွေးသလိုမွေးထားပြီး ၀န်ထမ်းလောကကြီးတစ်ခုလုံးကို ဖျက်ဆီးလိုက်တယ်။
ကျွန်တော်ရန်ကုန်ပြန်တော့ လမ်းကူးဘို့ လူကူးမျဉ်းကြားလိုက်ရှာတယ်။ ကျွန်တော်နေတာ ပြည်ရိပ်မွန်မှာ။ စိုက်ပျိုးရေး မှတ်တိုင်ကဆင်းပြီး အဆညရှေ့မှာလုပ်ထားတဲ့ လူကူးမျဉ်းကြားကနေ ကူးဘို့ကြံတယ်။ အဲဒီလူကူးမျဉ်းကြားမှာ ကားဆို တစ်စီးမှ ရပ်မပေးဘူးဗျာ။
တ၀ီးဝီးမောင်းနေတဲ့ကားတွေကြားထဲက အတင်းဖြတ်ကူးရတာပဲ။
နောက်ပြီး စင်ကာပူနေတာကြာတော့ အကျင့်ဖြစ်နေလို့ အမှိုက်ကို တွေ့ကရာမပစ်တတ်လို့ အမှိုက်ပစ်စရာ နေရာရှာတယ်။ တစ်နေရာမှ တူတူတန်တန် အမှိုက်ပုံးမတွေ့ခဲ့ဘူး။ ဒါဆို အဲဒီအမှိုက်ကို တွေ့ကရာမပစ်လို့ ဘယ်သွားပစ်မတုံးဗျာ။
သေးမပေါက်ရတဲ့။ ရန်ကုန်မြို့လယ်မှာ ရေးထားတယ်။ အဲဒီနေရာမှာ သေးမပေါက်ရရင် ဘယ်နေရာသွားပေါက်မလဲ။ သေးပေါက်စရာနေရာ လွယ်လွယ်ကူကူရှိသလား။
လူတွေ စည်းကမ်းမရှိဘူး။ စည်းကမ်းမရှိဘူးနဲ့၊ စည်းကမ်းမရှိတာသာ အပြစ်ဖို့နေတယ်။ စည်းကမ်းရှိချင်လာအောင် ပံ့ပိုးပေးဘို့ တော့ ဘယ်သူမှ စိတ်မကူးဘူး။
လူတွေကို လူနေမှုအဆင့်မြင့်လာအောင်၊ စည်းကမ်းရှိလာအောင် အဓိက က ပညာရေးဗျ။
လူတွေကို တွေးတတ်ခေါ်တတ်၊ စဉ်းစားတတ်တဲ့ တကယ့်ပညာတတ်တွေ ဖြစ်အောင် သင်ပေးဘို့လိုတယ်။ အဲဒါဟာ ကျောင်းသင်ပညာရေးကနေ စတာဘဲ။ အခု မြန်မာနိုင်ငံကကျောင်းတွေမှာ သင်နေတဲ့ပညာရေးဟာ အင်မတန်ကောင်းလှချည့်လို့ ဦးမြင့်ဆွေ ထင်သလား။ ကလေးတွေ ကျောင်းကထွက်လာပြီး ဘာမှ မတတ်တာ အဲဒီကလေးတွေ အသုံးမကျလို့ လို့ ဦးမြင့်ဆွေ ထင်သလား။
လူမပြောနဲ့၊ ခွေးတောင် အဆင့်မြင့်မြင့်ထားရင် အဆင့်အတန်းမြင့်မြင့် နေတတ်တယ်။ ခွေးတွေ လူသွားတဲ့အိမ်သာမှာ ရှူးရှူး သွားပေါက်ပြီး ရေဆွဲချခဲ့တဲ့ ဗီဒီယိုတွေ ဖေ့စ်ဘုတ်မှာ ဦးမြင့်ဆွေ ကြည့်ဖူးသလား။ မကြည့်ဖူးရင် ရှာကြည့်ဗျာ။
ခွေးကတက်မှာထားတဲ့ ခွေးဟာ ခွေးကတက်က စိတ်ဓာတ်လောက်ရှိတယ်။ အိမ်ပေါ်မှာ ကျကျနနထားတဲ့ ခွေးဟာ သူ့အဆင့် သူသိတယ်။ အိမ်ပေါ်မှာ လူလိုနေတတ်တယ်။ အဲဒါ တိရစ္ဆာန်။ လူမဟုတ်သေးဘူး။
အခုတော့ တက္ကသိုလ်တွေကို တောတွေပို့ပစ်ပြီး ကလေးတွေကို ရွာတွေမှာထားတယ်။ ရွာမှာနေရတဲ့ ရွာသားတွေ နေတာထိုင်တာ လုပ်တာကိုင်တာ ပြောတာဆိုတာကိုပဲ မြင်၊ ကြားနေရတဲ့ ကလေးတွေဟာ ရွာသားအဆင့်လောက်ပဲ ရှိတော့ မပေါ့ဗျာ။
တက္ကသိုလ်ကျောင်းသားဆိုတာ တက္ကသိုလ်ကျောင်းသားလို ထားရတယ်ဗျ။ လေးစားရတယ်ဗျ။ အထင်ကြီးရတယ်ဗျ။ မြေတောင်မြှောက်ပေးရတယ်ဗျ။
ခုတော့ ဘယ့်နှယ်ကွယ်။ ကလေးတွေကို တောပို့ပြီး ဖျက်ဆီးပစ်တယ်။ ကျုပ်ဖြင့် ရင်နာလို့မဆုံးဘူး။ သူတို့သားသမီးတွေတော့ နိုင်ငံခြားပို့ပြီး ပညာသင်ခိုင်းတယ်။ တောက်၊ ရာဇ၀င်ရိုင်းလိုက်လေ။
အဲဒီတက္ကသိုလ်တက်တဲ့အထဲမှာ ခင်ဗျား သားသမီးတွေရော ပါသလားမသိဘူး။ ပါတယ်ဆိုရင် သူတို့ ဘယ်လိုနေရစားရတယ်။ ဘယ်သူတွေနဲ့ ပေါင်းရသင်းရတယ်။ သူတို့ ဘယ်လိုတွေးကြခေါ်ကြတယ် ဆိုတာ နည်းနည်းလောက် မေးကြည့်စမ်းပါဗျာ။
ကျွန်တော်လက်ရှိနေထိုင်တဲ့ စင်ကာပူအကြောင်း နည်းနည်းပြောပြပါမယ်။
ဦးမြင့်ဆွေ (လီကွမ်ယုရဲ့ တတိယကမ္ဘာမှ ပထမကမ္ဘာသို့) ကို ဖတ်ဖူးလိမ့်မယ်လို့ယူဆပါတယ်။ မဖတ်ဖူးသေးရင် ဆရာဟိန်းလတ် ဘာသာပြန်ထားတာရှိတယ်။ နက်ဖြန် သွားဝယ်ဖတ်ချေဗျာ။
လီကွမ်ယုတို့ စင်ကာပူကို စထူထောင်တော့ အထပ်မြင့်တိုက်တွေ ဆောက်ပေးတယ်။ ခုမှ တောင်ယာထဲကနေ တိုက်ပေါ် ရောက်လာတဲ့ သူ့နိုင်ငံသားတွေက လှေခါးတွေပေါ်မှာ ၀က်တွေကျောင်းတယ်။ တိုက်ခန်းတွေမှာ ကြက်တွေ တကော်ကော်နဲ့။ သူတို့လည်း အသည်းအသန် လုပ်ယူရတာပဲ။
ဒါပေမဲ့ တကယ်လုပ်တဲ့အခါကျတော့ တကယ်ဖြစ်တာပဲ။
ဦးမြင့်ဆွေပြောသလို သူတို့လည်း မွေးကတည်းက စည်းကမ်းကြီး လည်ပင်းချိတ်မွေးလာတာ မဟုတ်ပါဘူး။ စည်းကမ်းရှိတဲ့ လူအဖွဲ့အစည်းထဲ နေရတဲ့အခါကျတော့ အော်တိုမက်တစ် စည်းကမ်းရှိသွားသပေါ့ဗျာ။
ဗမာပြည်ကလာခဲ့တဲ့ ကျွန်တော်တို့လည်း စင်ကာပူမှာ အများတန်းစီသလို တန်းစီတာပါဘဲဗျ။
အဲဒါ အစိုးရကောင်းလို့ တိုင်းပြည်ကောင်းတယ်၊ တိုင်းပြည်ကောင်းလို့ နိုင်ငံသားတွေလည်း ကောင်းတဲ့နိုင်ငံသားတွေ ဖြစ်တယ်၊ အဲဒီအသိုင်းအ၀ိုင်းထဲ ရောက်သွားတဲ့ မြန်မာပြည်မှာကြီးပြင်းခဲ့တဲ့ ကျွန်ုပ် ငအေးငြိမ်းလည်းပဲ စင်ကာပူရောက်တော့ တန်းစီဖြစ်သွားတာပဲဗျ။ အဲဒါဟာ လူ့အသိုင်းအ၀ိုင်းက အလိုလို သွန်သင်ပေးသွားတာပဲ။
အရေးကြီးတာက အဆင့်မြင့်တဲ့ လူနေမှုပတ်ဝန်းကျင်ကို ဖန်တီးပေးဘို့ပဲ။ ကြွေပြားပြောင်ပြောင်ပေါ် တော်ရုံတန်ရုံလူ ကွမ်းတံတွေးထွေးသွားပါ့မလားဗျာ။ လူတကာကမှ တန်းမစီဘဲ ဘယ့်နှာလုပ် တစ်ယောက်တည်းက တန်းစီမတုံး။ ခင်ဗျားနှယ်။
စင်ကာပူကိုလည်း ကောင်းလွန်းလှပြီ မထင်ပါနဲ့။ စင်ကာပူနိုင်ငံ ဒီလောက် သန့်ရှင်းသပ်ယပ် လှပနေတာ အင်မတန့်ကို စနစ် ကောင်းလွန်းလို့၊ အစိုးရက နိုင်နိုင်နင်းနင်း လုပ်လွန်းလို့ပါဗျာ။ ဓာတ်လှေခါးထဲမှာ အအေးဘူးတွေ၊ သတင်းစာတွေ၊ တစ်ရှုးတွေ ပစ်သွားတာ မကြာမကြာတွေ့ပါ့။ ထိုင်ခုံတွေမှာ စားသောက်ပြီး အမှိုက်တွေကို ဒီအတိုင်း ပစ်သွားတာပဲ။
ဒါပေမဲ့ မြန်မာနိုင်ငံလိုတော့ မဟုတ်ဘူးဗျ။
ရန်ကုန်မှာ ကွမ်းမစားရ၊ ဒဏ်ငွေ ၅၀၀ ဆို စာလာကပ်သွား။ စားလည်း ဘာမှ မဖြစ်ဘူး။ ဘယ်သူမှလည်း အရေးမယူဘူး။ အရေးယူတဲ့သူကလည်း ရိုက်သွားတဲ့ဒဏ်ငွေကို အိပ်ကပ်ထဲ ထည့်သွားတာပဲ။ နောက်ပြီး အဲဒီ ကွမ်းမစားရ ဆိုတာကြီးလည်း တစ်ပတ်မခံဘူး ပျက်သွားတာပဲ။ အဲဒါ ဘာလုပ်တာလဲဗျာ။
စင်ကာပူမှာ ဒဏ်ရိုက်တာ ခင်ဗျားကို ပြောပြဦးမယ်။
သူတို့က ဒဏ်ရိုက်ရင် ပိုက်ဆံတောင်းပြီး အိပ်ထဲထည့်သွားတာ မဟုတ်ဘူးခင်ဗျ။ ဖြတ်ပိုင်းပေးသွားပြီး အဲဒီဖြတ်ပိုင်းထဲမှာ ပါတဲ့အတိုင်း သွားဆောင်ရတာ။ ဆောင်လိုက်တဲ့အခါ အဲဒီပိုက်ဆံက အစိုးရဘဏ်ထဲ တိုက်ရိုက်ရောက်သွားတာ။ ကဲ။ တကယ် မိရင်လည်း တကယ်ဆော်သပေါ့ဗျာ။ ကျွန်တော် အခုလုပ်နေတဲ့ ပရောဂျက်မှာတောင် ဒဏ်ငွေဆောင်ရတာ စင်ကာပူဒေါ်လာ ၇ သောင်းရှိသွားပြီ။ ပရောဂျက်လုပ်တာမှ တစ်နှစ်မပြည့်သေးဘူး။
ပြီးခဲ့တဲ့လက ကျွန်တော်တို့ဆိုဒ်က ထိုင်းအလုပ်သမားတစ်ယောက် မရီနာဘေမှာ ငါးသွားမျှားလို့ ဒဏ်ငွေ ၅၀ ဆောင်လိုက်ရ တယ်။ ဒဏ်ငွေက ထုံးစံအတိုင်း ဖြတ်ပိုင်းနဲ့ဆိုတော့ ဘာလုပ်ရမှန်းမသိလို့ ကျုပ်ဘဲ အင်တာနက်ကနေ ဆောင်ပေးလိုက်တယ်။
နောက်ပြီး ကုလားလေးတစ်ယောက်လည်း မနှစ်က သြချတ်မှာ အမှိုက်ပစ်လို့ ဒဏ်ငွေ ၂၀၀ ဆောင်လိုက်ရသေးတယ်။
((လူတွေက ကိုယ်လုပ်စရာရှိတာတော့ မလုပ်ဘူး။ ထစ်ကနဲရှိ အစိုးရချည်း အပြစ်ပုံချနေတယ်)) . . . တဲ့။
အစိုးရသောက်သုံးမကျလို့ အစိုးရကို အပြစ်ပုံချတာပေါ့ဗျ။ သူတို့လုပ်ခဲ့လို့ ကျုပ်တို့တိုင်းပြည် ဗိုလ်ချုပ်ပြောတဲ့ ဖာနိုင်ငံဖြစ်နေပြီ။ အာဆီယံ ၁၀ နိုင်ငံမှာ စင်ကာပူလာဘို့ ဗီဇာလျှောက်ရတာ မြန်မာနိုင်ငံဘဲရှိတယ်ဆိုတာ ခင်ဗျားသိရဲ့လား။ တိုင်းပြည်က ဘာထွက်ကုန်မှ ထုတ်မရောင်းနိုင်ဘဲ ရှိသမျှသယံဇာတတွေကို သူ့ရို့အဖေဆီက အမွေရတဲ့အတိုင်း ထုတ်ရောင်းနေတာ အဲဒီ အစိုးရကို သောက်သုံးကျတယ်လို့ ခင်ဗျားက ထင်နေသေးတာလား။
တော်ပြီဗျာ။ စိတ်ပေါက်ပေါက်နဲ့ရေးလိုက်တာ အခုတောင် ၁၀ နာရီခွဲတော့မယ်။
ဒါမှမကျေနပ်သေးလို့ မျက်နှာချင်းဆိုင်ဆွေးနွေးချင်သပဆို ဟောဒီမှာ ကျွန်တော့်ဖုံးနံပါတ်နဲ့ email လိပ်စာ။
Tel (Sing): 9730 3027
email: aye475@gmail.com
အေးငြိမ်း
၉ ဇွန်၊ ၂၀၁၅။ ည ၁၀း၂၅ နာရီ
(Tag မလို့ဟာ tag လို့မရဘူးဗျို့။)
Aye Nyein

Saturday, August 15, 2015

SHWE MANN




Joint Chief of Staff
Coordinator of Special Ops
General
Born: 11 July 1947
Wife: Khin Lay Thet
Children: Three sons
Shwe Mann is currently the number three man in the military hierarchy and holds the title of Joint Chief of Staff.
Shwe Mann became a powerful figure in the regime when he was appointed Chief of Staff for the Army, Navy, and Air Force in November 2001. Before his appointment, each of Burma’s three military services had its own chief of staff. The heads of the Bureaus of Special Operations and the Rangoon Military Region Commander also report directly to him.
 
MILITARY CAREER
Shwe Mann graduated from the Defense Services Academy in 1969, where his classmates included Brigadier General Kyaw Thein, a former intelligence officer, as well as current Minister of Information Brigadier General Kyaw Hsan.
He rose steadily through the ranks of the officers’ corps, achieving the level of major in 1988. He earned the honorific title “Thura” for military operations against the Karen National Liberation Army in 1989. He served in Karen State as a regiment commander and in 1991 served as a tactical operations commander for Light Infantry Division (LID) 66 based in Prome.
By 1996, he had achieved the rank of Brigadier General and was appointed to oversee security in Rangoon as commander of the elite LID 11 based in Taukkyant, near Rangoon. A year later, he became commander of Southwest Military Region in Bassein, Irrawaddy Division, as well as a de facto member of the SPDC.
In 2000, he was promoted to Major General and became a permanent member of the SPDC. Shwe Mann was transferred to the defense ministry in 2001, where he assumed the prestigious position of Joint Chief of Staff, which gave him oversight of all commanders from the army, navy and air force. The following year, he was awarded the newly minted position of Tatmadaw Nyi Hnying Kutkae Yay Hmu, which gave him oversight of Burma’s Bureaus of Special Operations as well.
By 2003, Shwe Mann had reached the rank of general. Shwe Mann seems to have earned considerable respect among Burma’s foot soldiers, particularly those who served directly under his command. His recent duties, however, have kept him far from the front lines and out of touch with regional commanders and their battalions.
Ranks held
1988 – Major
Unknown – Regiment Commander
Unknown– Lieutenant Colonel, Colonel
1991 – Tactical operations commander
By 1996 – Brigadier General
1997 – Commander SW region
2000 – Major General, SPDC Member
2001 – Joint Chief of Staff, which gave him oversight of all commanders from the army, navy and air force
2002 – Tatmadaw Nyi Hnying Kutkae Yay Hmu, which gave him oversight of Burma’s Bureaus of Special Operations
2003 – General

CONLFICTS WITHIN THE SPDC
Despite working under the direct command of Maung Aye, his loyalty is seen to be with Than Shwe. He survived in his role as a “pawn,” while successfully securing the support of former PM Soe Win and then SPDC Secretary-1 Thein Sein.
In 2006, military sources reported that transfers and the reshuffling of divisional commanders, Brigadier Generals, and Colonels, including ambassadors, related to an intensifying power struggle between Shwe Mann and Maung Aye.
BUSINESS TIES AND CORRUPTION
Sons’ business and links
Shwe Mann’s son Aung Thet Mann is a director at Ayer Shwe Wah, which in 2005 became the first private company allowed to export rice to Bangladesh and Singapore. The company is part of Burmese tycoon Tay Za’s Htoo Trading Company. Aung Thet Mann has been in business since his father was regional commander in Irrawaddy Division, where Ayer Shwe Wah received lucrative government contracts to supply fertilizers to farmers throughout the delta region. The company has also been involved in construction projects in Naypyidaw.
In 2004, Shwe Mann’s son Toe Naing Mann married Zay Zin Latt, the daughter of leading Rangoon real estaste mogul Khin Shwe, president of Zaygabar, a leading firm in Burma. At a lavish wedding party held in the Sedona Hotel, the keys to more than 50 new vehicles were presented as gifts. In October 2007, the US Treasury placed Khin Shwe and Zaygabar on its list of individuals and business targeted for sanctions.
On 25 February, the US Treasury added his wife Khin Lay Thetto to its list of SPDC affiliated individuals targeted for sanctions.
Corruption related to his sons has reportedly angered other senior military figures, Maung Aye in particular. Aung Thet Mann was said to have upset Maung Aye with his playboy reputation and “excessive corruption.”
In 2005, Shwe Mann reportedly ordered SPDC action against corrupt authorities throughout Burma, although some with ties to high ranking officials avoided punishment.
PERSONAL DATA
Fast Facts
• After the Depayin massacre, Shwe Mann met with ethnic leaders to ask for their cooperation of silence about the incident.
• In 2006, military analysts in Rangoon suggested Shwe Mann might have been behind the ongoing offensive in Karen State.
• He has been widely predicted as an alternative to Maung Aye as the head of the military following a departure of Than Shwe, with Than Shwe taking on “civilian” leadership.

Courtesy of ALTSEAN-BURMA


http://www.altsean.org/Research/SPDC%20Whos%20Who/SPDC/ShweMannhtm.htm

Myanmar's influential speaker Thura Shwe Mann removed from ruling party leadership

Courtesy of SPH Website, ASIA



Myanmar’s influential Speaker Thura Shwe Mann has been removed from the leadership of the ruling Union Solidarity and Development Party (USDP) in a dramatic move which saw armed police swooping on the headquarters of the party in Naypyitaw late on Wednesday night and sealing off the premises.
Thura Shwe Mann’s son was quoted by news agencies as saying there were “guards” at his father’s house.
Separately, the party’s secretary general Maung Maung Thein told Reuters on the phone that he had been told there was no need for him “to come to the office any more.”
A well placed source in Myanmar told The Straits Times: “This is an internal party coup. Thura Shwe Mann remains Speaker of Parliament but no longer leader of the party.”
It could not be confirmed that Thura Shwe Mann, 68, an ambitious former senior general who had said he wanted to be President, would stay on as Speaker. But his removal from the party leadership indicates he would be out of the running for the Presidency.
In Myanmar’s system, the President is elected by sitting members of parliament.
Opposition leader Aung San Suu Kyi was ruled out because of a clause in the constitution which bars anyone with foreign family members from the post. Her two sons are UK citizens.  Thus even if her party, the National League for Democracy (NLD), emerges as the strongest from the Nov 8 election, she would not be eligible to be President and would have to back someone else for the post - potentially even from outside the party.
Political pundits had pointed to Thura Shwe Mann as a possibility, given that the two had apparently evolved a close working relationship. He had made no secret of his ambition to be President.
But the powerful military which still ultimately calls the shots in Myanmar, directly controlling 25 per cent of parliament seats as well as three key ministries, was unhappy that the Speaker allowed a vote in parliament in June that could have rolled back the military’s power to the advantage of Ms Suu Kyi. The army used its reserved bloc to defeat the proposal.
The deadline for nomination of candidates for the Nov 8 election is Friday, Aug 14 – and the latest development sharply raises the political temperature.
The internal coup also came amid reports of squabbles among the leadership over its candidate list.
The removal of Thura Shwe Mann may leave incumbent President Thein Sein in a stronger position.
The 70-year-old President is not contesting the election, and has not explicitly said he wants to be in office for a second term.
But Myanmar’s system does not rule him out of the Presidency, and in recent interviews, he has said he is open to the idea if asked.
Speaking to the BBC’s Myanmar language service on Thursday morning as rumours flew in Yangon, Minister of Information and spokesman for the President Mr Yeh Htut said Thura Shwe Mann had been temporary chairman of the party, but President Thein Sein was the “permanent” chairman.

Thursday, August 13, 2015

အရေးပါတဲ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ် – ဦးကိုကိုကြီး

Credit  DVB
နိုင်ငံရေးမူဘောင်ချမှတ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ကိုယ်စားပြုပါဝင်မှုဟာ အလွန်အရေးကြီးတယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။
ဦးကိုကိုကြီးကို မေးမြန်းချက်
အစိုးရဘက်က ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော်ကိစ္စကို ဆွေးနွေးဖို့ မူအားဖြင့် သဘောတူလိုက်တာကြောင့် ဒီဖြစ်ထွန်းမှုအပေါ် ဦးကိုကိုကြီးရဲ့ သုံးသပ်ချက်ကို သိပါရစေ။
ko ko gyi“အဓိကကတော့ ဖက်ဒရယ်ဆို တဲ့ ဝေါဟာရပေါ့။ ဖက်ဒရယ်ဆိုတာကို ကျနော်တို့နိုင်ငံမှာ အစဉ်အဆက် ၀ါဒဖြန့်ထားတာရော၊ နားလည်ထားတာရောက ဖက်ဒရယ်ဆိုရင် တိုင်းပြည် ပြိုကွဲတော့မယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ နားလည်ထားကြတာကိုး။ ဆိုတော့ နောက်ပိုင်းမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုပုံစံကိုပဲ သွားမှဖြစ်မယ်ဆိုတာကိုတော့ ယေဘုယျအားဖြင့် လက်ခံလာကြတယ်လို့ အဲလိုပဲ ကျနော်နားလည်ပါတယ်။”
“သို့သော် ဘယ်လိုပုံစံ ဖက်ဒရယ်မျိုးလဲဆိုတာနဲ့ ပတ်သက်လို့ကတော့ ဆွေးနွေးကြရမယ်လို့ ကျနော်တော့ အဲလို နားလည်တယ်။ အဲဒီတော့ ဘာပဲပြောပြော ဖက်ဒရယ်ဆိုတဲ့ အသုံးအနှုန်းကို အရင်ကလို တစ္ဆေခြောက်သလို ခြောက်နေတာမျိုး မဟုတ်ဘဲနဲ့ လက်ခံသုံးစွဲလာတာက ဒါက တိုးတက်မှုတခုလို့ ကျနော်တို့ ပြောလို့ရပါတယ်။  နောက်တခုကတော့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုတဲ့ကိစ္စပေါ့။ အဲဒါက ပြည်ထောင်စုတပ်မတော်ဆိုတဲ့ ကိစ္စပေါ့။ အဲဒါကတော့ ဒီဝေါဟာရကို အဓိပ္ပာယ်ဖွင့်ဆိုချက်က အရေးကြီးမယ်ထင်တယ်။ ပြည်ထောင်စုတပ်မတော်ဆိုတာကို ဘယ်လို အဓိပ္ပာယ်ဖွင့်သလဲ။ ဆိုတာ အဲဒီဟာက အသေးစိတ်ဆွေးနွေးရမယ်လို့ ကျနော်တို့မြင်ပါတယ်။”
မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ သုံးဆယ်ကျော်ကို  ဖိတ်ကြားတဲ့ ဆွေးနွေးပွဲမှာ ပါတီတွေက ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးကို ထောက်ခံခဲ့ကြတယ်။ အဲဒီအပေါ် အမြင်ပြောပြပါ။
“တခုက နိုင်ငံရေးပါတီတွေဆိုတာက သူတို့ရဲ့ကိုယ်စားပြုမှုပမာဏပေါ်မူတည်ပြီး နိုင်ငံမှာ အရေးပါတဲ့ Institutions (အဖွဲ့အစည်းတွေ)။ ဆိုတော့ နိုင်ငံလုံးဆိုင်ရာ ကိုယ်စားပြုတဲ့ပါတီတွေ၊ တနည်းအားဖြင့် ရွေးကောက်ပွဲသက်တမ်း ကာလတခုမှာ လူထုက လွတ်လွတ်လပ်လပ်နဲ့ မဲပေးရွေးချယ်လိုက်လို့ရှိရင် နိုင်ငံနဲ့အ၀န်း ကိုယ်စားပြုခွင့်ရသွားတယ်။ ဆိုတော့ အဲဒီလို ပါတီကြီးတွေ၊ အခြားဒေသလိုက်ပါတီတွေလည်း ရှိမယ်။ အဲဒီလို ပါတီတွေ ကိုယ်တိုင် ကိုယ်နှိုက်က ဖက်ဒရယ်ပြည်ထောင်စုအပေါ်မှာ လက်ခံလာကြတယ် ဆိုတာဟာလည်း အပြုသဘောဆောင်တဲ့ လက္ခဏာပါပဲ။
“ဘာကြောင့်လဲဆိုတော့ အရင့်အရင်က ဖက်ဒရယ်ကြောက်တဲ့ ပါတီတွေပါ လက်ခံလာတဲ့သဘော။ အဲဒီတော့ အခုကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့နေရာမှာ အပစ်အခတ်ရပ်စဲရေး ကာလအထိကတော့ တပ်တည်နေရာတွေ၊ တပ်တွေရဲ့ နေရာချထားတာတွေနဲ့ ပတ်သက်ပြီး ပိုပြီးတော့ အာရုံစိုက်ကြတယ်လို့ ကျနော် အဲလိုပဲ နားလည်တယ်။ တကယ့်တကယ် နိုင်ငံရေးအခြေခံမူဘောင်တွေ ဆွေးနွေးတာ၊ နိုင်ငံရေးအဖြေရှာဖို့ ဆွေးနွေးပွဲတွေမှာကတော့ ကိုယ်စားပြုမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ဖို့ လိုပါတယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီ ပြည့်ပြည့်၀၀ မရှိသေးတဲ့အချိန်ကျတော့ အချက်အလက်အရ အများအသိအမှတ်ပြု လက်ခံထားတဲ့ အရေးပါတဲ့ခေါင်းဆောင်တွေ၊ Key Player တွေကြားထဲမှာ နားလည်မှု အရင်ဆုံးရဖို့ လိုပါတယ်။ တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ်။ အဲဒီတော့ အဲလိုအရေးပါတဲ့ခေါင်းဆောင်တွေ အဖွဲ့အစည်းတွေကြားထဲမှာဆိုရင် ဆွေးနွေး၊ နားလည်မှု ပုံကြမ်းပေါ်လာပြီဆိုတဲ့အခါမှာ နောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ထပ်ပြီးတော့ ထည့်သွင်းတာတွေ၊ ဆွေးနွေးတာတွေ အဲသလိုပဲ လုပ်ရတဲ့အစဉ်အလာလို့ ကျနော် နားလည်ပါတယ်။”
မူဘောင်ရေးဆွဲရေးမှာ ရှစ်ပွင့်၊ ငါးပွင့်၊ ခြောက်ပွင့်၊ သုံးပွင့် စသဖြင့် ပြောကြပါတယ်။ ဒီအခြေအနေမှာ အကောင်းဆုံးကို လမ်းညွှန်နိုင်တဲ့ မူဘောင်ဖြစ်နိုင်ပ့ါမလား။ ဘယ်နှပွင့်လောက် ဖြစ်သင့်တယ်လို့ ယူဆသလဲ။
“အဲဒါက ကျနော်တို့ အပွင့်တွေဆိုတာ သတ်မှတ်ချက်တွေပဲ။ ကျနော်မြင်တာက ကိုယ်စားပြုမှု ပြည့်စုံဖို့၊ အထူးသဖြင့် မကျန်သင့်တဲ့ပုဂ္ဂိုလ်တွေ၊ မပါမဖြစ်တဲ့ပုဂ္ဂိုလ်တွေ၊ အဲဒီပုဂ္ဂိုလ်တွေ မကျန်အောင်လုပ်ဖို့က ပိုအရေးကြီးတယ်။ မူဘောင်ဆိုတာကလည်း အသေးစိတ်ဆွေးနွေးတာ မဟုတ်ဘူး။ ဒါ Frame (မူဘောင်) ပဲ။ အဲဒီတော့ Frame မှာ အသေးစိတ်တွေ ဆွေးနွေးနေလို့ရှိရင်လည်း ကျနော်တို့ အဲဒီမှာတင် ရှေ့မတက်နိုင်နေမယ်။ အဲဒီတော့ မူဘောင်ကို ဆွေးနွေးတဲ့အခါမှာ ယေဘုယျကျပြီးတော့ ခြုံငုံမိတဲ့ အခြေခံမျိုးတွေ ပါဖို့လိုတယ်။  နိုင်ငံရေးဆွေးနွေးပွဲတွေ သွားတဲ့အခါကျမှ အနုစိတ်ပေါ့၊ အသေးစိတ်ကိစ္စတွေကို ဆက်ဆွေးနွေးပြီးတော့ တဆင့်ပြီး တဆင့် သွားရမယ့်ကိစ္စလို့မြင်ပါတယ်။ အဲဒီတော့ အပွင့်တွေ ကိစ္စပြောမယ်ဆိုရင်တော့ သုံးပွင့်လို့ ပြောတာကလည်း သုံးပွင့်ထဲမှာ အနုစိတ်မယ်ဆိုရင် ထပ်ကွဲလာဦးမှာ။ အဲဒီတော့ ကျနော်က အပွင့်အရေအတွက် ပြောတာထက်ကို ပါသင့်ပါထိုက်တဲ့ မပါမဖြစ်ပုဂ္ဂိုလ်တွေ မကျန်ဖို့က အရေးကြီးတယ်လို့ ကျနော်က အဲဒီလိုပဲ မြင်ပါတယ်။”
ပကတိရရှိထားတဲ့ မှတ်တိုင်တွေအပေါ်မှာ ခြုံပြီးတော့ ပြောပြပါခင်ဗျ။
“ကျနော်တို့က အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ ဆွေးနွေးပွဲတွေက အရင်အစိုးရအဆက်ဆက်မှာလည်းပဲ လုပ်ခဲ့ဖူးတယ်။ အဲဒီတော့ လုပ်ပြီးတော့ ဘာကြောင့် အဖတ်မတင်သလဲဆိုတာ အဲဒါတွေကို မှန်မှန်ကန်ကန် ပြန်ဆန်းစစ်ဖို့လိုတယ်။ သင်ခန်းစာယူဖို့လိုတယ်။ ဒီတခါ အပစ်အခတ်ရပ်စဲရေးလုပ်ရင် အရင့်အရင် အပစ်အခတ်ရပ်စဲရေးတွေလိုမျိုး လုပ်လိုက်၊ ပျက်လိုက်မဖြစ်အောင် ကျနော်တို့က စနစ်တကျ ဒါတွေကို စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေ၊ သက်သေတွေပေါ့။ ဂုဏ်သရေရှိ နှစ်ဖက် လက်ခံနိုင်တဲ့ သိက္ခာရှိတဲ့၊ သမာသမတ်ကျတဲ့ အသိသက်သေတွေပါ တခါတည်း ချည်နှောင်ထားဖို့ပေါ့။ ဒီအဆင့်ကနေ လျှော့ကျမသွားအောင်နဲ့ တဆင့်ပြီးတဆင့် တက်သွားအောင် ကျနော်တို့က စိတ်ရှည်လက်ရှည်နဲ့ အမြော်အမြင်ကြီးကြီးနဲ့လုပ်ဖို့ လိုတယ်လို့ မြင်ပါတယ်။
“ဘာကြောင့်လဲဆိုတော့ ကျနော်တို့ နိုင်ငံတည်ဆောက်ရေးကို ပြောတဲ့အခါမှာ တခုနဲ့တခု ချိတ်ဆက်နေတယ်။ သဘောက ဒီမိုကရေစီလို့ ပြောရင် ရွေးကောက်ပွဲသက်သက်ကို ပြောလို့မရဘူး။ ရွေးကောက်ပွဲ တရားမျှတဖို့၊ သမာသမတ်ကျဖို့ အရေးကြီးတယ်၊ ဒီဘက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကလည်း ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ဆက်စပ်နေတယ်။ တိုင်းပြည်ရဲ့ စီးပွားဥစ္စာဖွံ့ဖြိုးရေးနဲ့ မျှမျှတတ အကျိုးခံစားနိုင်ခွင့် ဆိုတာတွေဆိုတာကိုလည်းပဲ ကျနော်တို့က စီးပွားရေးရှုထောင့်က နေကြည့်ဖို့လိုတယ်။ အဲဒါတွေအားလုံးကို ချိတ်ဆက်ပြီး ဆောင်ရွက်ရမှာဖြစ်တဲ့အတွက်ကြောင့် အရေးပါတဲ့ ခေါင်းဆောင်တွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပုံကားချပ်ကြီးတခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် မြင်တဲ့အမြင်မျိုးနဲ့ ချဉ်းကပ်ပြီးတော့ ရေရှည်အမြင်နဲ့ ၀ိုင်းပြီးဆွေးနွေးကြရင်တော့ အောင်မြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
အပြည့် အစုံ သို့ 
http://burmese.dvb.no/archives/62844

သမ္မတကြီးရယ် တရုတ်တွေ အသားဖြူပေမယ့် ကျောင်းသားတွေက အသည်းဖြူပါတယ် – ဒေါ်ခင်မိုးမိုး

Credit DVB
နိုင်ငံတော်သမ္မတက ဇူလိုင်လ ၃၀ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လည်လွှတ်ပေးတဲ့ အကျဉ်းသား ၆၉၆၆ ဦးထဲမှာ သစ်ခိုးမှုနဲ့ တသက်တကျွန်းပြစ်ဒဏ် ကျခံရသူ ၁၅၃ ဦးနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံရသူ ၂ ဦး ပါဝင်ပါတယ်။ အဆိုပါ ၁၅၅ ဦးဟာ ၈ ရက်ကြာ ထောင်တွင်းကျခံရအပြီးမှာ  လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်ခဲ့ကြတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးပဲ ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။  အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ငြိမ်းချမ်းစွာ သပိတ်မှောက်ရင်း အကြမ်းဖက် ဖမ်းဆီးခံကြရတဲ့ ကျောင်းသားကျောင်းသူ တဦးမှ မပါဝင်ပါဘူး။
ဒီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်လို့ သပိတ်မှောက်ကျောင်းသားတွေဘက်က လိုက်ပါ ဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပါတယ်။
မနေ့တုန်းက သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၇၀၀၀ နီးပါး လွှတ်တဲ့အထဲမှာ တောင်ကြီးက မင်္ဂလာဆောင်စုံတွဲမိသားစုတွေရော ပါလာသလားခင်ဗျ။
“တယောက်မှ မပါပါဘူး ဆရာရယ်။ တောင်ကြီးကလူတွေက အကုန်လုံးကို ထောင်တွေခွဲပြီး ချလိုက်တော့ ပုသိမ်၊ မြောင်းမြ၊ မန္တလေးနဲ့ တောင်ကြီးမှာက တယောက်ပဲ ကျန်တော့တယ်။ အဲဒါတွေ လုံးဝမပါပါဘူး။”
လူတွေက အဓိက စိတ်ဝင်စားပြောနေတာက ရာဇ၀တ်မှုတွေနဲ့ အတူတူ ဖမ်းခံထားရတဲ့အပြင်ကို သစ်ခိုးခုတ်မှုနဲ့ လွန်ခဲ့တဲ့ ၈ ရက်ကမှ တသက်တကျွန်းပြစ်ဒဏ်ချခံရတဲ့ တရုတ်နိုင်ငံသား ၁၅၀ ကျော်တောင် လွတ်သွားတယ်ဆိုတော့လေ။
“ကျမတို့လည်း အဲဒီလိုပဲပေါ့။ ကျမတောင်မှ post တွေ ရေးနေတာ။ လိုင်းက မကောင်းလို့။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတကြီးကို ရေးတာပါ။ တရုတ်တွေက အသားဖြူပေမယ့် ကျမတို့ ကျောင်းသားတွေက အသည်းဖြူပါတယ်လို့။ ကျမ အခု သာယာဝတီမှာပါ။ ၂၉ ရက်နေ့က သာယာဝတီရုံးချိန်း ရှိလို့လေ။ ၂၈၊ ၂၉ နှစ်ရက်ရှိလို့၊ သာယာဝတီမှာ ဒီမှာ တခါ ရေကြီးတဲ့နေရာတွေ။ အဲဒီကိုသွားပြီးတော့ ကယ်ဆယ်ရေး အကူအညီသွားပေးတဲ့ ကလေးတွေနဲ့ အဲဒါတွေပါ လုပ်ပေးနေလို့ မပြန်ရသေးဘူး၊ နက်ဖြန်ကျမှ တောင်ကြီးပြန်တက်မှာရှင့်။ ကလေးတွေက ကျောင်းသားတွေက ၅ လတောင် (ထောင်တွင်း) ရှိနေပြီလေ။ အဲဒီတော့ တရုတ်တွေကျတော့ ၈ ရက်ပဲ နေရတယ်။ ကျောင်းသားတွေကျတော့ ဘာမှမဟုတ်တဲ့၊ ကိုယ့်နိုင်ငံသား ကလေးတွေကျတော့ ၅ လတောင်ရှိပြီဆိုတော့ အဲဒါလေးတွေကို သိစေချင်တာပေါ့နော်။”
အန်တီက ဒီကျောင်းသားလေးတွေအမှု (အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်ရင်း ပဲခူးတိုင်း လက်ပံတန်းတွင် အကြမ်းဖက်ဖမ်းဆီးတရားစွဲခံရ) လိုက်နေတာ မဟုတ်လား။
အပြည့် အစုံ သို့ 
http://burmese.dvb.no/archives/105211

“ကျနော်ပါတီအထွေထွေအတွင်းရေးမှူး မဟုတ်တော့ဘူး” – ဦးမောင်မောင်သိမ်း

Credit DVB
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း က သူဟာ လက်ရှိ ပါတီအထွေထွေအတွင်းရေးမှူး မဟုတ်တော့ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
ညက လုပ်တဲ့ပါတီစည်းဝေးပွဲကို သူ မတက်ခဲ့ရသလို အခု လုပ်နေတဲ့ ပါတီစည်းဝေးပွဲကိုလဲ သူ မတက်ရဘူးလို့ ဆိုပါတယ်။
အခြေအနေတွေ တင်းမာရှုပ်ထွေးနေလို့ ဖြစ်စဉ်တွေအပေါ် သုံးသပ်ပြောဆိုဖို့ မဖြစ်နိုင်သေးဘူး လို့လဲ ပြောပါတယ်။
အန်ကယ်တို့ပါတီ ညက စည်းဝေးပွဲ လုပ်တယ် ကြားလို့ပါ။
“လောလောဆယ် ကျနော် အိမ်မှာပဲ ရှိပါတယ်။ ညက အစည်းအဝေးလဲ ကျနော် မပါပါဘူး။ အခုလဲ သူတို့ စည်းဝေးပွဲလုပ်နေတယ်။ ကျနော် မပါပါဘူး။ အခြေအနေက နည်းနည်းလေး ပြောဖို့ ခက်နေပါတယ်။ ရှုပ်ထွေးနေပါတယ်။”
လက်ရှိ ပါတီစည်းဝေးပွဲ လုပ်နေတယ်ပေါ့။
“လုပ်နေပါတယ်။”
အန်ကယ့်ကို မခေါ်ဘူးပေါ့
“မခေါ်ဘူးခင်ဗျ။”
အန်ကယ်တယောက်ထဲလားခင်ဗျ။
“အခု ကျနော် အိမ်မှာ တယောက်ထဲပါခင်ဗျ။ တယောက်ထဲလားဆိုတာ တခြား ဘယ်သူတွေ ခေါ်တယ် မခေါ်ဘူးဆိုတာ ကျနော်လည်း သေချာ မသိဘူး။”
ပါတီအထွေထွေအတွင်းရေးမှူး မပါဘဲ အစည်းအဝေးလုပ်တယ်ဆိုတာ အန်ကယ် ဘယ်လို သုံးသပ်ချင်လဲ။
“ကျနော် အထွေထွေအတွင်းရေးမှူး မဟုတ်တော့လို့ပါခင်ဗျ။”
အန်ကယ်တို့ပါတီ ဖွဲ့စည်းပုံပြင်လိုက်ပြီလားခင်ဗျ။
“သူတို့ လုပ်နေကြတာပဲပေါ့ဗျာ။ ကျနော်တော့ မသိတော့ဘူး။”
အဲ့ဒီအပေါ်မှာရော ဘယ်လို သုံးသပ်ချင်လဲဗျ။
“ကျနော်ပြောဖို့ နည်းနည်းခက်ခဲပါသေးတယ်ဗျ။ ဒီအချိန်မှာ ပြောရင်လည်း မကောင်းသေးပါဘူး။ သီးခံပေးပါနော်။
 http://burmese.dvb.no/archives/107428

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ယာယီဥက္ကဌအဖြစ် ဦးဌေးဦးကို တာဝန်ပေးအပ်

 Credit RFA
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ယာယီဥက္ကဌ တာဝန်ကို ဒုတိယဥက္ကဌဖြစ်တဲ့ ဦးဌေးဦးကို နိုင်ငံတော်သမ္မတက ပေးအပ်လိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး က ပြောပါတယ်။
ပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်ကြောင့် သမ္မတက တာဝန်ပေးလိုက်တာဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ရုံးချုပ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ၀ိုင်းတယ်ဆိုတာဟာ မဟုတ်မှန်ကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ အရင်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီဥက္ကဌဖြစ်ပြီး သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် လစ်လပ်သွားတဲ့ ပါတီဥက္ကဌနေရာမှာ သူရဦးရွှေမန်းကို ယာယီဥက္ကဌအဖြစ် လွှဲပြောင်းပေးထားတာဖြစ်ပါတယ်။
USDP ပါတီတွင်း ခေါင်းဆောင်အပြောင်းအလဲတွေကို မကြာခင်ထုတ်ပြန်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
အပြည့် အစုံ သို့ 

http://www.rfa.org/burmese/news/usdp-leader-uhtayoo-08132015020347.html#.Vcw6ZfDmtqU.facebook

ပါတီကထုတ်ပယ်တဲ့အထိ အရေးယူမယ်လို့ ဒေါ်အောင်ဆန်း စုကြည် သတိပေး

Credit RFA.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလောင်းတွေဟာ ပါတီရဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး မလိုက်နာနိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ပါတီကနေ ထုတ်ပယ်တဲ့အထိ အရေးယူသွားမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရွှေတောင်မြို့ ကြာနီကန်ရပ်ကွက်မှာ ဒေသခံတွေနဲ့ ဒီနေ့ တွေ့ဆုံစဉ် ပြောလိုက် တာဖြစ်ပါတယ်။
"ကိုယ်စားလှယ်တွေဟာ အဖွဲ့ချုပ်ရဲ့ စည်းမျဉ်း စည်းကမ်းဘောင်အတွင်းက လုပ်ရမယ်၊ ကျမတို့ဟာ နိုင်ငံရေး ပါတီဖြစ်တယ်၊ နိုင်ငံရေးပါတီတစ်ခုဆိုတာ သူ့ရဲ့စည်းမျဉ်း စည်းကမ်းဘောင်ရှိတယ်၊ ဒီစည်းမျဉ်း စည်းကမ်းကို မလိုက်နာနိုင်လို့ရှိရင် လက်မခံနိုင်လို့ရှိရင် ကျမတို့ရဲ့အဖွဲ့ချုပ်အတွင်းကနေပြီးတော့ လှုပ်ရှားလို့မရပါဘူး၊ ဒါကြောင့်မို့ ကျမတို့ ကိုယ်စားလှယ်တွေက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ စောစောကပြောသလို ပြုပြင် ကြည့်မယ်၊ ပြုပြင်လို့မရလို့ရှိရင်တော့ ထုတ်ပစ်လိုက်ရုံပဲရှိတာပေါ့"
ဒါ့အပြင် ပေါင်းတည်မြို့ကို ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲပေးဖို့ဆိုပြီး ၀န်ထမ်းတွေကို ဖိအားပေးနေတာတွေ ရှိနေတယ်လို့ ကြားနေရကြောင်းနဲ့ အဲဒီလိုလုပ်တာဟာ ဥပဒေနဲ့ ဆန့်ကျင်နေကြောင်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ရက်နေ့က မကွေးတိုင်းဒေသကြီးက မကွေး၊ စေတုတ္တတရ၊ စကုနဲ့ မင်းဘူးမြို့တွေကို ရောက်ရှိခဲ့ပြီး ဒီကနေ့ ပြည်ကနေ ရန်ကုန်ကိုအလာ လမ်းတစ်လျှောက်က မြို့တွေမှာ ဒေသခံတွေ နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကို RFA သတင်းထောက် မဇာဏီထွဏ်း ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

 အပြည့် အစုံ သို့ ။

http://www.rfa.org/burmese/news/dassk-warns-nld-candidates-08112015105023.html

ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ဝိုင်းတယ်ဆိုတာ မမှန်ကန်

Credit RFA

အာအက်ဖ်အေက ထုတ်လွှင့်ခဲ့တဲ့ မနေ့ညက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ကို စစ်တပ်နဲ့ ရဲတွေဝိုင်းတယ်ဆိုတာ မဟုတ်ကြောင်း သိရှိရပါတယ်။
လက်ရှိ နေပြည်တော်အခြေအနေက ရှုပ်ထွေးနေဆဲဖြစ်တဲ့အတွက် တိတိကျကျပြောဖို့ ခက်ခဲနေပါတယ်။ အခြေအနေအားလုံးကို သတင်းမီဒီယာသမားတွေက စောင့်ကြည့်နေကြဆဲဖြစ်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီဌာနချုပ်ထဲမှာ ထိပ်ပိုင်းခေါင်းဆောင်တွေ ဒီနေ့ အစည်းအဝေးတွေရှိတယ် လို့ ယူဆရပါတယ်။ သတင်းမီဒီယာသမားတွေလည်း ပါတီရုံးချုပ်ရှေ့မှာ စောင့်ကြည့်နေကြပါတယ်။
 အပြည့် အစုံ သို့ ။
 http://www.rfa.org/burmese/news/usdp-party-office-police-army-nottrue-08122015224125.html

ပြည် ခိုင်ဖြိုး ခေါင်း ဆောင် ပိုင်း အ ပြောင်း အလဲ လုပ်။

လက်ရှိ ပါတီဥက္ကဌအဖြစ်တာဝန်ယူနေတဲ့ သူရဦးရွှေမန်းကို ဖယ်ရှားလိုက်ပြီး ဦးဌေးဦးနဲ့ အစားထိုးလိုက်တယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ပြောပါတယ်။
ဦးမောင်မောင်သိန်းကိုလည်း ပါတီအထွေထွေအတွင်းရေးမှူး ရာထူးက ဖယ်ရှားလိုက်ပြီး အထွေထွေအတွင်းရေးမှူးအဖြစ် ဦးတင်နိုင်သိန်းကို ခန့်အပ်လိုက်ပါတယ်။
ဦးရွှေမန်းကိုဖယ်ရှားရတာနဲ့ပတ်သက်လို့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ချထားတဲ့ လမ်းကြောင်းအတိုင်း မလျှောက်လို့ လို့ အကြောင်းပြကြသလို ပါတီတွင်း ဦးသိန်းစိန်နှင့် စီအီစီများကို အသိမပေးဘဲ အာဏာရှင်ဆန်ဆန် လုပ်ဆောင်ခြင်းနှင့် ပါတီတွင်းစည်းလုံးညီညွတ်မှု ပျက်ပြားအောင် ဆောင်ရွက်ခြင်းတို့ကြောင့် ပါတီဥက္ကဌ ရာထူးက ဖယ်ရှားလိုက်တာလို့ဆိုပါတယ်။
 အပြည့် အစုံ သို့ 
http://www.bbc.com/burmese/burma/2015/08/150813_usdp_leader

နေပြည်တော်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ သတင်း။

နေပြည်တော်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရှေ့မှာ မနေ့ညက အခြေအနေတွေကို သွားရောက်စောင့်ကြည့်ခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်တွေဖြစ်တဲ့ ကိုထက်အောင်နဲ့ မမေခတို့ကို နောက်ဆုံးရ အခြေအနေတွေကို သိရအောင် မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး - ကိုထက်အောင်တို့ အနေနဲ့ အခုနေပြည်တော်မှာရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှာ လုံခြုံရေး တင်းကျပ်နေပြီး အ၀င်အထွက်တွေ စပြီးတော့ ပိတ်ထားပြီဆိုပြီးတော့ သတင်းတွေကို ဘယ်လိုစကြားလဲရှင့်။
ဖြေ - ဟုတ်ကဲ့ ကျနော်တို့ ဒီနေ့ နေပြည်တော်မှာလုပ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေ တွေ့ဆုံပွဲမှာ ကျနော်တို့ သတင်းသွားယူပါတယ်။ ယူပြီးတဲ့ အခါကျတော့ အပြန်မှာ ဟိုတယ်မှာပဲ သတင်းတွေ လုပ်နေရင်းနဲ့ပဲ ၉ နာရီ ပတ်ဝန်းကျင်လောက်မှာ နေပြည်တော်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း တခုကနေပြီးတော့မှ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးမှာ စစ်တပ်လုံခြုံရေး အင်အားတွေ အများအပြား ၀င်ရောက်နေတယ်ဆိုပြီး ကျနော်တို့ ကြားပါတယ်ခင်ဗျ။ ကြားတော့ အဲဒီသတင်းက ခိုင်လုံသလား၊ မခိုင်လုံသလား အရင်ဆုံး စစ်ဆေးပါတယ်။ သတင်းထောက်တွေ အချင်းချင်းလည်း ကျနော်တို့ သေချာအောင် ဖုန်းတွေနဲ့ ဆက်သွယ်ပါတယ်။ အချိန်ခနလောက် ယူပြီးတဲ့အခါကျတော့ ၁၁ နာရီခွဲ၊ မြန်မာစံတော်ချိန် ၁၁ နာရီခွဲ ၁၂ နာရီ လောက်မှာ ကျနော်နဲ့ ကျနော်တို့ရုံးက သတင်းထောက် မမေခနဲ့အတူ ကျနော်တို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးကိုလာပြီး အခြေအနေကို အသေးစိတ် စောင့်ကြည့်ပါတယ်။ ကျနော်တို့ရောက်တဲ့ အချိန်မှာတော့ ရဲကားတွေ၊ ရဲဌာနက အချုပ်ကားတွေပဲဖြစ်ဖြစ် အဲဒီလိုမျိုး ကားတွေကတော့ မတွေ့ရတော့ဘူး။ ဒါပေမဲ့ တချို့ ကားတစ်စီး၊ နှစ်စီးလောက်ကတော့ နေပြည်တော်လမ်းမပေါ်မှာ ပတ်ပြီးသွားလာနေတာတော့ ကျနော်တို့ သတိထားမိပါတယ်။
မေး - အဲဒီတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့ကလည်း ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ တွေ့ဆုံပွဲ၊ သူတို့ပါတီ ဆွေးနွေးပွဲကိုလည်း နေပြည်တော်မှာ ကျင်းပခဲ့တယ်ဆိုတော့၊ အဲဒီမှာ ထူးထူးခြားခြား ဘာတွေများ ဖြစ်ခဲ့လဲ ဆိုတာကိုရော သတိထားမိလား။
ဖြေ - ဟုတ်ကဲ့ သူတို့အဓိက သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါမှာ ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးနဲ့ အတွင်းရေးမှူး အပါအ၀င် စုစုပေါင်း ၅ ယောက်က သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်ခင်ဗျ။ ဒါပေမဲ့ သူတို့ပြောတဲ့ အထဲမှာကတော့ လာမယ့်ရွေးကောက်ပွဲမှာ သမ္မတဦးသိန်းစိန် အပါအ၀င် ဒုသမ္မတဦးဥာဏ်ထွန်း ၀င်ရောက်မယှဉ်ပြိုင်ဘူး ဆိုတဲ့သဘောကိုပဲ အတည်ပြု ပြောပါတယ်။ တချို့ပြောတဲ့ဆိုတဲ့ စကားမှာလည်း သူတို့ ၂ ယောက်ကပေါ့လေ တော်တော်များများကို စကားကို ထိန်းသိမ်းပြီးတော့ ပြောသွားတာ ကျနော်တို့ တွေ့ရပါတယ်။ နောက်တချက်ကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ သဘောပါ။ ဒီတခေါက်ရွေးကောက်ပွဲမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို တပ်မတော်သား ကိုယ်စားလှယ်တွေက သူတို့ ယူနီဖောင်းတွေကိုချွတ်ပြီး ၀င်ရောက်ယှဉ်ပြိုင်မယ် ဆိုတဲ့အခါကျတော့ အဆိုတင်သွင်းပါတယ်ခင်ဗျ။ ပထမဆုံး တပ်မတော်က အဆိုတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းကတော့ ၁၃၉ ယောက်ပါ၊ ဒါပေမဲ့ ထပ်ပြီးဖြည့်သွင်းလိုက်တဲ့ အခါမှာတော့ စုစုပေါင်း ၁၄၀ ကျော် ဖြစ်သွားပါတယ်။ အဲဒီမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေပြီးတော့ တပ်မတော်သား ကိုယ်စားလှယ်လောင်းတွေကို ပြန်ပြီးစိစစ်လိုက်တဲ့ အခါမှာ စုစုပေါင်း ၅၉ ယောက်ကိုပဲ သူတို့က လက်ခံလိုက်တာပါခင်ဗျ။ အဲဒီအထဲမှာ အမျိုးသားလွှတ်တော်အတွက် ၇ ယောက်၊ ပြည်သူ့လွှတ်တော်အတွက် ၁၉ ယောက် ဆိုတော့ ပြည်ထောင်စု လွှတ်တော်အတွက် စုစုပေါင်း ၂၆ ယောက်ပေါ့လေ။ တိုင်းဒေသကြီးလွှတ်တော် အတွက်ကတော့ ၃၃ ယောက် ၀င်ရောက်ယှဉ်ပြိုင်မယ် ဆိုပြီးတော့ သူတို့က တရားဝင် ထုတ်ပြောတာတော့ ရှိပါတယ်။ ကျန်တာကတော့ ထွေထွေထူးထူးတော့ သူတို့အနေနဲ့ ဘာမှပြောဆိုခြင်းတော့ မရှိပါဘူး။
မေး - အခု မမေခတို့က ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရှေ့မှာ ရောက်ပြီးတော့ပေါ့နော် အခြေအနေတွေကို စောင့်ကြည့်နေတယ်ဆိုတော့ အဲဒီမှာအခု မြင်ရတဲ့ အခြေအနေတွေကို ပြောပြပါဦးရှင့်။
ဖြေ - ည ၉ နာရီခွဲ ၁၀ နာရီလောက်မှာ သူတို့ရဲကားတွေ ဒီကြံ့ခိုင်ရေးရုံးကို စပြီးတော့ ပတ်နေတာကို ညီမတို့ စတွေ့ရတယ်။ တွေ့ပြီးသွားတဲ့အချိန် ည ၁ နာရီနဲ့ ၁၅ မိနစ်လောက်မှာ အလုပ်သမား ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်း ပထမဆုံး သူ့ကားနဲ့သူ ထွက်လာတာကို တွေ့လိုက်တယ်။ သူ ထွက်သွားပြီးတော့ သိပ်မကြာဘူး။ ၂ နာရီ ၁၅ လောက်မှာ အခုလက်ရှိ ဆက်သွယ်ရေး ဦးမြတ်ထွန်းရဲ့ PSO ကနေပြီးတော့ အစားအသောက်ရယ်၊ အိပ်ယာလိတ်ရယ် ယူပြီးတော့ ဂိတ်ကိုဖြတ်ပြီးတော့ သွားပို့တာကို ညီမတို့ တွေ့လိုက်တယ်။ တွေ့တော့ ညီမကိုယ်တိုင်ပဲ အဲဒီ PSO ကို နောက်ကနေ လိုက်ပြီးတော့ မေးတယ်။ ဘာကြောင့် ဒီဟာတွေ ပို့တာလဲ။ ဘယ်သူက ပို့ခိုင်းတာလဲ ဆိုတာကို မေးတဲ့အခါမှာ သူက ဘာပြောသလဲဆိုတော့ မသိဘူးတဲ့။ သူ ပထမ အဲ့ဒီလိုပြောတယ်။ ဘာဖြစ်လို့ ဒီအစားအသောက်တွေ ပို့ခိုင်းတာလဲဆိုတော့ အထဲက ပို့ခိုင်းလို့ပေါ့ဗျာတဲ့ ကျနော်လည်း မသိဘူးတဲ့ ဆိုပြီးတော့ သူ ကားပေါ်ကို တက်သွားတယ်။ အဲဒါ ဒုတိယမြောက်ပေါ့နော်။ တတိယမြောက်ကတော့ အခု ၃ နာရီ ၁၀ မိနစ်ကျော်လောက်မှာ ဒေါက်တာ မောင်မောင်ဌေး ဆိုတဲ့လူကနေ အပြင်ကို ပြန်ထွက်တယ်ပေါ့နော်။ ဒါပေမဲ့ သူကနေပြီးတော့ ဂိတ်မှာ ဘာပြောခဲ့သလဲဆိုတော့ ကျနော် ပြန်ပြီးတော့ လာမှာဆိုပြီးတော့ ပြောသွားတယ်။ ပြီးတော့ သူ့ကားနဲ့သူ ထွက်သွားတယ်။ ခြံဝင်းထဲမှာတင် ကား အဲ့ဒီလိုမျိုး လူကြီးစီးတဲ့ကားကပေါ့နော် စတစ်ကာအမဲနဲ့ လူကြီးစီးတဲ့ကား အစင်း ၂၀ လောက် အခုအချိန်ထိ ရှိနေပါသေးတယ်။
မေး - အဲတော့ သူတို့ ဒီပါတီရဲ့ဌာနချုပ်ကို လုံခြုံရေးတွေနဲ့ အဲ့လို စောင့်ကြည့်နေတယ်။ ရဲကားတွေ ပတ်နေတယ်ဆိုတဲ့ အဲ့လို ထူးခြားတဲ့ အနေအထား ဘာကြောင့်ဖြစ်လာတာလဲရှင့်။
ဖြေ - ဘာကြောင့်ဖြစ်လာသလဲဆိုတော့ အခုအချိန်အထိကတော့ သတင်းတွေကိုတော့ တခုမှ အတည်ပြုလို့ မရနိုင်သေးဘူး။ ပြောတဲ့သူတွေ တော်တော်များများကတော့ ဦးသူရရွှေမန်းကိုပဲ ထိန်းသိမ်းထားတယ်လို့ သတင်းတွေ ထွက်နေတာမျိုးတွေ ရှိတယ်။ နောက်တခုကကျတော့ အဲဒီအထဲမှာ တချို့ ပြည်ထောင်စုနေ့စဉ်က သတင်းထောက်တချို့ အဲဒီအထဲမှာ ရောက်နေတာတွေ ရှိတယ်။ ရှိတော့ သူတို့ဘက်ကနေ ပြောတာကတော့ ဘာမှမဟုတ်ဘူး။ အစည်းအဝေးသက်သက် လုပ်တာလို့လည်း သူတို့ကနေပြီးတော့ ပြောတာမျိုးရှိတယ်။ သူတို့ကို ဆက်သွယ်ပြီး မေးတဲ့အခါကျတော့ အခုလက်ရှိ ထွက်သွားတဲ့ပေါ့နော် ဒီကနေ့ပဲ သမ္မတကြီးကနေပြီးတော့ တာဝန်ကနေ ရပ်နားခွင့်ပြုလိုက်တဲ့ ၀န်ကြီးတွေကို မေးမယ်ဆိုရင် အဖြေသိရတယ်ဆိုပြီးတော့ အဲဒီထဲက သတင်းထောက်တယောက်ကတော့ ညီမမေးတဲ့အချိန်မှာ သူက ပြောတယ်။ ဒါပေမဲ့ အဲဒီဝန်ကြီးတွေကို ဖုန်းဆက်သွယ်တာတော့ လုံးဝ ဆက်သွယ်လို့မရဘူး။ ကြားနေတဲ့သတင်းတွေကလည်း အခုအချိန်ထိ အတည်ပြုလို့ မရသေးဘူး။ မနေ့ကည ၈ နာရီ ၉ နာရီခန့်မှာ ဦးသူရရွှေမန်းရဲ့ လုံခြုံရေးအရာရှိတချို့ကို ပြည်ထဲရေးကနေ ခေါ်တွေ့ပြီးတော့ စစ်ဆေးတယ်ဆိုတဲ့ ဥစ္စာကတော့ သတင်းရထားတယ်။ ဒါပေမဲ့ အဲဒါကလည်း အတည်ပြုချက် တိတိကျကျ ပြုလို့ကလည်း မရသေးဘူး။ သူတို့စစ်တပ်ဘက်က အသိုင်းအ၀ိုင်း တယောက်ကနေပြီး ပြောထားတာတော့ ရှိတယ်။
မေး - အဲတော့ အခြေအနေတွေကို ဘယ်လို ဆက်ပြီးတော့ စောင့်ကြည့်သွားမလဲရှင့်။
ဖြေ - အခုကြားနေရတာကတော့ ဒီနေ့အဖြစ်အပျက်ကို မနက်မိုးလင်းတာနဲ့လည်း တန်းရှင်းမယ်လို့လည်း ပြောတယ်ဆိုတော့ ညီမတို့က ဘာမှန်းမသိတော့ အခု စောင့်နေရတယ်ပေါ့နော်။ တချို့ပြောတာကျတော့လည်း ညနေဘက်ကျလို့ရှိရင် သတင်းစာရှင်းလင်းပွဲတခု သမ္မတကနေ လုပ်ပြီးတော့ ရှင်းသွားမယ်လို့လည်း ပြောတယ်။ ဒါပေမဲ့ အတိအကျမသိရသေးတော့ ညီမတို့ကလည်း ဘာဖြစ်လာမလဲဆိုတာ မသိလို့ စောင့်နေတာပါပဲ။{Credit Dr Lun Swe Media}
 http://burmese.voanews.com/content/usdp-security/2916026.html