အချစ်ရယ်၊
နှစ်အားဖြင်.ဆိုရင်တော့၊
သုံးဆယ်စုပိုခဲ့ပါပြီ။
မင်းထွက်သွားခဲ့စဉ်က
ဖဲကျဉ်ရက်တယ်လို.၊
အမျက်လည်းမထွက်ခဲ့ပါကွယ်။
နေ့စဉ်ရက်ဆက၊်
ထွက်သက်ကိုငင်လို.၊
တသွင်သွင်
မျက်ရည်လည်းမကျခဲ့ပါကွယ်။
တနှစ်ကသည်နောက်တနှစ်၊
လေးငါးနှစ်ကြာသော်လဲ၊
ထူးကဲစွာ
မခံစားခဲ့ရပါ။
ဒါပေမဲ့၊
ဆယ်နှစ်မှသည်
နှစ် နှစ်ဆယ်၊
နှစ်ဆယ့်ငါးက
သုံးဆယ်စွန်းလာတော့၊
မင်းရဲ့အငွေ.
အသက်လေးတွေလဲ ပြယ်ခဲ့ပြီ အချစ်ရယ်၊
မင်းကိုမဟုတ်သော်လဲ၊မင်းရဲ့အသံလေးကို
ကြားရရုံနဲ.၊
မျှော်လင့်ချက်ရောင်နီလေး
သန်းလာတယ်၊
မင်းဘယ်မှာလဲကွယ်။
တစုံတယောက်ကပြောလေရဲ့၊
မင်းလေ နယ်ချဲ့ဘီးလူးရဲ့
လက်ထဲမှာလို.၊
တခြားတယောက်ပြောပြန်ရဲ့၊
မင်းလေ ဖက်ဆစ်ဘီးလူးရဲ့
လက်ထဲမှာလို.၊
အချစ်ရယ်
ကိုယ်ဘယ်မှာရှာရပါ့မလဲ၊၊
အို….လွတ်လပ်မှု့ရဲ့
သမီးပျိုလေးရယ်၊
မအိုလေနှဲ.အုံး
- အစဉ်နုပျိုလို. နေစေချင်တယ်၊
အသက်မသေသေးခင်တော့
ပြန်လို.သာဆုံချင် စမ်းပါရဲ့၊၊
စမ်းရေကြည်အိုင်မှာ၊
လွမ်းဝေသီမှိုင်ကာ၊
တမ်းတရီတွေငိုင်လို.၊
လမ်းဝ ဒီမိုကရေစီတိုင်က၊
မှန်းဆ ကြိုနေလျက်ဟာမို.၊
လှမ်းကြွခဲ့ပါတော့လား၊
နမ်းမဝလို.
လှထွတ်တင်သည်၊
ခင်လွတ်လပ်ကယ်
ဝေးရစေနဲ.ဦး။ ။
မင်းညို RIT
{Author's note: I drafted this poem sometime in 1990 but was unable to publish it. Thank you, the readers who waited patiently.}
Source : YouTube
No comments:
Post a Comment