RASU ခေါ် ရန်ကုန်တက္ကသိုလ် များကို ကံ့ကော်တောဟု တင်စားခေါ် ကြပါသည်။ ကျွှန်တော်တို့  စက်မှုတက္ကသိုလ်ကို မူ စွယ်တော်ရိပ် ဟု ခေါ်ကြပါ၏။ စက်မှုတက္ကသိုလ် ၏ လျှပ်စစ်အင်ဂျင်နီယာဌာန အနီး တဝိုက်တွင် စွယ်တော် ပင်များရှိပါသည်။ သို့ သော် ရေမှန်မှန် မလောင်းနိုင် ၍ မြေခံ ခြောက်ပြီး အပင်နှင့် အရွက်များ ဖွံ့ ထွားခြင်း မရှိဘဲ၊ ခြောက်ခြောက်သွေ့ သွေ့  ရှိနေတတ်ခဲ့ပါသည်။
စင်္ကာပူရှိ
NUS (National University of Singapore) Hon Sue Sen Library (near Business
School) အနီးတွင် စိုက်ထားသော စွယ်တော်ပင်များက ဖွံ့ ထွား၏။ အရွက်ဖားဖားကြီးများ
မှ မြစိမ်းရောင် လက်နေပြီး၊ ကျက်သရေရှိ၏။ လှပတင့်တယ် ထယ်ဝါနေတတ်ပါ၏။ ရေခံ မြေခံ
ကောင်း ၍ ထင်ပါသည်။ ထားပါတော့။
ကျွှန်တော်
အထက်တန်းကျောင်းသား အရွယ်က ဖတ်မှတ်ခဲ့သော ဆရာ တက္ကသိုလ်ဘုန်းနိုင် ၏ “သူငယ်ချင်းလို့  ဘဲ ဆက် ၍ ခေါ်မည် ခို င်” ဝတ္တု ကို
သတိရမိပါသည်။ ဝတ္တုထဲ က ဇာတ်ကောင် များက မောင်
နှင့် ခိုင်တို့ ဖြစ်၏။ “ ကြိုင် လှိုင် မြိုင် ခိုင် လုံး ရယ်၊ တခိုင်လုံးရယ်
မွှေး ” ဆို တဲ့ သီချင်းစာသားကို လည်း အလွတ်ရ နေပါသည်။ စွယ်တော်ရွက်သည် နှစ်လွှာ
ပေါင်းမှ တရွက် မည်ပါ၏။
အလားတူ
စွာပင် အဆောက်အဦးအတွင်း က တည်ဆောက် တပ်ဆင် ပေးရ သော စက်မှု(Mechanical) နှင့်
လျှပ်စစ် (Electrical) engineering services တို့  မှာလည်း စွယ်တော်ရွက် ကဲ့ သို
့ပင် နှစ်လွှာ ပေါင်းမှ တရွက် မည်ပါ၏။ M&E ဟုသာ အခေါ် များပေသည်။ ရန်ကုန် စက်မှုတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများ
ကောင်းခဲ့ သဖြင့်လည်းကောင်း၊ ကျွှန်တော် ကိုယ်က ဝါသနာ ထုံ သောကြောင့်လည်းကောင်း၊ ဆရာ
ဆရာမများ သင်ကြားမှုကောင်းသဖြင့် လည်းကောင်း ကျွှန်တော် M & E နှစ်ပိုင်းလုံးကို
ကိုင်တွယ်နိုင်ခဲ့ပါ သည်။ ယခုတိုင် အလုပ်တာဝန်များဖြင့် အချိန်ကုန်လှသဖြင့်
ဖတ်ချင် ရေးချင်တာများ ကို MRT စီးကာ ခရီးသွားစဉ်မှာ ပြုလုပ်ရပါသည်။ ဒီကနေ့ 
ကဗျာတပုဒ်ကို တွေးတော ရေးဖွဲ
့နိုင်ခဲ့ပါသည်။
to be continued
No comments:
Post a Comment