Sunday, September 21, 2014

ကုရင်တိုင်းရင်းသားအများစုမှာ၊ ဗုဒ္ဓဘာသာဝင်များ။


ရေးသားသူ၊   ကုလားမင်းသား စရကား။

Friday, April 18, 2014 နေ့ က 

“မြို ၊ မရူ ၊ မူရောင် ၊မရမ္မာ ၊ခမီး နှင့် ကရင် တိုင်းရင်းသား လူမျိုးများ။” ဆို သည့်ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ဆိုခဲ့သည့် အတိုင်းဆက်လက် သုတေသန(research) ပြုလုပ်ရာ ယခုဆက်လက်တင်ပြမည့် ခိုင်မာသော အထောက်အထားများအရ၊ ကုရင် ခေါ် ကရင် တိုင်းရင်းသားများသည် ဗမာ (ဗရမာ=ဗြမာ= Byama) များ အမှန်ပင်ဖြစ်ကြောင်း ထင်ရှားစွာ တွေ့ ရပါသည်။
ဖတ်ရန် ဖော်ပြပါ လင့်ခ် ကို နှိပ်ပါ။

ဖတ်ရန် ဖော်ပြပါ လင့်ခ် ကို နှိပ်ပါ။ 


 ထိုနောက်  Kazuto Ikeda* 
“Two Versions of Buddhist Karen History of the Late British Colonial Period in Burma:
Kayin Chronicle (1929) and Kuyin Great Chronicle (1931)” ကို မှီငြမ်းပါသည်။
 ဗမာနိုင်ငံရှိ ကုရင်တိုင်းရင်းသားအများစုမှာ၊ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြ၏။ ရှေးကလည်း သည်အတိုင်းပင် ဖြစ်၏။ အင်္ဂလိပ်၊အမေရိကံ အလိုတောင်ရိ ခရစ္စာယာမ် ကရင်တို့ က မည်သို့ ပင် ဝါဒ ဖြန့် သော်စေကာမူ၊ ကုရင်လူမျိုး အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြောင်း ထင်ရှားသည့် အထောက်အထားများကို တွေ့ ရ၏။ အမှန်ဆိုကား ခရစ္စာယာမ် ကရင်တို့ က သူတို့ သမိုင်းကို ရေးသား ထုတ်ဝေချိန် နှင့် မရှေးမနှောင်းမှာပင်၊ တိုင်းရင်းသား ဗုဒ္ဓဘာသာဝင် ကုရင် တို့ ရဲ့ သမိုင်း နှစ်အုပ် နှစ်ထွေ ထွက်ပေါ်လာခဲ့ပြီးဖြစ်ခဲ့ ၏။



ထို ဗမာတိုင်းရင်းသား ကုရင် ဗုဒ္ဓဘာသာဝင်များ၏ သမိုင်း နှစ်ရပ်ကို ဦးပညာနှင့် ဦးစော တို့ က ရေးသားပြုစု ခဲ့၏။ ဦးပညာ၏ ကရင် ရာဇဝင် -Kayin Yazawin (Kayin Chronicle) ကို၊ အင်္ဂလိပ် ကျူးကျော်နယ်ချဲ့ တို့  ဗမာနိုင်ငံက ထွက်ခွါ သွားရခါနီး အေဒီ ၁၉၂၉ခု တွင် ထုတ်ဝေခဲ့၏။ ထိုနည်းတူစွာ ဦးစော၏ ကုရင်မဟာရာဇဝင် (Kuyin Great Chronicle) ကို ၁၉၃၁ ခုနှစ်တွင် ထုတ်ဝေခဲ့၏။ ၁၉၃၉ ခုနှစ်မှာတော့ စောအောင်လှ ၏ “A History of Pgakanyaw” ဖြစ်၏။ ပထမစာအုပ်နှစ်အုပ်မှာ ဗမာတိုင်းရင်းသား ကုရင် ဗုဒ္ဓဘာသာဝင်များ ၏ သမိုင်းများဖြစ် ၍၊ တတိယ စာအုပ်မှာ ခရစ္စယာမ် ဘာသာ ကို သက်ဝင်ယုံကြည်သွားကြ သည့် ကရင်လူမျိုးတို့ ၏ သမိုင်းဖြစ်ပါသည်။
၁၉၃၁ ခုနှစ် သန်ခေါင်စာရင်းအရ တိုင်းရင်းသား ဗမာ (ဗရမာ) လူမျိုးများတွင်၊ ဗမာပြီးလျှင်၊ ကုရင်တို့ သည် ဒုတိယ အများဆုံး ဖြစ်ခဲ့၏။ ထိုစဉ်က ဗုဒ္ဓဘာသာဝင်ကုရင် အများစု ရှိခဲ့သည်။ ထို့ နောက် အေဒီ ၁၉၈၃ ခုနှစ် သန်ခေါင်စာရင်း အရ ကုရင်တိုင်းရင်းသားတို့ မှာ ဒုတိယနေရာရှိ သျှမ်းတို့ နောက် တတိယ နေရာတွင်သာရှိခဲ့၏။  အေဒီ ၁၈၈၁ ခုနှစ်တွင်၊ ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်သူများနှင့် ပူးပေါင်း ၍၊ ခွဲထွက်ရေးအသွင်ဆောင်လာမည့် လူမျိုးရေးဝါဒကို ဘက်ပတစ် ခရစ္စယာမ်တို့ က အစပျိုး နိုင်ခဲ့၏။ ဤသည်မှာလည်း ကျူးကျော်သူ နယ်ချဲ့ အင်္ဂလိပ် အစိုးရ အရာရှိတို့ က ကရင်ခရစ္စယာမ်များကိုသာ ပ စားပေး၊ အခွင့်အရေးပေး မြှောက်ထိုးပင့်ကော် လုပ်ခဲ့ခြင်းကြောင့်သာ ဖြစ်ပေသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရ ပြီးနောက်ပိုင်းတွင် အနောက်တိုင်း စာရေးဆရာတို့ က၊ ကျူးကျော်သူ နယ်ချဲ့ အင်္ဂလိပ်၊ အမေရိကန်တို့ နှင့် ရင်းနှီးစွာ ပူးပေါင်းသူ ခရစ္စယာမ်ဘာသာဝင် ကရင်များ ၏အကြောင်းကိုသာ သိကြသည့်အလျှောက်၊ ဗမာတိုင်းရင်းသား ကုရင်လူမျိုး အားလုံး သည် ဗမာနှင့် ဗမာအစိုးရ ကို ဆန့် ကျင်သူများဟု လွဲမှားစွာ ထင်မြင်ယူဆပြီး ရေးသားခဲ့ သည့် စာအများရှိ၏။ ဗမာ့တပ်မတော် အရာရှိငယ်များ အပါအဝင် လူငယ်မောင်မယ်တို့  အနေနဲ့  သိသိကြီးနှင့် တမျိုး မသိ ၍တဖုံ ဤလွဲမှားစွာ ရေးသားကြသည့် သမိုင်းမဟုတ်သော လုပ်ဇာတ်များကို နားလည် သဘောပေါက်ကြရန်လို ပါသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရ ပြီးနောက်ပိုင်းတွင် ခရစ္စယာမ်ဘာသာဝင် ကရင်များ ဦးဆောင်သည့် ကရင်အမျိုးသား သမဂ္ဂ= ကေအင်ယူ  (The Karin National Union = KNU) ကို ဗမာ-ယိုးဒယား နယ်စပ်တွင် ဖွဲ့ စည်းခဲ့ကြ၏။ ကေအင်ယူ (KNU) ကိုဘဲ အထူးတလည် တိုင်းရင်းသား လူမျိုးစု ခွဲထွက်ရေးတွင် စံတင် စံထားရ မည့် အဖွဲ့ အစည်း ဖြစ်လေဟန် ရေးသားလာခဲ့ကြ၏။ အကယ်စင်စစ် အဖြစ်မှန်က ဤ အယူအဆနှင့် ပြောင်းပြန်ဖြစ်၏။ ဗမာနှင့် ဗမာအစိုးရကို ဆန့် ကျင်သူ ခရစ္စယာမ်  ဘာသာဝင် ကရင်လူနည်းစုကို အကြောင်းပြုပြီး ဗမာတိုင်းရင်းသား ကုရင်လူမျိုး အားလုံး သည် ဗမာနှင့် ဗမာအစိုးရကို ဆန့် ကျင်သူများဖြစ်လေဟန် ရေးသားလာခဲ့ကြ၏။ ဤ အပြုအမူကား မှားပါသည်။ တကယ်ဆိုလျှင် ၁၉၂၀ ခုနှစ် ကတည်းက၊ ဗမာတိုင်းရင်းသား ကုရင်လူမျိုး အများစုမှာ  ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြောင်း ထင်ရှားသော မှတ်တမ်းများ၊ သမိုင်းများ ရှိခဲ့ပြီး ဖြစ်ပါသည်။ 

 updated on 29th September 2014



၁၉၂၁ ခုနှစ်သန်ခေါင်စာရင်းအရ၊ ပထမဆုံးအကြိမ် တိကျသော သန်ခေါင်စာရင်းများ ထွက်ပေါ်လာခဲ့စဉ်ကပဲ၊ ကုရင်လူမျိုး များမှ ၇၇.၃ ရာခိုင်နှုန်း မှာ ဗုဒ္ဓဘာသာဝင်များ   ဖြစ်သည်ကို တွေ့ ခဲ့ကြပြီး ဖြစ်ပါသည်။ ၁၉၃၁ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင် ကုရင်လူဦးရေ အနည်းငယ် (၇၆.၇၄ ရာခိုင်နှုန်းထိ) လျော့ကျသွားခဲ့၏။ ဤသည်မှာလည်း အင်္ဂလိပ်နှင့် အမေရိကန် အစိုးရ တို့ ၏ လုံ့ လထုတ် ကျိုး ပမ်းမှု (ဗမာတိုင်းရင်းသားချင်း၊ ရန်တိုက်ပေးရန်၊ ခွဲခြားပြီး အုပ်ချုပ်ရန်) ဖြစ်၏။ ထိုစဉ်က ခရစ္စယာမ် ဘာသာဝင် ကုရင် လူဦးရေ ၁၅.၉၉ ရာခိုင်နှုန်း သာရှိခဲ့ပြီး၊ ဘာသာမဲ့ (သို့ ) တိရစ်ဆန်တို့ ကို ကိုးကွယ်သူ ကုရင်လူဦးရေ ၇.၂၃ ရာခိုင်နှုန်း ရှိခဲ့၏။ 

 


ခရစ္စယာမ်ဘာသာဝင် ကရင်များမှာ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွါးရေး နယ်ပယ်တွင် အဓိကဆိုသလိုနေရာများ ရရှိကြပြီး ဖြစ်နေ၏။ သို့ ရာတွင် ဗုဒ္ဓဘာသာဝင် ကုရင်များမှာမူ နေရာ မရရှာခဲ့ကြပဲ လစ်လျူရှု ထားခြင်းကို ခံခဲ့ကြရ၏။ ဤသည် ကား လူမျိုးတမျိုးတည်းကို ဘာသာရေးကိုအခြေခံကာ ခွဲခြားဆက်ဆန်ခဲ့သော ကျူးကျော်သူ နယ်ချဲ့ အင်္ဂလိပ်တို့ ၏ စေတနာမမှန်ပုံကို မီးမောင်း ထိုးပြ နေပေသည်။ ဗမာပြည်သား ကုရင်လူငယ်များ သမိုင်းမှန်ကို လေ့လာမှတ်သားကြရန်လို ပါသည်။ သမိုင်းမှန်ကိုသိမှသာ ဇာတိမာန်ရှိပြီး စည်းလုံးမှုရကာ ဗမာနိုင်ငံ အင်အားရှိပေမည်။
စာရေးသူ ကျွန်တော် မောင်ကုလား မကြာခန ဆိုငြီးမိသည့် သီချင်း ကို သတိရ၏။ သည်လိုပါ။ စာရှုသူများလည်း သီဆိုကြစေလိုပါသည်။
“တို့ နိုင်ငံရဲ့ တို့ အင်အား … တို့ ပြည်တွင်းမှာ ရှိထား သလေ…… အမျိုးချစ်တဲ့ စိတ်တွေ ပြည်ချစ်တတ်တဲ့ စိတ်တွေ  …အင်အားရှိမှ ခိုင်မာနေ….။ မာန်အဟုန်ကြီးတွေ သတ္တိ သွေးတွေ ဇာတိမာန်နှင့် ယှဉ်ကာ မပြက်ပြားပေ။  
 
ကျူးကျော်နယ်ချဲ့ ကာ ဗမာပြည်(ဗရာမာဒေသကြီး) ကို သိမ်းပိုက်ပြီး သယံဇာတ တွေကို လက်ဝါးကြီးအုပ် အမြတ်ထုတ်ခဲ့ကြသည့် အပြင် ဗမာတိုင်းရင်းသား ကုရင်လူမျိုးများကိုလည်း ဘာသာရေးဖြင့် သွေးခွဲခဲ့ကြပေသည်။ ဗုဒ္ဓဘာသာဝင် ကုရင်လူမျိုးတို့ ၏ သမိုင်းကိုမူ တလုံးတပါဒမျှ မရေးခဲ့ကြပဲ ဗုဒ္ဓဘာသာဝင် ကုရင်လူမျိုးများ မရှိလေဟန် ပြုခဲ့ခြင်းဖြစ်ပေမည်။



ဆက်ပါဦးမည်။

မှီငြမ်းပြု စာတန်းကို ဖတ်ရန် ဖော်ပြပါ လင့်ခ် ကို နှိပ်ပါ။