Showing posts with label POEM. Show all posts
Showing posts with label POEM. Show all posts
Tuesday, August 11, 2015
နန္ဒာဒေဝီ။ Nanda Devi,
နန္ဒာဒေဝီ။
တင့်လှပေဟန်၊ဘက်မရံတည့်၊
နန္ဒာဒေဝီ၊ ဧကရီထိပ်ထား၊
တိုင်းတပါးဌာနေ၊ ဆူဝဏ္ဏာဘူမီ၊
ဌာနီဗရမာ၊ ရာမ ညှာက၊
တွေ့ ရဘို့ လည်း၊ ခက်ခဲ ဝေးနေ၊
မြောင်သေလာဝန်း၊ဆင်းဂါကျွှန်းက၊
တမ်းရတုနှင့်၊လွမ်းမှုကုဋေ၊
လွမ်းငွေ့ ဝေဝေ၊
မေသက်ထားခင်၊ သိ စေချင်။
ကဗျာ မင်းညို -ရန်ကုန်စက်မှုတက္ကသိုလ်။
Friday, June 19, 2015
အမုန်းပုံပြင်ထဲက...ပန်းကုံးလေး
Credit Shwepan Chi  fb {https://www.facebook.com/theingi.oo.925}
ရာဇဝင်တွင် ပုံပြင်တင်သော
မန်းမြို့မြောက်ယွန်း ဟိုဖက်စွန်းမှာ
မရွှေဥပျော် လွမ်းတောင်တော်ကလေး
သတင်းမွှေးသည့်
ပန်းကောက်ပွဲတော် ဇတ်ကြောင်းခေါ်လေး ရှိပါသေး၏ ။
တောင်တော်ခြေအောက် ရွှာတလျှောက်မှာ
ရက္ကန်းခတ်သံ ဒိုးဒေါက်ညံလျက်
ကွမ်းတောင်ကိုင် အလှပိုင်
အဆင်းဖြူနု မရွှေဥအလှ
ဂုဏ်သတင်းကျယ်ပ ဆယ်ရွာမက...့
သူ့တွင်ချစ်မောင် ကိုရင်မောင်မို့
နှစ်ဦးချစ်ပုံ ပြောမကုန်သေး
ဝမ်းစာအရေးမို့ အဝေးသွားရ
ချစ်နှမလေး ရွှေဥသွေးကို
စိတ်မချသေး...သတဲ့။
တောင်ပြုံးနယ်စား မင်းနှစ်ပါးခေါ်
ရွှေဖျင်းညီနောင် အဆောင်ယောင်နဲ့
အရှေ့ထန်းတော သာယာပေါသမို့
ပျော်ပါးသောက်ကြူး စားတော်ထူး..သရှင့်
ရွာရိုးဖြတ်ပြန် ရက္ကန်းသံနှင့်
ချိုရွှင်သံနှော သီဆိုသောအသံ
ချောနှမစု မရွှေဥကို
မြင်စဉ်ခဏ ပြင်မရတဲ့ချစ်ခြင်းကြောင့်
လင်ရှိမယား မခွဲခြား
အာဏာစွဲကိုင် တဏှာယိုင်လို့
ပိုင်ဆိုင်လိုငြား မတရားမသိမာန်အသိဖြင့်
သိမ်းပိုက်ကြံဆောင် နည်းအဖန်ဖန်ကြောင့်
ရွှေဥကလေး မနှေးပြေးထွက်
တောင်ပေါ်တက်သော်..
မသနားရွက်ဆောင် ကျားမင်းကောင်ကြောင့်
အသက်လုပွဲ ဆင်နွဲရတုန်း
ခေါင်းကပန်းကုန်း ဖြုန်းကနဲကျ
ဇီဝိန်အသက်ပါ မြေခရှာသတဲ့..
ချစ်သစ္စာကို
ရင်မှာတွယ်ထား မုန်းတရားပိုက်
ရက်စက်ကံဟာ မပြေးသာခဲ့
တမ်းတမျက်ရည် တထွေထွေပေါ့။
လနှစ်တွေပြောင်း ရာသီဟောင်းတော့
ပြုတ်ကျပန်းကုံး သီစဉ်တုန်းအတိုင်း
ပန်းဝိုင်းလေးပေါက် ရှင်သန်မြှောက်
သရဖီ ရင်ခတ် ပွင့်သီထပ်ထပ်
ပင်တူညီစုံ ပန်းကုံးပုံလေးမို့
အမုန်းရာဇဝင် သက်သေထားသည့်
ပန်းကုံးလေး...ရှင့်။
တန်ခူးလဆန်း နှစ်တွေဆန်းတိုင်း
တောင်တော်သခင်မ ရွှေဥအလှ၏
ပန်းကောက်ပွဲနွဲ ပန်းမစဲပွင့်သတင်း
အလွန်ပျော်ခြင်း...ရှင့်
ရပ်ဝေး သူငယ်ချင်း ချစ်အပေါင်းသင်းများ
လာလယ်ပါနော် အခါတော်မှာ
ဖိတ်ခေါ်ပါရဲ့...
ရွှေတို့မြို့က....ပန်းကောက်ပွဲ။
ရွှေပန်းချီ
ရွှေပန်းကောက်ပွဲကဗျာလေးက ပါးစပ်ရာဇဝင်သာဆိုတယ် နေရာတွေက အထင်ကရရှိနေတာမို့ သမိုင်းကြောင်းသိသူများရှိပါက ကွဲလွဲချက်တွေရှိပါရင်လည်း စာပန်းချီလေးနဲ့ ပန်းကောက်ပွဲလေးအဖြစ်သာ ထင်မှတ်အားပေးပါလို့ တောင်းပန်အပ်ပါသည်ရှင့်။
https://www.facebook.com/khin.tint.779/posts/1759786304248077?from_close_friend=1&notif_t=close_friend_activity
Thursday, June 11, 2015
မောင် မျှော် မှန်း တဲ့ ရွှေ ပြည် တော်။
အတိတ် စခမ်း ကို လည်း
စိတ် မှန်း နှင့် မလွမ်း လို တော့ ပါ။
တရိပ် ရိပ် ပြေးတဲ့၊
တိတ်,တဆိတ်က လေး မြင် လိုက် ရ၊
အရိပ် လို ဘဲ လင်း တဲ့ အခါ ပေါ်၊
မှောင် မိုက်,တဲ့ အ ခါ ဘယ် ဝယ် မသိ၊
ရှိတော့ ရှိ,တယ်၊
လည် ဆယ် တာ များ ပြီ မို့ ၊
ဘာ မထီ,အာ ဇာ နည် စိတ် မွေး၊
မွေး ရာ ပါ ဇာ တိ၊
ပကတိ သူ ရဲ ကောင်း၊
မောင်း ပြန် ကို ဗြောင်း ဆန် အောင်၊
တ သောင်း မှာ တ,ယောက်၊
တ သိန်း မှာ တ ဆယ်၊
တသန်း ဝယ် ရာ စု၊
တ အိုး စား ငါး ယောက် ရယ်၊
တ ဆယ် ပါ တ စိတ်၊ တ,ကျိတ်နှင့်တို့ ဖွဲ့၊
သုံး ကျိပ် သော ရဲ ဘော် အာ,ဇာ နည်၊
ရဲ သော် မ သေ ၊ သေ သော် ငရဲ မ လား တဲ့။
စွန့် ဝံ့ သူ လူ ခပင်း တို့  ကို လ၊
မူ မကွဲ တူ တူ ပါ ဘဲ လို့ ၊
ဟေ့  ငါ ပြော မယ်၊
တ ကယ် ပြည် ချစ် သား၊
ပြည့် စစ်သား ဆို ရင်၊
အ ရင် ရှင်း ရ မှာ ကား၊
အ,ရှေ့  မြောက် က ပြည့် ဝင် ပေါက်၊
သ ဘောက် မ သား တွေ ကို ၊
အ,ရှင် မ ထား နှင့်။
ကုလားမင်းသား စရကား၊
[နံ ပါတ် ၁၄ ဘတ်စ်ကား ပေါ် မှာ ရေး ပါ သည်။ ]
Thursday, June 4, 2015
ခွပ် ဒေါင်း အလံ တလူလူလွှင့် လို့ 
တို့  အ မေ ရဲ့ အပြုံး ၊
မေတ္တာ ဓါတ် အပြည့် ပါ တယ်။ 
 ဘယ် အချိန် မှာ ဘဲ မြင် ရ မြင် ရ၊
တို့  အ မေ က တို့  တ တွေ ကို
စိတ် ချမ်ူ သာ မှု ပေး တယ်။
တို့  အ မေ နှင့် တို့  ပြေ ရဲ့ NLD
ကမ်ဘာ တည် သ၍
ဘာ မ ထီ ဟေ့  လို့ 
တို့  ဗမာ တိုင်း ရင်းသား /သူ အားလုံး
ကြွေး ကြော်ကြ မယ်။
ခွပ် ဒေါင်း အလံ တလူလူလွှင့် လို့ 
စစ် မောင်း သံ တဒူဒူ နှင့်
စနစ် အ ပြောင်းမှာ၊
စနစ် ဟောင်းကို မေ့ လိုက်၊
စနစ် သစ် နှင့်
ခေတ် တ ခေတ်ကို ဖန် တီး ကြ မယ်။
ဟန် မ ဆောင် ကြ ပါ ဘု၊
ရန် အောင် ကြ မှာ မို့ 
ဆောင် ဒါး ကို အသင့်ထုတ်၊
အမြစ် ဖြုတ် ရမဲ့ ပြည့် ရန်၊
ပု ဂံ ခေတ် ကထဲ က၊ပြူ ခေတ် ထဲက
အ ရှေ့  တံ ခါး က ဝင် စမြဲ။
ကဲ ပြော နေ ကြာ ရော့ မယ်၊
ထိပ်ထား ဒေ ဝီ မ ဟေ သီ၊
ပြေ ညီ ရ အောင် ၊
ချီ တက် မယ် ကမ် ဘောဇ ဌာနေကို၊
စာ ခွေ မပါး facebook မှာ၊
အ မှာ ထား ခဲ့ ပြီ၊
သား သားလေး ကို မောင့် ကိုယ်စား
အား ကိုးရစ် တော့၊
ဆောင်း တရစ်နှင့်၊
တနှစ် လည် စေ ဦး၊
တပ် တော် ဦး ဆီ၊
မျှော် ရည် လို့  လွှမ်း
မယ့် မှာ တမ်း တွေ ၊
မောင် လွမ်း ဖြေ မယ်၊
ပြေ ထောင် မငြိမ်း လေ သော ကြောင့်။
ကုလားမင်းသား စ ရ ကား။
(နံပါတ် ၁၄ ဘတ်စ ပေါ်မှာ ရေး တင်ပါ သည်။)
Sunday, January 4, 2015
၂၀၁၅ လွတ်လပ်ရေးနေ့ 
“၁၉၄၈ ခုနှစ် လွတ်လပ်ရေးနေ့ အတွေး”
ဆွေးမိသည်တည့် ဆွေးမိသည်
မလေးမောင် သည်ယနေ့ 
ဆွေးမြေ့မိသည်။
သွေးစက်နဲ့  ကျမျက်ရည်၊ ပြည်နိုင်ငံ့အရေး
လူ့ လမ်းစဉ် လူ့ ခရီးမှာ
စီးရတယ်လေး။
ငေးမိသည်တည့် ငေးမိသည်
မလေးမောင် သည်ယနေ့ 
ငေးမေ့မိသည်။
ဝမ်းမဝ မျှမညီ၊ ပြည်နိုင်ငံ့အရေး
လူလောကီ သည်ရှုပ်ထွေး
ရှင်းပါမှလေး။
ရေးမိသည်တည့် ရေးမိသည်
မလေးမောင် သည်ယနေ့ 
ရေးမွေ့ မိသည်။
စီးခဲ့တဲ့ သွေးမျက်ရည်၊ ပြည်နိုင်ငံ့အရေး
စာတေး သည်မြိုင်ချောင်က
သည်ကလောင် ရောင်ခြည်လွှတ်
ဦးညွှတ်တယ်လေး။ ။
ဇော်ဂျီ
ဟံသာဝတီ စာစောင် ၄၊ ဇန်န၀ါရီ ၁၉၈၄
Credit http://wanna23-23 blog
Wednesday, December 24, 2014
လက်ပံတောင်းကျိန်စာ
ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ယနေ့  ရေးတဲ့ကဗျာ
 လက်ပံတောင်း
အသက်ပေါင်းများစွာစတေး
သွေးနဲ့မော်ကွန်းတင်
ရာဇဝင်သမိုင်းအသစ်
အရိုင်းတစ်ခေတ်ကိုကဗျည်းထိုးပြီ။
ဒါဒို့ရေ ဒါဒို့မြေ
ငါတို့တတွေပိုင်တဲ့တောင်တွေကိုဖျက်
လယ်ကွက်မြေကွက်အဓမ္မလု
မမျှမတတဲ့ လူ့အခွင့်အရေး
အသက်ကိုပါပေးရတဲ့အဖြစ်
လက်ပံတောင်းတောင်စစ်တလင်း
သွေးချင်းချင်းနီ
ပြည်သူကိုသတ်တဲ့ကျည်ဆံ
သမိုင်းကိုမှန်ပြီးကျန်ခဲ့။
တောပျောက်တောင်ပျောက်
လယ်ပျောက်ယာပျောက်
ရွာပျောက်လူပျောက်
ဖျောက်ချင်တာဖျောက်
ပျောက်ချင်တာပျောက်
ဖျောက်တိုင်းမပျက်
ဖျက်တိုင်းမစင်
ရာဇဝင်ရိုင်း
သွေးသမိုင်းကို
ပြည်သူတွေ တွေးတိုင်းတွေးတိုင်း
နာကျည်းစေ။
မောင်စိန်ဝင်း ( ပုတီးကုန်း )
၂၃ -၁၂ -၂၀၁၄
ကို tun wai မှ တဆင့် ကူးယူတင်ပြပါသည်။
Credit Love Hunter
လက်ပံတောင်းကျိန်စာ
Thursday, November 13, 2014
တပ်မ တော် ဆိုတာ
မရှိ မ ကောင်း
ရှိမှ ကောင်း သည်
စိတ် ကောင်း စေ တနာ
မှန်
သစ္စာ ဖြင့်
ပြည်သူ့  အကျိုး
ပြည့် အကျိုးကို
သည်ပိုးမှသာ
အမျိုး ကောင်းထင်(အမျိုး ကောင်းပင်)
သာကီဝင် ဟု
တွင် ရစ် သမိုင်း
သည် တံတိုင်းကို
မ ပြို ရ အောင်
အား မာန် ဆောင် လို့ 
ပြည့် ဘောင် အချုပ် အခြာ
သည် အာဏာ ကို
တည် တန့် စေ မှ
ကမ္ဘာ့ အလယ်
တင့် တယ် မည် မှာ မလွဲ တည်း။
Thursday, April 24, 2014
ဒေါင်းအလံ
ဆရာကြီးဦးဝင်းတင် ကို ဤကဗျာဖြင့် ဂါရဝ ပြုပါ၏။
ရေးသူ ကုလားမင်းသား စရကား။
*သူ့ ခေါင်းမှာ တဲ့  ဒေါင်းအလံ၊
ငါ့ခေါင်းမှာတဲ့  ဒေါင်းအလံ၊
*ဒေါင်းအလံ ခေါင်းမှာပန်လို့ ၊
စနစ်ဆိုး ကို တော်လှန်၊
လူထုအားမာန်။
*ခွပ်ဒေါင်း နှင့် ဒီမိုကရေစီ၊
ပြေ (ပြည်) မြန်မာ ညီဖို့  အရေး။
ဒေါင်းအလံ က အကြောင်းမှန် သရုပ်ဖော်၊
ရွှေပြည်တော် သာစေဖို့  အရေး။
*ခွပ်ဒေါင်းသည် အလံ နှင့်၊
က ဒေါင်း သည် အလံတို့ ၊
ခြင်္သေ့ကို မြေမြှပ် သင်္ဂြိလ်၊
ပြည်မြန်မာ စို ပြေဖို့  အရေး။
*ဒေါင်းအလံ နှင့် ကျောင်းသား၊
မောင်းပြန်နှင့် စစ်သား၊
တသွေးတည်းက ပေါက်ဖွား လာ၊
ကမ္ဘာ့ သမိုင်းမှာ ထင်ရှား။
ကျောင်းသားလည်း ဒေါင်းအလံ လွှင့်ချီ၊
စစ်သားလည်း ဒေါင်းအလံ လွှင့်ချီ။
*ဒေါင်းအလံ ချီကာ ဦးဆောင်တဲ့၊
ဒေါင်းအိုကြီးရဲ့ နောက်ဆုံးခရီးမှာ၊
ဒေါင်းပျို များ ကုဋေ ကုဋာ၊ညီညာစွာစု ရုံး။
‘အဘိရာဇာ’ ဟာ သူတို့ ရဲ့ ဦးဆောင် ဘုရင်၊
ဒေါင်းတို့ ရဲ့ ပထမ မျိုး ဆက် ပင်၊
ဒေါင်းမျိုးဇာတိကို  ဒေါင်းတို့  သတိ နှင့် ဆင်ခြင်။
{စကားချပ်။ ရက်စက်ကြမ်းကြုတ်သော ခြင်္သေ့ ၏အမှတ်တံဆိပ် ကို ပယ်ဖျက် ၍ “က ဒေါင်း” ဖြင့် အစားထိုးကြရန်လည်း ဤကဗျာဖြင့် တိုက်တွန်းလိုပါသည်။  ကုလားမင်းသား စရကား။  }
အောက်ဖော်ပြပါ သတင်းများ ကို ဒေါက်တာ လွန်းဆွေ မှ ကူးယူ တင်ပြပါသည်။