Wednesday, January 13, 2016

မေမေကြီး ဒေါ်ခင်ကြည် ရင်ထဲမှ ဗိုလ်ချူ ပ်

(၁) မေမေကြီး ဒေါ်ခင်ကြည်သည် စည်းကမ်းစနစ်ကြီးပါတယ်။ အလှအပလည်း ကြိုက်ပါတယ်။ ဒါကြောင့် အကျီတွေနဲ့ လက်ကိုင်ပဝါတွေမှာ ကိုယ်တိုင်ပန်းထိုး၊ တက်တင်းထိုးပြီး ကပ်ပါတယ်။ ဗိုလ်ချူ ပ်နဲ့ မေမေကြီးတို့ မင်္ဂလာဆောင်တုန်းက ရက်စွဲနဲ့ ခေါင်းအုံးစွပ် ရှိပါတယ်။ မေမေကြီးဆီမှာ ဇာနားမပါတဲ့ ခေါင်းအုံးစွပ်၊ လက်ကိုင်ပဝါဆိုတာ မရှိပါဘူး။ အကျီလက်နားတွေတွင်လည်း တက်တင်းနဲ့ အနားသတ်ထားပါတယ်။ တစ်ချောင်းထိုးနဲ့ အနားသတ်ထားတွေချည်းသာ ဖြစ်ပါတယ်။
လစဉ် `၁´ ရက်နေ့နဲ့ `၁၉´ ရက်နေ့ တို့တွင် ဘာမှ သတ်မှတ်ချက်မထားဘဲ အလှည့်ကျ အလှူအတန်း ပြုလုပ်ပါသည်။ ဆွမ်းကျွေးရင်လည်း ဘုန်းကြီးကျောင်းများကို အလှည့်နဲ့ ပင့်ပါတယ်။ တစ်ခါတလေ ဆွမ်းပွဲဟင်းမှာ ပဲပြုတ်ဆီဆမ်းလည်း ပါပါတယ်။ (မေမေကြီး ပြန်ပြောပြတာကို နားထောင်ရတဲ့ ယုလကျာ်၏ စိတ်ထဲမှာတော့ ဗိုလ်ချူ ပ်ကြိုက်တဲ့ ပဲပြုတ်မို့ ထည့်လှူ တာလည်း ဖြစ်မယ်လို့ တွေးမိပြီး ပြုံးမိ)
ဗိုလ်ချူ ပ်နဲ့ အိမ်ထောင်ပြု ပြီးတော့ ဗိုလ်ချူ ပ်က အရမ်းအလုပ်များပါတယ်။ နိုင်ငံ့တာဝန်တွေကလည်း များပြားပြီး ညဥ့်နက်တဲ့အထိ စာရေးစာဖတ် လုပ်နေတတ်ပါသည်။ အဲ့ဒီလို အချိန်တွေမှာ မိန်းမကိုလည်း အနားမှာ ရှိနေစေချင်ပါတယ်။ စကားပြောဆိုရန်ကလည်း အချိန်ကမရတော့ မေမေကြီးအနေနဲ့ နည်းလမ်းကို ရှာကြံရပါတယ်။ ရှာတွေ့သွားတဲ့ နည်းလမ်းကတော့..
မေမေကြီးက ဗိုလ်ချူ ပ်အလုပ်လုပ်နေတဲ့ အခန်းထဲမှာ ဝင်ထိုင်ပြီး ဇာထိုးပါတယ်။ လက်မှာ ရွှေလက်ကောက်လေးတွေ ဝတ်ထားတော့ ဇာထိုးနေတဲ့အခါမှာ အသံထွက်ပြီး တချွင်ချွင်နဲ့ မြည်နေတာပေါ့။ အဲ့ဒီလို အသံကြားနေရတော့ ဗိုလ်ချူ ပ်အနေနဲ့ကလည်း မေမေကြီး အခန်းထဲမှာ ရှိနေကြောင်း၊ အနားမှာရှိကြောင်း သိနေလို့ ကျေနပ်နေပါတယ်တဲ့။ (ဆက်ရန်)
ဒေါက်တာခင်လက်ျာ၏ ဆောင်းပါးတစ်ပုဒ်ကို မူရင်းမပျက်စေဘဲ ဖော်ပြလိုက်ရပါတယ်။
LikeComment