အဆင်ပြေရင်အချိန်
ဆယ်မိနစ်လောက်ပေးဖတ်ပါ မိမိသည် ပညာရှင်တစ်ယောက်မဟုတ်သလို ဘာမှလည်းမဟုတ်ပါ
ဤစာရေးသည့်အတွက်လည်း မည်သူကမျှ ပိုက်ဆံမပေးပါ ဒါဖြင့်ဘာကြောင့် ရေးသနည်း
ရှင်းပါသည် ရှက်၍ဖြစ်ပါသည် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး လူမျိုးရေး
ပြဿများအပေါ် အခွင့်ကောင်းယူ၍ မည်းမည်းမြင် ကုလားထင်အောင်
ဖြဲကားရေးသားနေသူများအစား ရှက်လွန်း၍ ဖြစ်ပါသည်
မိမိတို့နိုင်ငံရှိ တိုင်းရင်းသားစစ်စစ်များအား ခိုးဝင်ဘင်္ဂါလီများသဖွယ် ဖြန့်ဝေနေကြသည်ကို ရင်နာလွန်း၍ဖြစ်ပါသည်
မနေ့တနေ့ကပင် မာရမာကြီးလူမျိုးစုအား ကုလားများဟု ရေးသားနေသည်ကို မြင်ရသည်. အချို့လူများကလည်း အကယ်မသိ၍ share ကြ ဆဲကြသည် အချို့ကလည်း သခင်အမည်တပ်ကာ ရည်ရွယ်ချက် ရှိရှိ တမင် ပူးသတ်ကြသည် ထိုအခါ အမျိုးဘာသာအတွက် တကယ်လုပ်နေကြသူများမှာ ငပွကြီးများအဖြစ် အထင်ခံရတော့သည်
လူသားတို့သည် မည်သည့်ဒေသ မည်သည့်ဘာသာ မည်သည့်လူမျိုးအဖြစ် မွေးဖွားချင်ပါသည်ဟု ရွေးချယ်ခွင့်မရှိ ကံစီမံရာကိုသာ လိုက်နာကြရသည် ထို့ကြောင့် ဘာသာမတူ လူမျိုးမတူရုံမျှဖြင့်တော့ မုန်းတီးစရာ အကြောင်းမရှိပေ....သို့သော်...အချို့သော အချို့သော အကြောင်းအရာများအရ အစွန်းရောက် သွေးဆာ နယ်လုသော လူနည်းစုအမည်ခံများကိုတော့ အလွန်မုန်းတီးပါသည်
အထူးသဖြင့် ရခိုင်ဒေသ ...ရခိုင်ဒေသသည် ပထဝီဝင်အနေအထားအရသော်လည်းကောင်း အိမ်နီးချင်းဒေသများအရသော်လည်းကောင်း လူမျိုးရေး ပြဿနာ အရှုပ်ထွေးဆုံးဒေသတစ်ခုဖြစ်လာသည် ရှေးခေတ်အဆက်ဆက် ရခိုင်မင်းများစိုးစံလာစဉ်ကာလ ကပင် ပြည်မနှင့် ဆက်သွယ်ခြင်းထက် အနောက်ဘက်ဒေသရှိ အာရိယာန် (အိန္ဒိယ)တို့နှင့် အဆက်အသွယ်များခဲ့၏ ထိုအချိန်ကလည်း ရခိုင်ဒေသနှင့် အာရိယာန်တို့၏ဒေသသည် ယခုလို ဘင်္ဂလားပင်လယ်အော်ကြီးမခြားဘဲ ရေလက်ကြားတစ်ခုသာ ခြားသည်ဟုဆိုကြသည် ရှေးဟောင်း ကောတုံတရဇ် မြို့ကြီးတွင် မိစ္ဆာအယူဝါဒများ လွှမ်းမိုးပြီး မီးတောင်များပေါက်ကွဲရာမှ ယခုရမ်းဗြဲကျွန်း မာန်အောင်ကျွန်း ရဲကျွန်း တိုက်ကျွန်း သပြုချိုင်ကျွနိး ရင်ဘတ်တီးကျွန်း စသည်ဖြင့် ကွဲထွက်သွားသည်ဟု အဆိုရှိကြသည် မည်မျှမှန်သည် မှားသည်ကိုတော့ မပြောနိုင်ပေ
သို့သော် ရခိုင်ဒေသရှိ ရွှံမီးတောင်များ အမွှာမွှာဖြစ်နေသည့် ကျွန်းဆွယ်များက ထိုရာဇဝင်ကို ထောက်ခံနေသကဲ့သို့ရှိသည် ရခိုင်ဒေသရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများထဲမှ အချို့မှာ အနောက်ဘက်ဒေသနှင့် မူလတည်းကပင် အဆက်အဆံလည်းရှိ ရေမြေလည်း ဆက်စပ်နေသောကြောင့် ဝတ်စားဆင်ယင်ပုံမှအစ အသားအရောင် မျက်နှာပုံပန်းများပါ ခပ်ဆင်ဆင်ဖြစ်နေကြသည်
သို့သော်...သူတို့မှာ ဗုဒ္ဓဘာသာ စစ်စစ် တိုင်းရင်းသား ၁၃၅ မျိုးစာရင်းဝင် ဖြစ်ကြသည်
ရခိုင် သက် ဒိုင်နက် (ချက္ကမာ ခ သက္ကမာ) ကမ်းယံ ခမွီ မာရမာကြီး(ဘရူးဝါး) မြို ကမန် ဟူ၍ ရခိုင် ၇ မျိုးရှိသည် ဟူ၍ကြားဖူးသော်လည်း အချို့စာများ၌ သက် နှင့် ဒိုင်နက် မှာ တပုံစံတည်းဟု ရေးထားကြပြန်သည် (ပညာရှင်များသာ ဆုံးဖြတ်ကြပါ...)
ထိုမျိုးနွယ်စုများအနက် ရခိုင်မှ လွဲ၍ ကျန်လူမျိုးနွယ်များမှာ လူနည်းစုပင်ဖြစ်သည် အချို့ကို ပြည်မမှ ဗမာများ မြင်ပင်မမြင်ဖူးကြ...ယခင်က ရခိုင်တိုင်းရင်းသားများ စုဝေးခဲ့ရာ သဇင်ပန်းခိုင်တမြိုင်မြိုင်ဖြင့် ရခိုင်ပျိုဖြူကလေးများ စုဝေးရာ..ဘူးသီးတောင် မောင်းတော ဒေသများတွင် ဗုဒ္ဓဘာသာဟူ၍ လက်ချိုးရေရမတတ်ဖြစ်နေချေပြီ..မည်သည်က ကိုယ့်တိုင်းရင်းသား မည်သည်က လူ့ကပ်ပါးများဟူ၍ပင် ခွဲရခက်နေလေပြီ..ထို့ကြောင့် အနည်းအကျဉ်းမျှဖြစ်ဖြစ်သိပါစေတော့ဟူသော ရည်ရွယ်ချက်ဖြင့် မိမိလက်လှမ်းမှီသမျှထဲမှ သက် လူမျိုးများအကြောင်း စုစည်းတင်ပြပါသည်
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်သေွးသားများကို တန်ဖိုးထားတတ်ပါစေ ချစ်ခင်အလေးထားတတ်ကြပါစေ ဟူ၍ ဆန္ဒပြုလိုက်ရပါသည်
ဤစာစုအတွက် ဒိုင်နက် - သက္ကမာ page အားလည်းကောင်း သက်တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့စရိုက် page အားလည်းကောင်း
ရခိုင့်အလှသဘာဝ page အားလည်းကောင်း 1989 ခုနှစ် စာဗေဗိမာန်ဆုရ မောင်ကျော်ရှင်း ၏ ကနန်းအလှအားလည်းကောင်း ဆရာဖိုးကျော့၏ ကောတုံတရာဇ်ရေအောက်မြို့တော် အားလည်းကော
ထွန်းရွှေခိုင်၏ သက်တိုင်းရင်းသား အားလည်းကောင်း အခြားသော fb user များအားလည်းကောင်း Photo ပိုင်ရှင်များအားလည်းကောင်း credit ပေးပါသည် အမှားအယွင်းများရှိပါက ထောက်ပြ ခွင့်လွှတ်ကြပါ...
ရှေးဦးမြန်မာ သက်တိုင်းရင်းသားများ၏ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာပုံ
**********
ပြည် ထောင် စု မြန်မာ နိုင်ငံအ တွင်း မှီတင်းနေထိုင်ကြ ကုန်သောတိုင်း ရင်းသား လူမျိုးအားလုံး သည်မွန်ဂို မျိုးနွယ်ဝင် လူမျိုးကြီး(၃)စုမှ ဆင်းသက်ပေါက် ဖွားလာခဲ့သည် ဟုယူဆရပါသည်။ ယင်းတို့အ နက်ပထမ အုပ်စုမှာ-“မွန်ခ မာ” ဖြစ်ပြီး ၀၊ ပလောင်၊ မွန်၊ ပဒေါင်း ၊မြောင်လူမျိုးများ အဖြစ်ဆင်း သက်လာ သည်ဟု ယူဆရ ပါ သည်။ ဒုတိယအုပ်စု အနေဖြင့်“တိဗက်-မြန်မာ”(Tibeto-Burman)အုပ်စုဖြစ်ပြီး ကချင်၊ ချင်း၊မြန် မာနှင့် ရှေးမြန်မာအနွယ် ၀င်များပါဝင် နိုင်ပါသည်။ တတိယ အုပ်စု အနေဖြင့်“ ထိုင်း တရုတ်”အုပ်စုဖြစ် ပြီးရှမ်းနှင့် ကရင်လူမျိုးများဖြစ်သည်ဟု ယူဆရပါ သည်။ မြန်မာနိုင်ငံအ တွင်း သို့ဝင် ရောက် လာသူများဖြစ် သည်ဟု ယူဆရသော လူမျိုး အုပ်စု(၃)စုအနက်၊ တိ ဗက်-မြန်မာအုပ်စုမှာ လက်ရှိမြန်မာနိုင်ငံမြေပုံ၏ အရှေ့ဘက်လမ်း၊ အနောက် ဘက်လမ်း၊လမ်း(၂) လမ်းဖြင့် ၀င်ရောက်လာဟန်ရှိခဲ့သည်။
အရှေ့ဘက်လမ်းမှ ၀င်ရောက်လာသူ တို့မှာမဲခေါင်မြစ်ကြောင်း၊သံလွှင်မြစ်ကြောင်းတို့ဖြင့်ဝင် ရောက် လာခဲ့ကြ ပြီးမြန်မာနိုင်ငံအတွင်းသို့ရောက်သောအခါပျူ၊ကမ်းယံ၊သက်ဟူ၍ ကွဲပြားခဲ့ခြင်းဖြစ်သည်ဟု ယူဆရ သည်။ ထိုအထဲမှ-“သက်”မှာ ယခုချင်းလူမျိုးများဖြစ် သည်ဟုယူဆကြသည်။
ပုဂံခေတ်ရှေးဟောင်းကျောက် စာများတွင် အနောက် ဖက်ဒေသတောင် များပေါ်တွင်နေထိုင် သူတို့ကို “ချင်း”ဟုရေးထိုးကြ ကြောင်း သိရသည်။ ထိုချင်းလူမျိုးများကိုမြန်မာနိုင်ငံ အလယ်ပိုင်း မင်းဘူးခရိုင်၊သ ရက်ခ ရိုင် ၊ပြည်ခရိုင်၊ ပျဉ်းမနားခရိုင်၊ ရခိုင်ရိုးမတောင်ဖက်နှင့် အလယ်ပိုင်း တစ်လျှောက်၊ ပဲခူးရိုးမ တောင် စွယ်များ တို့ တွင် လည်းတွေ့ရပါသည်။ တိဗက်-မြန်မာ အုပ်စုဝင် ဘာသာစကားကို ပြောဆိုသောလူမျိုး အချို့တို့ က -မြန်မာနိုင်ငံအ တွင်းသို့အရှေ့ မြောက်ဖက်ပိုင်း မှဝင်ရောက်ပြောင်း ရွေ့လာသောချင်း လူမျိုး တို့သည် နောက်ဝင် လာသူတို့ အားနေ ရာဖယ် ပေးခြင်းဖြင့်မြန်မာနိုင်ငံ အနောက် ဖက်ပိုင်း ရိုးမ တောင် တန်းများနှင့် ပင်လယ်ကမ်းခြေများ တွင်ပြောင်းရွေ့ပြီး အခြေစိုက်နေ ထိုင်ခဲ့ ဟန်ရှိ သည်ဟု ဆိုကြသူများ လည်းရှိပါသည်။
လွန်ခဲ့သောနှစ်ပေါင်း များစွာကပင်ချင်းလူမျိုးအ များအပြားသည် ဧရာဝတီ အရှေ့ဖက်မြစ် ၀ှမ်းရှိ မြေပြန့်ဒေ သများ၊ ရခိုင်ပြည် နယ်ဒေသ များသို့ပျံ့နှံ့နေ ထိုင် လာ ကြသည် မှာ ဖြစ်တန်ရာ၏။ ထို့အပြင် ချင်း လူမျိုးတို့ ၏ မူလဇစ်မြစ်မှာဇို၊ ယော၊ ယို၊ ရှိုအမျိုး အနွယ် ဆက် များဖြစ်သည်ဟု လည်း ပြောကြ ပါသေး သည်။ ဇို ၊ယော၊ ယို၊ ရှို စသောခေါ် အဝေါ်များ သည် အာသံနယ် အထိဆက် စပ်နေသော လူမျိုးတို့ ၏ အ မည် များဖြစ်သည်ဟု ရှေးသုတေ သီတို့ ကဖေါ်ပြ ကြသည်။ ချင်းလူမျိုးတို့ တွင် မြောက်ပိုင်းချင်းနှင့် တောင်ပိုင်း ချင်းဟူ၍အကြမ်းအားဖြင့် (၂)မျိုးတွေ့ရသည်။ တောင်ပိုင်း ချင်းထဲတွင်- ပခုက္ကူတောင် တန်းဒေ သနေချင်း များ၊ မင်းဘူး၊ သရက်၊ ပြည်ခရိုင်နှင့် ရခိုင် တိုင်းနေ ချင်းများပါဝင်ကြပါ သည်။
မြန်မာနိုင် ငံတောင်ဖက် အကျဆုံး ချင်းတို့ဆိုသည် မှာ-“ရှို” သို့မဟုတ်“အရှို”(မြေပြန့်ချင်း၊ တောင် ပိုင်းချင်း)ဖြစ် ကြပါ သည်။ ထို့ကြောင့် ချင်း လူမျိုးတို့သည် တိဗက်-မြန်မာအနွယ်ဝင်များဖြစ်ပြီး၊ အခြားတိ ဗက်-မြန်မာအနွယ် ၀င်များနှင့် အတူ အာရှအလယ်ပိုင်းမှမြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်လားခဲ့သောသူ များဖြစ်နိုင် သည်။ အေဒီ-၉၀၀ မတိုင် ခင်ကမြန်မာနိုင် ငံအတွင်းသို့ ၀င်ရောက်လာ ခဲ့သော တိဗက် -မြန်မာ အနွယ်ဝင် “သက်”တို့ သည် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအနှံ့ အပြား၌အခြေ စိုက်နေထိုင် ခဲ့ကြခြင်းဖြစ် သည်။
အထူး သဖြင့်မြန် မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်း နှင့်ရခိုင် တိုင်းတို့ တွင်ဖြစ်သည်။ ဤ သို့နေ ရာ ဒေ သအနှံ့ လှည့်လည် နေထိုင်လာခဲ့ကြသောကြောင့် နေရာဒေသကိုလိုက်၍ အမည် နာမများလည်း အမျိုးမျိုး ကွဲပြား ဟန်ရှိပေသည်။ ၁၉-ရာစုအစောပိုင်းကာလတွင် အမေရိ ကန်နှစ်ခြင်းသာသနာပြု(ABM) များ ရောက်လာချိန်တွင် “အရှို”လူမျိုးတို့အား “ခရင်း (KYENS)ဟူ၍လည်း ကောင်းခေါ်ကြ ကြောင်းလည်း သိရပါသည်။ မြန်မာနိုင်ငံအ လယ်ပိုင်းဒေသ တို့ ၌နေထိုင် သူတို့အား“အရှို” ဟူ၍လည်းကောင်း ၊မြန်မာနိုင်ငံ ၏ အ နောက်ဖက် ပိုင်းတွင်နေ ထိုင်သောချင်း တို့အား“ခမိ”ဟူ၍ခေါ်ဝေါ်ကြကြောင်းတွေ့ရှိရပါသည်။
မည်သို့ပင်ဖြစ်စေ ကာမူ -မြေပြန့်ချင်း များ အကြား အုပ်စု အမည်နာမ အမျိုးမျိုး ကွဲပြားနေကြ သော် လည်း ပြော ဆိုကြသော ဘုံဘာ သာ စကားမူရင်းမှာ ပဲခူးတိုင်း၊ မကွေးတိုင်းတို့တွင်နေ ထိုင်ကြသော မြေပြန့် ချင်းတို့၏စကားသည် သက်စ ကားပင်ဖြစ် သည်။ သို့ရာတွင်နောက် ၀င်လာသူ တို့အားနေ ရာဖယ်ပေးခြင်းဖြင့် မိမိ တို့ ပြောင်းရွေ့နေ ထိုင်သောဒေ သရှိလူမျိုးများတို့၏ စကားသံ လွှမ်းမိုးမှု များကြောင့်အနည်ဲးငယ် မျှကွဲပြားမှု ရှိကြောင်း နားလည်ရ ပါသည်။ ထို့ကြောင့်မြန်မာ နိုင်ငံအလယ်ပိုင်းတွင်နေ ထိုင်သော မြေပြန့်ချင်းများနှင့် ရခိုင်ပြည် နယ်ဒေသ များတွင်နေ ထိုင်သော ချင်းများ သည် မူရင်းသက်မျိုးနွယ်စုဝင်များပင်ဖြစ်သည်။
ပုဂံနေပြည်တော် ၏ အရှေ့ဖက် (၈)မိုင် ခန့် အ ကွာတွင် ရှိသော တူရွင်း တောင် မှာ” သက် စိုးတောင်”ဟူ ၍ပုဂံခောတ် တွင်ခေါ် ဆိုရာ ထိုခေတ် က ထိုဒေသ တွင် သက်များ အုပ်စိုးခဲ့ သောတောင် ကုန်း များဖြစ် ခဲ့ကြောင်းဖေါ်ပြ လျှက်ရှိပေ သည်။
ဤသို့ဖြင့် ပုဂံခေတ်ဦး ပိုင်းမြန်မာများ သည်မြန်မာပြည် အလယ် ပိုင်းခြောက်သွေ့ ဇုန်စပါး ကျီဒေသ”Rice bowl in Dry Zone”ကိုလွှမ်းမိုး ထိန်းချုပ်နိုင်ရေးအ တွက်ကြိုးပန်း ရာတွင် အဓိကပြိုင် ဖက်မှာ သက်လူမျိုး များဖြစ်ပေ သည်။ မြန်မာများ၏ လွှမ်းမိုးမှုကြောင့်သ က်လူမျိုးတို့ သည် ဧရာဝတီမြစ်၏ အနောက် ဖက်ခြမ်း၊ ရခိုင်ရိုးမ တောင် တန်းကြီး များ၏ ဆင်ခြေလျောဒေ သများ ဖက်သို့ပြောင်းရွေ့နေ ထိုင် လာခဲ့ကြ ဟန်ရှိ သည်။ အကြောင်း မှာ-ရခိုင်ရိုးမ အရှေ့ဖက်ခြမ်းရှိ ”မစ္ဆဂီရိ”ခေါ်သ ရက်မြို့ သည် သက်တို့၏ အချက် အခြာမြို့တော်ဖြစ် ခဲ့သောကြောင့် ပင်ဖြစ် သည်။ မည်သို့ပင် ဆိုစေကာမူမြန်မာ တို့အခြေချ ၀င်ရောက် လာမှုသည် သက်လူ မျိုးတို့ အားရခိုင် ဖက်သို့ တွန်းပေး သည့်နှယ်ဖြစ်ခဲ့သည်။
အထက် တွင်ဖေါ်ပြ ခဲ့သော ”မစ္ဆဂီရိ” သက် မင်း” ကဒုံ”နှင့်နာ မည် ဆင်တူသည့် ဘုရင်တစ်ပါး သည်ရ ခိုင်ရိုး မ၏အနောက် ဖက်ခြမ်း”စိုင်း တင်”မြစ် ၀ှမ်းဒေသ တွင် စိုးမိုးအုပ်ချုပ်ခဲ့ကြောင်းတွေ့ရ သည်။ စိုင်း တင်ဒေ သ၌ ယခုထိတိုင်နေ ထိုင်လျှက်ရှိသော သက်လူမျိုးတို့နှင့် ဘာသာစကား နီးစပ် သည့်”မြို(ခေါ်)ခမွီး” လူမျိုးများ၏ အစဉ်အဆက် ဆင့်ကဲဆင့်ကဲပြော ဆိုသော သမိုင်းများတွင် ဤဒေ သ အား” ငမောင်ကဒုံ (ခေါ်)ဧရာမလူ သား”တစ်ဦးက စိုးမိုးအုပ် ချုပ်မင်း လုပ်ခဲ့သည် ဟုဆိုကြသည်။
ယခုအခါပုဏ္ဏား ကျွန်းမြို့ နယ်တော ဖျားချောင်းရှိ ဆင်သေရွာ မရောက်မှီတွင်”သက် ကျိုင်းတောင်” ဟုခေါ်သောတောင် တစ်တောင် ရှိသည်။ ယင်းတောင် တွင် သက်မင်းစိုး စံခဲ့ရာဒေ သဖြစ်သည်ဟု လည်း ဆိုကြသည်။ အထက် တွင်ဖေါ်ပြခဲ့သည့် ငမောင် ကတုံး အုပ်ချုပ်ရာစိုင်း တင်ဒေ သနှင့်ရေကြော မြေ ကြော တ ဆက် တည်းဖြစ်သော အဆို ပါဒေသ သည် သက်များအခြေ ချနေထိုင်ခဲ့ သည့်ဒေသဖြစ် တန်ရာသည်။ မည်သို့ပင်ဖြစ်စေမြို လူမျိုးတို့က ငမောင်ကဒုံ အမည်ကို စွဲကျန်ရစ်ခဲ့ သည်မှာ တစ်ချိန်ကသက်လူမျိုး တို့နှင့် ဒဏ္ဍာရီ သဖွယ် မှတ်ယူခဲ့ပြီးရောထွေး ယှက်နွယ်ကာ တစ်ဆင့်ကူး ယူဖောက် သည်ချခြင်း မျိုးလည်းဖြစ်နိုင် ပါသည်။ ဤသို့မြန် မာပြည်အလယ် ပိုင်း၌မြန်မာ များ ၀င်ရောက် အခြေချနေ ထိုင်မှုသည် သက်လူ မျိုးတို့ အား ရခိုင်ဖက်သို့ တွန်းပို့ပေး လိုက်မိသကဲ့သို့ အကျိုး သက်ရောက် မှုကိုဖြစ်ပေါ်စေ ခဲ့ပါသည်။
အေဒီ- ၁၀ -ရာစုလောက် တွင် ရခိုင်”မဟာ မုနိရုပ်ရှင်တော်” အားဖျက်ဆီး ခဲ့ကြသည့် တိုင်အောင် ဖြစ်ခဲ့ သည်ဟု ရခိုင်ရာ ဇ၀င်များ၌ဖေါ်ပြ ထားသည်။ ဤအခြေ အနေ များကြောင့်အေ ဒီ၁၈-ရာစုနှောင်း ပိုင်း ဘိုးတော် ဘုရားကမြောက် ဦး(မြို့ဟောင်း)ကိုတိုက် ခိုက်သိမ်းယူသော အခါအံ့သြ ဖွယ်တွေ့ ရှိခဲ့ရသည့် မဟာမုနိဘုရား ရင်ပြင်တော်တွင် ထားရှိသော ”ယတြာ ခေါင်းလောင်း ”၏အင်း ကွက် တွင်သက်လူမျိုးကို လည်း ထည့် သွင်းဖေါ်ပြ ထားကြောင်းတွေ့ ရသည်။
အချို့သောသမိုင်း ပညာရှင်များက”သက်” ဟူသောဝေါ ဟာ ရ သည် ”သကျ” မှရွေ့ လာသော စ ကားဖြစ်၍ သက်လူ မျိုးများကို သာကီဝင်ဟု အချို့က ယူ ဆကြ သည်။ ပါမောက္ခလူ့(စ်)၏ အဆို အရ သက်လူမျိုးတို့ သည်မြန်မာပြည် တွင်တွေ့ရှိရသည့် တိ ဗက်မြန် မာ စ ကားပြော ဆိုသော လူမျိုး အုပ်စုများအ နက်ရှေးအ ကျဆုံးသော လူမျိုးအုပ်စုတစ် စုပင်ဖြစ် သည် ဟုဆိုကြသည်။
ထိုစဉ်က သက်တို့သည်မြန်မာနိုင် ငံမြောက်ပိုင်းမှ ၀င်ရောက်လာ ကာ မဏိပူရ၊ ကဘောချိုင့်ဝှမ်း၊ ဟူးကောင်း တို့ တွင်မူ လအခြေချနေ ထိုင်ခဲ့ကြသည်။ နယ်န မိတ်နှင့်သတ်မှတ်ပါက အနောက်မြောက် ဖက်မဏိပူရ ချိုင့်ဝှမ်းမှ အရှေ့ဖက်ဧရာ ၀တီမြစ်အ ထိပျံ့နှံ့နေ ထိုင်ခဲ့ကြသည်။မြန် မာနိုင်ငံအလည် ပိုင်းပု ဂံမြို့ထိတိုင်အောင် ပျံ့နှံ့ခဲ့ဟန်လည်းရှိသည်။ အုပ်ချုပ်ရေးအာဏာ စက်သည်အဆို ပါဒေသများ တိုင်အောင် ပျံ့နှံ့ခဲ့သည်ဟုအတိ အကျမဖေါ်ပြနိုင်သော် လည်းရှေး သက်လူမျိုးတို့ ထိုဒေသများ တွင်နေထိုင်ခဲ့ကြောင်း ကိုးကားနိုင်သည်။
(ထွန်းရွှေခိုင်-“ရခိုင်ပြည်မြောက် ဖျားပိုင်းဒေသမှ သက်တိုင်းရင်း သားများ”ရန်ကုန်။ စစ်သည်တော် စာပေ တိုက်။ ၁၉၈၈။)
ယူနန်၏အနောက် ဖက်ပိုင်းတွင် နားပေါက်မျိုးနွယ်အုပ်စု ရှိကြောင်းအေဒီ(၁) ရာစုရှေး တရုတ် တို့ကြားသိ ခဲ့ရသည်။ ထိုမျိုးနွယ် စုမှာ ဧရာဝတီမြစ်ညှာ ပိုင်းသို့ရောက်သော် ”သက်ကတူး” များဖြစ် မည်ဟု ယူဆရသည်။ ဤဝေါဟာရသည်နောင် အခါမြန်မာတို့ သိသော” နား ပေါက်”နှင့် ထပ်တူနေ လိမ့်မည်။ ဤထိုအချက်ကိုမူတည်၍ ”သက်က တူး”တို့သည် ”ယှီးခန်(င်)”မှ ဧရာ ၀တီမြစ်ညှာပိုင်းသို့ ဆင်းလာကြောင်း ခန့်မှန်းနိုင်ခြင်းဖြစ် သည်။ ”စီးချွမ်း”နှင့်” ယူနန်” နယ်စပ် သည်မြန်မာတို့၏ နယ်မြေဖြစ် သည်။
သူတို့ကမြန်မာ တို့၏ နယ်မြေကိုမ ထိုးဖေါက်နိုင်သောကြောင့် ”ယှီးခန်(င်)”နှင့်” ယူနန်”နယ်စပ် သို့ရာက် လာပြီးမှ ဧရာဝ တီမြစ်ညှာသို့ ဆင်းလာရသည်။ သို့ရာတွင်AD-၉-ရာစုရောက်သည့်အခါ ၄င်းတို့သည် ဟူးကောင်းတောင် ကြားနှင့် ဥဖရတ်ချောင်း ဖျားသို့ ရောက်နှင့်နေပြီးဖြစ်သည်။ ဤစကား”KO-LO-FEND”ကော်လော် ဖဲင့်၏စစ်ဆင် မှုကြောင့် ၄င်းတို့သည် အနောက် ဖက်သို့ တိမ်း ရှောင် ခဲ့ခြင်းဖြစ် တန်ရာသည်။ တရုတ်မှတ် တမ်းလာ”နားကြီး” နိုင်ငံသည် ဟူးကောင်း တောင်ကြား နှင့် ဥရုချောင်းဖျားကို ဆိုလို သည်။ နားကြီးဟူသော အမည်သည် တရုတ်တို့ပေးသော အမည်မဟုတ် ပါ။ နယ်ခြားဒေသမှ မျိုးနွယ်စု တစ်ခုခုကပေးသော အမည်ကို တရုတ်တို့က တိုက် ရိုက်ခေါ်ဆို ထားခြင်းဖြစ် သည်။ သက်အုပ်စု ကွဲသည် ဟူးကောင်း တောင်ကြားနှင့် ဥရုချောင်းဖျားမှချင်း တွင်းမြစ် အတိုင်း ဆင်းလားခံရာ မဏိပူရ သို့လည်းကောင်း၊ ဘင်္ဂလားဒေ့ခ်ျ အရှေ့ဖက်သို့ လည်းကောင်း ပျံ့နှံ့သွားသည်။ ”ကတူ”အုပ်စုကွဲတို့မူ ကားတကောင်း ဖက်သို့ရောက်ပြီး ထိုမှတဆင့်က သာမြစ်ကြီး နားဖက် သို့ပျံ့နှံ့သွားသည်။
ကတူး အုပ်စုကွဲသည် ဟူးကောင်းတောင် ကြားနှင်ဥ ရုချောင်း ဖျားမှဆင်းလာခဲ့ရခြင်း အကြောင်းမှာ ယူနန်နယ် အနောက်ဖက်မှ တက် လာသောထိုင်း (THAI)တို့သည် အာသံနယ်ထဲ သို့ဝင်ရောက် လာ ခဲ့ခြင်းကြောင့်ဖြစ် သည်ဟု ဆိုနိုင်ပေသည်။ ဤသို့သက် လူမျိုးတို့နေထိုင်ရာမြောက်ပိုင်း တစ်ခွင်မှမြန် မာပြည် အလယ်ပိုင်း ပုဂံ ၊ကျောက်ဆည်၊ သရက်ဒေသများသို့မည် သို့ရောက်ရှိခဲ့ကြရပါသနည်း။ ယင်း အကြောင်းနှင့် ပတ်သက်ပြီးဗိုလ်မှူးဘရှင်က-ထိုသို့မြန် မာပြည်မြောက် ပိုင်းအထက် ချင်းတွင်းဒေ သတစ် ၀ိုက် တွင် အခြေချနေထိုင်ခဲ့ကြသော သက်လူမျိုးတို့ သည်နောက်ပိုင်း ၀င်ရောက်လာ သည့်ချင်းလူမျိုး များနှင့် နာ ဂ လူမျိုး များ၏ အခြေ ချဝင်ရောက်နေထိုင် လာမှု တို့ကြောင့် ထပ်မံအုပ် စုကွဲ ထွက် ကာတောင် ဖက် အ ရပ် သို့ တစ်ဆင့်တိုး ၍ရွေ့သွားခဲ့ ဟန်ရှိသည် ဟုဖေါ်ပြထား သည်။
ရခိုင်ရိုးမ၏ အရှေ့ဖက် မင်းတုန်း၊ ကာမ (ယခုကံမ)၊ သရက် များတွင်တွေ့ရသည့်သက်လူမျိုး များကို မူ ”အရှေ့သက်” ဟုခေါ်ဆိုခဲ့ကြသည်။ ရခိုင်ဒေ သခံသမိုင်း မှတ်တမ်း များအ ရ သက်တို့ သည် ရခိုင်ဒေသ သို့အေဒီ-၁၀ရာစုဝေ သာလီ ခောတ် နှောင်းပိုင်း ၊လေးမြို့ခေတ် ဦး ပိုင်း ကာ လ တွင်ရောက်ရှိခဲ့ ဟန်တူပေ သည်။ အေဒီ-၉-ရာစုလောက် တွင်မြန် မာပြည်အ လယ်ပိုင်းကျောက် ဆည်ဒေ သ သို့မြန်မာများ အခြေချဝင်ရောက် လာ သော အခါ ထိုဒေသနှင့် တကွမြန် မာပြည်အလယ် ပိုင်းခြောက်သွေ့ဒေ သ တစ်ဝိုက်တွင် သက်လူ မျိုးတို့ရှိ နှင့်ပြီးဖြစ်ပေသည်။
-သက်လူမျိုးတို့၏၀တ်စားဆင်ယင်မှု-
*** * * * * *** *** **** **** *** * * *
သက်လူမျိုးတို့၏၀တ်စားဆင်မှုတွင်
ထူးခြားသော အမျိုးသားရိုးရာယဉ်ကျေးမှု
လက္ခဏာ များရှိနေပါသည်။ အမျိုးသားများသည် လူပျော်ဖော်ဝင်လျှင်
အလျား ၉ တောင်၊အနံ ၁ ထွာရှိသော ပိတ်ဖြူစ
ခေါင်းပေါင်း( သက်အခေါ် အပေါင်း)ကိုဆင်မြန်းရသည်။လူပျိုခေါင်းဆောင်ကလူပျိုဝင်လူသစ်လူပျိုလောင်းကိုအခမ်းအနားဖြင့်ဆင်မြန်းပေးရသည့် ခေါင်းပေါင်းစကို ဘယ်ဘက်တွင်ချ၍ပေါင်း ပေးရသည်။" ယောင်္ကျားကောင်းတစ်ယောက်အဖြစ်သိုရောက်ပြီ "ဟူသောသ
ဘောကိုဆောင်ခြင်းဖြစ်သည်။
အမျိုးသမီးများမှာလည်း အပျော်ဖော်ဝင်
သည်မှစ၍ အမျိုးသမီးခေါင်းဆောင်က လူသစ်
မိန်းမပျိုလေးကို သုံးပေခန့်ရှိ စတုရန်းပုံအ၀တ်စနက်ကို ထောင့်ဖြင်ခေါက်၍ နားထင်တစ်လျှောက် စည်းပေးရသည်။အမျိုးသမီးခေါင်းပေါင်းကို (ရက်ကန်းပေါင် )ဟုခေါ်သည်။
အမျိုးသမီးများသည် ပျမ်းမျှလက်မ၀တ်မှ နှစ်လက်မအထိကျယ်သောနားကွင်း(နားတောင်း သက်ခေါ် နံတောင် )များကို ၀တ်ဆင်ခြင်း ၊အပျိုအရွယ်ရောက်သူတိုင်း သုံးပေခွဲခန့်ရှိ စတုရန်းပုံ အနက်ရောင်ပိတ်စကို ကန့်လန့်ဖြတ်( ထောင့်ဖြတ်)ခေါက်ချိုး၍ရင်သားအပေါ်လွှမ်းကာ နောက်တွင်ထုံးပြီးချည်နှောင်ထားသော ရင်စည်း (ရင်ကန့် )ကိုဝတ်ဆင်ခြင်း၊ထဘီအထက်ဆင့်နေရာတွင် လေးပင်မှ
ဆယ်ပင်ထိငွေကြိုး ရွှဲကြိုး များကိုအလှအပအဖြစ်ပတ်ကာ ချည်နှောင်ထားကြခြင်း စသည့်တို့ပင်ဖြစ်သည်။
သက်လူမျိုးတို့သည် ၀တ်စားဆင်ယင်မှုတွင် အမျိုးသားရိုးရာယဉ်ကျေးမှုဓလေ့ ၀တ်စား ဆင်ယင်မှုလက္ခဏာများကိုတင်းကျပ်စွာ
ထိန်းသိမ်းခဲ့မှုကြောင့် ယနေ့တိုင်လူမျိုးမပျောက်ဘဲ အမြူတေ လူမျိုးဘ၀သို့ရောက်ရှိနေကြဆဲဖြစ်သည်။
""---သက်ဘာသာဗေဒမှတ်စုတို--''''
သမိုင်းပညာရှင်များက သက်လူမျိုးအမျိုးအနွယ်အုပ်စုမှ
လွီ၊ထမန်၊အင်ကျယ်၊မာလင်၊ကတူးနှင့်ကနန်း၊လူမျိုးတို့သည်ဆင်းသက်လာခဲ့ကြောင်းဖော်ပြထားပါသည်။သို့ဖြစ်ပါ၍ ကနန်းလူမျိုးနှင့်ကတူးလူမျိုးတို့သည်
သက် အနွယ်ဖွားမျိုးနွယ်စုဖြစ်သည်ဟုဆိုရပေမည်။
သက်လူမျိုးတို့၏မှုရင်းဒေသမှာ အာသံ၊မဏိပူရ၊ကဘော်ချိုင့်ဝှမ်း၊ဥရုမြစ်အစရှိသောနေရာများပင်ဖြစ်သည်။
ကနန်းလူမျိုးတို့၏အခြေစိုက်နေထိုင်ရာမူးမြစ်ဖျားသည်လည်းဥရုမြစ်နဲ့ထိစပ်က်လျှက်ရှိနေပေသည်။
ကတူးနှင့်ကနန်းတို့၏မူရင်းလူမျိုးဖြစ်သောသက်လူမျိုးတို့သည်တိဗတ်တိုဘားမင်းစကားပြောလူမျိုးဖြစ်ပါသည်။
သို့ဖြစ်၍ကတူးနှင့်ကနန်းလူမျိုးတို့သည်လည်း
တိဗတ်တိုဘားမင်းစကားပြောသက်လူမျိုးတို့နှင့်
ဘာသာစကားဆက်နွယ်မှုရှိကြောင်းကိုလေ့လာတွေ့ရှိရပါသည်----
သက်=ကဒူး
သက်=ကနန်း
သက်=လွီ
သက်=အင်ဂျယ်
သက်=မာလင်
သက်=ထမန်
သက်=မြို(မြုံ)
ယင်းတိုင်းရင်းသားလူမျိုးများကို သက်ဟုခေါ်သည်။ အမည် အမျိုးမျိုးသမုတ် ခေါ်ဝေါ်နေကြသော်လည်း ၎င်းတို့သည် မိမိကိုယ်မိမိ Asak (အာ့စက်) ဟုခံယူ ကြပေသည်။ မိမိကိုယ်မိမိအသက်တမျှချစ်မြတ်နိုးခြင်း၊ အမျိုးကိုစောင့်ရှောက်ခြင်းဟု အဓိပ္ပါယ် ရရှိပါသည်။ သက်လူမျိုးမှန်ပါက Tebato_burman ဘာသာစကားကို ပြောသည်
သက် လူမျိုးစုတို့သည် ဘာသာဘာဝအလျှောက် ရွှေ့ပြောင်းတောင်ယာစနစ်ကို ကျင့်သုံးကြပြီး အေးချမ်းစွာနေထိုင်တတ်သူများ ဖြစ်ကြသည် ဗုဒ္ဓဘာသာ ကို အလေးအနက်ထား ကိုးကွယ်ကြပြီး လူကြီးသူမများကို ရိုသေ လေးစားသူများလည်း ဖြစ်ကြသည် ယဉ်ကျေးမှုအားဖြင့်လည်း အစဉ်အလာ ကြီးမားသူများ ဖြစ်ကြရာ ရိုးရာအက သီချင်းများ အဝတ်အထည် များမှာ မြန်မာ့အမွေအနှစ်များထဲမှ တစ်ပါး အပါအဝင်ဖြစ်ပေသည်
နားကွင်းကျယ်ကြီးများနှင့် သက်လူမျိုး ပျူ တို့လိုပင် ရှေးဦးမြန်မာကြီးများဖြစ်ကြသော သက်လူမျိုး..လူနည်းစုစစ်စစ်ဖြစ်ကြသော ရခိုင်အနွယ် မြန်မာ့သွေးချင်း သက်လူမျိုးများသည် ပညာရေးအားဖြင့်လည်းကောင်း လူမှုရေး စီးပွားရေးအားဖြင့်လည်းကောင်း...ဘာသာရေးအားဖြင့်လည်းကောင်း ဆပွားတိုးတက်ပါစေ...
မြန်မာပြည်သည်လည်း ပြည်ပမည်သည့်သြဇာမှ အလွှမ်းမခံရဘဲ တောင်ပေါ်မြေပြန့် ကမ်းရိုးတန်းပါမကျန် စည်းလုံးညီညွတ်ပါစေ...
Myat Mon Phyo
Copy-သက်တိုင်းရင်းသား ယဉ်ကျေးမူရိုးရာဓလေ့စရိုက်

No comments:
Post a Comment