Thursday, May 21, 2015

မေလ(၁၃)ရက်နေ့မှာ ဘာကြောင့်သတိထားကြဖို့ပြောတာလဲ

Htwe Htwe Sein FB မှ ကူးယူတင်ပြသည်။
https://www.facebook.com/htwe.sein.14/posts/779098518876204?from_close_friend=1&notif_t=close_friend_activity
မင်းသိမ်းခိုင်
၁၃-၅-၂၀၁၅
အရင်ဦးဆုံး ဒီဆောင်းပါးကို ဘူးသီးတောင်-မောင်တောက ညီငယ်၊ ညီမငယ်တို့ကို သိစေချင်လို့ ရည်ရွယ်ရေးသားတယ်ဆိုတာ ကြိုတင်ပြောထားပါရစေ။
ဘူးသီးတောင်-မောင်တောဒေသမှာ ဘင်္ဂလီလှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ သတိထားရမယ့်နေ့တွေမှာ မေလ(၁၃)ရက်နေ့ နီးလာပြီဆိုတာနဲ့ သက်ဆိုင်ရာက (လုံခြုံရေးအဖွဲ့အစည်းတွေက) သတိထားရမယ့်အချိန်အဖြစ် သတ်မှတ်ပြီး သတိကြီးစွာ စောင့်ကြည့်လေ့ရှိပါတယ်။
လူငယ်ပိုင်း အများစုကတော့ ဘာကြောင့်အရေးကြီးတာလဲ။ ဘာတွေဖြစ်မှာလဲ။ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာတွေကို သိချင်မှသိမယ်။ တစ်ဆင့်ကြားနဲ့ ဘာနေ့ဖြစ်လို့ပါဆိုပြီး ပြောကြတာတွေလဲ ကြားနေရတယ်။ အမှန်လဲရှိ၊ အမှားတွေလဲရှိပါတယ်။
တကယ်တမ်း ဒီကိစ္စကိုပြောရရင် ၁၉၄၂၊ ကုလား-ရခိုင် အဓိကရုဏ်းက စရပါမယ်။ ဘင်္ဂလီတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ဘူးသီးတောင်၊ မောင်တောဒေသက ရခိုင်တိုင်းရင်းသားတွေဟာ #၁၉၄၂၊ မေလ(၁၃)ရက်နေ့မှာ ဒေသကိုလုံးဝစွန့်ခွာပြီး ထွက်သွားကြတဲ့အခါ ဘင်္ဂလီတွေက Peace Committee (ငြိမ်းချမ်းရေးကော်မတီ) ဖွဲ့စည်းပြီး ကိုယ့်ဟာကိုယ်အစိုးရသဖွယ် အုပ်ချုပ်နိုင်ခဲ့တယ်။ ဒေသကိုလွှမ်းမိုးနိုင်ထားခဲ့ပါတယ်။ ဘင်္ဂလီတွေကိုခေါ်ပြီး ရွာတွေတည်ပေး၊ နေရာချပေး၊ လယ်ယာမြေတွေခွဲဝေပေးပြီး မင်းမူအုပ်ချုပ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာအဲဒီအဖွဲ့ဟာ “ဂျမေယာ တူ အူလေမာ အီ အစ္စလာမ်” (Jamia tul Ulima e Islam) ဘာသာရေးအဖွဲ့အဖြစ် အသွင်ကူးပြောင်းသွားခဲ့ပါတယ်။
တိမ်းရှောင်သွားခဲ့ရတဲ့ ရခိုင်တိုင်းရင်းသားတေကတော့ အခုအချိန်ထိ ပြန်မလာနိုင်တော့ပဲ ရခိုင်ပြည်နယ် မြောက်ပိုင်းထဲက မြို့နယ်တွေမှာ အခြေချနေထိုင်နေကြပါတော့တယ်။ (မြောက်ဦးနယ်၊ မင်းပြားနယ် စတဲ့ နေရာတွေကရွာတွေရဲ့အမည်တွေဟာ ဘူးသီးတောင်က ရွာတွေရဲ့အမည်တွေနဲ့တူနေတာ သိကြပါလိမ့်မယ်။ ဒီရွာတွေဟာ ဘူးသီးတောင်ကနေ IDP အဖြစ်ထွက်သွားခဲ့ကြတဲ့ တိုင်းရင်းသားတွေ ပုန်းခိုခဲ့လို့ မူရင်းနေရာအတိုင်း တွင်ကျန်နေခဲ့တဲ့ ရွာအမည်တွေပါပဲ။)
၁၉၄၇ခုနှစ်၊ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဘင်္ဂလီများ မဲပေးခွင့်ရခဲ့တယ်။ အင်အားရှိလာတာနဲ့ ဘင်္ဂလီတွေဟာ မူဂျာဟစ်လှုပ်ရှားမှုဖြစ်ပေါ်လာတယ်။ မွတ်ဆလင်လွတ်မြောက်ရေး ညီလာခံကို မောင်တောမြို့နယ်၊ ဂါရာဗြင်ကျေးရွာမှာ ညီလာခံတစ်ခုလုပ်ပြီး မူဂျာဟစ်ပါတီဖြစ်လာခဲ့ပါတယ်။
၁၉၄၈၊ စက်တင်ဘာ (၃ဝ)မှာတော့ ဘူးသီးတောင်မြို့နယ်၊ ဆင်အိုးပြင်ရွာမှာ (မောင်ကြီးထောင့်အုပ်စု၊ ဘူးသီးတောင်မြို့နယ်မှာ) စတင်စခန်းချခဲ့ပြီး “ပါကစ္စတန် ဂျီနာဗတ်” (ပါကစ္စတန် အဓွန့်ရှည်ပါစေ) ဆိုတဲ့ ကြွေးကြော်သံတွေ သောသောညံလာခဲ့ပြီး -
- ကုလားတန်မြစ် အနောက်ဘက်ကမ်းနှင့် နတ်မြစ်အရှေ့ဘက်ကမ်းကြားဒေသကို မွတ်ဆလင်တို့၏ National Home အဖြစ် သတ်မှတ်ပေးရန်
- ရခိုင်ရှိမွတ်စလင်များကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပေးရန်
စတဲ့တောင်းဆိုချက်တွေကို ဗြိတိသျှအစိုးရထံတောင်းဆိုပြီး မူဆလင်နယ်မြေရရှိရေးကို အဓိကထား ဆောင်ရွက်လာခဲ့ကြတယ်။ သူတို့၏ တောင်းဆိုကြိုးပမ်းချက် မအောင်မြင်ခဲ့ဘဲ မြန်မာနိုင်ငံလည်း ဗြိတိသျှ တို့ထံမှ လွတ်လပ်ရေးရခဲ့ပါသည်။ အကျဉ်းချုပ်ပြောတာပါ။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလ အစိုးရတက်လာတဲ့အခါ အမတ်နေရာများများလိုချင်လို့ (လူဦးရေတိုးအောင်) ဘင်္ဂလားက ဘင်္ဂလီတွေကို နေရာပေးပြီး ခေါ်သွင်းလာပြန်တယ်။ ဘင်္ဂလီတွေက လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေဖြစ်လာခဲ့တယ်။ ဒီလောက်နဲ့မတင်းတိမ်နိုင်တဲ့ ဘင်္ဂလီတွေဟာ ၁၉၅၁၊ ဇွန်(၁၀)မှာ အလယ်သံကျော်ညီလာခံ(Arakan Muslim Conference) ကို ဘင်္ဂလီလွှတ်တော်အမတ်တွေ ဦးဆောင်ကျင်းပပြီး တောင်းဆိုချက်တွေ တောင်းဆိုလာပါတော့တယ်။ အဲဒီညီလာခံမှာ ပါကစ္စတန်က ဘာသာရေး ခေါင်းဆောင်တွေပါ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အဓိကရည်ရွယ်ချက်က ကိုယ်ပိုင်မူဆလင်ပြည်နယ်ရအောင် တောင်းဆိုမယ်။ နောက်ပိုင်းမှာ ပါကစ္စတန်နိုင်ငံ (အခုဘင်္ဂလားဒေ့ရှ်နိုင်ငံ) နဲ့ ပေါင်းမယ်ဆိုတယ်။ အရေးကြီးတဲ့ တောင်းဆိုချက် တစ်ချို့ကတော့-
(၁) ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်(မေယုကမ်းဒေသ) ကို မူစလင်ဒေသအဖြစ် သတ်မှတ်ပြီး ထိုဒေသကို ကချင်၊ ချင်း၊ စသည်တို့ကဲ့သို့ ပြည်နယ်အဆင့် သတ်မှတ်ရေး၊
(၂) ကိုယ်ပိုင်လက်နက်ကိုင်တပ် ဖွဲ့စည်းခွင့်ပေးရေး
(၃) ရခိုင်မြောက်ပိုင်းအတွက် စစ်တွေကို ဗဟိုထား၍ သီးခြားအစိုးရဖွဲ့စည်းပြီး အစိုးရအဖွဲ့တွင် ကုလား-ရခိုင် ပူးပေါင်း ပါဝင်ရေး၊ ဌာနတိုင်းတွင် ကုလား-ရခိုင် ၅ဝ/၅ဝ ပါဝင်ရေး၊
(၄) လက်နက်ကိုင်တပ်ဖွဲ့စည်းရာတွင် စစ်အကြီးအကဲရာထူးအတွက် မူဆလင်ကိုခန့်အပ်ပြီး ရခိုင်ထဲမှ ဒုတိယအကြီးအကဲ ခန့်အပ်ရေး စတာတွေဖြစ်ပါတယ်။
သူတို့ရဲ့လှုပ်ရှားမှုတွေဟာ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်ပြီး တိုင်းပြည်ကို ပြန်လည်တည်ဆောက်ချိန်၊ နောက်ပြီးနိုင်ငံရေးအခြေအနေ မတည်မငြိမ် ဖြစ်တဲ့အချိန်တွေမှာ လှုပ်ရှားကြလေ့ရှိပါတယ်။ (၁၉၄၂ ဒုတိယ ကမ္ဘာစစ်ဖြစ်မယ့်အချိန်၊ လွတ်လပ်ရေးရပြီးတိုင်းပြည်သစ် တည်ဆောက်မယ့်အချိန် လှုပ်ရှားမှုတွေပါ။) သူတို့ရဲ့ အခုအချိန်အထိ မဆုံးသေးတဲ့အိပ်မက်ကတော့ ဘူးသီးတောင်-မောင်တောဒေသကို သူတို့အုပ်ချုပ်တဲ့ မူဆလင်ပြည်နယ်အဖြစ် လိုချင်တဲ့အိပ်မက်ပဲဆိုတာ ဒေသခံတိုင်းရင်းသားတွေ မမေ့လျော့ကြဖို့ လိုပါတယ်။
အဲဒီအချိန်ထဲက ဆက်တိုက်လှုပ်ရှားမှုတွေမှာဆိုရင် မူဂျာဟစ်တွေဟာ အဲဒီကာလတုန်းက မူဆလင်ကမ္ဘာမှာ တန်ခိုးထွားနေတဲ့ လစ်ဗျားခေါင်းဆောင် ကဒါဖီနဲ့ တွေ့ဆုံဆွေးနွေးပြီး စိတ်ကူးယဉ်အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ ဖဆပလပြိုကွဲပြီး နိုင်ငံရေးအပြောင်းအလဲတွေဖြစ်လာလို့ ပထစ အစိုးရတက်လာတဲ့အခါမှာတော့ ရခိုင်ပြည်နယ်သတ်မှတ်ဖို့ အစိုးရကစီစဉ်ဆောင်ရွက်တဲ့အခါ ဘင်္ဂလီတွေက အပြင်းအထန်ကန့်ကွက်ခဲ့လို့ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်ထဲက ရွာ(၂၉)ရွာကို ရခိုင်ပြည်နယ်ဖွဲ့စည်းပုံထဲက ချန်လှပ်ထားခဲ့ရတဲ့အထိဖြစ်ခဲ့ဖူးပါတယ်။
#၁၉၆၁ မေလ(၁)ရက်နေ့မှာ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၉ ရွာကို ထည့်သွင်းပြီး မေယုခရိုင်အဖြစ်သတ်မှတ်ခဲ့ရပါတယ်။ နယ်ခြားအုပ်ချုပ်ရေးနယ်အဖြစ် စစ်ဘက် အရာရှိများက အုပ်ချုပ်ခဲ့ရတာ ၁၉၆၂ ခုနှစ်၊ စစ်အာဏာ သိမ်းခဲ့တဲ့အထိပါပဲ။ မူဂျာဟစ်ပါတီလဲ မြေအောက်ကိုရောက် ရှိသွားပါတော့တယ်။
အဲဒီနောက်ပိုင်း မဆလအစိုးရတက်လာခဲ့ပြီး အုပ်ချုပ်လာခဲ့တာ ၁၉၈၈အထိပါပဲ။ လိုရင်းကိုအကျဉ်းချုပ်ပဲ တင်ပြပါတော့မယ်။
၁၉၈၈ခုနှစ်ထဲမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေပြင်းထန်လာခဲ့ပါတယ်။ အစိုးရဆန့်ကျင်ရေးတွေ ပိုများလာတယ်။ အဲဒီအချိန် #၁၉၈၈၊ မေလ(၁၃)ရက်၊ သောကြာနေ့ ည(၉းဝဝ)နာရီအချိန်မှာ မောင်တောမြို့က အုပ်ချုပ်ရေးအာဏာပိုင် ပုဂ္ဂိုလ်တွေ မရှိတာကိုအခွင့်ကောင်းယူပြီး မောင်တောမြို့ကို ဝိုင်းရံလုပ်ကြံရန် အကောင်အထည်ဖေါ်ခဲ့ပါတယ်။ အဲဒီတုန်းက ကြွေးကျော်သံကလဲ “ပါကစ္စတန် ဂျီနာဗတ်”ပဲဖြစ်ပါတယ်။ ကုလားလူအုပ်ကို အတင်းဖေါက်ထွက်၍ လုံထိန်းတပ်ရင်းကို အကူအညီတောင်းခံနိုင်ခဲ့လို့ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့၏ ရည်ရွယ်ချက် မအောင်မြင်ခဲ့ပါဘူး။ (၁၉၈၈ အရေးအခင်းက သြဂုတ်လ(၈)ရက်နေ့မှ တစ်နိုင်ငံလုံးမှာဖြစ်တာပါ။ အဲဒီအချိန်မှာ ဒီမိုကရေစီဆိုတာ (နိုင်ငံရေးသမားကလွဲလို့) ပြည်သူအများက မသိရှိကြသေးပါဘူး။) သူတို့ရည်ရွယ်ချက်က ဒီမိုကရေစီတောင်းဆိုဖို့ မဟုတ်ပဲ နိုင်ငံမတည်ငြိမ်တဲ့အချိန်၊ ဒေသအုပ်ချုပ်ရေးအာဏာပိုင် အမိန့်ပေးနိုင်သူမရှိတဲ့အချိန်မှာ မောင်တောမြို့ကို သိမ်းပိုက်ပြီး ‪#‎အလယ်သံကျော်အိပ်မက်ကို‬ အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။
#၁၉၉၄၊ မေလမှာ မောင်တောမြို့ပေါ်က ဗုံးပေါက်ကွဲမှုကြီးကို သိကြမယ်ထင်ပါတယ်။ ဒါကလဲ အဲဒီအိပ်မက် နောက်ဆက်တွဲတွေပါပဲ။ အဲဒီတုန်းက ဗုံး(၉)လုံးပေါက်ကွဲခဲ့ပြီး (၃)လုံးကို မပေါက်ကွဲဘဲ သိမ်းဆည်းရမိခဲ့ပါတယ်။ အချိန်ကိုက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ RSO များ အလယ်သံကျော်ဘက်မှ စက်လှေဖြင့် ဝင်ရောက်လာတယ်။ တပ်မတော်က လိုက်လံရှင်းလင်းခဲ့လို့ လက်နက်တွေနဲ့ ဖမ်းဆီးရမိခဲ့တယ်။ ဒီသမိုင်း အခြေခံအချက်တွေကြောင့်ပဲ မေလဟာ ဘူးသီးတောင်၊ မောင်တောအတွက် အလွန်အရေးကြီးတဲ့ အချိန်လို့ သတိပေးကြတာဖြစ်ပါတယ်။
၂ဝ၁၅ခုနှစ်မှာ နိုင်ငံရွေးကောက်ပွဲရှိတယ်။ ဘင်္ဂလီတွေ မဲပေးခွင့်ရ/ မရ မသေချာတဲ့အခြေအနေမှာရှိတယ်။ (၄-၅-၂ဝ၁၅)နေ့က ဘင်္ဂလားနယ်စပ် မိုင်တိုင်(၅၂)(၅၃)မှာ ဘင်္ဂလီတွေထိုးဖောက် ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်။ ရန်ကုန်သန်လျှင်မှာ မူဆလင်ညီလာခံကျင်းပဖို့ စီစဉ်နေတယ်။ အဲဒီညီလာခံမှာ သူတို့ကို နိုင်ငံသားပေးဖို့ တောင်းဆိုလာမယ့် အခြေအနေရှိတယ်။ (#၁၉၅၁၊ အလယ်သံကျော်ညီလာခံကို သတိရပါ။) နိုင်ငံတကာမှာ လှေစီးထွက်ပြေးလို့ဖမ်းမိတဲ့ ဘင်္ဂလီတွေကို မြန်မာနိုင်ငံကပါလို့ စွပ်စွဲတဲ့အသံတွေ ဆူညံနေတယ်။
ဒေသခံ လူငယ်တွေအနေနဲ့ ဘာကိုသတိထားရမလဲ။ ဘာကြောင့်အရေးကြီးတာလဲ ဆက်စပ်စဉ်းစားဖို့၊ သိအောင်ကြိုးစားဖို့တိုက်တွန်းချင်ပါတယ်ဗျာ။ ရိုင်းတယ်လို့မထင်ပါနဲ့။ ‪#‎မူးမူးရူးရူး‬၊ မေ့မေ့လျော့လျော့ နေကြရင်တော့ ခံသွားရပါမယ်။ သူတို့တွေရဲ့ အဓိကလှုပ်ရှားမှုဟာ ဘူးသီးတောင် မောင်တောဒေသမှာပဲ အခြေတည်ဖို့ဖြစ်နိုင်ခြေများနေပါတယ်။
ဒိဆောင်းပါးအတွက် မဖြစ်မနေ သတိရအောက်မေ့ပြီး ကျေးဇူးတင်ရမှာကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ အခင်ကြီးဦးစံရွှေမောင်ကိုပဲ ဖြစ်ပါတယ်။ အချက်အလက်တွေကို သူ့ဆီက ကျွန်တော်သိခဲ့ရတာပါ။

Sunday, May 17, 2015

DVB Roadshow #10 - ကြေးနီကျိန်စာနှင့် အဆိပ်သင့် သံလွင်


Moral Purpose at schools

Michael Fullan specifically mentioned in his book "Change Forces" what Goodlad reported his concern on the Moral Purpose . {Chapter 2 Moral Purpose and Change Agentry"}
Moral Purpose
In their major study of teacher education, Goodlad and his colleagues found themselves being pushed deeper to the moral purposes of education in order to understand the basic rationale for teaching in post-modern society: " We came to see with increasing clarity the degree to which teaching in sc...
Michael Fullan specifically mentioned in his book "Change Forces" what Goodlad reported his concern on the Moral Purpose . {Chapter 2 Moral Purpose and Change Agentry"}

Moral Purpose
In their major study of teacher education, Goodlad and his colleagues found themselves being pushed deeper to the moral purposes of education in order to understand the basic rationale for teaching in post-modern society: " We came to see with increasing clarity the degree to which teaching in schools, public or private, carries with it it moral imperatives --- more in public schools, however, because they are not schools of choice in a system requiring compulsory schooling "
"Facilitating Critical Encullturation"
The school is only institution in our nationspecifically charged with enculturating thed young into a political democracy ------= schools are major players in developing educated persons who acquire an understanding of truth, beauty, and justice against which to judge their own and society's virtues and imperfections ----- This is moral responsibility . (pp 48-9)

Saturday, May 9, 2015

မြန်မာ့အလင်းသတင်းစာပါ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေမူကြမ်းကို ဖတ်ရှု လေ့လာသုံးသပ်ခြင်း။

အင်ဂျင်နီယာ အားလုံး ကျေးဇူးပြုပြီး ဖတ်ပေးပါ။ ပြီးရင် Share ပေးကြပါ။
မသိသေးတဲ့ အင်ဂျင်နီယာတွေ အများကြီးပါ။
မြန်မာ အင်ဂျင်နီယာများနှင့် အင်ဂျင်နီယာကျောင်းသားကျောင်းသူများ သိစေရန် ခေါင်းစဉ်နဲ့  ဇန်န၀ါရီ ၂၅ရက်နေ့ မှာ post တစ်ခုတင်ခဲ့ပါတယ်။
လက်ရှိ လုပ်ငန်းခွင်ဝင်နေတဲ့ အင်ဂျင်နီယာများနဲ့  အင်ဂျင်နီယာကျောင်းသားများ ကြား ရိုက်ခတ်မှုတစ်ခု ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်။
ဒါပေမယ့် ဖော်ပြပါ ဥပဒေဟာ လွတ်တော်မှာ တင်သွင်းပြီးပြီလို့ သိရပါတယ်။
ဆရာအေးငြိမ်းရဲ့  ဝေဖန်ဆန်းစစ်ချက်ကို အင်ဂျင်နီယာများ လေ့လာနိုင်ရန် ထပ်မံဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကြမ်းအား လေ့လာကြည့်ခြင်း
(၁)
ရေးသားသူ - Aye Nyein
၎၊ ၈၊ ၂၀၁၃ နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေမူကြမ်းကို ဖတ်ရှု လေ့လာမိပြီး ပြောချင်စရာများရှိလာသဖြင့် ဤဆောင်းပါးကို ရေးလိုက်ပါသည်။
ကျွန်တော်သည် ၁၉၈၆ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပြီး မြန်မာနိုင်ငံ၌ အင်ဂျင်နီယာအလုပ် လုပ်ခွင့်မကြုံခဲ့ရသော၊ မြန်မာနိုင်ငံ၌ အင်ဂျင်နီယာဖြစ်ခွင့်မရခဲ့သည့် မြန်မာအင်ဂျင်နီယာတစ်ဦး ဖြစ်ပါသည်။ (အင်ဂျင်နီယာဘွဲ့ ရပါလျှက် အင်ဂျင်နီယာဖြစ်ခွင့်မရခဲ့ဟု ဆိုခြင်းကို ယခုခေတ်လူငယ်များ နားလည်ချင်မှ နားလည်ပါလိမ့်မည်။ သို့သော် ထိုအကြောင်း ဇာမချဲ့တော့ပါ။) ၁၉၉၈ ခုနှစ်တွင် စင်ကာပူသို့ ထွက်လာကာ အင်ဂျင်နီယာနှင့် ပတ်သက်ဆက်နွယ်နေသော အလုပ်များကို ၁၄ နှစ်တာမျှ လုပ်ခဲ့၏။ ၂၀၀၉ ခုနှစ်တွင် စင်ကာပူ၊ လုပ်သားအင်အားဝန်ကြီးဌာန (Ministry of Manpower) ၌ Safety Officer အဖြစ်မှတ်ပုံတင်ကာ ယခုတိုင် လုပ်ကိုင်နေဆဲ ဖြစ်ပါသည်။
(၂) မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေမူကြမ်း -
Ø အခန်း (၄) အပိုဒ် (၉) (ခ) - ဤဥပဒေအရ မှတ်ပုံတင်လက်မှတ် တစ်မျိုးမျိုး ထုတ်ပေးရန် အလို့ငှာ ပြည်တွင်း ပြည်ပရှိ နည်းပညာတက္ကသိုလ်၊ - - - - - - တစ်ခုခုကဖြစ်စေ အပ်နှင်းသည့် ဘွဲ့၊ ဒီပလိုမာ၊ ရသူများကို အသိအမှတ်ပြုခြင်းနှင့် အသိအမှတ်ပြုရန် ငြင်းပယ်ခြင်း။
Ø အခန်း (၈) အပိုဒ် (၂၁) (က) ကောင်စီ၏ကိုယ်စား အလုပ်အမှုဆောင်အဖွဲ့သည် - - - - - - ခွင့်မပြုပါက ဘွဲ့ရနည်းပညာ ကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်၊ နည်းပညာကျွမ်းကျင်သူမှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။
Ø အခန်း (၈) အပိုဒ် (၂၃) ကောင်စီ၏ကိုယ်စား - - - - - - ခွင့်မပြုပါက သက်တမ်းတိုးမြှင့်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။
Ø အခန်း (၁၃) အပိုဒ် (၃၇) အစိုးရဌာနနှင့် အစိုးရအဖွဲ့အစည်းများတွင် ခန့်ထားသော အင်ဂျင်နီယာဝန်ထန်ထမ်းများက တာဝန်အရ ဆောင်ရွက်ခြင်းမှအပ မည်သူမျှ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့် အများပြည်သူ ဘေးအန္တရာယ်ဖြစ်စေနိုင်မည့် အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများကို ကောင်စီက ထုတ်ပေးသော မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ကိုင်ခြင်း မပြုရ။
- စသည်ဖြင့် ဖော်ပြထားပါသည်။
ဤဥပဒေအရ မြန်မာနိုင်ငံရှိ စက်မှုတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် စသည်တို့မှ ဘွဲ့ရသူများသည် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတွင် မှတ်ပုံမတင်ပါက ၎င်းတို့နည်းဥပဒေများအရ သတ်မှတ်ထားသည့် အလုပ်အကိုင်များကို လုပ်ကိုင်လျှင် ဥပဒေချိုးဖောက်ရာ ရောက်ပါသည်။ ထိုသူတို့ကို တရားစွဲနိုင်သည်။
ဤဥပဒေအရ မြန်မာနိုင်ငံရှိ စက်မှုတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် စသည်တို့မှ ဘွဲ့ရသူများအား မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် ငြင်းပယ်ပိုင်ခွင့်ရှိသည်။ ထိုအခါ မြန်မာနိုင်ငံရှိ စက်မှုတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရလာသူတစ်ဦးအား မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ မှတ်ပုံတင်လက်မှတ် ထုတ်မပေးပါက ထိုသူသည် ထိုအလုပ်များကို လုပ်ခွင့်မရှိတော့ပြီ။
စက်မှုတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် စသည်တို့မှ ဘွဲ့ရသူများအား မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် ငြင်းပယ်မည်ဆိုခြင်းမှာ ထိုသူများအား အင်ဂျင်နီယာအဖြစ် သတ်မှတ်ရန် အရည်အချင်း မပြည့်မီဟု သတ်မှတ်သောကြောင့်ပါလား။ အရည်အချင်းမပြည့်မီသူကို အဘယ်ကြောင့် ဘွဲ့လက်မှတ် အပ်နှင်းရပါသနည်း။
(၃)
ကျွန်တော် စင်ကာပူနိုင်ငံသို့ ရောက်ရောက်ချင်း အင်ဂျင်နီယာဆိုင်ရာ အလုပ်များစတင်လုပ်ကိုင်ရ၏။ သို့သော် အင်ဂျင်နီယာရာထူးနှင့် မဟုတ်။ ၀ပ်ပါမစ်ဘ၀နှင့် ဖြစ်၏။ ထို့နောက် ကုမ္ပဏီပြောင်းလိုက်တော့ အင်ဂျင်နီယာဖြစ်လာသည်။ အင်ဂျင်နီယာအလုပ်နှင့်တကွ၊ အင်ဂျင်နီယာနှင့် ဆက်စပ်ပတ်သက်နေသည့် အလုပ်မျိုးစုံကိုပါ လုပ်ရ၏။
သို့သော် ဤသို့လုပ်ခြင်းအတွက် မည်သည့်နေရာတွင်မှ မှတ်ပုံတင်ရန် မလိုပါ။ မြန်မာနိုင်ငံမှ မနေ့တစ်နေ့ကမှ ဂျီတီအိုင်ပြီးလာသူများလည်း သည်အတိုင်း ပရောဂျက်အင်ဂျင်နီယာ၊ ဆိုဒ်အင်ဂျင်နီယာဝင်လုပ်ကြပါသည်။ မည်သည့် အဖွဲ့တွင်မှ မည်သည့်မှတ်ပုံတင်နေစရာ မလိုပါ။ ထို့ကြောင့် ကျွန်တော်တို့ မြန်မာပြည်မှယူလာခဲ့သော ထို အင်ဂျင်နီယာ ဘွဲ့လက်မှတ်များကို စင်ကာပူနိုင်ငံက လက်ခံအတည်ပြုသည်။ ဘယ်စာမေးပွဲမှ ထပ်ဖြေစရာမလို၊ ဘာမှတ်ပုံမှ တင်စရာမလို။ ယခုတိုင် ကျွန်တော်တို့ ဤလက်မှတ်များနှင့်သာ လုပ်ကိုင်နေကြတာ ဖြစ်ပါသည်။
ကျွန်တော်က စင်ကာပူတစ်ခုတည်း အတွေ့အကြုံရှိသဖြင့် စင်ကာပူအတွက်သာ ပြောပါသည်။ အခြားနိုင်ငံများတွင် မှတ်ပုံတင်ရန် လို၊ မလို မသိပါ။
မှတ်ပုံတင်ရန်လိုသည့် အင်ဂျင်နီယာများရှိပါသည်။ သူတို့သတ်မှတ်ထားသော စာမေးပွဲကို သီးသန့်ဖြေကာ လက်မှတ်ယူရသည့် Professional Engineer (PE) များ ဖြစ်၏။ သို့သော် အင်ဂျင်နီယာကျောင်းမှ ဆင်းလာသူတိုင်းမဟုတ်။
ကျောင်းနေဘက်မိတ်ဆွေတစ်ဦးက “အင်ဂျင်နီယာ ကောင်စီ ဥပဒေက ပြည်တွင်းအင်ဂျင်နီယာတွေကို ကာကွယ်ဖို့ ရည်ရွယ်တာပါ။ မှတ်ပုံတင်မရှိရင် အင်ဂျင်နီယာမလုပ်ရဘူး ဆိုတာထက် နည်းဥပဒေနဲ့ သတ်မှတ်ထားတဲ့ အများပြည်သူ ဘေးကင်းမှုနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေမှာ အင်ဂျင်နီယာအဖြစ် တာဝန်ယူ လက်မှတ်ရေးထိုးမဲ့သူဟာ မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ ဖြစ်ရမယ်လို့ ဆိုလိုတာပါ။ မှတ်ပုံတင်မရှိရင် အင်ဂျင်နီယာမလုပ်ရဘူး လို့ သိမ်းကျူံးကန့်သတ်တာ မဟုတ်ဘူးလို့ နားလည်ထားပါတယ်” ဟု ပြောပါသည်။
ယခုခေတ်သည် အပြိုင်အဆိုင်ခေတ်ဖြစ်၏။ သူက (ပြည်တွင်းက အင်ဂျင်နီယာများကို ကာကွယ်ဘို့) ဟု ဆိုလေ သော် အကယ်၍ သူ့စကားသာမှန်ခဲ့လျှင် (ပြည်တွင်းအင်ဂျင်နီယာများ၏ အလုပ်နေရာကို နိုင်ငံခြားမှ အင်ဂျင်နီယာများက ၀င်ယူမသွားအောင် ကာကွယ်ထားသည်) ဟု သဘောသက်ရောက်ပါသည်။ ကိုယ်က သူများထက်မတော်လို့ နောက်ကျ ကျန်နေတာ၊ သူများကို သမ္မာအာဇီဝကျသည့်နည်းဖြင့် ယှဉ်ပြိုင်ဖြတ်ကျော်ရမည် ဖြစ်ပါသည်။ ငါတို့က မင်းတို့လောက်မတော် လို့၊ မင်းတို့ အလုပ်လုပ်လို့မရအောင် ကန့်သတ်ထားရမယ်၊ မဟုတ်ရင် ငါတို့ စားပေါက်ပိတ်တော့မယ် ဆိုရင်တော့ တကယ်တော်သူများကို ဖိတ်ခေါ်ရမည့်အစား လူတော်များကို မလာနိုင်အောင် ပိတ်ထားရန် ရည်ရွယ်ခြင်းဖြစ်သဖြင့် သူတို့ဆီမှ ရမည့်ပညာများ မရဘို့သာ ရှိပါသည်။ မြန်မာအင်ဂျင်နီယာများကို ကာကွယ်ရာ မရောက်ပါ။
သူဘာကိုဆိုလိုသည်ကို ကျွန်တော်နားလည်ပါသည်။ အိမ်နီးချင်းတိုင်းပြည်မှ လူမျိုးခြား အင်ဂျင်နီယာဆိုသူများသည် ကျွန်ုပ်တို့တိုင်းပြည်အတွင်းလာကာ ဘာမှ နားလည်တတ်ကျွမ်းခြင်းမရှိပါဘဲလျက် လုပ်ချင်သလိုလုပ်နေခြင်းအား မှတ်ပုံတင် နှင့်ထိန်းမည်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ ဤသည်မှာလည်း အလွဲတစ်ချက်ဖြစ်လေ၏။ ဤသည်မှာ စနစ်မရှိခြင်း၏ ဆိုးကျိုး တစ်ခုသာဖြစ်ပါသည်။ ထိုလူမျိုးခြားများအား မည်သည့်နေထိုင်ခွင့်ဖြင့်၊ မည်သည့်ပုံစံဖြင့်၊ မည်သည့်အလုပ်မျိုးကိုလုပ်နိုင်သည် ဟု ခွင့်ပြုမိန့်ဖြင့်၊ မည်မျှကြာကြာလုပ်နိုင်သည်ဆိုသည့် လက်မှတ်ဖြင့် ခွင့်ပြုထားပါသနည်း။
သူက (မှတ်ပုံတင်မရှိရင် အင်ဂျင်နီယာမလုပ်ရဘူး လို့ သိမ်းကျူံးကန့်သတ်တာ မဟုတ်ဘူးလို့ နားလည်ထားပါတယ် ) ဟု ဆိုသော်ငြားလည်း အထက်ပါစာပိုဒ် (၃၇) အရ ဤသဘောပင် သက်ရောက်ပါသည်။ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ မှတ်ပုံတင်လက်မှတ်မရှိသူ ထိုအလုပ်များကိုလုပ်လျှင် ဥပဒေချိုးဖောက်ရာရောက်သည်ဟု ရေးထားသည် မဟုတ်ပါလော။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီကလည်း ဘွဲ့ရသည့်တိုင် မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းကို ငြင်းပယ်နိုင်သည်ဟု ဆိုထားလေရာ ဘွဲ့ရသည်ဆိုတိုင်း ထိုအလုပ်များ မလုပ်နိုင်ဟု တစ်နည်းအားဖြင့် ကန့်သတ်ထားတာ ဖြစ်ပါသည်။ အကယ်၍သာ သည်အတိုင်းမှန်ခဲ့လျှင် မြန်မာပြည်မှ အသိအမှတ်မပြုသည့် ထိုအင်ဂျင်နီယာများအနေနှင့် ၎င်းတို့အား အသိအမှတ်ပြုသော စင်ကာပူသို့သာ လာလုပ်ရကိန်း ရှိပေတော့မည်။
ထိုသူငယ်ချင်းက (နည်းဥပဒေနဲ့ သတ်မှတ်ထားတဲ့ အများပြည်သူ ဘေးကင်းမှုနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေမှာ အင်ဂျင်နီယာ အဖြစ် တာဝန်ယူ လက်မှတ်ရေးထိုးမဲ့သူဟာ မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ ဖြစ်ရမယ်လို့ ဆိုလိုတာပါ။) ဟု ပြောသေးသည်။ ဤသည်မှာ ပိုသဘာဝ မကျသေးသည်။ အဘယ်ကဲ့သို့ သဘာဝမကျသနည်း။ အောက်တွင် ကျွန်တော် ရှင်းပြပါမည်။
နောက် စင်ကာပူလုပ်သက် အနှစ် ၂၀ ကျော်ရှိသော ၀ါရင့်အင်ဂျင်နီယာ မိတ်ဆွေတစ်ဦးကလည်း မြန်မာနိုင်ငံ အင်ဂျင်နီယာဥပဒေကို ကြိုဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် အင်ဂျင်နီယာမဟုတ်သူများ ကန်ထရိုက်တိုက် ဆောက်နေကြသော ကြောင့်ဟု ဆို၏။ ထိုသူက ဤကဲ့သို့ပြောခြင်းအတွက် ကျွန်တော့်မှာ ပြည်သူ့ခေတ်က ကောင်းဆက်နိုင် လို အံ့သြလွန်းလို့ သေခါနီး ဖြစ်သွားပါတော့၏။
ကျွန်တော်စင်ကာပူ၌ စတင်လုပ်ခဲ့သည့် အလုပ်မှ သူဌေးမှာ ဘာအင်ဂျင်နီယာမှ မဟုတ်။ ကျွန်တော်တို့ကဲ့သို့ အင်ဂျင်နီယာများကို ခန့်ထားကာ Tellus Marine Engineering ဟု ဆိုသော ကုမ္ပဏီထောင်ကာ Keppel သင်္ဘောကျင်းတွင် အင်ဂျင်နီယာလုပ်ငန်းများ လုပ်နေသူဖြစ်လေ၏။ နောက်ပြောင်းခဲ့သော ကုမ္ပဏီမှ သူဌေးမှာလည်း ဘာအင်ဂျင်နီယာဘွဲ့မှ ရထားသူ မဟုတ်ပါ။ ၂၀၀၅ ခုနှစ်က လုပ်ခဲ့သည့် Marinteknik Shipbuilding ဆိုသော ကုမ္ပဏီမှ သူဌေးဆိုလျှင် သင်္ဘောကျင်းသို့ တစ်လနေလို့ တစ်ခေါက်မရောက်သော ထိုင်ဝမ်သူဌေးဖြစ်လေသည်။ သူတို့မှာ စီးပွားရေးသမားများ ဖြစ်ကြ၏။ အင်ဂျင်နီယာ မန်နေဂျာ၊ အင်ဂျင်နီယာများခန့်ကာ အင်ဂျင်နီယာ အလုပ်များ လုပ်ကြသူများ ဖြစ်လေသည်။ အထက်ပါ ကျွန်တော့်မိတ်ဆွေ ယူဆသလိုသာ အင်ဂျင်နီယာမဟုတ်သူများ အင်ဂျင်နီယာလုပ်ငန်း လုပ်ခွင့်မရှိဆိုလျှင် စင်ကာပူမှ ကုမ္ပဏီအတော်များများ ပိတ်ပစ်ရကိန်း ရှိချေ၏။
ကျွန်တော်ရှင်းပြပါမည်။ ဤနေရာတွင် စင်ကာပူမှ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ရည်ညွှန်း ကိုးကားပါမည်။ သို့သော် မူပိုင်ခွင့်နှင့် ငြိမှာစိုးသောကြောင့် မူရင်းကို မဖော်ပြတော့ပါ။ မြန်မာဘာသာဖြင့်သာ ရေးပါမည်။ Act, Regulations များကို အင်တာနက်မှ အခမဲ့ download လုပ် ဖတ်နိုင်ပါသည်။ သို့သော် Code of Practice စာအုပ်များကိုမူ ၀ယ်မှရပါသည်။ အသေးစိတ်သိလိုသူများ စာအုပ်ဝယ်ဖတ်ပါ။ ဈေးတော့ကြီးပါသည်။
(၄)
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့၊ နေ့လည် ၃ နာရီက တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၌ ဆောက်လုပ်ဆဲ ၆ ထပ်တိုက်၊ ကွန်ကရစ်လောင်းနေစဉ် ငြမ်းစင်ပြိုကျရာ အလုပ်သမား ၇ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရသည် ဆိုသောသတင်း ဖတ်လိုက်ရပါသည်။ ဤငြမ်းစင်ပြိုရခြင်းမှာ ဆောက်လုပ်ရေးအင်ဂျင်နီယာ ညံ့၍လော။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့၊ နေ့လည် ၃ နာရီ၊ ၄၅ မိနစ်က ဘုရင့်နောင်အမှတ် (၂) တံတား ဆောက်လုပ်ရေး စီမံကိန်း၌ ဘိလပ်မြေဖျော်စက်ကို ချိုးခွာနေစဉ် စက်မောင်းခဲ့မိသဖြင့် အလုပ်သမား ၂ ဦးသေဆုံးခဲ့ပါသည်။ ထိုလူသေမှုဖြစ်ရခြင်းမှာ ထိုတံတားစီမံကိန်းအင်ဂျင်နီယာ အသုံးမကျ၍လော။
လုပ်ငန်းခွင်တစ်ခုကို အန္တရာယ်ကင်းအောင် ထိန်းထားရန် အင်ဂျင်နီယာတစ်ဦးတည်းက ဘာလုပ်လို့ရပါမည်နည်း။ အင်မတိ၊ အင်မတန်တော်သည့်၊ ထက်မြက်သည့် အင်ဂျင်နီယာက လက်မှတ်ထိုးပေးလိုက်ရုံဖြင့် ထိုလုပ်ငန်းခွင် အန္တရာယ် ကင်းသွားပြီဟု အဘယ်ကဲ့သို့ ယူဆနိုင်ပါမည်နည်း။
ဤအရာအားလုံး၏ အဖြေမှာ မှန်ကန်ကောင်းမွန်သော စနစ်တစ်ခု ထူထောင်ပြီး လက်တွေ့လိုက်နာကျင့်သုံးရေး ဖြစ်ပါသည်။ အထက်ပါ ငြမ်းစင်ပြိုခြင်းနှင့် စက်ညပ်သေဆုံးခြင်း ဖြစ်စဉ်နှစ်ရပ်ကို ဥပမာပေးပြီး ကျွန်တော်ရှင်းပြပါမည်။
စင်ကာပူတွင် အလုပ်လုပ်ရန် အလုပ်သမားများအတွက် ၀ပ်ပါမစ်လက်မှတ် ထုတ်ပေးသည်။ ထိုလက်မှတ် မထုတ်ပေးမီ စင်ကာပူသို့ လာခွင့်ရရန် IPA (In-Principle Approval) စာထုတ်ပေးသည်။ ထိုစာသည် အလုပ်လုပ်ခွင့် လက်မှတ်မဟုတ်။ ထိုစာကိုင်ထားပြီး အလုပ်လုပ်ရာ၌ အန္တရာယ်ကင်းအောင် ဘာတွေဆောင်ရ၊ ရှောင်ရမည်ဆိုသည်ကို သိထားရန် Safety Orientation Course (SOC) သွားတက်ရသည်။ ထိုသင်တန်းအောင်မှ အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ထုတ်ပေးခြင်းဖြစ်သည်။ ထိုစာမေးပွဲမအောင်သူများ စင်ကာပူတွင် အလုပ်လုပ်လို့ မရ။
ထိုစာမေးပွဲအောင်သူများကို SOC Card ထုတ်ပေးသည်။ သဘောမှာ ထိုအလုပ်သမားသည် လုပ်ငန်းခွင်၌ အန္တရာယ် ကင်းအောင် မည်ကဲ့သို့အလုပ်လုပ်ရမည်ကို သိနားလည်ပြီဟု ယူဆသည့်သဘောပင်ဖြစ်၏။ ထို့ကြောင့် ထိုအလုပ်သမားသည် အလုပ်ကို အန္တရာယ်ကင်းအောင်လုပ်ရန် သူ့မှာ တာဝန်ရှိသည်။
စင်ကာပူ၌ စူပါဗိုက်ဆာမှန်လျှင် BCSS (Building Construction Supervisor Safety Course) သင်တန်းတက်ရ သည်။ ထိုသင်တန်း၌ စူပါဗိုက်ဆာတစ်ဦး သိထားရမည်တို့ကို သင်ပေးလိုက်သည်။ စာမေးပွဲအောင်လျှင် လက်မှတ်ထုတ် ပေးသည်။ သို့အတွက် ဤလက်မှတ်ကိုင်ဆောင်ထားသူသည် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ ဆောက်လုပ်ရေးလုပ်ငန်းမှ စူပါဗိုက်ဆာတစ်ဦး သိသင့်သိထိုက်သည်တို့ကို သိနားလည်ပြီးဖြစ်သည်ဟု ယူဆပါသည်။ သိလျက်နှင့် မလုပ်လျှင် ၎င်း၌တာဝန်ရှိသည်။ ငါမသိပါဟု ငြင်းလို့မရ။
ပရောဂျက်မန်နေဂျာ ဆိုသည်မှာလည်း သူဌေးယောက်ဖမို့လို့ ဆိုကာ ခန့်ချင်တိုင်း ခန့်လို့ရတာမျိုးမဟုတ်။ ပရောဂျက် မန်နေဂျာလုပ်ချင်သလား။ ပရောဂျက်မန်နေဂျာအတွက် ပေးသော သင်တန်းကိုသွားတက်ကာ ထိုလက်မှတ်ရမှ ပရောဂျက် မန်နေဂျာ လုပ်လို့ရသည်။ အမှုတစ်ခုဖြစ်၍ တရားရုံးရောက်လို့ တရားသူကြီးကမေးလျှင် ဟာ၊ အဲဒါတွေ ငါဘယ်သိပါ့မတုံး ဟု မငြင်းပါနှင့်။ ဒါဖြင့် မင်းကိုင်ထားတဲ့ အဲဒီ ပရောဂျက်မန်နေဂျာလက်မှတ်ကြီးက ဘာအတွက်လဲဟု မေးလျှင် မည်သို့ ဖြေပါမည်နည်း။
ဤသည်မှာ ပြဿနာတစ်ခုဖြစ်လာလျှင် မင်းကြောင့် ဟု တစ်ယောက်ထဲကို ပုံမချနိုင်၊ လက်ညှိုးမထိုးနိုင်စေရန် တာဝန်များ ခွဲပေးထားခြင်း ဖြစ်ပါသည်။
Workplace Safety and Health (Construction) Regulations၊ အပိုင်း ၉၊ Formwork Structures ၌ အောက်ပါ အတိုင်း ပြဌာန်းထားပါသည်။
(မှတ်ချက်။ ။ Formwork ကို မြန်မာလိုမည်သို့ခေါ်မှန်း ကျွန်တော်မသိ၍ ငြမ်းစင်ဟု သုံးပါသည်။ အမှန်မှာ ငြမ်းစင် မဟုတ်ပါ။ ငြမ်းစင်မှာ scaffolding ဖြစ်ပါသည်။ Formwork နှင့် scaffolding မတူပါ။ ဤကား စကားချပ်)
Formwork Supervisor အဖြစ်ခန့်ထားရန် Formwork Supervisor Safety Course ကိုသွားတက်ပြီး လက်မှတ်ယူရသည်။ ကွန်ကရိမလောင်းမီ ထိုငြမ်းစင်သည် ကွန်ကရိလောင်းရန် အန္တရာယ်ကင်း၊ စိတ်ချရပါသည် ဟု စစ်ဆေးချက်ပေါ်တွင် လက်မှတ်ထိုးရသည်။
အကယ်၍ ကွန်ကရိလောင်းမည့် ငြမ်းစင်သည် ၉ မီတာထက်ပိုမြင့်ပါက၊ သို့မဟုတ်၊ 2 tiers ထက်ပိုများပါက၊ သို့မဟုတ် ကွန်ကရိလောင်းမည့် ကြမ်းပြင်ထုထည်သည် ၃၀၀ မီလီမီတာထက် ပိုထူပါက ထိုငြမ်းစင်သည် ကွန်ကရိလောင်းရန် အန္တရာယ်ကင်း၊ စိတ်ချရပါသည်ဟု Professional Engineer က လက်မှတ်ထိုးရသည်။ သူ့လက်မှတ်မပါဘဲ ကွန်ကရိ လောင်းလို့မရ။
ဤသည်ကို ကြည့်ပါ။ ငြမ်းစင်ထိုးပြီး ကွန်ကရိလောင်းရာတွင် အင်ဂျင်နီယာတစ်ဦးတည်းက တာဝန်ရှိသည်ဟု သတ်မှတ်ထားတာ မဟုတ်ကြောင်း တွေ့ရပါလိမ့်မည်။
နောက်တစ်ခု။
ကွန်ကရိဖျော်စက်ညပ်ကာ သေသည့်ဖြစ်စဉ်ကို အသေးစိတ်မပြောတော့ပါ။ ၎င်းကို Log Out Tag Out Procedure ဟု ခေါ်ပါသည်။ ဥပမာ - စက်ရုံတစ်ခု၌ မီးခလုတ်မကောင်းသဖြင့် မီးပြင်မည်ဆိုပါက ထိုလိုင်းရှိ မိန်းခလုတ်ကို ချထားရန် လိုပါသည်။ သို့သော် ခလုတ်ချထားရုံနှင့်မပြီး။ ဤလိုင်း၌ မီးပြင်နေကြောင်း၊ ထို့ကြောင့် ဤမိန်းခလုတ်ကို ချထားကြောင်း၊ ချထားသည့် ခလုတ်သေတ္တာကို သော့ခတ်ထားကြောင်း၊ ထိုသော့ကို မဖွင့်ရန်လိုကြောင်း စက်ရုံရှိ ဌာနအားလုံး၊ လူအားလုံးကို အကြောင်းကြားထားရမည်။
ထို့ပြင် ဤလိုင်း မီးပြင်နေသည်၊ မီးမဖွင့်ပါနှင့်ဟုလည်း စာရေးကပ်ထားရမည်။ မီးခလုတ်ပုံးကို သော့ခတ်ကာ သော့ကို တာဝန်ရှိသူက သိမ်းထားရမည်။ ထိုလိုင်းမီးပြင်ခွင့်ကို ထိုတာဝန်ရှိသူက အတည်ပြုချက်လက်မှတ် ထုတ်ပေးရမည်။ မီးပြင်ပြီးသွားသည့်အခါ ထိုလက်မှတ်ကို တာဝန်ရှိသူထံပြန်အပ်ကာ သော့ပြန်တောင်း မီးပြန်ဖွင့်ရမည်။ လုပ်ငန်းပြီးဆုံးပြီ ဖြစ်ကြောင်း အခြားဌာနများသို့ အကြောင်းကြားရမည်။
ဤသည်မှာ လူများ မတော်တဆ ဓါတ်လိုက်သေဆုံးခြင်း မဖြစ်စေရန် ကာကွယ်ရမည့် အစီအစဉ် ဖြစ်၏။
ကွန်ကရိစက် ချိုးခွာမည်ဆိုတော့ ထိုချိုးခွာခြင်းကို မည်သည့် စူပါဗိုက်ဆာက ခိုင်းပါသနည်း။ ဤသို့ ချိုးခွာနေစဉ် ထိုစက်ကို မမောင်းနိုင်ရန် မည်သည့် အကာအကွယ် လုပ်ပေးထားပါသနည်း။ ထိုစက်ချိုးခွာနေသည့်အနီးတွင် မည်သူသည် စောင့်ကြပ် ကြည့်ရှုနေပါသနည်း။
သို့ဆိုလျှင် ထို ကွန်ကရိစက်ညပ်ကာ သေသည့်အတွက် ထိုပရောဂျက်မှ အင်ဂျင်နီယာကို အရေးယူမည်ဆိုလျှင် တရားပါမည်လား။ ဤလုပ်ငန်းလုပ်လျှင် ဤမည်သော အန္တရာယ်များမဖြစ်အောင် ဤသို့သော အကာအကွယ်များ လုပ်ပေးထားရမည်။ ဤမည်သော စည်းကမ်း၊ နည်းလမ်းများကို လိုက်နာရမည်ဟု သတ်မှတ် ပြဌာန်းပေးထားပါသလော။
(၅)
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကြမ်းတွင် ကောင်းသည့်အချက်များ အများအပြားပါပါသည်။ သို့သော် အင်ဂျင်နီယာကျောင်းဆင်းတိုင်း အင်ဂျင်နီယာဟု အသိအမှတ်မပြုနိုင်။ ငါတို့ဆီမှာ မှတ်ပုံတင်မှ အသိအမှတ်ပြုနိုင်သည် ဆိုခြင်းကိုမူ ကျွန်တော်သဘောမတူနိုင်ပါ။
ထို့ထက် အစိုးရ၀န်ထမ်းများ တာဝန်နှင့် လုပ်တာကျတော့ မှတ်ပုံတင်စရာမလို။ အစိုးရ၀န်ထမ်းမဟုတ်သူများကျမှ မှတ်ပုံတင်ရမည်ဆိုခြင်းမှာ လူတန်းစားခွဲရာမကျပါသလော။ အစိုးရ၀န်ထမ်းများကသာ အရည်အချင်းပြည့်ပြီး ၀န်ထမ်း မဟုတ်သူများမှာမူ အရည်အချင်းမပြည့်ဝဟု မှတ်ယူရပါမည်လော။ အဘယ်စံနှုန်းဖြင့် တိုင်းပါမည်နည်း။
အရေးကြီးသည်မှာ အင်ဂျင်နီယာမှတ်ပုံတင်မဟုတ်ပါ။
မြန်မာပြည်၌ မြန်မာအင်ဂျင်နီယာများလုပ်စရာ အများအပြားရှိပါသည်။ ယခု မြန်မာနိုင်ငံသည် မည်သည့်စံနှုန်းကို လက်ကိုင်ပြု သုံးနေပါသနည်း။ မြန်မာပြည်သူတို့သုံးနေသည့် အလေး၊ ချိန်ခွင်၊ တင်းတောင်းများတွင် စံနှုန်းရှိပါသလား။ မည်သည့်သီးနှံသည် မည်မျှ specific gravity ရှိသည်၊ မည်သည့်စပါးအမျိုးအစား တစ်တင်းလျှင် မည်မျှလေးသည်။ အစိုဓါတ်မည်မျှရှိရမည် စသဖြင့် သတ်မှတ်ပြီးပါပြီလား။ နှမ်းဆီ၏ specific gravity, viscosity, litre per kilogram or kilogram per litre, Viss per cubic feet စသည်တို့ သတ်မှတ်ရန် စတင်စိုင်းပြင်းနေပါပြီလား။
စက်ရုံများမှ မြစ်ချောင်းအင်းအိုင်များအတွင်း စွန့်ထုတ်နေသည့် ရေဆိုးများကို မည်ကဲ့သို့ပြုပြင်ရမည်။ မြစ်ချောင်းများ အတွင်း စီးဝင်ရမည့်ရေသည် အရည်အသွေးမည်မျှရှိရမည်။ အဆောက်အဦးများ၏ မီးကာကွယ်ရေး စနစ်ကို မည်ကဲ့သို့ တပ်ဆင်ရမည်။ မြို့ကြီးများတွင် မည်ကဲ့သို့သော ရေဆိုးထုတ်စနစ်ကို အကောင်အထည် ဖော်ရမည်။ အိမ်သာစနစ်ကို မည်ကဲ့သို့ စီမံထားရမည်။ အမှိုက်များ သိမ်းဆည်း စွန့်ပစ်ရေးအတွက် မည်ကဲ့သို့ စီမံမည်။ မော်တော်ကားများ၏ မီးခိုးများ ထုတ်လွှတ်မှုကို မည်ကဲ့သို့ ထိန်းမည်။ မြစ်ချောင်းအင်းအိုင်များအတွင်း အညစ်အကြေးများ စွန့်ပစ်နေမှုကို မည်ကဲ့သို့ ထိန်းရမည်။ ဓါတုဗေဒပစ္စည်းများ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ ကြွက်သတ်ဆေးများကို မှတ်ပုံတင်ရန် စီမံပြီးပါပြီလား။
ထိုဓါတုဗေဒပစ္စည်းများအတွက် မြန်မာဘာသာဖြင့် Safety Data Sheet ထုတ်ဝေကာ ရောင်းချသူတိုင်းကို ပေးရန်။ ထိုရောင်းချသူတိုင်းအား နားလည်အောင် သင်တန်းပေးရန်။ ဆေးရောင်းတိုင်း ၀ယ်သူများအား ထို SDS ကို ပေးရန်။ ၀ယ်သူနားလည်အောင် ရှင်းပြရန်။ မြန်မာဘာသာဖြင့် တူတူတန်တန် အင်ဂျင်နီယာဘာသာရပ်စာအုပ်များ ထုတ်ဝေရန် - - - ။
လုပ်စရာတွေ အများကြီးရှိပါသည်။
အရေးကြီးသည်များကို ဦးစားပေးလုပ်ဆောင်ကြပါရန် အလေးအနက် တိုက်တွန်းလိုက်ရပါ၏။ ကျွန်တော် ယခု ဆောက်လုပ်ရေး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စာအုပ်ရေးသားနေပါသည်။ ၂၀၁၄ နှစ်ဆန်းပိုင်းလောက်တွင် စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေရန် မှန်းထားပါသည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း (လေးမျက်နှာ)
၉ သြဂုတ်လ၊ ၂၀၁၃။
နံနက် လင်းအားကြီး ၀၀း၂၃ နာရီ
Credit HH Sein FB.

Friday, May 8, 2015

တစ်လခန့်ရှာဖွေစစ်ဆေးမှုများပြုလုပ်ပြီးနောက် တရုတ်နိုင်ငံသားများ


Published on 31 Jan 2015 တစ်လခန့်ရှာဖွေစစ်ဆေးမှုများပြုလုပ်ပြီးနော­က် တရုတ်နိုင်ငံသားများ ခိုးထုတ်ရန်စီစဉ်ထားသည့် သစ်အလုံးရေ (၁၂၀၀၀)ကျော်တွေ့ရှိ၊ ဖမ်းမိခဲ့သော တရုတ်နိုင်ငံသားများကို ကချင်ပြည်နယ်အကျဉ်းထောင်များတွင် ချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေ Category News & Politics Licence Standard YouTube Licence All Comments (1) Share your thoughts Eleven Myanmar Shared on Google+ · 3 months ago
Published on 31 Jan 2015 တစ်လခန့်ရှာဖွေစစ်ဆေးမှုများပြုလုပ်ပြီးနော­က် တရုတ်နိုင်ငံသားများ ခိုးထုတ်ရန်စီစဉ်ထားသည့် သစ်အလုံးရေ (၁၂၀၀၀)ကျော်တွေ့ရှိ၊ ဖမ်းမိခဲ့သော တရုတ်နိုင်ငံသားများကို ကချင်ပြည်နယ်အကျဉ်းထောင်များတွင် ချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေ Category News & Politics Licence Standard YouTube Licence All Comments (1) Share your thoughts Eleven Myanmar Shared on Google+ · 3 months ago

“ညောင်ရေသွန်း ပွဲတော် ဖြစ်ပေါ်လာရခြင်း နှင့် ညောင်ရေသွန်း ပူဇော်ရကျိုး”

 Credit Soe Myat Nandar (Dar Dar); Copy from her FBby KS.


https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93617.129054333771254/1006655949344417/?type=1&theater

••••••••••••••••••••••••••••••••••••••••••••••••••••
“ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာရခြင်း”
••••••••••••••••••••••••••••••••••••••••••••••••
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို
နှစ်စဉ်နှစ်တိုင်း “ကဆုန်လပြည့်နေ့”၌ ကျင်းပ
ပူဇော်လေ့ရှိကြသည်။ ထိုသို့ ကျင်းပပူဇော်ရခြင်းမှာ-

မြတ်ဗုဒ္ဓသည်
●ကဆုန်လပြည့်၊ “သောကြာနေ့”၌ ဖွားမြင်တော်မူ၍ ၊
●ကဆုန်လပြည့်၊ “ဗုဒ္ဓဟူးနေ့”၌ ဘုရားအဖြစ်ကို
ရောက်တော်မူပြီး၊
●ကဆုန်လပြည့်၊ “အင်္ဂါနေ့” ၌ ပရိနိဗ္ဗာန် စံတော်မူခဲ့သည်။
ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်
အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ခဲ့သည်။
●ထို့ပြင် မြတ်ဗုဒ္ဓသည်
မဟာဗောဓိညောင်ပင်အောက်၌
မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့
နေမ၀င်မီ မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို
သစ္စာပါရမီအဓိဋ္ဌာန်ဖြင့် အောင်တော်မူ၍ မိုးသောက်ယံ၌
ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။
ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်း
ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ် ပူဇော်ရာ
ဋ္ဌာနတစ်ခုဖြစ်ခဲ့ပေသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည်
နှစ်စဉ်ကဆုန်လပြည့်နေ့သို့ရောက်တိုင်း
❦မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို အောင်နိုင်ရာ၊
❦သစ္စာ၎ပါး ကိုသိမြင်ရာ၊
❦ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဋ္ဌာနဖြစ်သော
မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့
ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌
စိုက်ပျိုးပူဇော်ထားအပ်သော “ညောင်ပင်”များကို
ရေသွန်းဖျန်း ပူဇော်လေ့ရှိကြသည်။
အဓိက ရည်ရွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်း
မခြောက်သွေ့စေလိုရေးနှင့် မြတ်ဗုဒ္ဓကို
အမှတ်ရစေလိုရေးပင် ဖြစ်သည်။
ဤကဲ့သို့ ဗောဓိညောင်ပင်များကို
ရေသွန်းဖျန်းပူဇော်ခြင်းကို “ညောင်ရေသွန်းပွဲတော်”
ဟု ခေါ်တွင်ကာ မြန်မာတို့၏ ၁၂လရာသီပွဲတော်အဖြစ်
ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များမှ
ယနေ့ခေတ်အထိ စဉ်လာမပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။
ဤသည်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း ၏
အခြေခံအကြောင်းပင်ဖြစ်သည်။
“ညောင်ရေသွန်း ပူဇော်ရကျိုး”
•••••••••••••••••••••••••••••••••••
ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိကတ်သုံးပုံတို့တွင်
“ခုဒ္ဒကနိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်”၌
ဘုရားရှင်လက်ထက်တော် က ရဟန္တာမထေရ်ကြီးများ
ကိုယ်တိုင် မိမိတို့၏ ဘ၀ဖြစ်စဉ်များကို ပြန်လည်
ဟောကြားထားသည်တို့ကို တွေ့ရှိကြည်ညိုရပေသည်။
“ဂန္ဓောဒကိယ ရဟန္တာမထရ်”
••••••••••••••••••••••••••••••••••••••
“ပဒုမုတ္တရာ မြတ်စွာဘုရား” လက်ထက်တော်၍
သူကြွယ်တစ်ဦးသည် မြတ်ဗုဒ္ဓ ပွင့်တော်မူရာ
“ထင်းရှူး ဗောဓိပင်”ပူဇော်ပွဲ ပြုလုပ်သောအခါ
လှပဆန်းကြယ်သော အိုးဖြင့် နံ့သာရည်တို့ကို
ထည့်ယူကာ သွန်းလောင်း ပူဇော်ခဲ့လေသည်။
ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး၊
မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။
ထိုဘ၀မှာသေလွန်ပြီးနောက် ညောင်ရေသွန်းရသော
ကောင်းမှုကြောင့် နတ်ပြည်သို့ ရောက်ကာ
“ဘုံအဆင့်တစ်ရာ” ရှိသော နတ်ဗိမာန်၌ နတ်သမီးတစ်သိန်း
ခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိဘဲ
နတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။
နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်း
နှစ်ထောင်ရှစ်ရာအထက်၌ လူပြည်ဝယ် ရတနာခုနှစ်ပါးနှင့်
ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်ပါအင်အားရှိသော
“သံဝသိတ” မည်သော “စကြ၀တေးမင်း” ဖြစ်ခဲ့ရလေသည်။
ဂေါတမမြတ်စွာဘုရားပွင့်တော်မူသော အခါ
“ဂန္ဓောဒကိယမထေရ်” အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊
ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ
အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။
ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင်
ဟောတော်မူခဲ့သော ဘ၀ဖြစ်စဉ်ဖြစ်ပေသည်။
“ဗောဓိသိဉ္စက ရဟန္တာမထေရ်”
••••••••••••••••••••••••••••••••••••
ဝိပဿီမြတ်စွာဘုရားလက်ထက်တော်က
ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားပွင့်တော်မူရာ
“ဗောဓိပင်ညောင်ပင်”ပူဇော်ပွဲ ကျင်းပသောအခါ
ဗောဓိပင်သို့ သွားရောက်ပြီး-
“ကိုယ်တော်တိုင် ၀ဋ်ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသော
မြတ်စွာဘုရားသည် ငါတို့ကိုလည်း ၀ဋ်ဆင်းရဲမှ
လွတ်မြောက်နိုင်ပါစေသတည်း၊
ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသော
မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ
ငြိမ်းအေးနိုင်ပါစေသတည်း”
ဟု နှလုံးသွင်းဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသော
ရေဖြင့် ဗောဓိပင်ကို သွန်းလောင်း ပူဇော်ခဲ့လေသည်။
ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက်
“ကိုးဆယ်တစ်ကမ္ဘာ” ကာလပတ်လုံး အပါယ်ငရဲသို့
မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌ သာကျင်လည်ခဲ့ရပေသည်။
ဤ ကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ ရောက်သောအခါ
လူ့ပြည်၌ “ဥဒကသေစန” မည်သော “စကြ၀တေးမင်း”
စည်းစိမ်ကို “ရှစ်ကြိမ်တိုင်တိုင်”ခံစားစံစားရခဲ့လေသည်။
ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ
“ဗောဓိသိဉ္ဓက မထေရ်”အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊
ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ
အာသဝေါကုန်ခမ်း “ရဟန္တာ”ဖြစ်တော်မူခဲ့လေသည်။
ဤသည်မှာ “ရဟန္တာ”မထေရ်မြတ်ကြီးကိုယ်တိုင်
ဟောတော်မူခဲ့သော ဘ၀ဖြစ်စဉ်ဖြစ်ပေသည်။
“တိုက်တွန်းလွှာ”
•••••••••••••••••••••••
အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ
●ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့သော
“အသနဗောဓိယ ရဟန္တာမထေရ်”၊
ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော
●“ဗောဓိဝန္ဒက ရဟန္တာမထေရ်မြတ်ကြီး”
တို့သည်လည်း ထိုကဲ့သို့သော အကျိုးထူး၊
အကျိုးမြတ်များကို ရရှိခဲ့ဖူးကြပေသည်။
ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအခါ
ယတြာကျေရုံ၊ ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံ
သက်သက်သာ မသွန်းလောင်းဘဲ မြတ်ဗုဒ္ဓသည်
ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊
ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊
ဤနေရာဌာန၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည်
ဟု “မြတ်ဗုဒ္ဓ၏ ဂုဏ်တော်” တို့ကို လေးလေးနက်နက်
အာရုံယူကာ
“သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်”ဆုပန်ပြီး၊
ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ
သွန်းလောင်းပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းရင်း
ဤညောင်ရေသွန်းပွဲ စာစုလေးကို နိဂုံးသတ်လိုက်ပါသည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【အရှင်နာဂ၀ံသ - မောင်ကံကော်(ကျုံပျော်)】
(သဒ္ဓမ္မသီတဂူသာသနာရိပ်သာ၊တောရကျောင်းတိုက်။)
Posted by►
www.facebook.com/youngbuddhistassociation.mm

Saturday, May 2, 2015

ပန်ဆန်း သို့မဟုတ် ဝမြို့တော်
ဓာတ်ပုံ - ဂျေပိုင်
မြန်မာ့တပ်မတော်နှင့် တိုက်ပွဲ အကြီးအကျယ်ဖြစ်ပွားနေသော ကိုးကန့်တပ်ဖွဲ့မှ အဆင့်မြင့်ကိုယ်စားလှယ်များအပြင် လက်နက်ကိုင်တိုက်ပွဲများ ဆက်ဖြစ်နေသော တအာင်း၊ ရခိုင်တပ်ဖွဲ့များ၏ ကိုယ်စားလှယ်များ အပါအဝင် လက်နက်ကိုင်တိုင်းရင်းသား ၁၂ ဖွဲ့၏ ညီလာခံကို “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့တွင် ယနေ့ စတင်ကျင်းပပြီဖြစ်သည်။ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် သတင်းယူရန် ရောက်ရှိလာသော ဧရာဝတီအဖွဲ့အပါအဝင် သတင်းစာဆရာများကို ဝ အရာရှိများက UWSA အနေဖြင့် ပန်ဆန်းမြို့ကို "လုံးဝ ထိန်းချုပ်"ထားပြီး အများပြည်သူဝန်ဆောင်မှုကို ပေးသည့် "ပြီးပြည့်စုံသော အစိုးရစနစ်"ကို ထူထောင်ထားကြောင်း ဆိုသည်။ ပန်ဆန်းသည် မြန်မာပြည်အရှေ့ဖျား တရုတ်နယ်စပ်တွင် တည်ရှိသည်။

 https://www.facebook.com/IrrawaddyBurmese