Sunday, December 28, 2014

" ဆရာမ ကျုပ်မှာ အချိန်မရှိဘူး လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမယ် ကျုပ်မေတ္တာကို မြန်မြန်တုံ့ပြန်ဗျာ "

" ဆရာမ ကျုပ်မှာ အချိန်မရှိဘူး လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမယ်
ကျုပ်မေတ္တာကို မြန်မြန်တုံ့ပြန်ဗျာ "

Credit Golden Man

Bogyokre"s proposing styler. 

Wednesday, December 24, 2014

DVB - လက်ပံတောင်း ပဋိပက္ခ မြင်ကွင်း (၂၂ ဒီဇင်ဘာ ၂၀၁၄)


DVB - လက်ပံတောင်း ပဋိပက္ခ မြင်ကွင်း (၂၂ ဒီဇင်ဘာ ၂၀၁၄) လက်ပံတောင်းကြေးနီစီမံကိန်းဧရိယာမှာ ရဲနဲ့ ဒေသခံတွေအကြား ပဋိပက္ခဖြစ်ရာမှာ ရဲက သေနတ်နဲ့ပစ်ခတ်လို့ အသက် ၅၀ အရွယ် ရွာသူတဦး သေဆုံးပြီး လူ ၂၀ ခန့် သေနတ်ဒဏ်ရာ ရသွားပါတယ်။လျော်ကြေးမယူတဲ့ မြေယာတွေပေါ်မှာ ၀မ်ပေါင် ကုမ္ပဏီက ခြံစည်းရိုးခတ်တဲ့အတွက် ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ၂၀ထက် မနည်း ဒဏ်ရာရ

 ဆူးခင်းလမ်း သုတရသ

လက်ပံတောင်းကျိန်စာ

ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ယနေ့  ရေးတဲ့ကဗျာ

 လက်ပံတောင်း
အသက်ပေါင်းများစွာစတေး
သွေးနဲ့မော်ကွန်းတင်
ရာဇဝင်သမိုင်းအသစ်
အရိုင်းတစ်ခေတ်ကိုကဗျည်းထိုးပြီ။

ဒါဒို့ရေ ဒါဒို့မြေ
ငါတို့တတွေပိုင်တဲ့တောင်တွေကိုဖျက်
လယ်ကွက်မြေကွက်အဓမ္မလု
မမျှမတတဲ့ လူ့အခွင့်အရေး
အသက်ကိုပါပေးရတဲ့အဖြစ်
လက်ပံတောင်းတောင်စစ်တလင်း
သွေးချင်းချင်းနီ
ပြည်သူကိုသတ်တဲ့ကျည်ဆံ
သမိုင်းကိုမှန်ပြီးကျန်ခဲ့။
တောပျောက်တောင်ပျောက်
လယ်ပျောက်ယာပျောက်
ရွာပျောက်လူပျောက်
ဖျောက်ချင်တာဖျောက်
ပျောက်ချင်တာပျောက်
ဖျောက်တိုင်းမပျက်
ဖျက်တိုင်းမစင်
ရာဇဝင်ရိုင်း
သွေးသမိုင်းကို
ပြည်သူတွေ တွေးတိုင်းတွေးတိုင်း
နာကျည်းစေ။
မောင်စိန်ဝင်း ( ပုတီးကုန်း )
၂၃ -၁၂ -၂၀၁၄
ကို tun wai မှ တဆင့် ကူးယူတင်ပြပါသည်။
Credit Love Hunter

လက်ပံတောင်းကျိန်စာ

ပြောင်လိမ်ပြီ

လက်ပန်းတောင်း သတင်း(၁)

Monday, December 8, 2014

ဒေါ်စု သမ္မတ ဖြစ်သင့် မဖြစ်သင့်

မူရင်းရေးသား တင်ပြ သူ ၏ အာဘော်သာ
ဖြစ်ပါသည်။ From Myo Gyi's Fb


ဒေါ်စု သမ္မတ ဖြစ်သင့် မဖြစ်သင့်ဆိုတဲ့ ပိုစ့်အောက်မှာ မဖြစ်သင့်ဘူးလို့ ရေးထားတဲ့သူတွေရဲ့ ကွန်မက်တော်တော်များများမှာ သူမဟာ ဗုဒ္ဓဘာသာကို စော်ကားလို့၊ ဘာသာခြားအရေးပေးလို့ စတဲ့ အကြောင်းအရာကို အခြေခံပြီး ပြောတာများတယ်။
ဒါဆို သူမဟာ တကယ်ဘဲ အဲလိုဖြစ်နေလား…. ??? တကယ်ဘဲ ဗုဒ္ဓဘာသာရဲ့ ရန်သူလား…. ကိုယ့်လူမျိုးကို အရေးမပေးဘူးတဲ့လား…. ဆိုတဲ့ မေးခွန်းတွေအတွက် တချက်စဉ်းစားကြည့်လိုက်ရအောင်ဗျာ….

ဒေါ်စုကို ဗုဒ္ဓဘာသာရဲ့ ရန်သူလို့ စွပ်စွဲတာ မသီတာထွေးကနေ အစပြုတဲ့ ရခိုင်အရေးအခင်းမှာ ဒေါ်စုရဲ့ ရပ်တည်ချက်ကို ရည်ညွှန်းပြောဆိုတယ်လို့ အကြမ်းအားဖြင့် သုံးသပ်ရပါတယ်။ ဟုတ်ပြီ…. အဲ့ဒီအချိန်ကာလကို တစ်ချက် ကြည့်ရအောင်။
ထိုအချိန်က ဘင်္ဂလီလူမျိုးတွေနဲ့ ရခိုင်နဲ့ ပြသနာဖြစ်ပွားချိန်၊ အိမ်တွေ မီးရှို့ လူတွေသတ်နဲ့ ထိန်းမနိုင် သိမ်းမရဖြစ်ချိန်၊ ပြည်သူတွေက ဒီပြသနာအပေါ် ဒေါသထွက်ပြီး ရန်မီး အစပျိုးတော့မယ့်အချိန်၊ မသမာသူတစ်စုရဲ့ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် လမ်းကြောင်းလွဲ လှုံဆော်နေချိန်၊
သမ္မတလုပ်သူ ဦးသိန်းစိန်က သတင်းထုတ်ပြန်မှု၊ ပြည်သူလူထုကို မစိုးရိမ်ရန် ပြောဆို နှစ်သိမ့်မှု လုံးဝ မလုပ်ဘဲ ပစ်ထားချိန်.. အဲ့လို အချိန်မှာ အဲဒီအတိုင်းဘဲ ရှေ့ဆက်သွားရင် ရခိုင်မီးစဟာ တတိုင်းပြည်လုံးပျံ့နှံ့ပြီး စစ်ဘေး ကပ်ဘေး ကျရောက်လာမှာ မြေကြီးလက်ခတ်မလွဲပါဘဲ။
အဲ့ဒီအချိန်ကျရင် နောက်ကြောင်းပြန်လှည့်ချင်သူ တစ်စုက တိုင်းပြည်မငြိမ်မသက်ဖြစ်လို့ မလွဲမရှောင်သာ စစ်အာဏာပြန်သိမ်းလိုက်ရပါတယ်ဆိုပြီး ဖြစ်လာမယ်။
အဲ့လိုမျိုးဆို ခင်ဗျားတို့ ကျွန်တော်တို့ ခုချိန်မှာ ဒီမိုကရေစီဆိုတဲ့ အရသာ လုံးလုံးခံစားရမှာမဟုတ်ဘဲ အရင်လို အာဏာရှင်လက်အောက်မှာဘဲ ပေးတာယူ ကျွေးတာစားဘဝနဲ့ နေနေရမှာ မလွဲပါဘူး။
ဒါတွေကို ကြိုမြင်တဲ့ ဒေါ်စုက ပြသနာပိုမကြီးလာခင်မှာ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဝင်တားဖို့ သူလုပ်ရတော့မယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူမ ဘယ်လိုလုပ်သွားလဲ ကြည့်ကြပါ။
ရန်ကုန်မှာရှိတဲ့ မွတ်ဆလင်တွေဖက်ကို သွားနှစ်သိမ့်တယ်၊ လူနည်းစုကို လူများစုက အနိုင်မကျင့်ရဘူးလို့ ပြောသွားတယ်။ အဲ့လို ပြောအပြီးမှာ ဘာဖြစ်သွားလဲ…. ဒေါ်စုကို ထောက်ခံတဲ့ သူတွေထဲက ဒေါ်စု ဘာဖြစ်လို့ တခြားဖက်ပါရတာလဲ၊
ဒေါ်စုကို ငါတို့ဖက်က ထင်ထားတာ ခုဘယ်လိုဖြစ်တာလဲဆိုပြီး တွေဝေကုန်တယ်။ တချိန်လုံး ချမယ် ဆော်မယ် တကဲကဲဖြစ်နေတဲ့သူတွေ ဒေါ်စုစကားအပြီးမှာ ဒီဖြစ်စဉ်ကို ပြန်စဉ်းစားသုံးသပ်လာကြတယ်။
ဒီလိုနည်းနဲ့ ဒေါ်စုဟာ ပြည်သူတွေရဲ့ အမျက်ဒေါသကို လူမျိုးရေး အဓိကရုန်းဆီ ဦးမတည်စေဘဲ သူ့အပေါ်ဘဲကျရောက်ပါစေတော့ဆိုပြီး လမ်းလွဲလိုက်တာဘဲ ဖြစ်တယ်။
ဂျောက်ထဲ ကျဖို့ လိမ့်နေတဲ့ကားကို ရှေ့ကနေ ဝင်ခံလိုက်တဲ့ သဘောပေါ့။
ဒေါ်စု မွတ်ဆလင်တွေကို သွားနှစ်သိမ့်တာတွေ၊ လူနည်းစုကို လူများစုက အနိုင်မကျင့်ရဘူးလို့ ပြောသွားတာတွေဟာ ဘာအဓိပ္ပါယ်လဲ…..
ဒါတွေက ရခိုင် ကိစ္စမကျေနပ်လို့ နီးစပ်ရာမဆိုင်တဲ့ မွတ်ဆလင်တွေကို လူထုပြသနာရှာမှာစိုးလို့ ဖြေရှင်းလိုက်တဲ့ သဘောပါဘဲ။ လူထုဒေါသကနေ အဓိကရုန်းဖက်မရောက်အောင် လမ်းကြောင်းလွဲလိုက်တဲ့သဘောပါ။
ဒီလိုလုပ်လို့ သူမအပေါ် ထောက်ခံမှု ကျဆင်းကုန်မယ် ပြည်သူတွေ အမြင်စောင်းကုန်မယ်ဆိုတာ သာမာန် လူတစ်ယောက်တောင် သိမှာပါ။ ဒါဆိုဘာလို့ ဒီလိုလုပ်လဲ?
ရွေးစရာလမ်းမရှိတော့ ... တိုင်းပြည် ပဋိပက္ခဖြစ်မှာ၊ စစ်အာဏာရှင်လက်ထဲ ထပ်ပြီးကျရောက်သွားမှာကို စိုးရိမ်ပြီး ပြည်သူတွေ အပြစ်တင်ခံ၊ အတိုက်ခိုက်ခံပြီးတော့ကို ပြောခဲ့ဆိုခဲ့တာပါ။
ဒီလို ဒေါ်စု လမ်းကြောင်းလွဲတောင်မှ နောက်ဆက်တွဲ မိထ္ထီလာ၊ လားရှိုး အစရှိတဲ့ မြို့တွေမှာ ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာပါသေးတယ်။ ဖြစ်လာတဲ့ ပဋိပက္ခတွေကလည်း နောက်ကြောင်းပြန်ချင်တဲ့ လူတစ်စုရဲ့ စနက်ပါတယ်ဆိုတာလည်း အားလုံးအသိဘဲ ဖြစ်ပါတယ်။
နောက် ဒေါ်စု ဘာပြောသွားလဲ….. တရားဥပဒေ စိုးမိုးမှုရှိရမယ်လို့ ပြောသွားတယ်။ ဒီကိစ္စမှာ တရားဥပဒေ စိုးမိုးမှုမရှိလို့ ဖြစ်တာ၊ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် မပြောဘဲ အပြစ်ရှိရင် ရှိတဲ့ ဘင်္ဂလားဘဲ ဖြစ်ဖြစ် ရခိုင်ဘဲ ဖြစ်ဖြစ် ဥပဒေနဲ့ တိတိကျကျ အရေးယူဖို့ တိုက်တွန်းတာ။
ဒါဟာ ပြသနာရဲ့ တကယ့် main point ပါဘဲ။ အဲလိုမဟုတ်ဘဲ ဘက်တစ်ဘက်ကို နင်းပြီးဖြေရှင်းရင် မြန်မာပြည်လို လူမျိုးပေါင်းစုံနေထိုင်တဲ့ တိုင်းပြည်မှာ အဓိကရုန်းဖက်ကို ဦးတည်သွားစေနိုင်ပါတယ်။ အဲလိုဖြစ်လို့ နစ်နာရင် တိုင်းပြည်နဲ့ ပြည်သူတွေဘဲ နစ်နာမှာဖြစ်ပြီး အာဏာရှင်ဟောင်းတွေအတွက်တော့ စားပေါက်ရသွားမှာဘဲဖြစ်ပါတယ်။
နောက် အများစွပ်စွဲနေကြတဲ့ ဒေါ်စုက ဟိုဖက်ကိုလိုက်တယ်ဆိုတဲ့ ကိစ္စကို မမှန်ကြောင်း သူမ ဖြေရှင်းသွားတယ်။ “ကျွန်မ ရိုဟင်ဂျာကို မသိဘူး” ဆိုတဲ့ နိုင်ငံခြား အင်တာဗျူးမှာပါတဲ့ သူမရဲ့ ပါးနပ်တဲ့ အဖြေဟာ သူမရဲ့ ရပ်တည်ချက်ကို ဖော်ပြလိုက်တာပါဘဲ။
ဒါဟာ ရခိုင်မှာ စိမ့်ဝင်နေတဲ့ ဘင်္ဂလားနိုင်ငံသားတွေကို ရိုဟင်ဂျာလို့ မသတ်မှတ်ဘူးဆိုပြီး အတိအလင်းပြောသွားတာပါ။ အင်မတန် ရှင်းလွန်းအားကြီးပါတယ်။
နောက်တချက်ရှိတာ ဒေါ်စုဟာ ဗုဒ္ဓဘာသာအတွက် အန္တရယ်ဆိုရင် ဘာလို့ သီတဂူဆရာတော်လို ကမ္ဘာ့သာသနာပြု ဆရာတော်တွေ၊ အရှင်ဆန္ဒာဓိကလို အများကြည်ညိုရတဲ့ ဆရာတော်တွေ၊ ဒယ်အိုးဆရာတော်လို အမှန်ကို အမှန်အတိုင်းဟောရဲတဲ့ ဆရာတော်တွေက ဘာလို့ဒေါ်စုဘက်မှာ ရပ်တည်နေရတာလဲ။
ဒေါ်စု သမ္မတဖြစ်ရင် ကုလားတိုင်းပြည်ဖြစ်မယ်ဆိုရင် ဒီဆရာတော်တွေက ဘာလို့ ဒေါ်စုဘက်မှာ ရှိနေတာလဲ။
ဒါတချက်စဉ်းစားစရာပါ။ နောက်ပြီး ဒေါ်စုဟာ ဘာသာတရား ကိုင်းရှိုင်းသလို သူမကြောင့် နိုင်ငံတကာမှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးဆိုတာ ဒီလိုမျိုးဆိုပြီး ဂုဏ်တက်ရတာဘဲရှိပါတယ်။ ဒေါ်စုကြောင့် နိုင်ငံတကာမှာ ဗုဒ္ဓဘာသာ နာမည်ပျက်တာ မရှိဖူးပါဘူး။
သူမဟာ သံဃာတော်တွေကို မရိုက်ဘူး၊ ဝရမ်းပြေးအဖြစ် မဖမ်းဘူး၊ သေနတ်နဲ့ ပစ်ဖို့ အမိန့်မပေးဘူး၊ မီးလောင်ဗုံးတွေနဲ့ မပစ်ဘူး၊ ကျောင်းတွေ မသိမ်းဘူး၊ သိမ်တွေ မဖျက်ဘူး။ ဒီလိုမျိုးတောင်မှ သာသနာဖျက်မယ့်သူ၊ ဗုဒ္ဓဘာသာကို ဖျက်ဆီးမယ့်သူလို့စွပ်စွဲရင် ယုတ်တိရှိရဲ့လား…. သေချာစဉ်းစားကြည့်ရင် အဖြေ အရှင်းသားတွေ့ရမှာပါ။
ဒါမှ သဘောမပေါက်ဘူးဆိုရင် ဒေါ်စုရဲ့ သမိုင်းကို ပြန်ကြည့်ပါ။ လင်ယောင်္ကျား အင်္ဂလန်မှာ ရောဂါအခြေအနေဆိုးရွားပြီး ဆုံးခါနီးအချိန်တောင် မပြန်ဘဲနေတာ၊ ဖတဆိုး သား ၂ ယောက်ကို ပြန်မကြည့်အားဘဲ မြန်မာပြည်မှာ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတာ၊ အသက်အန္တရယ် ခြိမ်းခြောက်ခံရတဲ့ ဒီပဲယင်းလို အရေးအခင်းမျိုးကြုံလည်း နောက်မဆုတ်ဘဲ ဒီမိုကရေစီရရေး မမှိတ်မသုံကြိုးစားတာ၊
နေအိမ်အကျယ်ချုပ်ခံရလည်း ဘယ်တော့မှ အလျော့မပေးတာစတဲ့ သမိုင်းတွေကို ဖြတ်သန်းလာခဲ့တာ ဘယ်သူ့အတွက်လဲ ?။
မြန်မာပြည်သူတွေ အတွက်လား တိုင်းတပါးသားတွေ အတွက်လား။ ပြောမှာပေါ့ အာဏာရချင်လို့၊ ငွေမက်လို့၊ တိုင်းပြည်ရဲ့ အကြီးဆုံးနေရာမှာနေပြီး စိတ်တိုင်းကျ ချယ်လှယ်ချင်လို့ဆိုပြီး။
ဒါဆို အဲ့ဒီ စွပ်စွဲချက်တွေ မှန်မမှန် တချက်ကြည့်ရအောင်။ သူမသာ တကယ် ငွေမက်ရင် မြန်မာပြည်က ထွက်ပြီး ကြိုက်တဲ့ နိုင်ငံကြီးမှာ သွားနေလို့ရတာပေါ့။ နိုင်ငံတိုင်းကလည်း သူမလို သြဇာတိက္ခမ ကြီးတဲ့ ခေါင်းဆောင်မျိုးကို ကြိုဆိုပြီးသားဘဲ။ ကမ္ဘာ့ထိပ်တန်း အမေရိကန်နိုင်ငံကတောင် သူမလိုထက်မြတ်တဲ့လူကို နေရာပေးချင်နေတာ။
ငွေလိုချင်လား ပေးမှာဘဲ၊ အိမ်လိုချင်လား ပေးမှာဘဲ၊ ရာထူးလိုချင်လား လိုလိုလားလားနဲ့ကို ပေးအုံးမှာပါဘဲ။ ဘာလို့လဲဆိုတော့ သူတို့နိုင်ငံတွေဟာ လူတစ်ယောက်ရဲ့ တန်ဖိုး၊ ခေါင်းဆောင်တစ်ယောက်ရဲ့ တန်ဖိုးကို အတိအကျ နားလည်လို့ပါဘဲ။ ဒါဆို သူမ ဘာလို့ ဒီနိုင်ငံမှာ အနစ်နာခံနေတာလဲ။
ဇိမ်နဲ့နေ ဇိမ်နဲ့သွားလို့ရတဲ့ အခြေအနေမျိုးကို စိတ်မဝင်စားဘဲ ဆိုးရွားလှတဲ့စစ်အာဏာရှင် အောက်က ပြည်သူတွေနဲ့ ဒီမိုကရေစီရရေး ဘာလို့ ရုန်းကန်နေရတာလဲ။
ဒါကရှင်းနေပါပြီ။ သူမ ရာထူးကို မက်တာမဟုတ်ဘူး၊ ငွေကိုလည်း မက်တာမဟုတ်ဘူး။ သူမမက်တာ တိုင်းပြည် ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်ရောက်ပြီး ပြည်သူပြည်သားအားလုံး တပ်မတော်ပါ မကျန် စည်းစည်းလုံးလုံး နေထိုင်ခွင့်ရတာကို မက်မောတာ။ ဒါကလည်း သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတာပါဘဲ။
ဒေါ်စု ငယ်ငယ်လေးကတည်းက ဗိုလ်ချုပ်ဆုံးသွားလို့ ဖခင်နဲ့ သိပ်မနေလိုက်ရပေမယ့် ဖခင်ကျေးဇူးကို ဆပ်တဲ့အနေနဲ့ ဗိုလ်ချုပ်ရဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတိုင်းပြည် ထူထောင်နိုင်ရေးအိပ်မက်ကို တတ်နိုင်သလောက် အကောင်အထည်ဖော်ရင်း ကျေးဇူးဆပ်နေတာပါဘဲ။ ဒေါ်စု ကတပ်မတော်သားတွေကို တိုက်ခိုက်နေတာမဟုတ်ဘူး။ တပ်မတော်ကိုခုတုံးလုပ်အသုံးချပြီးတကိုယ်ကောင်းဆန်တဲ့ အာဏာရှင်စနစ်ကိုအပြီးတိုင်တိုက်ထုတ်နေတာ။
ဒီလောက်ဆိုရင် ဒေါ်စုအပေါ် တော်တော်လေး အမြင်ရှင်းလောက်ပြီ ထင်ပါတယ်။ မှိုင်းတိုက်ခံထားရတဲ့ သူတွေ၊ အထင်လွဲနေတဲ့ သူတွေလည်း ဒေါ်စုအပေါ် အမြင်မှန် ပြန်ရပါတော့ဗျာ။ ၂၀၁၅ ဆိုတဲ့ ခရီးကြမ်းအတွက် တကွဲတပြားဖြစ်မနေဘဲ စုစည်းမှုဖြင့် အာဏာရှင်ဆန်တဲ့ ခြေဥကို ပြင်ဆင်ပြီး ဒီမိုကရေစီ တိုင်းပြည်သစ်ဆီ လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းရင် ဒီစာကို ဒီမှာဘဲ နိဂုံးချုပ်ပါတယ်ခင်ဗျာ။
အားလုံး ကျန်းမာချမ်းသာကြပါစေ။
(Credit- Ryo Miyaichan )


နှလုံးသားကို အလှဆင် ပါ။

လူ တို့  နှလုံးသား
အမုန်းမပွားကြ စေ
မေတ္တာ ဆွတ် ဖြန်း
အချစ်ပန်းလှိုင် ကြွယ်
အကြင် ဏာ တရားတွေ
ထားကြမှ စိတ်ထားမြတ်မယ်
နှလုံးသားမယ်
အမုန်း တရား ပယ်
အပြုံးများ ကြွယ်ကြ စေ ဘွယ်။

စေ တနာတွေ ဖြိုးဝေကာ
မိုးစွေပါ ကွယ
စိန်ရွှေရတနာ
နီလာ ပုလဲသွယ်
စီကာ ဆွဲ မှ လှ မယ် မထင် ဘွယ်
အလှဆိုတာ အစဉ် အမြဲ
သင်္ခါရ ဘဲ ကွယ်
ရိုး သား သိမ် မွေ့  နှ လုံးလှရင်
လော က ကို အလှ ဆင် နိုင် လိမ့် မယ်
အစဉ် အမြဲ ဘဝ လှပ ရေး အတွက်
ရင် ထဲ က အလှ သာ ရွေး ကွဲ့ 
ပြုံး မြ မြ နှလုံး လှ ပါ ရင် ကွယ်
အမုန်း စကား မဆို ကြ အစဉ်သာတကယ်
နှလုံး သားကို အလှ ဆင် ပါ ကွယ်။
သီချင်း ကို အစ အဆုံး ပြန် မှတ် မိ ဆို နိုင်
တော့ မှ သီချင်း ခေါင်းစဉ် ပါ ပေါ် လာ ပါ တယ်။
ဒီသီချင်း က ဗမာ အတွက် သာ မက
တကမ္ဘာလုံး အတွက် ပါ သင့် လျော်တဲ့
အတွက် universal ဖြစ် ပြီး globalize
လုပ် နိုင် မယ် ထင် ပါ တယ်။
ဆရာ တင် မိုး ရဲ့ the sky is the limit
ကဗျာထဲက လို ကျွန်တော် တို့  အနှစ်သာရ
ယဉ်ကျေး မှု အနု ပညာ တွေ ကို ကမ္ဘာဖြန့် 
နိုက် ပါ ပြီ။

ဒီသချင်း ကို ကျွန် တော်နဲ့ အတူ
လိုက် မဆို နိုင် ဘူး လား။
လိုက် ဆိုကြ စမ်းပါ ဗျာ။
ရင်းတဲ့ သူ ငယ်ချင်း တွေ က စပြီး
လိုက် ဆိုကြ စမ်းပါ။

From Kalarminthar Saraka's facebook