Tuesday, April 22, 2014
မြန်မာ့သမိုင်းလမ်းတိုများ။
         သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းက သူသမိုင်း ဘာသာကို လေ့ လာခြင်းမှာ မ အ အောင်လို့  ဟုဆိုခဲ့၏။ သူ့ အမြင်နှင့် သူ့ စကားမှန်၏။ မြန်မာလူငယ်များ သမိုင်းမလေ့လာ က မိမိတို့ ၏ ဇာတိအမှန်ကို မသိနိုင်ပေ။ ဇာတိမှန် ကို မသိလျှင် ဇာတိမာန်လည်း မရှိနိုင်တော့ပါ။ သမိုင်းကိုဖတ်ယုံနှင့် မပြီးပါ။ လေ့လာရပါမည်။ ဤနေရာ တွင် “လေ့လာ” ဟူသော မြန်မာ ဝေါဟာရ ကို အနည်းငယ် အကျယ်ဖွင့် ရှင်းပြလိုပါသည်။ “လေ့လာ” သည်ဆိုခြင်းမှာ သေချာစွာ စူးစမ်းခြင်း တနည်းအားဖြင့် သုတေသနပြုခြင်းဖြစ်ပါသည်။ သို့ ရာတွင် မိမိ အထူးပြု လေ့လာလိုက်စား သော ပညာရပ်တွင် မိမိကျွှမ်းကျင် ရမည်ဖြစ်ပြီး၊ အဆိုပါ ဘာသာရပ် နယ်မြေတွင် မိမိနိုင်ငံ ၏ တာဝန်ကို ထမ်းဆောင်ရပါသည်။ “ကိုယ့်တာ ကို လုံရပါမည်။”
စာရေးသူ ကျွှန်တော် (၇) တန်းအထိသာ သမိုင်း ဘာသာရပ်ကို သင်ယူခဲ့ပါသည်။ အကြောင်းကား ထိုခေတ် ပညာရေးစနစ် အရ သိပ်ပံ နှင့် ဝိဇ်ဇာ ဘာသာရပ် မျာ ကို (ဂ) တန်း (အဌမ တန်း) တွင် သီးခြားခွဲ   သင်ကြားပို့ ချသောကြောင့်ဖြစ်ပါသည်။ သို့ သော် ကျွှန်တော်တို့ အ သွား၊ တုံး သွား သည်တော့ မဟုတ်ပါ။” သမိုင်း တာ” တွင်   “သမိုင်း ဆရာများ” က လုံအောင် (လုံခြုံ အောင်) ထမ်းကြမည် ဟု အခြား ဘာသာရပ်များ ကိုလေ့လာ သူများက ယူဆကြမည်မှာ သဘာဝ ကျပါသည်။ စာရှုသူ များထဲမှာလည်း စာရေးသူ ကျွှန်တော် ကဲ့သို့  သမိုင်းဘာသာရပ် ကို အထူးပြု လေ့လာခြင်း မဟုတ်ဘဲ၊ ဆေးပညာယူခဲ့ပြီး ခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ သမားတော်ကြီးများ၊ အင်္ဂျင်နီယာ ပညာများကို သင်ယူကာ အင်္ဂျင်နီယာကြီးများ အခြား ဘာသာရပ်များမှာ လည်း ဆရာတဆူ ကဝိတဆူ ဖြစ်လာကြသည့် လူကြီးမင်းများ မရေမတွက် နိုင်အောင်ရှိပါသည်။ မိမိ ဝါသနာ အလျှောက် မိမိ လေ့လာဆည်းပူး လို ရာကို လုံ့ လ စိုက်ထုတ်ကာ ကျွှမ်းကျင်ရာ လိ မ္မာ ဆိုသကဲ့သို့  ကောင်းစွာအောင်မြင်ပေါက်ရောက်ခဲ့သူများ ထုနှင့်ထေး ဖြစ်ပါသည်။ ရှိပါသည်။ 
နံပါတ် (၁) ဗမာ ဆိုသည် ကား အဘယ်နည်း။
ဗမာဆိုသည်မှာ ဗရာမာဒေသ= ဗြာမာဒေသ (Brahmadesa) ဆိုသည့် ဒေသကြီး၊ တိုင်းပြည်ကြီးတွင် မှီတင်းနေထိုင် ကြသောတိုင်းရင်းသား လုမျိုးစု အားလုံး ကိုခေါ်ခြင်းဖြစ်ပါသည်။ ဗရာမာဒေသ  မှာ ရှေး အန္ဒိယ  နိုင်ငံကြီး ( ယနေ့ ခေတ် အန္ဒိယ ၊ ပါကစ်စတန်၊ နီပေါလ် ၊ သိရီလင်္ကာ နှင့် ဘန်ဂလာဒေ့ရှ နိုင်ငံများ နှင့် အာဖဂံ နစ်စတန်၏ အစိတ်အပိုင်း = Gandaha =today’s Kandaha ပါ ဝင်သော အန္ဒိယ  နိုင်ငံကြီး= Greater India) ဘာရာတ (Berates)သို့ မဟုတ် ဟင်ဒူစတန် (Hindustan) ၏ အစိတ်အပိုင်းတခု ဖြစ်ခဲ့၏။
    ဤ ဗရာမာဒေသ ကြီးအတွင်းတွင် ယနေ့ ကမ်ဘောဒီးယား (ကန်ပူးချား) သို့ မဟုတ် မြန်မာမှုပြုက  ကမ္ဘောဇ ၊ နှင့် လာအိုနှင့် ယိုးဒယား = သျှမ်း (Siam) ၊(တနည်းအားဖြင့် ကမ္ဘောဇ ဟုလည်းခေါ်နိုင်၏) နိုင်ငံတို့ ၏ အစိတ်အပိုင်းအတော်များ များပါဝင်ပါ၏။ ဗရာမာဒေသ ကြီးတွင် ကနဦး  နေထိုင်ကြ သူများမှာ    အန္ဒိယ ကြီးမှ ဆင်းလာခဲ့ကြသော လူမျိးစုများဖြစ်ပေသည်။ မင်းလုပ်အုပ်စိုးခဲ့သာ များမှာလည်း အနှီလူမျိုးများပင်ဖြစ်ပါ၏။ ထိုလူမျိုးများ၏ မူလဇာတိ မှာ အန္ဒိယနိုင်ငံကြီး၏ အနောက်မြောက်နှင့် မြောက်ပိုင်း ပန်ဂျတ်ဘ်၊ အာဖဂန် တောင်ပိုင်း နှင့် နီပေါလ် နိုင်ငံ တို့ ဖြစ်ပါသည်။ သျှမ်း (Siam)ခေါ် ကမ္ဘောဇ လူမျိုးတို့ ၏ ဇာတိမှာ အာဖဂန်နစ်တန် တောင်ပိုင်း ပါရ်မီ အသေး (Little Pamir) ဟု ဆိုကြ၏။ ဤ သို့ ဆိုကား ကချင်၊ ကရင်၊ ကယား၊ ချင်း၊ သျှမ်း၊ မွန်-မြန်မာ-ရခိုင် နှင့် ဗမာ တိုင်းရင်းသား လူမျိုး စု ငယ်များ အားလုံး မှာ ဗမာ (မြန်မာ) လူမျိုးများသာ ဖြစ်ဘိ၏။ ကိုလိုနီ ဗြိတိသျှ အစိုးရ က ခွဲခြားအုပ်ချုပ်ခဲ့ ၍လည်းကောင်း၊ မိမိတို့  ဘာသာဘာဝ ဒေသ အစွဲ၊ မိဘ ရိုးရာ အစွဲ ကလေး များကြောင့် လည်းကောင်း နဂိုရ် ပုဂံ ခေတ် ပြူ ၊မွန် ၊မြန်မာ ၊သက် မှ နေ၍ လူမျိုးနွယ်ပေါင်း ၁၃၅ မှ ၂၃၀ (၂၃၀ မှာ ရှေးက ကျွှန်တော် ဖတ်ခဲ့ဖူးခြင်း ဖြစ် ၍ ကံသေကံမ မဆိုလိုပါ၊ ပွားလာခြင်း ကို ဆိုခြင်းသာဖြစ်ပါ၏။) ထိ ရှိသည် ဆို၏။ 
နောက်တချက် ဗမာ နှင့် မြန်မာ မှာ အနက် အတူတူ ပင်ဖြစ်၏။ The transliteration from Brahma to Mramma. And also  “Brom” to “Prom” = Prome (ပြည်မြို့ ). ယနေ့  ဖနွမ်းပင် ဟု ခေါ်သော့ ကမ်ဘောဒီးယား (ကန်ပူးချား) မြို့ တော်မှာ လည်း ရှေးက တော့ “Brom” ဟုသာ ခေါ်ခဲ့တဲ့ မထောက်အထားများ ရှိပါသည်။ အောက်မှာ အင်္ဂလိပ်ဘာသာဖြင့် ကောက်နှုတ်ကိုးကားပါသည်။
Burma is known to the Manipuris as Maran , to the Shans and Assamese as Man, and to the Palaungs as Mrang. The Takings call the Burmans Hamera, which is abbreviated to
Hame. To the European writers of the i6th, 17th and i8th centuries, the country was known as ' Buraghmah,' and to the people of Bengal it is known as ' Brahmodesh’  which is the Bengali form of the Pali designation ‘Brahmadesa ' or the country of Brahma, the creator of the Hindu Triad. Now, ‘b ' and ' m ‘ are interchangeable in the Indo-Chinese languages, and ' Brahma ' became ' Mrahma,' and the letter ‘h ' being, by assimilation, changed into ' m ' the word ' Mrahma’ assumed the form ' Mramma '.{Taw Sein Ko (1913)pp:19}[1]
            Burmese prose, the form ' Mranma ' is used, while in works written in Pali, the form ' Mramma-desa ' invariably occurs. The derivation of the word ' Mranma ' is intimately connected
with that of the word ' Prome,' the centre of the Brahma cult and of Brahmanical influence. This word should be spelt ' Prohm,' because it is another form of the Talaing name 'Brohm. Again, ' Brohm ' is another form of ' Brahm', ‘a' and ‘o ' being interchangeable. Therefore, Prome means, ' the City of Brahma.' There is thus every reason to suppose that, in the first century A.D., when the fugitives from Prome found an asylum at Pagan, they were known to the surrounding tribes as the ' people from the City of Brahma ' or simply as the ‘Brahma People.’{Taw Sein Ko (1913)pp:19-20}[1]
အပြည့်အစုံကို ဒီမှာ နှိပ် ၍ဖတ်ပါ။
မွန် ၊ မွန်-ခမာ၊ ပြူ( တရစ်ဆူ) နှင့် မြန်မာ (ဗမာ)
နံပါတ် (၂) ဗိသ်သနိုး ဟုခေါ်သော ဗီရှနူ မြို့ တော်။
ဗီရှနူ လို့  ခေါ်တဲ့ အန္ဒိယ  ဗရာမင် ဟင်ဒူတို့ ရဲ့ မြို့တော် ကြီး ကို ၁၉၀၀ ခု နှစ် ကာလ က ကိုလိုနီ ဗြိတိသျှ အစိုးရ အရာရှိ များ တွေ့  ခဲ့ သည့် အခါ၊ ဗမာ (မြန်မာ) ပြည် အန္ဒိယနိုင်ငံကြီး ၏ အစိတ်အပိုင်းဖြစ်ခဲ့တာကို သိသွား၏။  ထို့ ကြောင့် ဆက်လက်တူးဖော် ခြင်းမပြုတော့ ဘဲ ဥပါယ် တမည်ပြော ၍ ရပ်ထားခဲ့၏။ ရည်ရွယ်ချက်မှာ အန္ဒိယ နိုင်ငံသား (တိတိကျကျ ဆိုရ လျှင် ၊ အန္ဒိယ  မြောက်ပိုင်းသား)များနှင့် ဗမာ များကို မပေါင်းစည်းမိစေလို ခြင်းဖြစ်၏။ အန္ဒိယ နိုင်ငံ   မြောက်ပိုင်း သားများ မှာ ပုဆိုးမဝတ်ကြပါ၊။ ဘောင်းဘီသာ ဝတ်ကြပါသည်။ ဗမာတို့ ၏ တကောင်း အဘိရာဇာ ဘုရင်သည် အန္ဒိယ နိုင်ငံ အနောက် မြောက်ပိုင်းမှ လာခဲ့၏။ အဘိရ် (Abir) ဆိုသည့် အန္ဒိယ  ဘာသာစကား (ဝါ) ကုလားစကား ၏ အနက် အဓိပါယ်မှာ ဤ သို့ ဖြစ်၏။ 
အဘိရာဇာ = Abiraj= မကြောက်တတ်သောမင်း ဘုရင်။
အဘိရာဇာ ဝါ Abiraj မှာ  သာကီဝင် (Sakyavamsa) မင်း ဖြစ်ပါသည်။ အဘိရာဇာတို့ မျိုးဆက်ကို  သက် ဝါ Sak or Saka ဟူ   လည်းခေါ်ပါသည်။ သာမန် အရပ်သားများ ကိုကား သက်လူမျိုး ဟုခေါ်ကြ၏။
ပြူ နှင့် သက်လူမျိုး တို့ အကြောင်း အပြည့်အစုံကို ဒီမှာ နှိပ် ၍ဖတ်ပါ။
နံပါတ် (၃) မိခင် ဧရာဝတီ မြစ်ကြီး (River Iravati)
ယနေ့  မြန်မာ တို့  ချစ်မြတ်နိုးစွာ၊ ကာကွယ် ထိန်းသိမ်း နေကြတဲ့ မိခင် ဧရာဝတီ မြစ်ကြီး ၏ မူရင်း အမည်မှာ အီရာဗာတီ=အီရာဝတီ (River Iravati) ဖြစ်ပါ၏။ ဧရာဝတီ ကို Airovati (Ravi) လို့ လည်းခေါ်ခဲ့ကြပါသည်။ ထိုနည်းတူစွာ ချင်းတွင်းမြစ်၏ အမည်ရင်းက သာလာဝတီ (ဝါ) သာရာဝတီ (ဝါ) ဆာရာ့စ် ဝတီ မြစ် (River Sarasvati or Sarawati) ဖြစ်ခဲ့ပါ၏။ စစ်တောင်းမြစ်၏ အမည်ရင်းမှာမူ၊ ချီတန်း (Chittang) ဖြစ်ပါ၏။ ဤမြစ်ကြီးများ၏ နာမည်တူ မြစ်ကြီးများ (Sister Rivers by same names ) အန္ဒိယ နိုင်ငံကြီး တွင် ထို အချိန်အချ လွန်ခဲ့ စော နှသ် ပေါင်း ၂၈၀၀- ၃၀၀၀ (နှစ် ပေါင်း နှစ်ထောင့်ရှစ်ရာ သုံးထောင် ခန့် က) အန္ဒိယ အနောက်မြောက် အရပ် နှင့် အလယ်ပိုင်း ကို ဖြတ်သန်း စီးဆင်း ခဲ့ကြောင်း တွေ့ ရှိရပါ သည်။ ယခုအခါ (River Iravati) မှာ River Ravi အမည်ဖြင့် ဆက်လက် စီးဆင်းလျှက်ရှိပြီး ထို မြစ်၏ နောက် အမည် ကွဲတခု မှာ River Perushani ဖြစ်ကြောင်း အန္ဒိယ နိုင်ငံကြီး၏ ရှေးဟောင်း သမိုင်းစာအုပ်များတွင် ဖတ်ရမှတ်ရပါသည်။ 
Vedic Saraswati (www.gsbkerala.com/saraswatih.htm)
{as a 1600 km. long river . Another place where Saraswati will be traced is Thanesar, capital of Harshvardhan, a few kilometres from Kurukshetra. "Saraswati flowed here also and we have marked six points to trace its route," says Jagmohan. Plan also is to excavate seven mounds in Rakhigarhi, where minister claims five are of Harappan lineage and two of pre-Harappan times. With all this work, Jagmohan is "confident that Saraswati will come alive."}
It is clear from the vedic texts, that the Rigvedic people lived on the banks of a river called the Saraswati.
The major rivers of north-west (Punjab, Sindh, Rajasthan & Gujrat) were: Saraswati, Sindhu (Indus), Shatadru (Sutlej), Vipasa (Beas), Vitasa (Jhelum), Parushni (Ravi) or Iravati, Asikni (Chenab), Yamuna, Drishadwati and Lavanavati. All rivers have changed their courses since Vedic times. Of these, three rivers: Saraswati, Drishadwati and Lavanavati no longer exist.
There were about 300 cities (plus so many supporting towns & villages) along the banks of saraswati. It was called Saraswati-Sindhu Civilization.
Saraswati: The Goddess of Knowledge
Course of River Saraswati
In Vedic times the rivers Beas, Jhelum, Ravi (River Iravati) & Chenab joined Sindhu, to form one channel from Himalayas to the Arabian Sea.
Saraswati and her tributary rivers: Yamuna, Sutlej, Drishadvati and Lavanavati formed the other channel from Himalayas to the Arabian Sea. Saraswati was a mighty river with three sources in the Himalayas. Her bed was as vast as 10 km in some places. The river course was dotted with lakes and ponds.
In the very early days, Saraswati met the Arabian Sea at the Rann of Kachh. After the level of Rann increased, she crossed the Rann to join Arabian Sea at the gulf of Khambat.
Here is the proposed course of the northwestern rivers during Vedic times:
ကျွှန်တော်တို့  စောစောပိုင်းက တင်ပြပြီးသည့် စာတန်းများ ကိုအောက်တွင် ဖော်ပြပါသည်။ 
ဧရာဝတီ နှင့် မြန်မာမြစ်များ 
နံပါတ် (၄) ကျန်စစ်သားမင်း၏ ဇာတိမျိုးရိုး နှင့် စွမ်းဆောင်မှု။
Date updated: 29th April 2014 updated
  (4-1) Anoratha left two sons when he died in 1077: Solu, born of a wife he had married before becoming king [30] and Kyanzittha, son of the Indian or Arakanese princess[31]  Panchakalyani but probably really fathered by a mandarin who had been entrusted with bringing her to Pagan.[32] After having barely escaped death in his early years during a “massacre of the innocents” ordered by Anoratha, [33] Kyanzittha, suspected of being the lover of Queen Manichanda, or Chandadevi, daughter of the king of Pegu, was banished from the court.[34]  {Ref: The Indianized   States of Southeast Asia by G. Coedes }
(၄-၁) အနော်ရထာမင်း၏ သံသယ။
ကျန်စစ်သားမင်းကို အနော်ရထာမင်း ၏ ဒုတိယမိဖရား ဖြစ်သော အိန္ဒိယ မင်းသမီး (သို့ မဟုတ် ) အာရကန် (ရခိုင်) မင်းသမီး ပဉ္စကလျာဏီ (ပန်ချာ့ကလျာဏီ) ကဖွားမြင် သည်၏ဟု ဆိုပါသည်။ သို့ ရာတွင် အငြင်းပွားစရာ တခုက ကျန်စစ်သားကို အနော်ရထာမင်း ၏လူယုံ (mandarin) နှင့် ပန်ချာ့ကလျာဏီ တို့  ပုဂံသို့  ဆောင်ယူရာ လမ်းခရီးတွင် မှားယွင်းရာ မှနောင် ကျန်စစ်သား  ဖြစ်လာမည့်
ကလေးကိုရသည်ဟု ကောလာဟလ ဖြစ်ခြင်းပါ။ ဒါကလည်း အနော်ရထာမင်းက သံသယလွန်ကဲခြင်း ဖြစ်နိုင်ပါသည်။ သို့ ဖြစ် ၍ စာရေးသူ ကျွှန်တော်က ကျန်စစ်သားမင်း သည် အနော်ရထာမင်း ၏ သားတော်ဟုသာ ယူဆပါသည်။ ကျန်စစ်သားမင်း တွင် ခမည်းတော် အနော်ရထာမင်းနှင့် တူညီသော လက်ရုံးရည်၊ နှလုံးရည် နှင့် စွမ်းဆောင်ချက်များစွာရှိခဲ့သည် က သာဓက ဖြစ်ပါသည်။ mandarin ၏ လုံးကောက် အဓိပါယ် ကား၊
mandarin  (noun) a person who has a very important job in the government, and who is sometimes considered to be too powerful: It often seems that true power lies with the Civil Service mandarins, rather than MPs and cabinet ministers.
  (4-2)  In 1103, Kyanzittha sent to China the first Burmese embassy that is mentioned in the History of the Sung.[62] Three years later, in 1106, “envoys of the kindom of P’u-kan (pagan0 having come to offer tribute, the emperor at first gave the order to receive them and give them the same treatment accorded the envoys of Choulien(Chola), but the president of the Council of Rites made the following observations; ‘Chou-lien is a vassal of San-fo-ch’I;[63] that is why during the hsi-ning years (1068-1077) it was enough to write to the king of this country on heavy paper, with an envelope of plain material. The king of P’u-kan, on the other hand, is a soverign of the great kingdom of the Fan (the Brahmans; that is, the Indian countries). One must not behave disdainfully toward him. One ought to accord to him the same honours as to the princes of Ta-shih (Arabs) and Chiao-chih (Tongking), by writing to him on silk with flowers of gold, white on the back, a letter which you enclose in a little box ringed with gold, with a silver lock and double envelope of taffeta and satin.’ The emperor approved of his observations and decided that it would be thus.”[64] I have cited this passage in its entirety because it shows the prestige that the kingdom of Pagan already—only sixty-two years after the accession to power of Anortha, who was its real founder—enjoyed at the court of China, which was always anxious to maintain an exact hierarchy among foreign sovereigns.
(၄-၂) ဗမာနိင်ငံကို တရုတ်ပြည်က တန်းတူရည်တူ လက်ခံပြီး ချစ်ကြည်လေးစားခြင်း။
တရုတ်အင်ပါယာဘုရင်မင်း (၁၀၆၈-၁၀၇၇) က ကျန်စစ်သား၏ သံတမန်များကို လက်ခံ ဆက်ဆံ ပုံမှာ ဗမာနိုင်ငံကို တန်းတူထား ၍ သဝဏ်လွှာကို ရေးသား၊ စာအိတ်တွင်ထည့်ပုံ က အစ အချုပ် အခြာ အာဏာရှိသောနိုင်ငံဟုသတ်မှတ်ခဲ့သည့် အထောက်အထားဖြစ်၏။ ဗမာနိုင်ငံကို တရုတ်ဘာသာစကားဖြင့် “ဖန်း =  Fan (the Brahmans; that is, the Indian countries) ဗရာမင်တို့ ၏ အိန္ဒိယနိုင်ငံများ.” ဟု အသိအမှတ်ပြုခဲ့ခြင်းဖြစ်ပါသည်။ တရုတ်ဘာသာ ဟန်ယူပင်ရင်းစကား အရ ဆို လျှင် အောက်ဖော်ပြပါ အနက်ကို ဆောင်ပါသည်။ 
Chinese English dictionary
  fàn Brahma / Sanskrit
No comments:
Post a Comment