Thursday, December 29, 2016

မန်မာ့ဒီမိုကရေစီနှင့်နိုင်ငံရေးမှတ်တမ်းများ added 24 new photos. Yesterday at 6:01pm ·

https://www.facebook.com/myint.aung.35/posts/1481301681910398?from_close_friend=1&notif_t=close_friend_activity&notif_id=1482921558190183
NLD ပြိုကွဲရန် နဝတ စစ်အစိုးရနှင့် ဦးအောင်ကြီး တို့မှ ပူးပေါင်းကြံစည်ခြင်း

 မန်မာ့ဒီမိုကရေစီနှင့်နိုင်ငံရေးမှတ်တမ်းများ added 24 new photos.

——————————————————————————————
စိုးမြင့်မိုး (ဘူမိ) The Speaker News Journal
BurmaDemocracy, 28 Dec: 2016
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy-NLD) ၏ ပထမဦးဆုံး သော ဥက္ကဋ္ဌကြီးမှာ ဦးအောင်ကြီး(အများခေါ်ဝေါ်ကြသည်မှာ ဗိုလ်ချုပ်အောင်ကြီး) ဖြစ်ပြီး ဒု-ဥက္ကဋ္ဌမှာ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး မှာ ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်ကြသည်။ ဒီချုပ်ဟူ၍ လည်းကောင်း၊ အင်န် အယ်ဒီ (NLD) ဟူ၍ လည်းကောင်း အတိုကောက်ခေါ်ဝေါ်ကြသော အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်သည် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲကော်မရှင်တွင် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၃ဝ ရက်၌ မှတ်ပုံတင်ခဲ့သည်။
အဖွဲ့ချုပ်ဟူသော အမည်နှင့် လျော်ညီစွာ ဒီချုပ်သည် အောင်၊ စု၊ တင် ဟုအတိုကောက်ခေါ်သည့် အဖွဲ့အစည်း သုံးခု ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့အစည်း သုံးခုမှာ အငြိမ်းစား ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီး (ငြိမ်း) (ခေါ်) ဦးအောင်ကြီး၏ အဖွဲ့အစည်း၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဟောင်း သူရဦးတင်ဦး ဦးဆောင် သော မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့အစည်းနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကျောင်းသားလူငယ်၊ အတတ်ပညာရှင်၊ အသိပညာရှင်များ ပါသော အဖွဲ့အစည်းတို့ ဖြစ်ကြသည်။
စတင် ဖွဲ့စည်းစဉ် ဒီချုပ်တွင် ယင်းအဖွဲ့အစည်း သုံးခုမှ တစ်ဖွဲ့လျှင် ကိုယ်စားလှယ် လေးဦးစီ ဖြင့် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ၁၂ ဦးနှင့် တစ်ဖွဲ့လျှင် ၁ဝ ဦးစီ ပါသော နိုင်ငံလုံးဆိုင်ရာ ဦးစီးအဖွဲ့ အဖွဲ့ ဝင် ၃ဝ တို့ ပေါင်းကာ စုစုပေါင်း ၄၂ ဦး ဖြင့် ဗဟိုဦးစီးအဖွဲ့ ဟူ၍ ဖွဲ့စည်းသည်။ ယင်း ဗဟိုဦးစီး ၄၂ ဦး ၏ မျက်နှာစုံညီ အစည်းအဝေးသည် ဒီချုပ်၏ အဆုံးအဖြတ် ကို ပေးနိုင် သည့် အစည်းအဝေး အဖြစ် သတ် မှတ်ထားရှိခဲ့သည်။ ထိုစဉ်က ဒီချုပ်၏လိပ်စာမှာ အမှတ် (၄၄) တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်သည်။
အထွေထွေ အတွင်းရေးမှူး ဒေါ် အောင်ဆန်းစုကြည်၏ ပထမဆုံး စည်းရုံး ရေး ခရီးစဉ်မှာ ဖခင်၏ ဇာတိ နတ်မောက် မြို့သို့ ဦးတည်၍ ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ဆန်းမှ နိုဝင်ဘာလလယ်ထိ ၁၃ ရက်ကြာ သွားခဲ့သော အထက်မြန်မာပြည် ခရီးစဉ် ဖြစ်ပြီး အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ် လုပ်ငန်းအဖွဲ့ဝင်များအား ပြည်နယ်နှင့် တိုင်း အသီး သီးသို့ စည်းရုံးရေးခရီးအတွက် နှုတ်ဆက် သြဝါဒပေးပွဲကို အဖွဲ့ချုပ် (ဗဟို) ၌ ပြုလုပ်ခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်က စည်းရုံး ရေးခရီး တွင် ကြုံတွေ့ရမည့်၊ သတိထားရမည့် အချက်များကို ရှင်းပြခဲ့ပြီး ကဗျာဆရာ ကြီး ''ရုဒ်ယတ် ကစ်ပလင်'' ၏ ''အကယ်၍'' ကဗျာကို ရွတ်ဖတ်ပြခဲ့သည်။
၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် တွင် ဥက္ကဋ္ဌဦးအောင်ကြီးက ဒေါ်အောင် ဆန်းစုကြည်ထံ အရေးပေါ် သုံးသပ်ချက် တစ်စောင် ရေးပို့ခဲ့သည်။ ယင်းစာ၏ အတို ချုပ်မှာ ''အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ကွန်မြူနစ်နှင့် ကွန်မြူနစ် လိုလားသူများ အုပ်စု ကြီးထွားလာသည်။ ဒီချုပ် အောက် ခြေတွင် မြေပေါ်မြေအောက် (အိုဂျီ၊ ယူဂျီ) များ ပေါ်ပေါက်လာသည်။ လှုပ်ရှားမှုများ ရှိနေသည်ကို တွေ့ရသည်။ ထို့ကြောင့် အိုဂျီ၊ ယူဂျီနှင့် ကွန်မြူနစ် လှုပ်ရှားမှုများကို အ ကြောင်းပြု၍ ရွေးကောက်ပွဲ နီးချိန်တွင် ပါတီကို ဆိုင်ရာက ပယ်ဖျက်ခံရနိုင်သည်။ ထို့ကြောင့် ''အောင်၊ စု၊ တင်'' အဖွဲ့တွင်းမှ ကွန်မြူနစ်များနှင့် ကွန်မြူနစ် လိုလားသူများ ဟု ယူဆရသူများအား အနားယူခိုင်းရန်'' ဟု ဖော်ပြထားသည်။
ဦးအောင်ကြီးက ကွန်မြူနစ် (သို့ မဟုတ်) ကွန်မြူနစ် လိုလားသူများဟု စွပ်စွဲခံရသူများတွင် ဒေါ်အောင်ဆန်းစုကြည်၏ (တတ်သိပညာရှင်များ) အစုအဖွဲ့မှ ရှစ်ဦးပါဝင်သည်။ ၎င်းတို့မှာ
၁။ နိုင်ငံရေး အတွေးအမြင်အတွက် ရဲရဲဝံ့ဝံ့ ကြံ့ကြံ့ခံ တတ်သူ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊
၂။ ရန်ကုန် ရှေ့နေချုပ်အသင်း ၏ အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဗဟို တရားရုံးချုပ် ရှေ့နေ ဦးထွန်းတင် (မကြာသေးခင်က ပြုလုပ်ခဲ့သော စင်ကာပူ ရောက် မြန်မာများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲကို ဦးဆောင်စီစဉ်သူ မြန်မာကလပ်၏ ဥက္ကဋ္ဌ ဒေါက်တာ မြတ်မော်ထွန်း ၏ ဖခင်)၊
၃။ ၁၉၇၉ ခုနှစ်တွင် အမျိုးသမီးရှေ့နေများထဲမှ ရှားရှားပါးပါး နိုတြီပဗ္ဗလစ် (Notary Public) အဖြစ် ခန့်အပ်ခံရသူ ဗဟို တရားရုံးချုပ် ရှေ့နေ ဒေါ်မြင့်မြင့်ခင်၊
၎။ မောင်စူးစမ်း ကလောင်အမည်ဖြင့် နိုင်ငံရေး၊ စီးပွားရေး ဆောင်းပါး များ ရေးသားသူ ဦးချမ်းအေး၊
၅။ မောင်သစ် ကလောင် အမည်ဖြင့် သရော်စာ အရေးကောင်းသူ စာရေးဆရာနှင့် ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးကိုယု (စာရေးဆရာမ မမြတ်လေး (ဒေါ်သိန်းဆိုင်) ၏ မောင်၊ ပထမ အကြိမ် ပြည်သူ့ လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ၏ ဦးလေး)၊
၆။ စာရေးဆရာနှင့် ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးတင်ရွှေ (မုံရွာ)၊
၇။ လူငယ်များက ဘကြီးမိုး လို့ခေါ်သည့် ဘာသာပြန် အရေး ကောင်းသော စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာ မောင်မိုးသူ၊
၈။ ဒါရိုက်တာ စံရွှေမောင် ခေါ် ၁၉၇၄ ခုနှစ်တွင် ''နော် ကူးမ'' ဇာတ်ကားဖြင့် အမျိုးသား ဇာတ်ပို့ဆုရ အကယ်ဒမီ ရုပ်ရှင်မင်းသား ဦးအောင်လွင် တို့ ဖြစ်ကြသည်။
ကွန်မြူနစ်နှင့် ကွန်မြူနစ် လိုလားသူများကိစ္စကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) တည်ရှိရာ အမှတ် (၄၄) တက္ကသိုလ် ရိပ်သာလမ်း ဗဟန်း မြို့နယ်၌ ဗဟိုဦးစီး ၄၂ ဦး၏ မျက်နှာစုံညီ အစည်းအဝေး ကျင်းပ၍ တင်သွင်း မဲခွဲခဲ့သည်။ နိုင်သူက ဒီချုပ်ကို ဆက်လက် ဦးဆောင်ရန်၊ ရှုံးသူက ဒီချုပ်မှ နုတ်ထွက် သွားရန်ကို အားလုံး သဘောတူခဲ့ ကြသည်။ မဲခွဲ ဆုံးဖြတ်သောအခါ ဒေါ်အောင်ဆန်းစုကြည် ဘက်က ၂၉ မဲနှင့် ဦးအောင်ကြီးဘက်မှ ၁၃ မဲသာ ရပြီး ရှုံး နိမ့်သွား ခဲ့ရသည်။
ဦးအောင်ကြီးသည် မိမိဘက်မှ အပိုင် ၁၄ ဦး ရှိပါလျက် ၁၃ မဲသာ ရ၍ ပျောက်သွားသည့် တစ်မဲ၏ လက်သည်ကိုရှာရာ မိမိနှင့် အလွန် ရင်းနှီးသော မိတ်ဆွေ ဗိုလ်မှူးကြီးဟောင်း ဦးကြည်မောင်ကို သွားတွေ့ သည်။ ဦးကြည်မောင်က ''ဗိုလ် အောင်ကြီး ဒီလို အကျပ်အတည်း ကာလမှာ ခင်ဗျားဟာ အပြစ်မရှိ အပြစ်ရှာပြီး ဒီမိုကရေစီ အဖွဲ့ချုပ်ကြီး တစ်ခုလုံးကို ဖြိုခွဲဖို့ ကြိုးစားတဲ့ အတွက် ခင်ဗျားနှင့် ကျွန်တော် လမ်းခွဲပြီး မှန်တဲ့ ဘက်ကို မဲမေးခဲ့တယ်'' ဟု ပြောလာသည်ဟု ဆိုသည်။
(မှတ်ချက်။ ဦးကြည်မောင်သည် ဦးအောင်ကြီး၏ အစုအဖွဲ့ထဲတွင် အမာခံပုဂ္ဂိုလ်ဖြစ်သည်။ တပ်မတော်တွင် ဦးအောင်ကြီး ဒုတိယ ကာကွယ်ရေးဦး စီးချုပ်ဖြစ်စဉ်က ဦးကြည်မောင်သည် နေပြည်တော် စစ်ဌာနချုပ် (ယခု ရန်ကုန်တိုင်း စစ်ဌာနချုပ်) ၏ တိုင်းမှူးဖြစ်သည်။) ဦးအောင်ကြီး အစု အဖွဲ့သည် အဆိုပါ မဲပေးပွဲတွင် ရှုံးနိမ့် ခဲ့ သော်လည်း မူလ သဘောတူခဲ့သည့် အတိုင်း နုတ်ထွက်ခြင်း မပြုဘဲ ပါတီ ဆန့်ကျင်ရေးများ ဆက်လက် လုပ်ဆောင်နေသဖြင့် အလုပ် အမှုဆောင် အဖွဲ့မှ ထုတ်ပယ်ကြောင်း ဆုံးဖြတ်ခဲ့ရသည်။ ထို့နောက် ဦးကြည်မောင် မှအပ
၁။ သခင်အောင်ကြီး (ပေါင်းတည်) အမည်ခံ ဦးအောင်ကြီး(ခေါ်) ဗိုလ်မှူးချုပ်အောင်ကြီး (ငြိမ်း) (ကြည်း-၅၄၅၈) (ဒုတိယ ကာကွယ် ရေး ဦးစီးချုပ် (ငြိမ်း)၊ တော်လှန်ရေးကောင်စီ အဖွဲ့ဝင် ဟောင်း)၊
၂။ ဗိုလ်မှူးကြီး ခင်ညို (ငြိမ်း)(ကြည်း-၃၅၃၇) (စစ်ရာထူးခန့် အတွင်း ဝန်၊ အမြောက်နှင့် သံချပ်ကာ ယန္တရား တပ်ဖွဲ့၏ ပထမဦးဆုံး ညွှန်ကြားရေးမှူးနှင့် ကက ကျင့် ညွှန်မှူး၊ တော် လှန်ရေး ကောင်စီ အဖွဲ့ဝင်ဟောင်း)၊
၃။ ဗိုလ်မှူးကြီး ဘရွှေ (ငြိမ်း) (ကြည်း-၃၅၄၅) (အမြောက်နှင့် သံချပ် ကာ ယန္တရားတပ်ဖွဲ့၏ တတိယမြောက် ညွှန်ကြားရေးမှူး၊ အငြိမ်းစားသံအမတ်ကြီး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း)၊
၎။ ဗိုလ်မှူးကြီးကြည်ဟန် (ငြိမ်း)(ကြည်း-၃၅၆ဝ) (တပ်မတော်(ကြည်း) တိုက်ခိုက်ရေး ကျောင်း(ဗထူး)၏ တတိယမြောက် ကျောင်းအုပ်ကြီး၊ အငြိမ်းစားသံအမတ်ကြီး၊ ဂေါက်သီးအကျော် ဦးကြည်လှဟန်နှင့် ဦးချမ်းဟန် တို့၏ ဖခင်)၊
၅။ ဦးခင်မောင်မောင် (အငြိမ်းစား ရဲမင်းကြီး၊ု မောင်မောင်ကလောင်အမည်ဖြင့် ဂေါက်ကစားခြင်းရုပ်စုံ စွယ်စုံကျမ်းရေးသားသူ)၊
၆။ ဦးကျော်မြင့် လေး (ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ အာရှ လူငယ် ဒု-ဥက္ကဋ္ဌ၊ ဖဆပလ အစိုးရ ခေတ် စက်မှုနှင့် သတ္တုတွင်းဝန်ကြီး၊ ကုန်သွယ်ရေး ဝန်ကြီး)၊
၇။ ဦးသာထို (အငြိမ်းစား ပါမောက္ခ (ဘောဂဗေဒ) စီးပွားရေး တက္ကသိုလ်၊ စတီရီယို အဆို တော် ခိုင်ထူး၏ ဖခင်)၊
၈။ ဦးမင်းဒင် (အမေရိကန်နိုင်ငံ မစ်ချီကန်တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ရ၊ ဒုညွှန်ချုပ်(ငြိမ်း) ဓာတ်သတ္ထု ထုတ်လုပ်ရေးကော်ပိုရေးရှင်း)၊
၉။ ဦးနန်း နွယ် (အငြိမ်းစား အထွေထွေ မန်နေဂျာ၊ မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော ကော်ပိုရေး ရှင်း၊ တော်လှန်ရေးကောင်စီ အတွင်းရေးမှူးနှင့် မဆလခေတ် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူး ကြီး ကိုကို (ငြိမ်း) ၏ ညီအရင်း)
၁ဝ။ ဂုဏ် ထူး ဦးသိန်းနိုင် (တက္ကသိုလ်ဝင်တန်း မြန်မာ စာ ဂုဏ်ထူးရှင်များကို နှစ်စဉ်မွေးထုတ်ပေး လျက်ရှိသည့် ဂုဏ်ထူး မြန်မာစာနည်းပြ ကျောင်း၏ သင်တန်းမှူးချုပ်၊ ဝိဇ္ဇာတန်းစဉ် မြန်မာဂုဏ်ထူးနှင့် အောင်မြင်ခဲ့သူ၊ အမျိုး သား စာပေဆုရှင်)၊
၁၁။ ဦးဘိုးအောင် (စကော့တလန် ယာဒ် ရဲစုံထောက်ကျောင်း ဆင်း၊ အငြိမ်းစား မန္တလေး ရဲသိပ္ပံကျောင်း အုပ်ကြီး၊ တရားရုံးချုပ်ရှေ့နေ)၊
၁၂။ ဦးမောင် မောင်နှင့်
၁၃။ ဦးဇော်ဝင်းဦး တို့အား
အဖွဲ့ချုပ် မှ ထုတ်ပယ်လိုက်ကြောင်း ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်သို့ တင်ပြခဲ့သည်။ ဥက္ကဋ္ဌအဖြစ် သူရဦးတင်ဦး အား တင်မြှောက်ခဲ့သည်။ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် အဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင် ကိုးဦး ပါဝင်သော ဦးဆောင် အဖွဲ့သစ်ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဦးအောင်ကြီးသည် ဒီချုပ်စတင်ဖွဲ့စည်းသည့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှ ကွန်မြူနစ်နှင့် ကွန်မြူနစ် လိုလားသူများ ကိစ္စ မဲခွဲဆုံးဖြတ်ခဲ့သည့် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်ထိ သက်တမ်း ၆၈ ရက် (နှစ်လ စွန်းစွန်း) မျှသာခံသော ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ သက်တမ်းနှစ်လအတွင်း ဦးအောင်ကြီး သည် NLD ပါတီ ဥက္ကဋ္ဌ တာဝန်ကြီးရှိလျက် ငုတ်တုတ်နှင့်ပင် အာဏာသိမ်း စစ်အစိုးရ နဝတအဖွဲ့၏ တိုင်ပင်ဖော် တိုင်ပင်ဖက် ဖြစ်နေသည်ကို ၂ဝ၁၅ ခုနှစ် ကျမှ ကြည်ဝင်းစိန် ဖော်လို့ သိလာရတော့သည်။
ကြည်ဝင်းစိန် (Malcolm) ကလောင်အမည်နှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသား သော ME AND THE GENERALS OF THE REVOLUTIONARY COUNCIL စာအုပ်ကို အင်္ဂလန်နိုင်ငံ UK Book Publishing မှ မြန်မာနိုင်ငံ ၂ဝ၁၅ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲကြီး မတိုင်မီ ၂ဝ၁၅ အောက်တိုဘာလ မကုန်မီ ရိုက်နှိပ် ဖြန့်ဝေနိုင် ခဲ့ပါသည်။ (ဦး) ကြည်ဝင်းစိန်သည် စစ်တက္ကသိုလ် ပထမ ပတ် ဗိုလ်သင်တန်း (DSA 1st Intake) ကျောင်းဆင်း ဗိုလ်မှူးကြီး သော်တာစိန် (ငြိမ်း) (အငြိမ်းစား ဟိုတယ်/ခရီး) ၏ အစ်ကို ဖြစ်သည်။ မြန်မာဘာသာပြန် ကို ဦးကြည်ဝင်းစိန်၏ ညီငယ် ဦးတင်ထူးစိန်က မာလိန်မှူး တင်ထူးစိန် ကလောင် အမည်ဖြင့် (တော်လှန်ရေးကောင်စီ လက်ထက်) ''ကျွန်တော်နှင့် ဗိုလ်ချုပ်များ'' ဟု စာအုပ် အမည်ပေးကာ ပြန်ဆိုခဲ့သည်။ မူရင်း အင်္ဂလိပ် စာအုပ်တွင် စာမျက်နှာ (၅ဝဝ) ကျော်ရှိပြီး မြန်မာပြန် စာအုပ်တွင် စာမျက်နှာ (၂ဝဝ)ကျော်ဖြင့် အဓိက ဖြစ်စဉ်များကိုသာ ဦးစားပေး ရေးသား ပြန်ဆိုခဲ့ရခြင်း ကြောင့် အကျယ်ဖတ်ရှုလိုသူများ အင်္ဂလိပ် မူရင်းစာအုပ်တွင် ဖတ်ရှုနိုင်ကြောင်း အမှာ စာ တွင် ရေးသားထားသည်။
ယင်းစာအုပ်၏ နိဒါန်းတွင် ကြည် ဝင်းစိန်က ''၁၉၈၈ ခုနှစ် အောက်တိုဘာလ လယ်ခန့်တွင် ကျွန်တော် လုံးဝမမျှော်လင့် ထားသော ဆရာမိတ်ဆွေဟောင်း ဗိုလ်ချုပ် အောင်ကြီးက အမေရိက ကျွန်တော်နေထိုင် သည့်အိမ်သို့ ဖုန်းဆက်ပါသည်။ ၁၉၇၂ ခုနှစ် မြန်မာပြည်မှ ကျွန်တော် တို့ မိသားစု အပြီးထွက်လာခဲ့၍ ဗိုလ်ချုပ် အောင်ကြီးနှင့် ကွဲကွာနေတာ ၁၇ နှစ်နီးပါး ရှိပြီဖြစ် သည်။ ဗိုလ်ချုပ်အောင်ကြီးက ယခု ဖုန်းဆက် ရသည့် အကြောင်းက ဗိုလ်ချုပ်ကြီးစောမောင် (အာဏာ သိမ်းတာ တစ်လ မပြည့်သေးပါ)က ၎င်းနှင့် ဗိုလ်မှူးကြီးခင်ညို (တော်လှန်ရေး ကောင်စီဝင်ဟောင်းများ) တို့ကို ခေါ်ယူတွေ့ ဆုံပြီး နိုင်ငံတကာ ဆက်ဆံရေးနှင့် စီးပွားရေး၌ ကူညီထောက်ပံ့မှုများ ရရှိရေးအတွက် မည်သို့ ဆောင်ရွက်သင့်ကြောင်း အကြံဉာဏ် တောင်းခံပါကြောင်း၊ အထူးသဖြင့် ကျွန်တော်မှာ ဂျပန်လူကြီး အကြီးအကဲများ နှင့် အာဏာရ LDP ပါတီ ခေါင်းဆောင် အချို့နှင့်လည်း ရင်းနှီး၍ ဂျပန် အကူအညီ ရရှိရေးအတွက် တစ်ဖက် တစ် လမ်းမှ ကျွန်တော်က ဆက်သွယ်ကူညီ ပေးစေလိုကြောင်း ပြောပါသည်။ ယခု ဗိုလ်ချုပ်ကြီး အောင်ကြီး ဖုန်းဆက်သည့်ဘေး၌ ဗိုလ်မှူးကြီး ခင်ညို၊ နဝတ အတွင်းရေးမှူး (၂) ဗိုလ်ချုပ် တင်ဦးနှင့် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ဉာဏ်လင်း တို့လည်း ရှိနေကြောင်း ပြော သည်။
ဤသို့ မျှော်လင့် မထားသော်လည်း နိုင်ငံတော် အကြီးအကဲဟောင်းနှင့် အသစ်များမှ ကျွန် တော့် ကို သတိတရ ဆက်သွယ် အကူအညီ တောင်းခြင်းအတွက် အံ့သြဝမ်းသာခြင်း၊ ဝမ်း မြောက်ခြင်း နှစ်မျိုး စလုံး ခံစား ရသည်။ အနှစ် ၂ဝ ခန့် တော်လှန်ရေး ကောင်စီဝင် ဗိုလ်ချုပ်၊ ဗိုလ်မှူးကြီးများနှင့် လက်တွဲဆောင်ရွက်ခဲ့ရမှုများကို ပြန်လည် အမှတ်ရစေပြီး ကျွန်တော့် အနေဖြင့် တတ်အားသရွေ့ ကူညီပါမည့်အကြောင်း ပြန်ကြားလိုက်ပါသည်။ မှန်ပါသည်။ ထိုလူကြီးများ သိထားသလို ကျွန်တော်သည် မြန်မာ နိုင်ငံမှ ဂျပန်နိုင်ငံသို့ ဒုတိယကမ္ဘာစစ်အပြီး ပထမဦးဆုံး စေလွှတ်ခံရသော ပညာတော် သင် သုံးဦးအနက် တစ်ဦးဖြစ်သည်။ ဂျပန် နိုင်ငံ၏ အကောင်းဆုံး တက္ကသိုလ်နှစ်ခုဖြစ်သော တိုကျိုတက္ကသိုလ်နှင့် ဝါဆေးဒါးတက္ကသိုလ် ဥပဒေ ကျောင်းများတွင် တက် ရောက်ဘွဲ့ယူခဲ့သောသူ ဖြစ်၍ ထိုစဉ်က သိကျွမ်းခဲ့သော သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာများက စစ်ပြီးခေတ် ဂျပန်ခေါင်းဆောင်များ နေရာရောက် နေကြပြီ ဖြစ်ပါ သည်။ ကျွန်တော့် သူငယ်ချင်း မိတ်ဆွေများထဲမှပင် ငါးဦးသည် ဂျပန်ဝန်ကြီးချုပ် ဖြစ်သွား သည် ကို သတိထားမိသည်။ အထူးသဖြင့် ဥပဒေ ဘွဲ့ရ ကျောင်းသားများ နိုင်ငံရေးဘက် အားသန် အောင်မြင်ကြတာ တွေ့ရသည်။
ဗိုလ်ချုပ်မှူးကြီးစောမောင်မှာ ဗိုလ်မှူးကြီး ခင်ညို စစ်ရာထူးခန့်ဝန် (Military Secretary, MS) ဖြစ်စဉ်က အရာရှိခန့်အပ်ခြင်း ခံရသူဖြစ်ပြီး ယခုစီစဉ်မှုမှာလည်းနောက်ကွယ်မှ ဗိုလ်ချုပ်ကြီး နေဝင်း၏ ဦးဆောင်စေခိုင်းမှုတစ်ရပ်ဖြစ်သည်ဟု သိရှိခဲ့ ရပါသည်။ ယခင်ကလည်း ကျွန်တော့်ကို ဗိုလ်ချုပ် အောင်ကြီး၊ ဗိုလ်မှူးကြီး ခင်ညို တို့၏ ကြီးကြပ်မှုဖြင့် ဗိုလ်ချုပ်ကြီး နေဝင်းမှ တာ ဝန် ပေးအပ် ခိုင်းစေမှုများကို သတိရမိ စေပါသည်။
ဗိုလ်မှူးကြီးခင်ညိုကို သီးသန့် နိုင်ငံ ခြားသို့ စေလွှတ်ကာ နဝတ ရည်မှန်းချက် အချို့ကို တစ် ဖက်တစ်လမ်းမှ လျှို့ဝှက် ကူညီစေသည်။ ကျွန်တော့်အနေဖြင့် လည်း ဂျပန် သူငယ်ချင်း မိတ်ဆွေ လူကြီးများကို ချဉ်းကပ်၍ မြန်မာနိုင်ငံ၏ လက်ရှိစစ်ခေါင်း ဆောင်များ၏ အကူအညီ တောင်းခံမှုကို တင်ပြဆွေးနွေး ပါသော်လည်း အခြေအနေက မပေးပါ။ အကြောင်း က ထိုစဉ်ကာလ မှာ ၁၉၈၈ ခုနှစ်အရေးအခင်းတွင် စစ်တပ်၏ နှိမ်နင်း ကွပ်ကဲမှုများကြောင့် ကျောင်း သား ပြည်သူ ထောင်နှင့်ချီ၍ သေဆုံးခဲ့ခြင်းက နိုင်ငံတကာတွင် ကြီးစွာသောအမည်းကွက်နှင့် ရှုတ်ချခြင်းများစွာကို ရင်ဆိုင်နေရပါသည်။ LDP အစိုးရမှ ကူညီလိုသော ဆန္ဒရှိသော် လည်း DIET လွှတ်တော်တွင် ကန့်ကွက်ကျဆုံးမှုများဖြင့်သာ အဆုံးသတ်ခဲ့သည်။ နိုင်ငံခြား ငွေမရှိ၍ ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံ သံရုံးပိုင် မြေကွက်ကိုပင် ဖဲ့၍ရောင်းချခဲ့ရသည့် ဘဝသို့ နဝတ ဆိုက်ရောက် ခဲ့ရသည်။
အမြတ်ထွက်သည်ကတော့ ကျွန်တော်က ဗိုလ်မှူးကြီးခင်ညိုတို့ လင်မယား ကျွန်တော်နေထိုင် ရာ LA သို့ မလာမီ ကျွန်တော့် ဘဝမှတ်တမ်း ရေးသားလိုသည့်အတွက် ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရ ဗိုလ်မှုးချုပ် အောင်ကြီး နှင့် ဗိုလ်မှူးကြီး ခင်ညို၊ ထောက်လှမ်းရေး ညွှန်မှူး နှုတ်ခမ်းမွှေး ဗိုလ်မှူးကြီးမောင်လွင် တို့အောက် တာဝန် ထမ်းဆောင်စဉ် လျှို့ဝှက်မှတ်တမ်း (မိတ္တူ) များကို ဗိုလ်ချုပ်မှူးကြီး စောမောင်ထံမှ တောင်းခံ ယူဆောင်လာပါရန် မေတ္တာရပ်ခံမှု အောင်မြင်သွား ခြင်းပင်ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ကြီး၊ဗိုလ်မှူးဘဝက စစ်ရုံးတွင် ဗိုလ်ချုပ် အောင်ကြီးအောက် ကျွန်တော်နှင့် ခေတ္တခဏတွေ့ဆုံလုပ်ကိုင်ခဲ့ဖူးသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်ကလည်း ထိုသို့တွေ့ဆုံဖူးမှုကို အမှတ်ရ၍ မှတ်တမ်း အချို့ကို မိတ္တူ ကူးယူ ခွင့်ပြု ခဲ့ပြီး ထိုလျှို့ဝှက် အချက်အလက်များကို ၎င်းကွယ်လွန်ပြီးသော အခါမှသာ ရေးသားထုတ်ဝေရန် မှာကြားလိုက် ပါသည်။ နောင် ဗိုလ်ချုပ်အောင်ကြီးနှင့် ဗိုလ်မှူးကြီးခင်ညို တို့ကလည်း အလားတူပင် မှာကြားကြပါသည်။
(စကားချပ်။ ဗိုလ်ချုပ်မှူးကြီး စောမောင်သည် ၂၄ ဇူလိုင် ၁၉၉၇ ခုနှစ် တွင် ကွယ်လွန် ခဲ့ပြီး ဗိုလ်ချုပ်အောင်ကြီးသည် ၂၅ အောက်တိုဘာ ၂ဝ၁၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ဗိုလ်မှူးကြီး ခင်ညို လည်း ကွယ်လွန်ခဲ့ပြီးဖြစ်သည်) ကျွန်တော်ကတော့ ကံကောင်းစွာပင် ၎င်းတို့အရင် မကွယ်လွန်ဘဲ ယခု အသက် (၈၂) နှစ်ကျော်အထိ ကျန်းမာရေး ကောင်းကောင်းဖြင့် အသက် ရှင် ဆဲဖြစ်၍ ၎င်းတို့၏ ဆန္ဒနှင့်အညီ ရေးသားမှတ်တမ်း တင် ထုတ်ဝေနိုင်ခဲ့ပါသည်'' ဟု ရေးသားထားသည်။ အထက်ပါ ကြည်ဝင်းစိန်၏ ရေးသားချက် များအရ ဆိုလျှင် ဗိုလ်မှူးချုပ် အောင်ကြီး (ငြိမ်း) သည် NLD ပါတီဥက္ကဋ္ဌ တာဝန်၊ ဗိုလ်မှူးကြီးခင်ညို(ငြိမ်း)သည် NLD ပါတီ ဗဟိုဦးစီးအဖွဲ့ဝင် တာဝန် ရှိနေပါလျက်နှင့် အာဏာသိမ်း နဝတ စစ်အစိုးရ၏ ရည်မှန်းချက် တချို့ကို လျှို့ဝှက်စွာ ကူညီလုပ်ကိုင်ပေးခဲ့ကြောင်း ပေါ်လွင်နေပါ သည်။
အချင်းချင်း လှည့်ဖြားမှုများ၊ တစ်ဦး နှင့်တစ်ဦး သံသယစိတ်များ ကြီးထွားလာမှု တို့သည် အသိုင်းအဝိုင်းတို့၊ အဖွဲ့အစည်း တို့ကို ကွဲအက်စေသော အကြောင်းတရား များဖြစ်သည်ဟု လူထုခေါင်းဆောင်၊ ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ဖူး သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်ကြီး ခေါင်းဆောင်သော အစုအဖွဲ့အား ထုတ်ပယ်ခဲ့သည့် ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်သည် (၆၈) နှစ်မြောက် အမျိုးသား အောင် ပွဲနေ့ ဖြစ်သည်။ ထို့အတူ သက်တမ်း (၆၈) ရက်မျှသာခံသော ဦးအောင်ကြီး၏ ဥက္ကဋ္ဌ တာဝန် နိဋ္ဌိတံ ဆုံးခန်းတိုင်ခဲ့သော နေ့လည်း ဖြစ်သည်။ ယင်း (၆၈) နှစ်မြောက် အမျိုး သားအောင်ပွဲ နေ့ အခမ်းအနား တွင် ထိုစဉ် က အထွေထွေ အတွင်းရေးမှူး တာဝန် ယူခဲ့ သော ဒေါ် အောင်ဆန်းစုကြည်က ''ဒီလို ဒီမိုကရေစီ ရရှိရေးအတွက် လက်တွဲလုပ်နေ တဲ့ လူမှန်သမျှကို ကျွန်မတို့က လက်တွဲပြီး တော့ ခေါ်သွားချင်ပါတယ်။ လက်တွဲတယ် ဆိုတာလည်း မတွဲချင်တွဲချင် တွဲနည်းမျိုး ကို ပြောတာ မဟုတ်ပါဘူး။ စိတ်တူ သဘော တူ လက်တွဲပြီး ချီတက်သွားတဲ့ နည်းမျိုးကို ကျွန်မတို့ ပြောလိုပါတယ်။ ဒီလို အမျိုးသားရေးကို လုပ်တဲ့အခါကျလို့ရှိရင် ဒီပုဂ္ဂိုလ် စွဲ တို့၊ ဆန္ဒစွဲတို့ မရှိဖို့ဆိုတာ ကျွန်မတို့ရဲ့ အခြေခံ စည်းမျဉ်းဥပဒေထဲမှာလည်း ပါပါ တယ်။ အဲဒီတော့ ပုဂ္ဂိုလ်စွဲတွေ မထားကြပါ နဲ့။ ဒါ..ကောင်းတဲ့အစဉ် အလာမဟုတ်ပါ ဘူး'' ဟု သတိပေး လမ်းညွှန်ခဲ့ကြောင်း မုံရွာ အောင်ရှင်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် မှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။
နိဂုံးချုပ်ကို NLD သဘာပတိ အဖွဲ့ နာယက သူရဦးတင်ဦး၏ အမှာစကား အတိုင်းဆိုရလျှင် အတိတ်သမိုင်းမှ အဖြစ် အပျက်များကို ဆင်ခြင်နှလုံးသွင်းလျက် သင်ခန်းစာ ယူသင့်သည်များကို ယူကာ အကျည်းတန်မှုများ ကင်းစင်သော လှပ ကောင်းမွန်သည့် ကျွန်ုပ်တို့၏ အနာဂတ် သမိုင်းသစ်ကို ဖော်ဆောင်ကြပါစို့ဟု တိုက် တွန်း ရေးသားလိုက်ရပါသည်။
စိုးမြင့်မိုး(ဘူမိ)
ကိုးကား
(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတ် တမ်း (၁၉၈၈-၂ဝ၁ဝ) (မုံရွာအောင်ရှင်)
(၂) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတ်တမ်း (၁၉၉ဝ) (မြန်မာ့အလင်း အောင်သန်း)
(၃) တပ်မတော်ခေါင်းဆောင်များသမိုင်း အကျဉ်း(မြဝင်း)
(၄) အမြောက်တပ်ဖွဲ့အကြောင်းတစေ့တ စောင်း(စိုးမင်းထိုက်)
(၅) ကျွန်တော်နှင့် ဗိုလ်ချုပ်များ (ကြည် ဝင်းစိန်-Malcolm)
The Speaker News Journal အတွဲ ၁၊ အမှတ် ၅
(၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၂-၂၈ )
ဆရာ မိုးမြင့်မိုး (ဘူမိ) ၏ "ပါတီဥက္ကဋ္ဌတာဝန် ၆၈ ရက် ထမ်းဆောင်ခဲ့သည့် NLD ပါတီဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ကြီး" ဆောင်းပါးအား The Speaker News Journal Page မှကူးယူဖော်ပြပါသည်။#BurmaDemocracy

လူ မဆန် တဲ့ အပြု အမူ များ ကို ရပ် တန်း က ရပ် ကြ ပါ။


 https://www.facebook.com/photo.php?fbid=356852098010087&set=pcb.356852458010051&type=3&theater


ငြိမ်း ချမ်း ရေး ဆွေး နွေး ရာ မှာ မကြား လို တဲ့ မကြား အပ် တဲ့ အသံ တွေ မကြာ ခဏ ကြား နေ,ရ,တော့၊
တပ် မ,တော် ဗိုလ် ချုပ် ကြီး များ သမာဓိ ခိုင် ရဲ့ လား ဆို တာ သံသယ တွေ ပွား ပါ တယ်။
မု သာ ဝါ ဒါ ဝေရာ မဏိ သစ္စာ ပဒံ သမာဓိ,ရာ မိ။ ဆို တဲ့ သီ,လ,အား လုံး ရဲ့ အ ချုပ် မု သာ ဝါ ဒ မုသား မ,ပြော မ,ရေး စိတ်,ဖြင့် ပင် မ,တွေး ဘဲ သမာဓိ ရှိ,မှ တိုင် ပြည် နှင့် လူ မျိုး တို့ အကျိုး ကို ဦး,ဆောင် သည်းပိုး နိုင် မှာ ပါ။
ခေါင် က မလုံ ရင် ကျီး ပဲ့ က ယို တာ မဆန်း ပါ ဘူး။
ခေါင် ကို လုံ အောင် အုပ် ပါ။.NLD အစိုး ရ,မှာ အပြည့် အဝ တာ ဝန် ရှိ ပါ တယ်။
ကာ ကွယ် ရေး ဝန် ကြီး ဌာ န က လည်း သမ္မတ ကြီး ၏ အာဏာစက် အောက် မှာ တည် ပါ တယ်။
သမ္မတ ကြီး ဦး ထင် ကျော် အ,နေ ဖြင့် ဒုက္ခ များ ကြား သံသရာ လည်,နေ,ရ ရှာ တဲ့,တို့ ဗမာ တိုင်းရင်းသားတိုင်းရင်းသူ က လေး နှင့် သက်ကြီး ရွယ် အို စစ် ဒဏ် ကြောင့် မစွမ်း မသန် ဖြစ်,နေ,ကြ ရ သူ တွေ ကိုယ် လေး လက် ဝန် ဖြင့် သား သည် မိ ခင် တွေ ဒီ လူ ထု ကြီး က တို့ ဗမာ မျိုး ဆက်,တွေ ပါ။ သမ္မတ ကြီး မ ကယ် ရင်,သေ ဖွယ် ရာ ရှိ,တော့ တယ် လို မျက် ရည် ခံ ထိုး နေ ခြင်း မဟုတ် ပါ။ သမ္မတ ကြီး ၏ တာ ဝန် ကို ကျေ ပွန်,အောင်,ဆောင်,ရွက်,စေ လိုတဲ့ အ တွက် သတိ ပေး ခြင်း ဖြစ် ပါ ကြောင်း။
ကုလားမင်းသား စရကား။

Friday, October 28, 2016

ြိငိမ်းချမ်းရေး.မူးယစ်ဆေးဝါး နှင့် UWSA “၀”


https://www.facebook.com/pkl5010850/posts/1196656203731232 Chaw Kay Khaing added 6 new photos — with Akyi Taw and 11 others. 1 hr ·ြိငိမ်းချမ်းရေး.မူးယစ်ဆေးဝါး နှင့် UWSA “၀” October 28, 2016 UWSA “၀” တပ်ဖွဲ့အနေနဲ့ မိုင်းလားနယ်မြေမှာဝင်ရောက်. အခြေချနေတာဟာ ဒေသတည်ငြိမ်မှု ပျက်ပြားစေနိုင်တဲ့အတွက် … မိုင်းလားနယ်မြေကနေ ပြန်လည် ဆုတ်ခွာပေးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ … အောက်တိုဘာလ ၂၂ ရက်နေ့က . “၀” တပ်ဖွဲ့ဟာ မိုင်းလားဒေသရှိ လွယ်ကျူဆိုင် … လွယ်ဆမ်ဆုံ … နဲ့ မိုင်းမ … တပ်စခန်း တွေကို ထိန်းချုပ်ခဲ့ တာဖြစ်ပါတယ်။ … မိုင်းလားအဖွဲ့မှ ၂၁ ရာစု ပင်လုံညီလာခံမှာ နယ်မြေသတ်မှတ်ပေးပါက နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးမယ်လို့ ကြေညာခဲ့ပြီးနောက် … အိမ်နီးချင်း မဟာမိတ် ဖြစ်ခဲ့တဲ့ UWSA “၀” တပ်ဖွဲ့က မိုင်းလားနယ်မြေအတွင်း အဓိကကျတဲ့ စခန်းတွေကို … ၀င်ရောက် သိမ်းပိုက်မှုတွေ ရှိခဲ့ပါတယ်။ … UWSA အဖွဲ့ဟာ ၂၁ရာစုပင်လုံညီလာခံကို တက်ရောက်ခဲ့တဲ့ မိုင်းလားခေါင်းဆောင်အပေါ် မကျေနပ်မှုကြောင့် မဟာမိတ်အပေါ် ချိုးဖေါက်ပြီး စစ်အင်အား အလုံးအရင်းနဲ့ စက်တင်ဘာ ၂၈ ရက်နေ့က … မိုင်းလားတပ်ရဲ့လွယ်ဆမ်ဆုံစခန်း… လွယ်ကျူဆိုင်းစခန်း… ဝမ့်နောင်ဟုတ်စခန်း …တွေကို ကျူးကျော်တပ်စခန်းချပြီး ရန်စခဲ့ပါသေးတယ်. အခုတစ်ကြိမ်ဟာ ဒုတိယအကြိမ် ရန်စခြင်းဖြစ်ပါတယ်။ … “၀” တပ် ဖွဲ့အနေနဲ့ မိုင်းလား နယ်မြေကို ၀င်ရောက် နေရာယူနေတာဟာ စစ်ရေး၊စီးပွားရေးအရ အရေးပါတဲ့နယ်မြေဖြစ်နေတာကြောင့် ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ … အောက်တိုဘာ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး မိုင်းလားနယ်ထဲမှာ ရောက်ရှိတပ်စွဲနေတဲ့ တပ်တွေအားလုံးရုပ်ဖို့ … တပ်မတော်ရဲ့ ညွှန်ကြားမှုကို UWSA က လက်မခံတာကြောင့်… ကျိုင်းတုံအရှေ့ဒေသနဲ့အထူးဒေသ ၄ မိုင်းလား နယ်ခြားတစ်လျှောက် … စစ်ရေးတင်းမာနေတဲ့အပြင် ထိုင်းနယ်စပ် မိုင်းဆတ်ခရိုင်ဘက်တွင်လည်း စစ်ရေး တင်းမာမှုတွေ ဆက်လက် ဖြစ်ပွားလာနေတယ်လို့သိရပါတယ်။ …… မိုင်းယန်းမြို့က ဝန်ထမ်းတွေဟာ တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး မိုင်းခတ်မြို့ပေါ်ကို တိမ်းရှောင်မှုတွေရှိနေပါတယ်။ … စစ်တလင်းဖြစ်အောင် “၀”ကလုပ် နေတာလား။ ဘယ်သူ့အားကိုးနဲ့မိုက်နေတာလဲ။ … … “ဝ”အဖွဲ့ဟာ ၂၀၁၁ ခုနှစ်က ဦးသိန်းစိန် အစိုးရ နဲ့ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် ကို ဒုတိယအကြိမ် ရေးထိုးထားပြီးဖြစ်တဲ့အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို. . ထပ်မံမထိုးလိုဘဲ နိုင်ငံရေးစကားဝိုင်းမှာ… တိုက်ရိုက်ပါဝင်လိုတာဖြစ်ပါတယ်။ … အဲဒီတောင်းဆိုချက်ကို တပ်မတော်နဲ့ အစိုးရက လက်မခံပါဘူး။ အောက်တိုဘာ ၂၃ ရက်နေ့ နေ့လယ်၂ နာရီ အချိန်ကစပြီး မိုင်းလားနယ် နဲ့ကျိုင်းတုံနယ်ကြား … အကြီးဆုံးနယ်ခြားဂိတ် … ၀မ်တာ့ပင်းတံတားစခန်းကို တပ်မတော်မှ… သွားလာခွင့်အားလုံး ပိတ်လိုက်ပြီး အဆိုပါ ၀မ်တာ့ပင်းဂိတ်မှာ … တပ်မတော်ဘက်က သံချပ်ကာကား၊ တင့်ကားတွေအပြင် … လက်နက်ကြီးတွေလည်း … အသင့် အနေအထားပြင်ဆင်ထားတယ်လို့ ၀မ်တာ့ပင်းဂိတ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ … … မိုင်လားနယ်မြေထဲကို… “၀” တပ်ဖွဲ့တွေ ၀င်ရောက်နေရာယူမှုဟာ နောက်ကွယ်က တရုတ်ရဲ့ကြိုးကိုင်မှု လို့ပြောနိုင်ပါတယ်။ တရုတ်နဲ့ အမေရိကန်တို့ရဲ့ အားစမ်းမှု ကြားထဲမှာ မြန်မာပြည်က မြေဇာပင်အဖြစ်မခံနိုင်ပါဘူး။ ရခိုင်ပြည်နယ်၊ မောင်တောမှာ ဘင်္ဂါလီတွေ ပြဿနာရှာလို့ … ဖြေရှင်းနေရချိန် အခု “၀”က ပြဿနာရှာပြန်ပြီ။ … … အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ … မူးယစ်ဆေးဝါးကုန်သွယ်မှု စွပ်စွဲချက် နဲ့ “ဝ” တပ်ဖွဲ့ခေါင်းဆောင်တချို့ကို… နာမည်ဆိုးစာရင်း သွင်းထားတာနဲ့ ပတ်သက်ပြီး မကြာသေးမီက အမေရိကန် သမ္မတအိုဘားမားရဲ့ ပယ်ဖျက်ပေးခဲ့တဲ့ဆန်ရှင်မှာ “၀” မူးယစ်ရာဇာတွေ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။ … #ဘာ့ကြောင့်မပယ်ဖျက်ပေးရတာလဲ။ .. မြန်မာနိုင်ငံဟာ … #မက်သာအဖက်တမင်းစိတ်ကြွဆေးပြား အများဆုံး ထုတ်လုပ်ရာနိုင်ငံ ဖြစ်ပြီး … မူးယစ်ဆေးဝါးထုတ်လုပ်မှု… မှောင်ခိုရောင်းချမှုလုပ်ငန်းကို… အမေရိကန်အစိုးရ အလိုရှိနေတဲ့… ရာဇ၀တ်ကောင်တွေ ဦးဆောင်တဲ့ … UWSA အဖွဲ့က … လုပ်ကိုင်နေတယ်လို့… အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ၂၀၀၉ ခုနှစ် အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။ .. အဲဒီိဖော်ပြမှုကို ကြည့်ခြင်းအားဖြင့် … “၀” ဒေသမှာ မူးယစ်ရာဇာတွေဟာ… စီးပွားဖြစ် စိတ်ကြွဆေးတွေထုတ်လုပ်နေတယ်လို့ ဆိုလိုခြင်းဖြစ်ရာ အမှန်တကယ်လည်း ထုတ်လုပ်ရောင်းချနေကြပါတယ်။ .. အမေရိကန်နိုင်ငံက သတ်မှတ်ထားတဲ့ “၀” နယ်မြေရှိ မူးယစ်ရာဇာတရားခံပြေး တွေကလည်း တစ်ယောက်နှစ်ယောက် . မဟုတ်ပါ စုစုပေါင်း ၈ ယောက်အထိရှိနေပါတယ်။ … အဲဒီမူးယစ်ရာဇာ ၈ ယောက်အဖြစ် … _ ဝှေရှောက်ခန်း၊ _ ဝှေရှောက်ယန်း၊ _ ဝှေရှောက်လန်း၊ _ ပေါက်ယူချန်း၊ _ ပေါက်ယူရီ၊ _ ပေါက်ယူဟွာ၊ _ ပေါက်ယူလိုင်၊ _ ပေါက်ဟွာချန်း … တို့ကို စွဲချက်တင်ထားတာ … ကမ္ဘာကသိနေတဲ့ ကိစ္စဖြစ်ပါတယ်။ … UWSA ခေါင်းဆောင်ပိုင်း ၈ ဦးဟာ… မူးယစ်ဆေးဝါးရောင်းဝယ်မှုကို… အမေရိကန်ဒေါ်လာ (၁၀၃) သန်းနဲ့… လည်ပတ်လုပ်ကိုင်နေကြောင်းနဲ့ … … ဝှေရှောက်ခန်းအား ၁၉၉၉ ခုနှစ်နို နိုင်ငံခြား မူးယစ်ဆေးဝါးဘုရင်များ သတ်မှတ်ပုဒ်မအရ … မူးယစ်ဆေးဝါးဘုရင်လို့ သတ်မှတ်ပြီး … ၎င်းကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးပါက… အမေရိကန်ဒေါ်လာ(၂) သန်းဆုချမယ်လို့… အမေရိကန်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ DEA က ၂၀၁၀ ခုနှစ် သြဂုတ်လ … ၂၅ ရက်နေ့က ထိုင်းနိုင်ငံနေရာ အနှံ့အပြားမှာ ကြေညာခဲ့ပါတယ်။ … … အချုပ်ပြောရရင် မူးယစ်ရာဇာ“၀”တွေဟာ မူးယစ်ဆေးဝါးရောင်းရငွေတွေနဲ့ … တရားမ၀င် လက်နက်ခဲယမ်းတွေ ၀ယ်ယူပြီး စစ်အင်အား … တောင့်တင်းအောင် လုပ်လာတယ်။ … လက်နက်ခဲယမ်းတွေကို တရုတ်က ရောင်းချ ပေးခဲ့တယ်။ တရုတ်အနေနဲ့ “၀”ပြသနာကို သံတမန်နည်းနဲ့ ဖြေရှင်းပေးမှာလား။ … ဆန္ဒရှိတယ်ဆိုရင် တပ်မတော် နဲ့ သေချာညှိနှိုင်းပြီး၊ဆွေးနွေးပြီးတော့မှ လုပ်ရင်ပိုကောင်းပါလိမ့်မယ်။ …… … အခု ၁၉၈၉ခုနှစ် ဗမာပြည်ကွန်မြူနစ် ပါတီက ခွဲထွက်ပြီးနောက် အနီးကပ်ဆုံးရှိခဲ့တဲ့… မဟာမိတ်တွေလည်းဖြစ်တဲ့ … မိုင်းလားအဖွဲ့အပေါ်မှာ … နိုင်ထက်စီးနင်းလုပ်ပြီး … ငြိမ်းချမ်းရေးစကားကို နားမ၀င်တဲ့ မူးယစ်ရာဇာတွေနဲ့ မြန်မာ့တပ်မတော်တို့ ဘယ်လို ရှေ့ဆက်ကြမလဲ… ?? မျက်နှာချင်းဆိုင်မလားး… ကျောခိုင်းမလားး … ဆိုတာ ကျမ တကယ် စိတ်ဝင်စားနေတာပါ ။ ။ ကိုးကား #ဇော်လင်းသန့် နေ့စဉ်သတင်းများ photo getty image #ckk လေးစားစွာမျှဝေသည် Chaw Kay Khaing's photo. Chaw Kay Khaing's photo. Chaw Kay Khaing's photo. Chaw Kay Khaing's photo. Chaw Kay Khaing's photo. +2 LikeShow more reactions CommentShare

Sunday, June 19, 2016

ဆိုက္ကားသမား စရကား။
၁၉၇၇ ခု ဒီဇင်္ဘာ ညတည၊ မြေနီကုန်း၊ရန်ကုန်။
ရုပ်ရှင်ပြီးချိန်ဖြစ်သဖြင့် လူများ၊ကားများ၊ဆိုက္ကားများဖြင့် မြေနီကုန်းမီးပွိုင့်အနီးနှင့်ဗားကရာလမ်း တလျှောက် စည်စည်ကားကားရှိ ၏။ စရကားသည် ဆိုက္ကား ကို ဖြည်းဖြည်းနင်းလာခဲ့ရာ မြေနီကုန်းညဈေးရှေ့ ၊ မွတ်စလင်တို တရားဓမ္မ့  ဝတ်ပြု ရာ ပလီကျောင်းတော်ကြီး အနီးကို ရောက်လာခဲ့ သည်။
ဆိုက္ကား။
ဟုအော်သံကြားသဖြင့် အသံလာရာသို့ စရကား ကြည့်လိုက်မိသည်။ ပြီး တော့ ဝဲယာ နှင့် ရှေ့ နောက်ကို လည်း သူ့ လည်ပင်းကို ရေငုတ် သင်္ဘောက ပယ်ရီမီတာကဲ့ သို့ လှည့်ကာ ရှုစားလိုက်၏။ နီအနားတွင် သူကလွဲ လို့ တခြား ဆိုက္ကား တစီးကိုမျှ မတွေ ရ ပါ။ ထိုစဉ် တုတ်တုတ်ခိုင်ခိုင် အရပ်ပြတ်ပြတ် လူကြီး တဦး ဂျက်ဂါလံ ပုန်းကြီး နှစ်ပုန်းကို လက်တွင် ဘယ်ညဆွဲ ကာ သူ့ ဆိုက္ကား အနီး သို့ ရောက် လာ၏။ တောဆောင်းဦးထုတ်ကြီးကို ခပ်ငိုက်ငိုက် ဆောင်းထား သည် က တကြောင်း၊ လမ်းမီးတိုင်နှင့် ဝေးသည် က တကြောင်း ထိုလူကြီးရဲ့ မျက် နှာကို သဲသဲကွဲကွဲ စရကား မမြင်ရ ပေ။ သူ က ဘာ မှ မပြောနိုင်မီ လူကြီး က ပုန်းကြီးနှစ်ပုန်းကို နောက်ခုန်ပေါ်မှာ တင် ကာ သူ က ရှေ့  ခုန် ပေါ်မှာ အခန့် သား ထိုင်လိုက်ပြီး၊ တခွန်းတည်း၊
တုံးတိတိ ပြော၏။
“နင်း”
စရကားက
“ဘယ်ကို ပို့  ပေးရ မလဲ နောင်ကြီး။”
“ရှေ့ တည့်တည့် နင်း၊ ကျွှန်းတော လမ်း ထိပ် ရောက် ရင် ညာဘက် ကွေ့ ။”
စရကား က ဆက် မ မေး သေးဘဲ သူ အမန့် ပေးတဲ့ အ တိုင်း နင်းလာခဲ့၏။ ရုပ် ရှင်ပြန် လူ များမှာ လည်း ပလက် ဖောင်းပေါ် က လျှောပ် နေကြ ပြီး၊ ယဉ် အသွား အလာ နည်း သဖြင့် လမ်းကရှင်း နေ၏။ ဖြည်းဖည်းမှန်မှန် နင်းလာခဲ့ ရာ ၇ မိနစ်ခန့်  အကြာတွင် ကျွှန်းတော လမ်း ထိပ် သို့ေ ရာက် လာခဲ့ ရာ စရကား ညာဘက်သို့ ကွေ့ ဝင်ခဲ့ ၏။ ထိုလူကြီး က တည့်တည့်ဆက်သွား ဟံသာဝတီ ရောက် မှ လမ်း ပြ မယ် ဟု ဆို၏။
စရကားလည်း ဆိုက္ကား ကို ဖြည်းဖြည်းမှန် မှန်နင်းလာခဲ့ ၏။
ဆက် ပါ ဥိးမည်။
LikeShow more reactions
Comment

Wednesday, January 13, 2016

မေမေကြီး ဒေါ်ခင်ကြည် ရင်ထဲမှ ဗိုလ်ချူ ပ်

(၁) မေမေကြီး ဒေါ်ခင်ကြည်သည် စည်းကမ်းစနစ်ကြီးပါတယ်။ အလှအပလည်း ကြိုက်ပါတယ်။ ဒါကြောင့် အကျီတွေနဲ့ လက်ကိုင်ပဝါတွေမှာ ကိုယ်တိုင်ပန်းထိုး၊ တက်တင်းထိုးပြီး ကပ်ပါတယ်။ ဗိုလ်ချူ ပ်နဲ့ မေမေကြီးတို့ မင်္ဂလာဆောင်တုန်းက ရက်စွဲနဲ့ ခေါင်းအုံးစွပ် ရှိပါတယ်။ မေမေကြီးဆီမှာ ဇာနားမပါတဲ့ ခေါင်းအုံးစွပ်၊ လက်ကိုင်ပဝါဆိုတာ မရှိပါဘူး။ အကျီလက်နားတွေတွင်လည်း တက်တင်းနဲ့ အနားသတ်ထားပါတယ်။ တစ်ချောင်းထိုးနဲ့ အနားသတ်ထားတွေချည်းသာ ဖြစ်ပါတယ်။
လစဉ် `၁´ ရက်နေ့နဲ့ `၁၉´ ရက်နေ့ တို့တွင် ဘာမှ သတ်မှတ်ချက်မထားဘဲ အလှည့်ကျ အလှူအတန်း ပြုလုပ်ပါသည်။ ဆွမ်းကျွေးရင်လည်း ဘုန်းကြီးကျောင်းများကို အလှည့်နဲ့ ပင့်ပါတယ်။ တစ်ခါတလေ ဆွမ်းပွဲဟင်းမှာ ပဲပြုတ်ဆီဆမ်းလည်း ပါပါတယ်။ (မေမေကြီး ပြန်ပြောပြတာကို နားထောင်ရတဲ့ ယုလကျာ်၏ စိတ်ထဲမှာတော့ ဗိုလ်ချူ ပ်ကြိုက်တဲ့ ပဲပြုတ်မို့ ထည့်လှူ တာလည်း ဖြစ်မယ်လို့ တွေးမိပြီး ပြုံးမိ)
ဗိုလ်ချူ ပ်နဲ့ အိမ်ထောင်ပြု ပြီးတော့ ဗိုလ်ချူ ပ်က အရမ်းအလုပ်များပါတယ်။ နိုင်ငံ့တာဝန်တွေကလည်း များပြားပြီး ညဥ့်နက်တဲ့အထိ စာရေးစာဖတ် လုပ်နေတတ်ပါသည်။ အဲ့ဒီလို အချိန်တွေမှာ မိန်းမကိုလည်း အနားမှာ ရှိနေစေချင်ပါတယ်။ စကားပြောဆိုရန်ကလည်း အချိန်ကမရတော့ မေမေကြီးအနေနဲ့ နည်းလမ်းကို ရှာကြံရပါတယ်။ ရှာတွေ့သွားတဲ့ နည်းလမ်းကတော့..
မေမေကြီးက ဗိုလ်ချူ ပ်အလုပ်လုပ်နေတဲ့ အခန်းထဲမှာ ဝင်ထိုင်ပြီး ဇာထိုးပါတယ်။ လက်မှာ ရွှေလက်ကောက်လေးတွေ ဝတ်ထားတော့ ဇာထိုးနေတဲ့အခါမှာ အသံထွက်ပြီး တချွင်ချွင်နဲ့ မြည်နေတာပေါ့။ အဲ့ဒီလို အသံကြားနေရတော့ ဗိုလ်ချူ ပ်အနေနဲ့ကလည်း မေမေကြီး အခန်းထဲမှာ ရှိနေကြောင်း၊ အနားမှာရှိကြောင်း သိနေလို့ ကျေနပ်နေပါတယ်တဲ့။ (ဆက်ရန်)
ဒေါက်တာခင်လက်ျာ၏ ဆောင်းပါးတစ်ပုဒ်ကို မူရင်းမပျက်စေဘဲ ဖော်ပြလိုက်ရပါတယ်။
LikeComment