Wednesday, March 4, 2015

နိုင်ငံတကာသတ္တိရှင်အမျိုးသမီးဆု ဒေါ်မေစံပယ်ဖြူရရှိ

ယနေ.ည ဗိုလ်နေမြဲ၊ ကျားနေမြဲ တဲ့။

Credit :Thitsar Phyu 
 Date:3/3/2015
လက်ပံတန်း ကျောင်းသားသပိတ် နောက်ဆုံးအခြေအနေ မြင်ကွင်း.......ကျောင်းသား သပိတ်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ လုံခြုံရေးအင်အားတွေဟာ လက်ရှိနေရာမှာပဲ လက်ရှိ အနေအထားအတိုင်း ဆက်နေဖို့ နှစ်ဖက် သဘောတူညီ၊ မနက်ဖြန် မတ်လ ၄ ရက်နေ့မှာ ကျောင်းသားတွေနဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းတို့ ဆက်လက် ညှိနှိုင်းမည်။
ဓာတ်ပုံ - ကောင်းထက်ကျော် (DVB)

credit :Kyaw Swar Myint

Thursday, February 26, 2015

ကျောင်းသားများ၏တောင်းဆိုချက် (၁၁) ချက်

ကျောင်းသားများ၏တောင်းဆိုချက် (၁၁) ချက်

၁။ ပညာရေးမူဝါဒများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကျောင်းသူကိုယ်စားလှယ်များ ဆရာ၊ဆရာမ ကိုယ်စားလှယ်များ
ပါဝင်ရန်။
၂။ ကျောင်းသားသမဂ္ဂများ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ၄င်းသမဂ္ဂများ တည်ရှိမှုအပေါ် တရားဝင်အသိအမှတ်ပြုရန်။
၃။ လက်ရှိပြဌါန်းပြီးဖြစ်သော အမျိုးသားပညာရေးဥပဒေတွင် ပါဝင်သည့် အမျိုးသားပညာရေးကော်မရှင်နှင့်တက္ကသိုလ်များပေါင်းစပ်ညှိနှိုင်းရေးကော်မတီ
ဖွဲ့စည်းထားခြင်း။
၎။ ဒေသအလိုက်နှင့်ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင် ပြဌာန်းခွင့်။
၅။ လက်ရှိကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်စနစ်များ ပြင်ဆင်ရန်။
၆။ ကျောင်းသားများလွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်လေ့လာစူးစမ်းသင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ ပြောင်းလဲရန်။
၇။ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကားအခြေပြုဘာသာစကားစုံ ပညာရေးစနစ် (Mother tongue-based
multilingual education) ကို အမျိုးသားပညာရေး ဥပဒေတွင် ထည့်သွင်းရန်။
၈။ မသန်စွမ်းကလေးများအပါအ၀င် ကလေးအားလုံးအတွက် လူတိုင်းအကျုံးဝင်ပညာရေး(Inclusive Education)။
၉။ ကျောင်းသားအရေးခင်းကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်တက်ရောက်ခွင့်။
၁၀။ ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၂၀% သတ်မှတ်နိုင်ရေး။
၁၁။ အခမဲ့မသင်မနေရပညာရေးစနစ်ကို မူလတန်းအဆင့်မှာသာမက အလယ်တန်းအဆင့်အထိ တိုးမြှင့်ကျင့်သုံးရေး။
(ပြည်ပရောက်မြန်မာနိုင်ငံသားတွေ၊ တောတွင်းလက်နက်ကိုင်အဖွဲ့တွေမိမိနိုင်ငံကို ပြန်လာပါလို့ ကတိပေးပြီး ခေါ်ခဲ့ပါတယ်။ ဒီအချိန်မှာ တိုင်းသူ
ပြည်သားတွေ တစ်ခုပျော်ခဲ့ရတာက "သခင်နု"မြန်မာပြည်ရောက်ခဲ့တယ်။ ပျော်လို့မဆုံးခင်မှာပဲ ပြည်သူပြည်သားတွေ သိလိုက်ရတဲ့အသိကဘာလဲ
ဆိုတော့ ရတနာနတ်မယ်ကို အဖေကြီး နေ၀င်းက လက်ထပ်ဖို့လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်ပါလားဆိုတာ။)
ဒီကနေ့လွှတ်တော်ထဲမှာ ဘယ်သူ့ဆွေးနွေးမှု အကြံပေးမှုတွေကို လက်ခံတယ်ဆိုဒါ အပေါ်ယံကြည့်တော့ ရိုးသားသလိုလို- ဒီအချိန်မှာ အချို့တက္ကသိုလ်တွေက
အထူးစီစဉ်ထားတဲ့ ဘောင်းဘီချွတ် ကျောင်းသားတွေကို ခေါ်သွင်းတဲ့ အချက်ပဲ မဟုတ်လား။ ပိုဆူအောင် ပိုပျက်အောင် ဖန်တီးပြန်ပြီ။ နောက်ပြီး အထူးစီစဉ်ထားတဲ့
ဘောင်းဘီချွတ် ကျောင်းသားတွေကို ပေးအပ်မှာ အမှန်ပါ။

Friday, February 20, 2015

ဧရာဝတီသပိတ်စစ်ကြောင်းမှ သပိတ်မလှန်သေးဘဲ စောင့်ကြည့်မည့် ကာလတွင်

ပင်မကျောင်းသားသပိတ်စစ်ကြောင်း လက်ပံတန်းမြို့ တွင်မတ်လ(၁)ရက်နေ့ မနက်အထိ

ပြည်သူ့ ရဲ ကြီးများ တကယ် ရဲ ကြ စမ်းပါ။

ဒါကို တော့ တကဲ့ ရဲ လို့  ဂုဏ်ပြု ချီး မွမ်း ထိုက်သည် ဟုထင်ပါသည်။
သူတို့  ပေး တဲ့ ငွေ တွေက ဒုစရိုက်မှု အညစ်အ ထေးတွေ ပေ စွန်းနေ တယ်။
 
လူကြီးမင်းတို့  ရဲ့ မိသားစု ကို အညစ်အ ကြေးတွေ ကျွေး သလို၊ အဝတ်အစား ညစ် ထေးထေး
ဝတ်ဆင် ပေး သလို ဖြစ် နေ မှာ ကို သတိပြုပါ။
 
တို့  ဗမာ ဗုဒ်ဓဘာသာဝင် တွေ အဂတိ မလိုက်စားရဘူး။ အဂတိ မလိုက်စားကြဘူး။ အတုအယောင် တွေသာ
အဓမ်မမှု၊ အဂတိ လိုက်စားခြင်း၊ လဂ်ယူခြင်းများကို ပြုကြပါတယ်။
 
အဒိန်န ဒါန ကို မ မေ့ မ လျော့ ဆောက်တည်ရာ၏။

Credit all original contributors.

သတင်းချစ်သူ - ဝေဟင်'s photo.သတင်းချစ်သူ - ဝေဟင်'s photo.

လောက်ကိုင်မြို့မှာ အကျဉ်းထောင်ကိုကာကွယ်ရင်း ကျဆုံးသွားတဲ့ ဒုရဲအုပ်စိုးအေးထွန်း.......(ဟာဂျူလီ-ကသာ)
***************************
ဒီကနေ့(၁၈-၂-၂၀၁၅ရက်နေ့) ကသာမြို့အမှတ်(၅)ရပ်ကွက်မှာ ဒုရဲအုပ်စိုးအေးထွန်းအတွက်ရည်စူးပြီး ဆွမ်းကပ် အလှူဒါနပြုခဲ့ပါတယ်၊
ဒုရဲအုပ်စိုးအေးထွန်းဟာ လောက်ကိုင် ဆီအောအကျဉ်းထောင်ကိုကာကွယ်ရင်း ကျဆုံးသွားခဲ့ခြင်း ဖြစ်ပါတယ်၊ သိရတာကတော့
အဲဒီနေ့မှာ ဆီအောအကျဉ်းထောင်နဲ့ ကို ၀င်ရောက်စီးနင်းမယ်ဆိုတဲ့ သတင်းအရ ဆီအောအကျဉ်းထောင်ကာကွယ်ရေးအတွက်
ဒုရဲအုပ်စိုးအေးထွန်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူခဲ့ရပါတယ်၊ ညပိုင်းမှာ ထောင်အ၀င်ဝမှာ တားထားတဲ့ သံတံခါးအနီးကို
ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့ဝင်တွေ စက်လတ်အပါအ၀င် လက်နက်မျိုးစုံနဲ့ ၀င်ရောက်စီးနင်းခဲ့ပါတယ်၊ထောင်မျှော်စင်ကနေ မီးမောင်းထိုးနေတဲ့
အကျဉ်းဦးစီးဝန်ထမ်းကို ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့ဝင်တွေက ပစ်ချလိုက်ပါတယ်၊ အ၀င်ဝမှာ တာဝန်ယူထားတဲ့ ဒုရဲအုပ်စိုးအေးထွန်းဟာ နောက်မဆုတ်ဘဲ
သူတာဝန်ကျရာနေရာကနေ ခုခံပစ်ခတ်တဲ့အတွက် ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားခဲ့ရပါတယ်၊ ဒုရဲအုပ်စိုးအေးထွန်းကတော့
နားထင်အပါအ၀င် ဒါဏ်ရာများစွာရရှိခဲ့ပြီး နေရာမှာတင် ကျဆုံးသွားခဲ့ပါတယ်၊သူအလောင်းဘေးမှာ သူခုခံပစ်ခတ်ထားတဲ့ ကျည်ခွံများစွာတွေ့ရှိခဲ့ရပြီး
သေနတ်မောင်းကွင်းးထဲက လက်ညိုးကို အတော်ဆွဲထုတ်ယူရတယ်လို့လည်း သိရှိရပါတယ်၊
ဒုရဲအုပ်စိုးအေးထွန်းကျဆုံးခဲ့မှုကြောင့် ကူညီထောက်ပံ့ငွေ ရရှိမှုဟာ သိန်း(၆၀)ကျော်သွားပြီလို့လည်း သိရှိရပါတယ်၊
(ဟာဂျူလီ-ကသာ)

တာဝန်ကျေခဲ့တဲ့သူရဲကောင်း ရဲအုပ် စိုးအေးထွန်းကောင်းရာသုဂတိလားပါစေဗျာ။