Tuesday, September 20, 2022

ရန်ကုန်တက္ကသိုလ်များ ဟော်ကီအသင်းကို လွမ်းဆွတ်သတိရခြင်း။

ဤစာရေးသူ ကျွှန်တော် ကုလားမင်းသား စရကား သည် ၁၉၇၁ ခုနှစ်မှစ ၍ ၁၉၇၆ ခုနှစ်အထိ ရန်ကုန် တက္ကသိုလ်များ ဟော်ကီအသင်းဝင် ဖြစ်ခဲ့၏။ ရန်ကုန် တက္ကသိုလ်များ (Rangoon University or Varsity) ကို ကိုယ်စားပြု ပြီး ကစားခဲ့ပါသည်။ ဟော်ကီကစားရန် ကျွှန်တော့်ကို ဖိတ်ခေါ်ခဲ့သူမှာ Ibrahim Ahmad Meta ဖြစ်၏။ သူနှင့် သူ၏ အစ်ကိုများ ဖြစ်သော Musa Meta (RIT- Communication) နှင့် Yusof Meta (RASU- Zoology) တို့မှာလည်း ရန်ကုန် တက္ကသိုလ်များ ဟော်ကီအသင်း၏ လက်ရွေးစင် အားကစား သမားများဖြစ်ခဲ့၏။ သူတို့ညီအစ်ကို သုံးယောက်သည် မြန်မာနိုင်ငံ (Union of Burma) ကို ကိုယ်စားပြု ကစားသော လက်ရွေးစင်များလည်းဖြစ်ပါသည်။ ကျွှန်တော်တို့ ဦးဆောင်သည့် ဆရာ (Chairman or Secretary) မှာ RIT စက်မှုအင်ဂျင်နီယာဌာန မှ ဆရာ ဦးတင်လှိုင် ဖြစ်၏။ ဆရာသည် ၁၉၇၉၊၈၀ သို့မဟုတ် ၈၁ လောက်က ကွယ်လွန်သွားခဲ့ပါသည်။ ဆရာဦးတင်လှိုင် ကောင်းကင်ဘုံ (Nirvana) ကိုရောက်ပါစေကြောင်း ကျွှန်တော်တို့ ဝန်ဇင်းမင်းရာဇာ စာမျက်နှာမှ ဆုမွန်ကောင်းတောင်းပါသည်။ ဤဆရာ ဦးတင်လှိုင် နှင့် နာမည်တူ ဒေါက်တာ တင်လှိုင်မှာ လည်း စက်မှု တက္ကသိုလ် စက်မှုအင်ဂျင်နီယာဌာနက အခြား ဆရာတဦးဖြစ်ပါ၏။ ဒေါက်တာ တင်လှိုင် က ဟော်ကီ မကစားပါ။ တင်းနစ် ကစားပါသည်။ ဆရာ ဒေါက်တာ တင်လှိုင်က ကျွှန်တော်တို့ကို Thermodynamics သင်ပြခဲ့ပါသည်။ အမှတ်တရဖြစ်သော နောက်သူငယ်ချင်းများထဲ မှ စက်မှုအင်ဂျင်နီယာကျောင်းသား ဖြိုးဝေဝင်းမှာ ကျွှန်တော်တို့ ရန်ကုန် စက်မှု တက္ကသိုလ်မှ ဟော်ကီ အသင်းဝင်တဦးလည်း ဖြစ်၊အားကစားသမားများကို ပို့ဆောင်ရေးနှင့် အထွေထွေ ပံံ့ပိုးကူညီ ခဲ့သူလည်းဖြစ်ခဲ့၏။ သူ့ကို ရင်းနှီးသူ သူငယ်ချင်းများက “ဖြိုး” ဟုသာ ခေါ်ကြ၏။ ကျွှန်တော်တို့ ရန်ကုန် တက္ကသိုလ်များ ဟော်ကီအသင်းက ပထမတန်း တွင် Varsity A (“က” အသင်း) က ပါဝင်ကစားပြီး၊ Varsity B ( ခ သင်း) နှင့် Varsity C ( “ဂ” ) အသင်းတို့က ဒုတိယတန်းတွင် ကစားခဲ့ကြပါသည်။ စာရေးသူ ကျွှန်တော် စရကား မှာ ကနဦးတွင် Varsity “C” အသင်းက ကစားရပြီး နောင်သော် ၁၉၇၂-ရ၃ တွင် Varsity “B” သင်းက ပါဝင်ကစား ခဲ့ရပါသည်။ စာရေးသူ မှတ်မိသလောက် ကျွှန်တော်တို့ ရန်ကုန်တက္ကသိုလ်များ ဟော်ကီအသင်း တွင် ပါဝင်သစားခဲ့ကြသည့် ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသားများကို အောက်တွင်ဖော်ပြပါသည်။ (၁) Musa Meta (မူစာ မေတာ) - လျှပ်စစ်ဆက်သွယ်ရေး (၂) Ibrahim Ahmad Meta (အီဗရာဟင်မ် အာမက် မေတာ) - သတု္တဗေဒ ဌာန၊ (၃) ဖြိုးဝေဝင်း - စက်မှုအင်ဂျင်နီယာဌာန (၄) (ဘီလူးခေါင်း) သိန်းလွင် ခေါ် သောင်းတန် - ကနဦး လျှပ်စစ်အင်ဂျင်နီယာဌာန (၅) (မီးပွိုင့်) နေဝင်း - လျှပ်စစ်အင်ဂျင်နီယာဌာန (၆) (စာကလေး) ခင်မောင်ဇော် - အီလက်ထရွန်နစ် အင်ဂျင်နီယာဌာန (ရ) (အသေးလေး) ခင်မောင်ဇော် - လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာန (ဂ) ဝင်းဘို - အီလက်ထရွန်နစ် အင်ဂျင်နီယာဌာန (၉) ဇလုတ် ဌေးအောင် - စက်မှုအင်ဂျင်နီယာဌာန (၁၀) သိန်းထွန်အောင် - အီလက်ထရွန်နစ်အင်ဂျင်နီယာဌာန (၁၁) ကုလားမင်းသား စရကား (ဤ စာရေးသူ) - လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန (၁၂) သူရသန့်စင် ( စက်မငအင်ဂ ျင်နီယာဌာန ) ဆေး တက္ကသိုလ်(၁) မှ ဝင်းကို၊ ခင်သိန်း နှင့် မော်မော်တင်ထွတ်၊ RASU မှ Yusof Meta နှင့် အမည်မမှတ်မိတော့သော ဟော်ကီကစား သမားများစွာ ပါဝင်ခဲ့ကြပါသည်။ ကျွှန်တော်သည် ၄-၂-၄ ပုံစံ ( 4-2-4 Form) ဖြင့် ကစားသည့်အခါများတွင် ညာအတွင်းလူ (Right Inner) သို့မဟုတ် ဘယ်အတွင်းလူ (Left Inner) အဖြစ် ပါဝင် ကစားခဲ့ပါသည်။ ကျွှန်တော် ဘယ်အတွင်းလူ (Left Inner) အဖြစ် ကစားသည့် ပွဲများတွင် ဇလုတ်ဌေးအောင် က ညာအတွင်းလူ နေရာမှ ကစားရ လေ့ရှိခဲ့ပါသည်။ သိန်းထွန်းအောင်ကမူ ညာတောင်ပံ(Right Wing) က ပင်တိုင်ကစားခဲ့ ရပါသည်။ သူသည် ဝေးဝေးမှနေကာ အသံကျယ်ကျယ် အော်တတ်သူ ဖြစ်၏။ ဇလုတ်ဌေးအောင်သည် အင်မတန် ဂိုး ရချင်သူဖြစ်၏။ ရန်ကုန်ကျောင်းသားထဲမှ တချို့ ကို သူတို့ချစ်သူရည်းစားများက လာရောက်အားပေးလေ့ ရှိကြ၏။ သူတို့ထဲမှာ ဇလုတ်ဌေးအောင်ရဲ့ “ဆော်” ခေါ် ရည်းစားလည်း လာကြည့်သည့်အခါများ ရှိခဲ့မည် ထင်ပါ၏။ သေတော့ မသေချာပါ။ သို့သော် ဇလုတ်ဌေးအောင် သည် အလွန် ဂိုးရှူး ချင်သူဖြစ် ခဲ့ပါ၏။ ကျွှန်တော့်ထံ ဟော်ကီဘောလုံး ရောက်လာပြီ ဆိုလျှင် လည်းကောင်း၊ ကျှွှန်တော် ကျိုးစားလုယူလို့ ဘောလုံးရပြီ ဆိုလျှင် လည်းကောင်း၊ ဇလုတ်ဌေးအောင် နှင့် သိန်းထွန်းအောင် တို့ သည် ကျွှန်တော်ကို တကြော်ကြော် ခေါ်ကာ သူတို့ထံ ဘောလုံး ပို့ပေးရန်တောင်းကြ ပေတော့သည်။ တခါနှစ်ခါ ပေးကြည့်ပြီး သူတို့ ဂိုး မရသည့် အခါ စာရေးသူကျွှန်တော် (ကြွားလိုက်အုံးမယ်) မရ၊ ရအောင် ကျိုးစား ၍ ဂိုးသွင်းခဲ့၏။ ဆက်ပါဦးမည်။