တက္ကသိုလ် ဟန်မင်းအောင် ၏ “စွယ်တော်ရိပ်က၊ အိပ်မက်ပုံပြင်။”
အခန်း
(၁)
မြင့်သူတကိုယ်တည်း ထမင်းစားပြီးပင်မဆောင်ရာသို့  အမိုးပါကော်ရီဒါအတိုင်း
လျှောက်လာခဲ့၏။ ဂျီဟော နှင့် တိုး ချဲ့ ဆောင် ၅။၆။၇၊၈ တို့ မှ လာသောကော်ရီဒါ နှင့်
ဆုံ တွေ့ ရာ ထောင့် အရောက်တွင် ဘယ်ဘက်သို့ ချိုးကွေ့ ကာ အဆောင်(၁) ခေါ် ပင်မဆောင်ဆီသို
့လျှောက်လာခဲ့၏ အဆောင်-၁ တံခါးအနီးသို့ ရောက်တွင်၊ ကြည်လင်ပြတ်သားတဲ့ မိန်းခလေးတယောက်၏
သူ့ အမည်ကိုခေါ် သည့်အသံကိုကြားရ၏။ သူနာမည်ကို
ခပ်တိုးတိုးခေါ်နေသည်။
“ကိုမြင့်သူ”
သူလှည့်ကြည့်မိတဲ့အခါ ဇင်မာလင်းကို အနီရောင် ကြက်သွေးေ၇ာင်
ဝမ်းဆက် ဝတ်စုံ နှင့် ကြော့ရျင်းလှပစွာ တွေ့ ရ သည်။ စိန့် တိုင်းးနွယ်ဖွား ဇင်မာလင်း
၏ ဝါလဲ့လဲ့ ဖြူသော အသားရောင်နှင့် လိုက်ဖက်သော အနီ။အနက် နှင့် အစိမ်း တို့ ထဲက ဇင်မာ
ဒီကနေ့  ကြက်သွေးရောင်ကို ရွေးခြယ်ဝတ်ဆင်ခဲ့ ၏။ ဇင်မာသည် အနီ ရောင်ဖဲပြားဖြင့် ကြစ်ဆံမြီး
ကြစ်ထားသည့် နက်မှောင်သော ပတုံးရောင် ကေသာ
ဆံစတွင် အနီရောင်ဖဲပြားလေးများဖြင့်စည်းးနှောင်ထား ၏။ ရောင်ရောင်လေးမြင့်သည့် ထောက်မြင့်ဘိနပ်
အနီရဲ လေး ကိုလည်းဝတ်ဆင်ထားသည်။ ယခုပင် ပီကင်းကလေယာဉ်ဆိုက်ကာ ရောက်လာသည့် စိန့် တိုင်းသူ
ကလေးဟု ဝေခွဲရခက်သယောင်ပင်။်
“ကိုမြင့်သူ ဘာလို
့ဇင်မာကို မမြင်ဖူးသလို စိုက်ကြည့်နေရတာလဲ။ ဇင်မာ အနေခက်တယ်။”
“ဆောရီး မဇင်မာ။ ကျွှန်တော် မဇင်မာလို့ မထင်ပဲ၊ တရုတ်ပြည်ကြီးက
အမျိုးသားကဇာတ်အဖွဲ့ဝင် တစ်ယောက်လို့ ထင်သွားတာ”
“ကိုမြင့်သူ သိတ်မမြှောက်နှင့်ဦး။ ဇင်မာ အမြင့်ကိုကြောက်တယ်။
အမြင့်ကကျရင်နာတယ်။ မြင့်မြင့်က ကျရင်သေနိုင်တယ်နော် ကိုမြင့်သူ။”
“ပြောပါဥိး၊ ဒီကနေ့ တယောက်တည်း စာလုပ်ဘို့ တော့ မဟုတ်ဘူးထင်တယ်။”
“ကိုမြင့်သူက ပညာရှိပီပိ ဇင်မာ ချိန်းထားတာ ရှိလားလို့ မေးလိုက်တာပေါ့
နော်။”
“ဒါဖြင့် ဘာလို့  အခုလို …. ”
“သြော် တ်ကောင်းစားလှဝတ်လာရင်
ချိန်းထားတဲ့နေ့ လို့ ကိုမြင့်သူက တထစ်ချတါက်လိုက်တာပေါ့။”
“ကျွှန်တော် က အဲ့သလိုထင်ထားတာ။ မမှားဘူး မဟုတ်လား။”
“ထားပါတော့ ကိုမြင့်သူရယ်။ အချိန်ရတယ်ဟုတ်။ ကျွှန်မနှင့်
နွေးအေး မှာ lunch လိုက်စားပါ။ ဟိုကျမှ ပြောပြမယ်လေ။”
“ကျွှန်တော် ထမင်းစားပြီးပြီ။ အဆောင်မှာ အချိန်နှင့်စားရတာဆိုတော့
၊တခုတော့ကောင်းတယ် အစား စားချိန်မှန်တာပေါ့။”
“ကဲလာပါ။ ထမင်းစားပြီးရင်လည်း အအေးတခုခု သောက်ပေါ့။ ကျွှန်မ
တယောက်တည်းဖြစ်နေလို့ ။”
“သြော် ဟုတ်သားဘဲ။ မကျေးနှင့် နှစ်ယောက်ကော။”
“အင်း မကျေးက၊ မခင်သန်းနှင့် မြင့်ကြည်တို့ မနက်ပိုင်း
class တွေမရှိလို့ ၊ နေ့ လည်ကျမှလာမှာ။”
ပြောရင်းနှစ်ယောက်သား လျှောက်လာကြရာ G-Hall နှင့် အဆောင်
၅ တို့ မှ ဆက်သွယ်ထားသော ကော်ရီဒါနှင့်ဆုံရာ ထောင့်ချိုးအရောက်မှာ၊ အဆောင် ၅ ဘက်မှ
လာသော ဂျပု သိန်းထွန်းတို့ လောင်အဖွဲ့ နှင့်
ထိပ်တိုက်တွေ့ ၏။
“ဟာ စရကား ဒီနေ့ Grade 5 ပဲဟေ့။ ဖင်မာ နင်အပိုင်စီးလာတာပေါ့
ဟုတ်လား။ ဒီကနေ့  စရကားပြေးစရာမြေ မရှိဖြစ်သွားပြီ။”
“ဟေ့ကောင် ဂျပု။ ဘာတွေ လျှောက်ပြောနေ တာလဲကွ။” မြင့်သူက သိန်းထွန်း
အနီးကပ်ကာတိုးတိုး ပြော၏။
ဇင်မာလင်းသည် ဗမာ မိန်းခလေးများထဲမှာ အရင်အမောင်းကောင်းသူဖြစ်၏။မရွှေကျေးလည်းအရပ်မြင့်၏။သို
့သော် ဇင်မာလင်းက ပိုမြင့်သည်။ မြင့်သူနှင့်အတူလျှောက်သာသည့် အခါ အရပ်ချင်းမတိမ်းမယယိမ်းဖြစ်နေတာကိုသသတိထားမိသည်။
မြင့်သူက လမ်းလျှောက်လာရင်း ငဲ့စောင်းကာကြည့်မိတော့ ဆံအုပ်ကောင်းပြီးဆုံလုံးတုတ်ကာ
ရှည်လျားသည့် ဆံကေသာကို တရုတ်နွယ်ဖွားပီပီ ကြစ်ဆံမြီးကြစ် ထား၏။ အရပ်မြင့်သည့်အတွက် ကိုယ်ခန္တာက သေးသွယ်ဟန် ရှိ သော်လည်း
။ဇင်မာက ကျန်းမာဖွံ့ ဖြိုး သူတဦးဖြစ်၏။ မိန်းခလေးတဟောက်တွင်ရှိသင့်ရှိအပ်သော ကိုယ်ခန္တာ
အချိုးအစားနှင့် မိန်းမတဦး ၏ ပိုင်ဆိုင်မှုမ
ျားက ပီပြင်စွာပေါ်လွင်နေသည်။ ဇင်မာသည် လှ ၏။ ပြီးတော့ ယဉ်၏။ နွဲ့ ၏။ မြင့်သူ က ဇင်မာလင်း၏ သန့် ရှင်းသပ်ရပ်စွာနေထိုင်တတ်ခြင်း၊
ကျစ်လစ်သိမ်မွေ့ ခြင်းတို့ ဖြစ်သည်။ ပြီးတော့ နားထင် အနီး ဆ့စ တွင် အနီရဲရဲ ဆံထိုးကလစ်
လေးတခုကို ဆင်မြန်းထားသည့်အတွက် ညာဘက် မျက်နှာ တခြမ်းမှာဆံပင်များ ဖုန်းကွယ်နေခြင်း
မရှ။ ပကတိ အပြစ် ကင်း စင်သော အသားပေါ် တွင် အကြောစိမ်းလေး များနှင့် ၇ှိန်း မြမြ ဆံယဉ်နု
လေး များကို မြင် ရ သည်။ မြင့်သူ ရင် ဖိုေ န ၏။ (စက-၈)
ဇင်မာက မြင့်သူ ဘယ်ဘက်က လျှောက် လာသဖြင့် ၊ ဇင်မာ၏ မျက်နှာ
ဘယ်ဘက် ခြမ်းကို သူ မမြင်နိုင်။
ဇင်မာလင်းက
စိန့် တိုင်းနွယ်ဘွားမို့  စိန့် တိုင်းသူ မင်းသမိးလေးကဲ့ သို့  ထင်မှား စရာ ရူပါ က
ကြော့ရျင်းလှ ၏။ မြင့်သူက စောင်းငဲ့ကြည့် သလို၊ ဇင်မာကလည်း လှည့်ကြည့်ရာ၊ အကြည့် ချင်းဆုံကြ
၏။
သည်အခါ ဇင်မာလင်း၏ မျက်နှာဘယ် ဘက် ခြမ်းကို အနည်းငယ် ခဧတာ
မြင်လိုက် ရ သည်။ ကလစ်ဖြင့် ဆ့စများကို ကုပ်ညှပ်ထားခြင်းမရှိ ၊ ဆံ စ များက နားရွက်
၏ တဝက် လောက်က်ထိ ဖုံးအုပ်နေတာကို တွေ့ ရ ၏။ ပထမတော့ ဇင်မာ ၏ နက် မှောင်ရွှန်းလက် သော
မျက်ဝန်းအစုံက မြင့်သူ ၏ အညို ရောင်မျက်လုံးများနှင့် သံလိုက်ကဲ့ သိုညှို့ဆွဲကာ့ တွယ်ငြီကြ
၏။ သောက်ရှူးကြယ်ညီနောင်ဟုတင်စားရလောက်အောင်မလှ သော်လည်းဇင်မာ၏ မျက်ဝန်းအစုံက သင့်တင့်စွာ
ဝိုင်းစက်ကျယ်ယန်း၏။ မျက် လုံးအိမ်သေးငယ်သည့် စိန့် တိုင်းနွယ် မျိုးမဟုတ် ပေ။ ဇင်အာကလြ်း
မြင့်သူ၏ ရှည်လျားကာ နက် မှောင်မျက်တောင်ကော့ များကို သတိထားမိ၏။ ဇင်မာ၏ ရွှန်းလက်
နက်မှောင်သော မျက်ဝန်းလဲ့ အစုံက မြင့်သူ၏ မျက်ဝန်းအစုံမှ တဆင့် တစုံတရာကို ရှာဖွေသည့်နှယ်၊
တဒင်္ဂပဟန် စိုက်ကြည့် မိ၏။ ။ ပြီးတော့မှ မျက်လုံးများကို လျွဲလိုက်ပြီး ရှေ့ တူရူသို
့ကြည့်ကာ မေး၏။
“ကိုမြင့်သူ သီးဆစ် အတွက် တော့ပစါ ရွေး ပြီးပြီလား။”
“စောပါသေးတယ် မဇင်မာလင်း။ ကျွှန်တော် တော့ ဖိုင်နယ်လ် ကျမှ
ရွေး မယ်လို့ ။”
“တချို့ ကျောင်းသားတွေက၊ အခုထဲက ရွေးပြီး။ စာ အုပ်စုတာတို
့အ ခိန်ယူပြီးဖတိတာတို့ လုပ်ကြတယ် ကို မြင့်သူ။”
“ကောင်းပါတယ်။ preparation လုပ်တာ မမှားပါဘူး။”
“ကိုမြင့်သူ ဘယ်လို topic ရွေးမယ် ဆိုတာကျွှန်မ မသိရဘူးလား
ဟင်။”
“သြော်သိရပါတယ်။လျှို့ဝှက်စရာ မဟုတ်ပါဘူး။ ကျွှန်တော်လုပ်မဲ့
thesis က Power Ssytem ထဲကဘဲ ဖြစ်မှာပါ။”
“ဒါဆို ကိုမြင့်သူ ကွန်ပြူတာ စင်တာ ကို သုံးရမှာ ပေါ့နော်။”
“သြော် ဟုတ်ပါတယ်။ computer centre ကို သုံးရမှာပါ။ ဘာလို
့မေးတာလဲ ဟင် မဇင်မာလင်း။”
“နံပါတ် ၈ ကားအနီ က စောင့်ရတာ ကြာတောံ ကိုမြင့်သူ အခက်အခဲ
ရှိ မယ် နော်။”
“ဟုတ်ပါတယ်။ ဒါပေမဲ့ ဖြစ်အောင်တော့ လုပ်ရ မှာ ပေါ့။”
“ကျွှန်မတို့ နှင့်အတူလုပ်ရင် ၊ ကိုယ် မြင့်သူ transwport
အတွက်မပူရတော့ဘူး။ ကျွှန်မလည်း ကိုမြင့်သူ ဆီက အကူအညီ ရ မယ်။ ဒီတော့ အဆင်ပြေတာပေါ့။
မြင့်ကြည်ကလည်းအတူ လုပ် ချင်တယ်။ ကို မြင့်သူ ဘယ်လို သဘောရလဲ ဟင်။”
“ကောင်းတာတော့ အမှန်ပါဘဲ။ ဒါပျေမဲ့ ကျွှန်တော်လုပ်မဲ့
topic ကို မဇင်မာလင်း တို့ ကြိုက် ကြပါ့မလား။”
“ကိုမြင့်သူ က load flow လုပ်မှာဟုတ်။ ကျွှန်မ အထင် ပြောတာပါ။”
“ကျွှန်တော့ plan ထဲက topic တခုပါ။ အဲ့ဒါကို မဇင်မာလင်း ဘယ်လိုသိလဲ။
”
“မေ့တတ်ရနိကော မောင် ရယ်။ ကျွှန်မ ကို မောင်ဘဲပြောခဲ့တာပါ။”
စိတ်ထဲကပြောမိပြီး၊ နှုတ်မှ အသံထွက် ၍ဇင်မာပြန်ပြောလိုက်သည်က၊
“ကိုမြင့်သူ တခါကပြောခဲ့ဖူးပါတယ်။ ရှင် မေ့သွားပြီလား။ အဲ့ဒီတုန်းက
ကျွှန်မလည်း Load Flow ဘဲလုပ်မယ်ဆိုတော့ ကိုမြင့်သူ က ဒါဆို အတူအတူ လုပ်ကြတာပေါ့ လို
့ပြောခဲ့ တယ်လေ။”
“ပြောတာတေါကများတော့၊ တခါတလေ အားလုံးကို အပြည့်အစုံ မမှတ်မိ
နိုင်တာပါ ။ ကျွှန်ော် စဉ်းစားလိုက်ဦးမယ်။ load flow ဘဲလုပ် ဖြစ် မယ်လို့ ထင်ပါ တယ်။”
“ဒါ ကလည်း ဆ၇ာနှင့်ဆေါးနွေးပြီးမှ သေချာမှာပါ။ ဒါ ဘေကာင့်
ဘာမှ ပြောစရာမရှိ သလို ဖြစ် နေ တာ ။”
“ကိုမြင့်သူအေးနေ ရင် တခြားကျောင်းသူငယ်ချင်းတွေက ရှိတဲ့
ဆရာတွေ ကို ဦးသွားမှာ။ ဒီတော့ ဆရာတေါ မှာ topic မရှိတော့ရင် ကိုမ်ြင့သူ ဘာလုပ်မလဲ။သူများတွေ
မလုပ်ချင်လို့ ကျန် တဲ့ရွေးကျန် ရွေးကျ topic ကို လုပ် ရ မှာ ပေါ့။”
“မဇငိမာလငိးပြောတာမန်ပါတယ်။ ကြတနေတာ္က အဲ့ဒီလိုကို မေဆြးတတ္တဖျ့တာ။
မေတြးမိတာ အမွန္ပါဘဲ။ ဒါပေမဲ့ တကယ် အတည်ပြု ရ မှာ က နောက် ဆုံး နစ်ကျမှ မဟုတ်ဘူးလား။”
“ကိုမြင့်သူက တခြားကိစ္စတေါတော့ သိတ်တွေးတတ်တယ်နော်။ အခွင့်အလန်းကိုတော့
မေ့နေတတ်တယ်။ ဒီလိုလုပပါလား။ ဒိတ်မဆိုးနဲ့နော်။ အကြံပေး တာပါ။ ကျွှန်မ ဆရာနှင့် သွားတွေ
့မလို့  ကိုမြင့်သူလိုက်ခဲ့ ပါ လား။ load flow ရ၇င်လညိးရ၊ မရလည်း တခြား တော့ပစ် တခုပေါ့။
ကျွှန်မတို့  ကိုမြင့်သူနှင့် thesis အတူလုပ်ချင်တယ်။”
မြင့်သူက ပြန်မပြော။ စဉ်းစားနေဟန် ရှိ၏။ စကားပြောရင်း လှေ
ျာက်လာခဲ့ရာ။ စားသောက်ဆိုင်များရှိရာ သို့ ရောက်လာခဲ့၏။ ဘယ် ဘက်ဘေးတွင် လှေခါး နှစ်စင်းရှိ
သည်။ သူတို့ သည် နွေးအေး ကို သွားမှာ ဖြစ့် သည့်အတွက် ပထမတွေ့ သည့် လှေခါးအတိုင်းဆင်းလာခဲ့ကြ၏။လှေခါးရင်း
ရောက်သည့်အခါ၊ ခနော်ခနဲ့ ဖြစ်သလိုအုတ်ကျိုးနှင့်ကျောက်ခဲ စုံရောပွမ်းကာ မညီမညာခင်းထားသည့်
လမ်းပေါ်မှ လျှောက်ရ၏။ ဇင်မာက မကြာခဏ မြင့်သူကို ရွှန်းလက်သောမျက်ဝန်းအစုံဖြင့် ရွှန်းရွှန်းစားစား
ကြည့်၏။
နေ့ လည်စာ
စားချိန်ဖြစ် ၍၊
လူတယောက်သာလျှောက်သာသောလမ်းကလေးပေါ်မှာ ကျောင်းသူကျောင်းသားများနှင့်
ပြည့်နက်နေ၏။ စားပြီးကျောင်းဘက်သို့ ပြန်သူများကလည်း သည်လမ်းကလေးကလာကြသည်ဖြစ် ၍၊ သူတို
့ပွတ်ကာသီကာရှောင်ကြရသည်။ မြင့်သူက ဇင်မာလင်းကို မတိုက်မိ စေရန် သူက ဇင်မာရှေ့ က
လျောက်ပြီး ဇင်မာ က သူ့ နောက်မှာ အကွယ်ကလိုက်စေခဲ့၏။ ဇင်မာသည် ကေ
ျာင်းသားတဥိးနှင့် အခုလို နှစ်ယောက်တည်း အတူတွဲကာ မလာဖူးသည်က တကြောင်း၊ လမ်းက
မညီညာ တဲ့ နေရာ မှာ သည် နေ့ မှ ခုံမြင့်ဘိနပ်စီးလာ မိသည် က တကြောင်း၊ ကေ
ျာင်းသားတစု က အော်ဟစ်ကာေ နာက် ပြောင်ကြည်စယ်နေကြတာက တကြောင်း တို့ ကြောင့်
ခဲလုံးပေါ်တက်နင်းကာ ချေချော် သွား၏။ မြင့်သူက ရှေ့ မှ လျှောက်လာသဖြင့်
မမြင်လိုက်ပေ။ ဇင်မာက ရုတ်တရက်မို့  လဲမ ကျအောင် မြင့်သူ၏
ဘယ်ဘက်လက်မောင်းကိုဆွဲကာ တွဲ ခို ထားလိုက် မိသည်။ မြင့်သူကပြန် အလှည့်နှင့်ကြုံ
သဖြင့် ဇင်မာလင်း၏ကိုယ်လုံးလေးမှာ မြင့်သူ၏ ရင်ခွင်ကျယ်ထဲမှာ ခိုဝင်နားနေလိက်သလို
ရှိ၏။ ထိုဏစဉ် ဘယ် အချိန်က ရောက်နေကြသည် မသိရသော မြင့်သူ၏သူငယ်ချင်း များ
မြင်သွားကြ၏။ ဤ
သူငယ်ချင်းများက ဒေး (day) ကျောင်းသားခေါ် ရန်ကုန် ဒေသ ခံ
ဖြစ်ကာ အဆောင် မနေကြတဲ့ ကျောင်းသားများဖြစ်၏။
“ရေဆင်ကွ” ဟူ ၍ အော်ဟစ်ကာ
ကောင်းခြီးပေးကြသည်။ မြင့်သူက ဇင်မာလင်း ကို အားတောင့်အားနာဖြစ်လျှက်ရှိပြီး၊
ဇင်မာကမူ ပတ်ဝန်းကျင်ကိုအမှုမထားနိုင် နာာသွားသည့် ခြေကျင်းဝတ် နှင့် ခြေမျက်စေ့
ကိုကြည့်ချင်မိ၏။ မြင့်သူ၏ ဘယ်ဘက်လက်မောင်းကို တွယ်ထား ဆဲ ဖြစ်သည်။
“ဘာလို့ လဲ ကိုမြင့်သူ။” ဟုတိုးတိုး မေး၏။
“ဘာမျမဟုတ်ပါဘူး။ ဟိုကောင် တွေ အော်ပြီး၊ နောက် သွားလို့ ။
မ ဇင်မာလင်း ကို ကတန်တော် အားနာပါတယ်။ စိတ်မရှိပါနှင့်”
“ကျွှန်မ သတိမထားမိပါဘူး။ ချေထောက် နာသွားလို့ ။ အဲ့ဒါ ကိုမြင့်သူ
တွဲ ပြီး လျှောက်ပေးနော်။”
“သြော်ဟုတ်သားဘဲ။ တော်တော်နာ သွားလားဟင်။ မဇင်မာလင်း။” ဟုဆိုကာ
ဘယ်နားနာသွားလဲ ဟု ထမီ ကို မ ကြည့်မည် ပြု လိုက် သည်။
“အို ကိုမြင့်သူကလဲ။
လူတွေနဲ့ ။ နွေးအေး ရောက်တော့မှ ကြည့်တော့မယ်။ ချေကျင်းဝတ် က နာနေ တယ်”
“တော်တော်နာ နေလား မဇင်မာလင်း။ လာလာ ဒီဘေးက ဆိုင်မှာ လူရျင်း
တယ်။ ခဏ ဝင်ထိုင်ကြရ အောင်။ ပြီးတော့ ကျွှန်တော့် အ ခန်း ကို ပြန်ပြီး လိမ်းဆေး ယူနေ
တုံး ၊ မ ဇင်မာလင်းက ဒီမှာ ခဏထိုင် စောင့်။”
“ကျွှန်မ ဗိုက်ဆာလှပြီ ရှင်။ Breakfast လည်း မစားဖြစ်ခဲ့ဘူး။”
“ခြေထောက် နာတာ ဘယ်လို လုပ်မလဲ။”
“နာတာတော့ နာတယ်။ ဒါပေမဲ့ ဆာတာတော့ပိုတယ် ကိုမြင့်သူ။”
“ဒါဆို မဇင်မာလင်း ဒိမှာ ထိုင် စောင့် နေ ။ ကျွှန်တော့ အတွက်
လဘက်ရည် တခွက် မှာထားနှင့်။ မဇင်မာ ဘာစားမလဲ။ ကျွှန်တော် နွေးအေး မှာ သွား မှာပြီး ဒီကို
ပို့ ခိုင်းလိုက်မယ်။”
ဇင်မာလင်းက မြင့်သူကို သေချာကြည့်ပြီး “ကောင်းပါပြီ မောင်”
လို့ ဆို သည့်နှယ် ခေါင်းလေး ကို ဆတ်ကာ အဖြေပေး၏။ မြင့်သူ က ကပ် လျက်ရှိ သော နွေးအေး
သို့  လျှောက် သွား သည်။
ဆက်ပါမည်။