Monday, October 10, 2022

သက်၊ စက္ကမ၊ ချက်ကမာ၊ ရူဟွန်ဂျာ-ချက်ကမာ နှင့် ပသီ လူမျိုးများ။

ပုထုဇဉ် လူသားများ ဖြစ်သော ကျွှန်တော်တို့ရဲ့ စိတ်မှာ လောဘ၊မောဟ၊ မာန်မာနများကြေင့် ရံဖန်ရံခါ အမိုက်မှောင် ဖုံးလျှက် ရှိတတ်ပါ၏။ ဤ အမိုက်မှောင်ကို ပညာဉာဏ် အလင်းရောင်ဖြင့် ဖြိုခွင်းနိုင်ပါမှ အမှန်ကိုတွေး၊ အမှန်ကိုမြင် ဆင်ခြင် စဉ်းစားပြီး၊ အမှားများကို ကျော်လွှားကာ အမှန်ကို အမှန်အတိုင်း ဆောင်ရွက် နိုင်ကြပါမည်။ ကျွှန်တော်တို့ သည် မွန်၊ ဗမာ-မြန်မာ၊သက် နှင့် ကန်းယန် လူမျိုးများ မှာ ရှေးဦးကျသည့် ဗမာ-မြန်မာ နိုင်ငံသားများ ဟုသာ ယေဘုယျ အားဖြင့် သိခဲ့ကြပါသည်။ အသေးစိတ်ကိုကား အများအားဖြင့် မသိကြသူကများ မည်ဟု ထင်ပါသည်။ ဗမာ-မြန်မာတို့သည် မိမိတို့၏ လူမျိုးစု သမိုင်း ကို သေချာစွာ လေ့လာ စေ့ငု ကြရန်လိုပါသည်။ ကမ္ဘာ့ ဒေသ အတော်များများ နှင့် တိုင်းပြည် အများ တွင်နေထိုင်လျှက်ရှိကြပြီး အမည်အမျိုးမျိုးဖြင့် ကွဲပြားစွာ ရှိ သော်လည်း အနှီလူမျိုးများမှာ မူလ လူမျိုး တမျိုး တည်းက ဆင်းသက်လာသော လူမျိုးစုများ ရှိပါ၏။ ယင်းတို့မှ အချို့သောလူမျိုးများ အကြောင်းကို စာရေးသူ ကျွှန်တော် ယခု ဆွေးနွှေး တင်ပြပါမည်။ ယင်းတို့မှာ သက်၊ စက္ကမ၊ ချက်ကမာ၊ ရူဟွန်ဂျာ-ချက်ကမာ နှင့် ပသီ လူမျိုးများတို့ဖြစ်ပါ၏။ယင်းလူမျိုးများ၏ မူလဇစ်မြစ်ကို လေ့လာပါက central steppe ခေါ် အာရှ အလယ်ပိုင်း ဒေသ မြက်ခင်းလွင်ပြင်များဖြစ်၏။ ထိုမူလဇာတိမြေမှ ရေကြည်ရာ မြက်နုရာကို ရှာဖွေရင်း ဖြင့် လည်းကောင်း၊ ဒေသတွင်း အချင်းများကာ စစ်မက်ဖြစ်ခြင်းများကြောင့် လည်းကောင်း ကမ္ဘာအရပ်ရပ်က နိုင်ငံအတော်များများ သို့ရောက်ရှိ ခဲ့ကြခြင်းဖြစ်ပါသည်။ယင်းတို့အနက်မှ အချို့ လူမျိုးစုများ မှာ မြန်မာ၊ ဘင်္ဂလာဒေ့ရှ၊ အင်ဒီးယား၊ နီပေါလ်၊ ယိုးဒယား ခေါ် ထိုင်း နိုင်ငံနှင့် မလေး ပင်နီဆူလာ ခေါ် မာလာယု ကျွှန်းဆွယ်သို့ ရောက်ရှိနေ ထိုင်ခဲ့ကြပါသည်။ ထိုလူမျိုးစုများကို လေ့လာပါက၊ (၁) သက် = Sak (၂) သာကီဝင်= Sakyan= Sakya-vamsa (၃) စက္ကမ = Sakma (၄) ချက်ကမာ = Chakma (၅) ရူဟွန်ဂျာ-ချက်ကမာ = Ruhonggya- Chakma (၆) ပသီ = Persian or Perthian အထက်ပါ အတိုင်း အမည်ကွဲများဖြင့် ထင်ရှားလာသော လူမျိုးများမှာ အကယ်စင်စစ်၊ လူမျိုး တမျိုး တည်းကိုပင်၊ ကမ္ဘာ့ နိုင်ငံ အသီးသီး ဒေသအရပ်ရပ်တွင် ဘာသာစကား အမျိုးမျိုး အမည်အမျိုးမျိုး ဖြင့်ခေါ်နေကြခြင်းဖြစ်ပါသည်။ ဗမာ-မြန်မာတွင် သက်ဟုလည်းကောင်း၊ စက္ကမ = Sakma ဟုလည်းကောင်း ခေါ်ကြသော လူမျိုးများ ကို ဘင်္ဂလာဒေ့ရှ နှင့် အင်ဒီးယား နိုင်ငံများ တွင် ကား ဆက်= Sak၊ ဆာကာ =Saka၊ ချက်ကမာ = Chakma၊ ရူဟွန်ဂျာ-ချက်ကမာ = Ruhonggya- Chakma ဟူ ၍ ခေါ်ကြပါသည်။ ဗမာ-မြန်မာတို့က “ပသီ” ဟုခေါ်ကြသော လူမျိုးများ ကိုမူ Persian or Perthian= ပါသီယန် ဟုခေါ်ပါသည်။ ထိုမှ ဘာသာစကား ပြောင်းလာပြီး (Transliteration ဖြစ်လာပြီး) “ပသီ” ဟု ခေါ်ကြခြင်းဖြစ်ပါ၏။ ဂရိ ခေါ် ခေါမ နိုင်ငံ ကမူ ဤလူမျိုးများကို ဆိုက်သီယန် = Scythian ဟု ခေါ်ကြ၏။ သို့ဖြစ်ပါက ရူဟွန်ဂျာ နှင့် ပသီ လူမျိုး များမှာ လည်း “သက်လူမျိုးများ” ပင်ဖြစ်ပါသည်။ အထူးသဖြင့် ရူဟွန်ဂျာများမှာ ရခိုင်လူမျိုးပင်ဖြစ်ကြပါ၏။ အဘယ့်ကြောင့်ဟူမူ၊ ရူဟွန်ဂျာ အချို့မှာ “ဘီလူး” ရက္ခ =Rakasha or Rakasa ဟု ခေါ်ရလောက်အောင် အကြည့်တန် အရုပ်ဆိုးကြခြင်းကြေင့် ပင်ဖြစ်၏။ ရခိုင်တိုင်းရင်းသားများ နှင့် ရူဟွန်ဂျာလူမျိူးများ၊ ဗမာနှင့် ပသီ လူမျိုးများ ၏ မတူကွဲပြား သည်မှာ သူတို့ယုံကြည်ကိုးကွယ်သည့် ဘာသာ ဖြစ်ပါသည်။ သို့ရာတွင် ခေတ်အဆက်ဆက်မှ အစိုးရများနှင့် ယခု အစိုးရတို့က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ မြန်မာတိုင်းရင်းသားတို့ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားသည် ကို ကမ္ဘာ့နိုင်ငံအားလုံး နှင့် ကုလသမဂ္ဂ အဖွဲ့ကြီးက သိရှိကြပါ၏။ သမိုင်း အထောက်အထားများ အရ လွန်ခဲ့သော နှစ်ပေါင်း ၂၈၅၀ မှ ၃၀၀၀ ကြာ ရှေးခေတ်ကာလ ကတည်းက၊ ဗမာ-မြန်မာပြည်မှာ သက်လူမျိုးများ အခြေချနေထိုင်ခဲ့ကြ သည်ကို အခိုင်အမာတွေ့ရ၏။ အိမ်နီးခြင်းနိုင်ငံများနှင့် ကမ္ဘာ့ နိုင်ငံများ အားလုံးလိုလိုပင် သိရှိပြီးဖြစ်ကြ၏။ သို့ရာတွင် စက္ကမ = Sakma၊ လူမျိုးတို့၏ သမိုင်းမှတ်တမ်းကို ပြည်တွင်းပြည်ပမှ လူအများသိကြဟန်မတူပါ။ စာရေးသူ ကျွှန်တော်တို့ တွေ ့ရှိထားသည့် ရခိုင်သမိုင်း ပညာရှင် ဒေါက်တာ ကျော်သိန်း (မြောက်ဦး) B.A (Hons. M.A. Ph.) ရေးခဲ့သည့် သမိုင်းစာတန်း တခု“မြို(ခေါ်)ခမီ လူမျိုးတို့၏ နောက်ခံသမိုင်း” မှ ကောက်နှုတ်ချက် အနည်းငယ်ကို အောက်တွင် ဖော်ပြပါမည်။ “အထက်ပါ (ခေါ်မု ဝတ္ဃု) အတိုင်း သက်လူမျိုး၊ ဒိုင်းနက်လူမျိုး ရာဇဝင်တို့တွင်လည်း “မြို” (ခမီ) လူမျိုးတို့၏ ရိုးရာတေးချင်းကို မှတ်တမ်းတင် ရေးသားထားသော ရှေးဟောင်းပေမှု ဂီ-ချပ်ရေကိုလည်း လေ့လာနိုင်ပေသည်။ 8” “8- ဤကား ဘင်္ဂလားဒေရှ့်နိုင်ငံံရှိ သက်ထောင်တွင် နေထိုင်သူ ရမ်ဂါမတီနယ်သား ဒိုင်းနက်အမျိုးသားဖြစ်သူ (ဦးအဉ်ဒရာကူမာ) အမည်ရှိသော ဆေးသမားတော်ကြီးထံ၌ ဒိုင်းနက်ဘာသာစကား၊ စက္ကမ- သက်ဘာသာစကားတို့ဖြင့် ရေးသားထားသော သမိုင်းစုံပေမူ-ဂီ-ချပ်ရေမှ ဘာသာပြန်ပြီး ကူးယူခဲ့သည်။” ဒိုင်းနက်အမျိုးသားဖြစ်သူ (ဦးအဉ်ဒရာကူမာ) ၏ နာမည်ကို တွေ့တာနှင့် အဉ်ဒရာကူမာ= Indra Kumar ဖြစ်၍ အင်ဒီးယား (အိန္ဒိယ) အမျိုးသား ဖြစ်ပေမည်။

Sunday, October 9, 2022

Suvarnabuhmi = သုဝဏ္ဏဘူမိ။

တဘက်ယိုးဒယားနိုင်ငံက သူတို့ လေဆိပ်ကို Suvarnabuhmi = သုဝဏ္ဏဘူမိ လို့ အမည်ပေး လိုက်တာကို အမှုမဲ့ အမှတ်မဲ့ လို့ မထင်ပါနှင့်။ ရည်ရွယ်ချက် ဖြင့်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ရှေးက အသောက လို့ ခေါ်တဲ့ မောရိယမင်းဆက် ကုလားဘုရင်ကြီး Asoka က ဘီစီ ၂၀၀ (ခရစ်နှစ် မတိုင်မီ နှစ်ပေါင်း နှစ်ရာ ခန်ု ) က ဗရာမာဒေသ (Brahmadesa) လို့ ခေါ်တဲ့ ကနေ့ခေတ် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသ ရာမည သို့မဟုတ် ရာမညဒေသ (Ramanna-desa) မှာ သာသနာပြုခဲ့ တာကို အများသိရှိကြပြီး ဖြစ်ပါသည်။ ဓမ္မစေတီမင်း တည်ထားခဲ့ သော ကလျာဏီသိမ် (Kalayanisema) ကျောက်စာမှာ လည်းပါရှိပါသည်.။ သမိုင်း ဆရာကြီး တောစိန်ကို လည်းရေး ခဲ့ပါသည်။ မွန်လူမျိုးတို့ ရဲ့ မြိ့ုတော် သထုံကို ထိုစဉ်က Suvarnabuhmi = သုဝဏ္ဏဘူမိ ဟုခေါ်ခဲ့ပါ သည်။ ဘာလို့ အဲ့ဒီလို ခေါ်ခဲ့တာလဲတိုရင်၊ သုဝဏ္ဏဘူမိ သထုံ မြိ့ု တော် ဝန်းကျင်နှင့် စစ်တောင်းမြစ်ဝ (the shore line or the beach around Sittang river mouth) ပင်လယ်ကမ်းစပ် သဲသောင်ပြင်မှာ ရွှေမှုန်တွေ ကြဲနေပြီး ၊ နေရောင်မှာ ရွှန်းလက် နေလို့ဖြစ်ပါသည်။ Suvarna or Sonna means “Gold” in Indian languages, Sanskrit and Hindhi. Buhmi means “Land”. Suvarnabuhmi means Gold-Land or Golden Land. Suvarna= သုဝဏ္ဏ = ရွှေ ။ Buhmi= ဘူမိ= မြေ။ သို့ဖြစ် ၍ ဗမာပြည် (Brahmadesa) ကို Golden Land=ရွှေမြေ လို့ ခေါ်ခဲ့ ကြတာ ဖြစ်ပါ သည်။ရှေးခေတ်ဦး နိုင်ငံခြား သား သမိုင်း ဆရာကြီး များ ဥပမာ ပတိုလေမီ၊ ခေတ်ပြိုင်(Contemporary) အန္ဒိယ သမိုင်း ဆရာကြီး မာဂျွှန်ဒါ တို့ ရေး သားခဲ့သော အထောက်အထားများ လည်း ရှိပါသည်။ ထိုစဉ်အခါက ရွှေထွက်သည့် ရမည်းသင်းဒေသ မှ စီးဆင်းလာသော ရေ တွင် ရွှေအမှုန် (gold dust) နှင့် ရွှေလွှာငယ် (Gold flake) ပေါင်းလောင်း မြစ် မှ တဆင့် စစ်တောင်းမြစ်သို့ စီးဝင်ပြီး၊ မြစ်ဝ ကမ်းခြေ သဲသောင်ပြင်တွင် နုံးတင် နေခဲ့ခြင်း ဖြစ်ပေသည်။ ရမည်းသင်း အရှေဘက် ပေါင်းလောင်း မြစ်ဖျားမှာ ယခု အချိန်ထိ ရွှေထွက်နေ သေးခြင်း က ဤအချက် မှန်ကြောင်း သက်သေပြုပေသည်။ ရှေး အန္ဒိယနိုင်ငံကြီး ၏ သမိုင်းမှတ်တမ်းများ တွင် ဗမာပြည်ပါဝင်သည့် ကုန်းတွင်း အရှေ့တောင် အာရှ (main land SouthEast Asia) ကို Suvarnabuhmi = သုဝဏ္ဏဘူမိ ဟု ခေါ် ၍ အရှေ့တောင် အာရှကျွှန်းဆွယ် (South East Asia Peninsula ) ကိုမူ ရွှေကျွှန်းသာ (ဝါ) သုဝဏ္ဏဒီပ (Suvarnadipa) ဟု ခေါ်ခဲ့ ပါသည်။ ဒါကြောင့် အထက်ဗမာပြည်ကို ဇေယျာရွှေပြည် (Jayadipa, Jayapura) ဟု ခေါ်ခဲ့ခြင်းလည်း ဖြစ်၏။ ယိုးဒယားပြည်မှ ကား ရှေးကကော ယခုခေတ်တိုင် ဖြစ်ဖြစ်လောက်လောက် ရွှေ မထွက်ပါ။ There are no gold deposits for the commercial gold mining in Yodaya( Thailand). Suvarnabuhmi = သုဝဏ္ဏဘူမိ အမည်နှင့် ပတ်သက်ပြီး ကျွှန်တော် စာရေးသူ လူငယ်တဦး နှင့်စပ်မိကြ ၍ ဆွေးနွေး ဖြစ်ကြ၏။ သူက သမိုင်းဆရာတဦးရေး ခဲ့ သည် ဟု ပြော၏။ “ရွှေကို အစွဲပြု ခေါ်ခြင်းမဟုတ် ဘဲ၊ စပါး နှံတွေအောင် လို့ လယ်ကွင်းတွေ ရွှေရောင် ဝင်းနေသည် ကို အကြောင်း ပြု ၍ Suvarnabuhmi = သုဝဏ္ဏဘူမိ ဟုခေါ်သည် ဆို၏။ ရှေးက ဤဒေသ ကြီး တခုလုံး မှာ စပါးစေ့များ အောင်မြင် ကြိးထွား တယ်ဆိုတဲ့ အထောက်အထား မရှိပါ။ There is no corroboration to support this point, the view of such scholar. ကိုလိုနီ နယ်ချဲ့ အစိုးရ ခေတ် ရောက်မှ ၊ ဆန်အထွက်တိုး အောင် စပါးတိုး စိုက်လို သော ကြောင့် အန္ဒိယ ချစ်တီး အမျိုးသားများ ခေါ်လာခဲ့ပြီး ဤအမှု ဆန်အထွက်တိုးအောင် တွန်းအား ပေးခဲ့၏။ ထိုစဉ် အခါ ရှေး ပဝေသဏီ က စ ၍၊ ဤ ဗရာမာဒေသ (Brahmadesa) ကို ကုလားလို့ ကျွှန်တော်တို့ ကဝိဂြိုလ်ပြု ထားတဲ့ အန္ဒိယ အမျိုးသားများက ပြုစုထိန်းသိမ်းခဲ့ကြပါသည်။ အလျဉ်းသင့်တုံး ပြောပြပါရစေ။ တကယ်တော့ “ကုလား” ဆိုတဲ့ဝေါဟာရ အဓိပ်ပါယ်ကို သိလျှင် ဤ အမည် မဆိုးကြောင်းသိပေလိမ့်မည်။ “ကုလား” ဆိုသည်မှာ ကုလပုတ္တ (Kulaputta) ဆိုသော ပါလိ စကား သို့မဟုတ် ကုလပူထရာ (Kulaputra) ဟူသော Sanskrit စကားတို့ ကို အခြေပြု၏။ အဓိပ်ပါယ် မှာ ကုလ= နိုင်ငံကြီး= nation နှင့် ပုတ္တ(ပူထရာ) = son or citizenship of ဟု ဆိုသည်။ အတိုရေးတော့ “ကုလား”= noble son = အမျိုးကောင်းသား= နိုင်ငံကြီးသား ဟူ၏။ ကုလသမဂ္ဂ ကိုတော့ အများ အသိဖြစ်ပါ၏။ ကုလ=နိုင်ငံကြီး=Nation။ သမဂ္ဂ=အဖွဲ့ချုပ်= United or Union ဖြစ်၏။ ကိုလိုနီ သမိုင်းဆရာများ နှင့် အချို့ ကိုလိုနီ အလိုကျ မြန်မာသမိုင်း ဆရာများ သည် ကိုလိုနီ အလိုကျ မြန်မာ့ သမိုင်း ရေး၏။ အန္ဒိယ နှင့် ဗမာ လူမျိုးတို့ ကို ခွဲခြား၊ နှိမ်လည်း ရေး၏။ Vishnu (ဗမာတို့က ဗိသနိုး ဟုခေါ်၏) ဆို တဲ့ ရှေး ဟောင်းမြို့တော် ကို တွေ့ ကတည်းက ဗမာ=မြန်မာ နိုင်ငံ သည်၊ အန္ဒိယ ၏ အစိတ်အပိုင်း (သို့) တစိတ်တဒေသ ဖြစ်တယ် ဆိုတာ ကိုလိုနီ ဗြိတိသျှ တို့ သိခဲ့ ကြ၏။ ဒီတော့ သူတို့က ဗမာပြည် (Brahmadesa) ကို အန္ဒိယ နှင့် တွဲ မထားလိုပေ။ သူတို့ရဲ့ မူဝါဒ ကိုက ခွဲခြမ်း ၍ အုပ်ချုပ်ခြင်း ဆိုသည်မဟုတ်လား။ ရှေးဟောင်းသုတေသန ဋ္ဌာန မှာလည်း အန္ဒိယနွယ်ဖွား နှင့် ဗမာပြည် (Brahmadesa) သား တို့ကို မထား ဘဲ တခြား လူမျိုးခြား တွေကို တာဝန်ပေးခဲ့ ပါသည်။ ထိုအခါ သမိုင်း ဆရာက သူရဲ့ ကိုလိုနီ ဗြိတိသျှ တို့ အလိုကျလည်း ရေးရင်း သူ့လူမျိုး အတွက်လည်း ရှေ့နှစ်ပေါင်းများစွာ ကို တင်ကြိုတွေး ပြီး ရေးထား ခဲ့ ပါသည်။ Pru (or Tircul or Tritsul) “ပြူ လူမျိုး” ကို ပြောင် ဖြစ်သလိုလို၊ ပြူစောထီး ကို တရုတ် ဖြစ်သလိုလို၊ အနော်ရထာမင်းကြီးကို ပင် အနော်ရထာစော ဆိုပြီး ၊ သျှမ်းဖြစ် သလိုလို၊ တရုတ် ဖြစ်သလိုလို၊ ရေးထား ခဲ့၏။ ဒီစာအုပ်များမှာ လည်း South East Asia Society ဆိုသလို သူတို့ကိုလိုနီ အစိုးရ ဝန်ထမ်းများ၊ အနောက်နိုင် လူဖြူ သံတမန်များ၊ ကိုလိုနီ စစ်မှုထမ်း များ လက်ဝယ်သာ လျှင်ရှိခဲ့ ပါသည်။ စစ်ပြီးသည့် အခါ ဗမာသမိုင်းကို ပို့ချသူ တော်တော်များများမှာ ကိုလိုနီ ဗြိတိသျှတို့ အလိုကျသာ သင်ခဲ့ရေးခဲ့ ကြတာကို လည်း သေချာ လေ့လာ က တွေ့နိုင်ပါသည်။ ဒီနေရာမှာ ဆရာကြီး မင်းသုဝဏ် ရဲ့ ကဗျာကို ဖော်ပြလိုက်ပါ သည်။ ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ် မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လဲ၊ ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လဲ၊ အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လဲ၊ သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လဲ၊ ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ ေေ တော်ရာရောက်လိမ့် နောင်အဖို့ နိုးနိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ် Source: Chan Myat Soe’s blog. " ကိုယ့်သမိုင်းကို ကိုယ်တန်ဖိုးထားသည့်သူတို့သည် သမိုင်းစဉ် ရှင်သန်ရေး၏ အားတစ်ပါးဖြစ်သော သာသနာရေးကို အားပေးကြရမည်သာ ဖြစ်ပါသည်" ဒေါက်တာမတင်ဝင်း (ပညာရေး) ခက်သည်မှာ ၁၉၉၀ နောက်ပိုင်း မှ ယနေ့ အချိန်ထိ လေ့လာလျှင်၊ ဗမာနိင်ငံ၏ စီးပွားရေး လုပ်ငန်း တော်တော်များများ မှာ ယိုးဒယားများ၏ လက်ဝယ်သို့ ရောက်နေပြီ ဖြစ်၏။ ထိုမျှမက ထားဝယ်ရေနက် ဆိပ်ကမ်း လုပ်ခွင့် ရပြီးချိန်က အဲ့ဒီ company MD (သို့ ) ကွန်ပဏီ အကြီးအကဲ က ပြောခဲ့သည်မှာ ၊ “ ငါတို့ မယူရင် နိုင်ငံခြား သား တွေ ယူသွား မှာ ပေါ”့ တဲ့။ ဒီစကားကို ထောက်ရှု ပြီး ဘာကို သိရ သလဲ ဆိုတော့ သူတို့ ယိုးဒယား တချို့ဟာ ဗမာပြည်ကို သူတို့ပိုင် သူတို့မြေ သူတို့ တိုင်းပြည် လို့ ယူဆနေပြီ ဆိုတာ ပါ။ ထားဝယ် ကမ်းလွန် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း လည်း သူတို့ ၈၀% ပိုင် ဖြစ်နေပြီ။ ရေရှည်မှာ ဘာဖြစ်လာ နိုင် သလဲ။ စဉ်းစားကြပါ။ ကျွှန်တော်များ သတိပေးလို သည်ကား ဗမာ( မြန်မာ) နိုင်ငံ ရဲ့ ချုပ်အခြာ ကို ဗမာနိုင်ငံသား တွေ လက်ဝယ်မှာ ရှိအောင် ကြံဆောင်ကြရန် ဖြစ်ပါသည်။ ဒာီလင့်ခ် ကိုနှိပ်ပြီးဖတ်ပါ။ သိကောင်း စရာလေး တွေပါ။ Burma, Thailand push ahead with Dawei SEZ On divided societies, democracy and federalism ဖော်ပြပါ အားလုံးသည် မူရင်း စာရေးသူ တို့၏ အာဘော်သာလျှင်ဖြစ်ပါသည်။ ဗမာ (မြန်မာ) တို့ သေချာ လေ့လာစူးစမ်းပြီး ဖြစ်လာနိုင်သည့် ကောင်းကျိုး နှင့်ဆိုးကျိုးများကို တာဝန်ရှိသူများထံ တင်ပြအပ်ပေသည်။ ပြည်တွင်းပြည်ပ စီးပွားရေး သမား အချို့ နှင့် တွေ့ သည့် အခါ၊ ဒီအချိန် စီးပွားရေးလုပ်လို့ အကောင်းဆုံး ဟု ဆိုကြ၏။ စီးပွားရေးလုပ်ငန်းများကို တိုင်းတပါးသားများ လက်ဝယ် ဝ ကွက်အပ်ထား ခဲ့သည်မှာ နှစ်နှစ်ဆယ် ကြာတော့ တိုင်းသူပြည်သားများ “တပါးကျွှန်” ဖြစ်မှန်းမသိ ဖြစ်ခဲ့ပေပြီ။ ယခုအခါ အိမ်ယာခြံမြေ နှင့် လယ်ယာဥယျဉ်ခြံမြေများ မည်မျှ နိုင်ငံခြားသားများ လက်သို့ ရောက်သွားပြီ လဲ မည်သူသိပါသနည်း။ ယခုလည်း အလုအယက် ဝယ်နေကြပါ၏။ ဗမာ (မြန်မာ) များ ဖယ်ပေးရ၊ ထွက်ပြေးနေကြရတာ မနည်းတော့ ပေ။ မည်သူက မည်သည့် အချိန်မှာ ဤမတရားမှု၊ အဓမ္မမှုများကို ကိုင်တွယ်ဖြေရှင်းကြပါမည်နည်း။ တိုင်းသူပြည်သားများတို့၏ ဘဝများစွာ ကြေမွပြက်စီးခဲ့ရ၊ ကြေမွပြက်စီးနေကြရဆဲလည်းဖြစ်သည်။ “ဆောလျင်စွာ အိပ်နေရာမှ နိုးထကြပါတော့။” အထင်ဖော်ပြပါ နှိုးဆော်မှုနှင့် သင့်လျှော်သာ ကဗှာ တပုဒ် အင်တာနက်တွင်တွေ့ ရသဖြင့် ထည့်သွင်း တင်ပြပါသည်. အောက်မှ လင့်ခ် ကိုနှိပ်ပြီးဖတ်ပါ။ နေ့ရဲ့ခေါ်သံ