https://www.facebook.com/pkl5010850/posts/1196656203731232
Chaw Kay Khaing added 6 new photos — with Akyi Taw and 11 others.
1 hr ·
ြိငိမ်းချမ်းရေး.မူးယစ်ဆေးဝါး နှင့် UWSA “၀”
October 28, 2016
UWSA “၀” တပ်ဖွဲ့အနေနဲ့
မိုင်းလားနယ်မြေမှာဝင်ရောက်.
အခြေချနေတာဟာ ဒေသတည်ငြိမ်မှု
ပျက်ပြားစေနိုင်တဲ့အတွက် …
မိုင်းလားနယ်မြေကနေ ပြန်လည်
ဆုတ်ခွာပေးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
…
အောက်တိုဘာလ ၂၂ ရက်နေ့က .
“၀” တပ်ဖွဲ့ဟာ မိုင်းလားဒေသရှိ
လွယ်ကျူဆိုင် …
လွယ်ဆမ်ဆုံ … နဲ့
မိုင်းမ … တပ်စခန်း တွေကို
ထိန်းချုပ်ခဲ့ တာဖြစ်ပါတယ်။
…
မိုင်းလားအဖွဲ့မှ ၂၁ ရာစု
ပင်လုံညီလာခံမှာ နယ်မြေသတ်မှတ်ပေးပါက
နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး
သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးမယ်လို့ ကြေညာခဲ့ပြီးနောက် …
အိမ်နီးချင်း မဟာမိတ် ဖြစ်ခဲ့တဲ့
UWSA “၀” တပ်ဖွဲ့က မိုင်းလားနယ်မြေအတွင်း
အဓိကကျတဲ့ စခန်းတွေကို …
ဝင်ရောက် သိမ်းပိုက်မှုတွေ ရှိခဲ့ပါတယ်။
…
UWSA အဖွဲ့ဟာ ၂၁ရာစုပင်လုံညီလာခံကို
တက်ရောက်ခဲ့တဲ့ မိုင်းလားခေါင်းဆောင်အပေါ်
မကျေနပ်မှုကြောင့် မဟာမိတ်အပေါ်
ချိုးဖေါက်ပြီး စစ်အင်အား အလုံးအရင်းနဲ့
စက်တင်ဘာ ၂၈ ရက်နေ့က …
မိုင်းလားတပ်ရဲ့လွယ်ဆမ်ဆုံစခန်း…
လွယ်ကျူဆိုင်းစခန်း…
ဝမ့်နောင်ဟုတ်စခန်း …တွေကို
ကျူးကျော်တပ်စခန်းချပြီး ရန်စခဲ့ပါသေးတယ်.
အခုတစ်ကြိမ်ဟာ ဒုတိယအကြိမ်
ရန်စခြင်းဖြစ်ပါတယ်။
…
“၀” တပ် ဖွဲ့အနေနဲ့
မိုင်းလား နယ်မြေကို ၀င်ရောက်
နေရာယူနေတာဟာ စစ်ရေး၊စီးပွားရေးအရ အရေးပါတဲ့နယ်မြေဖြစ်နေတာကြောင့်
ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
…
အောက်တိုဘာ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး
မိုင်းလားနယ်ထဲမှာ ရောက်ရှိတပ်စွဲနေတဲ့
တပ်တွေအားလုံးရုပ်ဖို့ …
တပ်မတော်ရဲ့ ညွှန်ကြားမှုကို
UWSA က လက်မခံတာကြောင့်… ကျိုင်းတုံအရှေ့ဒေသနဲ့အထူးဒေသ ၄ မိုင်းလား နယ်ခြားတစ်လျှောက် …
စစ်ရေးတင်းမာနေတဲ့အပြင် ထိုင်းနယ်စပ် မိုင်းဆတ်ခရိုင်ဘက်တွင်လည်း
စစ်ရေး တင်းမာမှုတွေ
ဆက်လက် ဖြစ်ပွားလာနေတယ်လို့သိရပါတယ်။
……
မိုင်းယန်းမြို့က ဝန်ထမ်းတွေဟာ
တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး
မိုင်းခတ်မြို့ပေါ်ကို တိမ်းရှောင်မှုတွေရှိနေပါတယ်။
…
စစ်တလင်းဖြစ်အောင် “၀”ကလုပ် နေတာလား။ ဘယ်သူ့အားကိုးနဲ့မိုက်နေတာလဲ။
…
…
“ဝ”အဖွဲ့ဟာ ၂၀၁၁ ခုနှစ်က
ဦးသိန်းစိန် အစိုးရ နဲ့ ပြည်နယ်အဆင့်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် ကို
ဒုတိယအကြိမ် ရေးထိုးထားပြီးဖြစ်တဲ့အတွက်
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို. .
ထပ်မံမထိုးလိုဘဲ နိုင်ငံရေးစကားဝိုင်းမှာ…
တိုက်ရိုက်ပါဝင်လိုတာဖြစ်ပါတယ်။
…
အဲဒီတောင်းဆိုချက်ကို တပ်မတော်နဲ့
အစိုးရက လက်မခံပါဘူး။
အောက်တိုဘာ ၂၃ ရက်နေ့
နေ့လယ်၂ နာရီ အချိန်ကစပြီး
မိုင်းလားနယ် နဲ့ကျိုင်းတုံနယ်ကြား …
အကြီးဆုံးနယ်ခြားဂိတ် …
ဝမ်တာ့ပင်းတံတားစခန်းကို တပ်မတော်မှ…
သွားလာခွင့်အားလုံး ပိတ်လိုက်ပြီး
အဆိုပါ ၀မ်တာ့ပင်းဂိတ်မှာ …
တပ်မတော်ဘက်က သံချပ်ကာကား၊
တင့်ကားတွေအပြင် …
လက်နက်ကြီးတွေလည်း …
အသင့် အနေအထားပြင်ဆင်ထားတယ်လို့ ၀မ်တာ့ပင်းဂိတ်နဲ့နီးစပ်တဲ့
အသိုင်းအဝိုင်းက ပြောပါတယ်။
…
…
မိုင်လားနယ်မြေထဲကို…
“၀” တပ်ဖွဲ့တွေ ၀င်ရောက်နေရာယူမှုဟာ
နောက်ကွယ်က တရုတ်ရဲ့ကြိုးကိုင်မှု
လို့ပြောနိုင်ပါတယ်။
တရုတ်နဲ့ အမေရိကန်တို့ရဲ့
အားစမ်းမှု ကြားထဲမှာ မြန်မာပြည်က
မြေဇာပင်အဖြစ်မခံနိုင်ပါဘူး။
ရခိုင်ပြည်နယ်၊ မောင်တောမှာ
ဘင်္ဂါလီတွေ ပြဿနာရှာလို့ …
ဖြေရှင်းနေရချိန် အခု “၀”က ပြဿနာရှာပြန်ပြီ။
…
…
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့
ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ …
မူးယစ်ဆေးဝါးကုန်သွယ်မှု စွပ်စွဲချက် နဲ့
“ဝ” တပ်ဖွဲ့ခေါင်းဆောင်တချို့ကို…
နာမည်ဆိုးစာရင်း သွင်းထားတာနဲ့
ပတ်သက်ပြီး မကြာသေးမီက
အမေရိကန် သမ္မတအိုဘားမားရဲ့
ပယ်ဖျက်ပေးခဲ့တဲ့ဆန်ရှင်မှာ
“၀” မူးယစ်ရာဇာတွေ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။
…
#ဘာ့ကြောင့်မပယ်ဖျက်ပေးရတာလဲ။
..
မြန်မာနိုင်ငံဟာ …
#မက်သာအဖက်တမင်းစိတ်ကြွဆေးပြား
အများဆုံး ထုတ်လုပ်ရာနိုင်ငံ ဖြစ်ပြီး …
မူးယစ်ဆေးဝါးထုတ်လုပ်မှု…
မှောင်ခိုရောင်းချမှုလုပ်ငန်းကို…
အမေရိကန်အစိုးရ အလိုရှိနေတဲ့…
ရာဇ၀တ်ကောင်တွေ ဦးဆောင်တဲ့ …
UWSA အဖွဲ့က …
လုပ်ကိုင်နေတယ်လို့…
အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့
၂၀၀၉ ခုနှစ် အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။
..
အဲဒီိဖော်ပြမှုကို ကြည့်ခြင်းအားဖြင့် …
“၀” ဒေသမှာ မူးယစ်ရာဇာတွေဟာ…
စီးပွားဖြစ် စိတ်ကြွဆေးတွေထုတ်လုပ်နေတယ်လို့ ဆိုလိုခြင်းဖြစ်ရာ အမှန်တကယ်လည်း ထုတ်လုပ်ရောင်းချနေကြပါတယ်။
..
အမေရိကန်နိုင်ငံက သတ်မှတ်ထားတဲ့
“၀” နယ်မြေရှိ မူးယစ်ရာဇာတရားခံပြေး
တွေကလည်း တစ်ယောက်နှစ်ယောက် .
မဟုတ်ပါ စုစုပေါင်း ၈ ယောက်အထိရှိနေပါတယ်။
…
အဲဒီမူးယစ်ရာဇာ ၈ ယောက်အဖြစ် …
_ ဝှေရှောက်ခန်း၊
_ ဝှေရှောက်ယန်း၊
_ ဝှေရှောက်လန်း၊
_ ပေါက်ယူချန်း၊
_ ပေါက်ယူရီ၊
_ ပေါက်ယူဟွာ၊
_ ပေါက်ယူလိုင်၊
_ ပေါက်ဟွာချန်း … တို့ကို
စွဲချက်တင်ထားတာ …
ကမ္ဘာကသိနေတဲ့ ကိစ္စဖြစ်ပါတယ်။
…
UWSA ခေါင်းဆောင်ပိုင်း ၈ ဦးဟာ… မူးယစ်ဆေးဝါးရောင်းဝယ်မှုကို…
အမေရိကန်ဒေါ်လာ (၁၀၃) သန်းနဲ့… လည်ပတ်လုပ်ကိုင်နေကြောင်းနဲ့ …
…
ဝှေရှောက်ခန်းအား ၁၉၉၉ ခုနှစ်နို
နိုင်ငံခြား မူးယစ်ဆေးဝါးဘုရင်များ
သတ်မှတ်ပုဒ်မအရ …
မူးယစ်ဆေးဝါးဘုရင်လို့ သတ်မှတ်ပြီး …
၎င်းကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးပါက…
အမေရိကန်ဒေါ်လာ(၂) သန်းဆုချမယ်လို့… အမေရိကန်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့
DEA က ၂၀၁၀ ခုနှစ် သြဂုတ်လ …
၂၅ ရက်နေ့က ထိုင်းနိုင်ငံနေရာ
အနှံ့အပြားမှာ ကြေညာခဲ့ပါတယ်။
…
…
အချုပ်ပြောရရင် မူးယစ်ရာဇာ“၀”တွေဟာ
မူးယစ်ဆေးဝါးရောင်းရငွေတွေနဲ့ …
တရားမ၀င် လက်နက်ခဲယမ်းတွေ
ဝယ်ယူပြီး စစ်အင်အား …
တောင့်တင်းအောင် လုပ်လာတယ်။
…
လက်နက်ခဲယမ်းတွေကို
တရုတ်က ရောင်းချ ပေးခဲ့တယ်။
တရုတ်အနေနဲ့ “၀”ပြသနာကို
သံတမန်နည်းနဲ့ ဖြေရှင်းပေးမှာလား။
…
ဆန္ဒရှိတယ်ဆိုရင် တပ်မတော် နဲ့
သေချာညှိနှိုင်းပြီး၊ဆွေးနွေးပြီးတော့မှ
လုပ်ရင်ပိုကောင်းပါလိမ့်မယ်။
……
…
အခု ၁၉၈၉ခုနှစ် ဗမာပြည်ကွန်မြူနစ် ပါတီက
ခွဲထွက်ပြီးနောက် အနီးကပ်ဆုံးရှိခဲ့တဲ့… မဟာမိတ်တွေလည်းဖြစ်တဲ့ …
မိုင်းလားအဖွဲ့အပေါ်မှာ …
နိုင်ထက်စီးနင်းလုပ်ပြီး …
ငြိမ်းချမ်းရေးစကားကို နားမ၀င်တဲ့
မူးယစ်ရာဇာတွေနဲ့ မြန်မာ့တပ်မတော်တို့
ဘယ်လို ရှေ့ဆက်ကြမလဲ… ??
မျက်နှာချင်းဆိုင်မလားး…
ကျောခိုင်းမလားး … ဆိုတာ
ကျမ တကယ် စိတ်ဝင်စားနေတာပါ ။ ။
ကိုးကား #ဇော်လင်းသန့်
နေ့စဉ်သတင်းများ
photo getty image
#ckk
လေးစားစွာမျှဝေသည်
Chaw Kay Khaing's photo.
Chaw Kay Khaing's photo.
Chaw Kay Khaing's photo.
Chaw Kay Khaing's photo.
Chaw Kay Khaing's photo.
+2
LikeShow more reactions
CommentShare
No comments:
Post a Comment