Friday, January 30, 2015
ဒေါင်းတို့  ဇာတိမာန်။
ဒီလို ကလေးလေးတွေဗျာ
ဖြူစင်လိုက်ကြတာများ မျက်နှာလေးတွေ
ကို လင်းလို့ရှင်းလို့
သူတို့မျက်နှာမှာ သူတို့လိုချင်တာလေးတွေ
ရဖို့
(ဒါကလည်းတစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ပညာရေး
ပြုပြင်ပြောင်းလဲရေးအတွက်ပါ)
အတွက်ငြိမ်းငြိမ်းအေးအေး
ကြွေးကျော်နေတာကလွဲရင်
သေချာကြည့်ကြဗျာ
ဒီလောက်ကြည်လင်နေတဲ့မျက်နှာလေးတွေမှာ
ဘာအရောင်တွေပါသလည်းဗျာ???
အာဏာမက်တဲ့အရောင်ပါသလား???
တိုင်းပြည်ဖျက်မယ့် အရောင်ပါသလား???
တစ်ကိုယ်ကောင်း စိတ်ဓတ်တွေကပ်ငြိနေသလား???
ဘယ်သူဘယ်ဝါကို ထိုးနှက်တိုက်ခတ်မယ်
ဆိုတဲ့စိတ်မျိုးမြင်ရသလား???
မျက်လုံးဟာ စိတ်ရဲ့တံခါးတဲ့
အလင်းသားကြီးမြင်နေရတယ် သူတို့လေးတွေ
စိတ်ကို
ကြည်လင်နေတဲ့မျက်နှာလေးတွေမှာ
ဘာအရောင်မှမဆိုးထားတာ
အတိုင်းသားမြင်နေတယ်။
ကျွန်တော်ထင်တယ်ဗျာ
ကိုယ်မမှီလိုက်ပေမယ့်
(၈၈၈၈)အရေးတော်ပုံကြီးရဲ့အစပိုင်းမှာ
ကျွန်တော်တို့နောင်တော်၊အစ်မတော်တို့ရဲ့
မျက်နှာလေးတွေဟာလည်း
အခုကလေးတွေလိုပဲ ကြည်လင်ရှင်းသန့်
အပြစ်ကင်းနေမယ်လို့
ကျွန်တော်ယုံတယ်။
ဒါကိုဗျာ
ပြသာနာအစပိုင်းကတည်းက လူသားဆန်ဆန်
သိက္ခာရှိရှိ၊အထိအခိုက်အနည်းဆုံးနည်းနဲ့
လူကြီးလူကောင်းဆန်ဆန်မဖြေရှင်းခဲ့ကြပဲ
အမျိုးမျိုး သတ်လျှို ပုံဖျက် ကောက်ကျစ်ယုတ်မာတဲ့နည်းနဲ့
ခွေးတိရိစ္ဆာန်တွေလို့ကိုင်တွယ်ဖြေရှင်းခဲ့ကြလို့
တိုင်းပြည်ရော ပြည်သူပြည်သားတွေပါအထိအခိုက်များပြီးနစ်နာခဲ့ကြရတယ်။
ခွေးသူတောင်းစားတစ်စုကတော့ ပြည်သူ့အသက်ကိုနင်းပြီး အခုချိန်ထိဆူလို့ဖြိုးလို့ပေါ့။
ဒါသင်ခန်းစားပဲလေ
ကျွန်တော်တိုနိုင်ငံကဒါမျိုးပြသာနာမျိုးအကြိမ်ကြိမ်ကြုံခဲ့ပြီးပြီဗျာ
သမိုင်းထဲကနေ
တိုင်းပြည်နဲ့ပြည်သူပြည်သားအတွက် အကောင်းဆုံးဖြစ်မယ့်
သင်ခန်းစာကိုရွေးယူပြီးး
အခုကျောင်းသားတွေကိစ္စကို နှစ်ဦးနှစ်ဖက်အကျိုးများမယ့်နဲ့နည်းနဲ
လူသားဆန်ဆန် ဂုဏ်သိက္ခာရှိရှိ
နောင်အနာဂတ်ရဲ့ကိုယ်နိုင်ငံပညာရေးစနစ်ကို
မြှင့်တင်လို့တဲ့စိတ်နဲ့ ဆွေးနွေးဖြေရှင်းအဖြေရှာကြပါလို့
သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်ကြီးငယ်တို့ကို
တိုက်တွန်းပါရစေဗျာ။
ခင်ဗျားးးတို့
ကျေးဇူးပြုပြီးထပ်မကောက်ကျစ်ကြပါနဲ့တော့ဗျာ
ဒီလိုပန်းလေးတွေ ထပ်မကြွေလွင့်စေပါနဲ့တော့ဗျာ။
Sunday, January 4, 2015
လွတ်လပ်ရေး နေ့  မှာ ဖတ်စရာ။
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ အနာဂတ်ကို ဂါးဒီးယန်းသတင်းစာ၏အမြင် (မြန်မာဘာသာပြန်)
Copy and WIN : http://bit.ly/copy_win
Friday, January 2, 2015 ================================ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်... ငန်းစဉ်များသည် အနောက်နိုင်ငံများ၏ လက်ခုပ် ဩဘာပေးခြင်းနှင့် ချီးမြှောက် အားပေးခြင်းကို ခံယူနေရပါ သည်။ သို့သော် ထိုပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်များကို တရား ဥပဒေမြဲမြံစွာစိုးမိုးသည်အထိ၊ ခိုင်မာသော ဒီမိုကရေစီနိုင်ငံတစ် ခုပေါ်လာသည်အထိ သယ် ဆောင် သွားနိုင်မည်လားဆိုသည် မှာတော့ ချိန်ဆစရာတွေ အများ ကြီးရှိနေပါသည်။ နောင်လာမည့် သီတင်းပတ်အနည်းငယ်သည် မြန်မာနိုင်ငံအတွက် အရေးကြီး သည့် အဆုံးအဖြတ်ပေးမည့် ကာလဖြစ်ပါသည်။ လာမည့် ဖေဖော်ဝါရီလကုန် သည် နောက်ဆုံးဖြစ်ကောင်းဖြစ် နိုင်ပါ၏။ ထိုကာလအတွင်းမှာ မြန်မာအစိုးရသည် လူအများ အမျိုးမျိုးထင်ကြေးပေးနေကြ သော ပြဿနာတစ်ခု အတွက် အခြေခံဥပဒေပြင်ဆင်နိုင်မှု အကောင်အထည်ဖော်ရေး ကော်မတီကတင်ပြလာမှုအပေါ် ၎င်း၏ ဆုံးဖြတ်ချက်တစ်ခုကို တုံ့ပြန်ဖြေ ကြားပေးရမည်ဖြစ်ပါသည်။ ထိုအရာက ၂၀၁၅ နှောင်း ပိုင်းတွင် ကျင်းပမည့် နိုင်ငံ၏ရွေး ကောက်ပွဲကို မည်သည့်အနေ အထားမှာကျင်းပမလဲဆိုတာကို သတ်မှတ်ရမည်ဖြစ်သည်။ သို့ သော်လည်း ထိုဆုံးဖြတ်ချက်က နောက်နှစ်တွေမှာ ဖြစ်ပေါ်လာ မည့် တိုင်းပြည်အနေအထားကို ပုံဖော်ပေးပါလိမ့်မည်။ သည်နေ ရာမှာ ဘာဆုံးဖြတ်ချက်ချသလဲဆို သည့် အပေါ်မူတည်ပြီး လွန်ခဲ့ သော နှစ်ငါးဆယ်ခန့်က စစ်အာ ဏာသိမ်းခဲ့သလို စစ်တပ်နှင့် အရပ်သားအစိုးရကြားမှာ မြန်မာ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ် ဆောင်မှုများက ကျဆင်းသွားနိုင် သည် (သို့မဟုတ်) အရပ်သား အစိုးရကိုဗန်းပြထားသည့်နောက် မှာ စစ်တပ်၏လွှမ်းမိုးမှုကလည်း သည့်ထက်ပိုဆိုးလာကောင်းဆိုး လာနိုင်သည်။ မြန်မာ့နိုင်ငံရေးတွင် အတိုက် အခံခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်၏ အခန်းကဏ္ဍကား မည်သို့မျှရှောင်လွှဲ၍မရသော အဓိကကိစ္စတစ်ခုဖြစ်ပါသည်။ သူသည် တောင်အာဖရိကခေါင်း ဆောင်နယ်လ်ဆင်မန်ဒဲလားနှင့် ရုရှားနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူအန်ဒရောရှားကောဗ် တို့ကဲ့သို့ မြန်မာ့နိုင်ငံရေးမှာ ပါဝင် ကစားနိုင်သော နိုင်ငံရေးခေါင်း ဆောင်တစ်ဦးဖြစ်၏။ လူအများ လေးစားယုံကြည်မှုကိုရထား သော ခေါင်းဆောင်လည်းဖြစ်၏။ အခက်အခဲသမိုင်းကြောင်းတွေ ကြုံရသော နိုင်ငံအတော်များများ သည် မြန်မာနိုင်ငံကဲ့သို့ ဒေါ် အောင်ဆန်းစုကြည်လို ခေါင်း ဆောင်မျိုးများရှိသည်အထိ ကံ မကောင်းကြပါ။ သို့သော်လည်း အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားသားများဖြစ် သည့် သားနှစ်ယောက်ကြောင့် သမ္မတမဖြစ်နိုင်ရန် ကန့်သတ် ထားသည်။ အဓိကအန္တရာယ်ဖြစ်အလာ နိုင်ဆုံးက မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဘေး ဖယ်ထားမှာပဲဖြစ်သည်။ မြန်မာစစ်တပ်အနေဖြင့် သူတို့၏ရပိုင်ခွင့် များဆုံးရှုံးသွားမည်ကို ကြောက် နေကြသည်။ သူတို့က အစဉ် အလာအတိုင်း နိုင်ငံလုံခြုံရေးကို ချုပ်ကိုင်ထားချင်သည်။ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ် ခေါ်ခြင်းဖြင့် ယခုအခါ တရုတ် နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကိုချိန်ခွင် လျှာညှိထားနိုင်ပြီဟု သူတို့က ယူဆနေကြ၏။ ဒေါ်အောင်ဆန်းစု ကြည်၏ ခေါင်းဆောင်ခွင့်ဆုံးရှုံး သွားလျှင် သူ့အဖေဗိုလ်ချုပ် အောင်ဆန်းကိုဆုံးရှုံးရသလို မြန်မာအတွက် ရင်နာစရာဖြစ် လာပါလိမ့်မည်။ ဆိုလိုသည်က ဒေါ်အောင် ဆန်းစုကြည်သည် အမှားကင်းပြီး အစစအရာရာခြောက်ပြစ်ကင်း သဲလဲစင်ဟု ပြောခြင်းမဟုတ်ပါ။ သို့သော်လည်း သူသည်သာ မြန်မာ၏ အနာဂတ်ကောင်းမွန် လာနိုင်မည့် အကောင်းဆုံးအခွင့် အရေးတစ်ခုဖြစ်ပါသည်။ ယခု အချိန်မှာ ပြင်ပကလူတွေအတွက် မြန်မာအစိုးရသည် တိုးတက်မှု တွေလုပ်နေပါသည်ဟု ပြောရမှာ ခပ်ခက်ခက်ဖြစ်ပါသည်။ သူတို့ လုပ်သည့် အပြောင်းအလဲနည်း နည်းအတွက် မြန်မာအစိုးရသည် အမှတ်တွေအများကြီးရထားပြီး သားဖြစ်နေသည်။ နောက်ထပ်ပြု ပြင်ဆောင်ရွက်ရေးများ ပိုမိုလုပ် ရန် မြန်မာအစိုးရကို တခြားနိုင်ငံ များက ဖိအားပေးဖို့ လိုပါသည်။ အကယ်၍မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တား ဆီးပိတ်ပင်မည်ဆိုပါက လက်ရှိ မြန်မာအစိုးရသည် နောက်ထပ်တိုးတက် ဆောင်ရွက်မှုများမလုပ် တော့ဘူးဆိုသည့် အနောက်နိုင်ငံ များနှင့်အခြားသူများသိသင့်သည့် လက္ခဏာတစ်ခုဖြစ်ပါလိမ့်မည်။ သို့သော်လည်း မြန်မာ အပေါ် နိုင်ငံတကာဖိအားတွေတိုးလာရမည့်အစား ပြေလျော့ လာနေပါသည်။ နိုင်ငံရေးအကျဉ်း သားများ ပြန်လွှတ်ပေးခြင်း၊ လူစု လူဝေးလုပ်ခွင့်ကန့်သတ်ချက်ကို ဖယ်ရှားပေးခြင်းနှင့် ပုဂ္ဂလိက သတင်းစာများထုတ်ခွင့်ပေးခြင်း တို့လို ကောင်းမွန်သောလုပ်ဆောင် ချက်များလည်းရှိသည်။ ပြည်သူ့ လွှတ်တော်မှာလည်း စစ်တပ်အမတ်က ၂၅ ရာခိုင်နှုန်းရှိနေပြီး သူတို့က အခြေခံဥပဒေပြင်ဆင်မှုကို တစ်ချက်လွှတ်အာဏာဖြင့် ကန့်သတ်ပယ်ဖျက်နိုင်သည့် အာဏာရှိသည်။ အဓိကကျသည့် ဝန်ကြီးဌာနများကလည်း စစ် တပ်အရာရှိများအတွက်သာဖြစ် သည်။ ကမ္ဘာပေါ်မှာ မည်သည့် နိုင်ငံကမှ သည်လိုနည်းလမ်းနှင့် စစ်တပ်က ထိန်းချုပ်ထားခြင်းမရှိ ပါ။ သည်အချက်က အတော်ကို ဒီမိုကရေစီနည်းလမ်းမကျသည့် အချက်ဖြစ်ပြီး မြန်မာမှာလည်း လူတွေက သဘောမကျသည့် အတွက် လူငါးသန်းကျော်က လက်မှတ်ထိုးပြီး အခြေခံဥပဒေ ကိုပြင်ဆင်ဖို့ တောင်းဆိုနေကြ ခြင်းဖြစ်ပါသည်။ စီးပွားရေးပိတ်ဆို့မှုများ တစ် စိတ်တစ်ပိုင်းဖယ်ရှားလိုက်သဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစီးဝင် လာကာ မြန်မာ၏စီးပွားရေးက လည်း အနည်းငယ်တိုးတက်လာ သည်မှာလည်း အမှန်ပင်ဖြစ် သည်။ သာမန်နိုင်ငံသားများ ဘဝ အခြေအနေပိုကောင်းလာကြပြီး မြန်မာစစ်တပ်နှင့်ပတ်သက်နေ သော ချမ်းသာပြီးသား မြန်မာများ ကမူ ချမ်းသာသထက်ပိုချမ်းသာ လာကြသည်။ သည်အချက်က ပြဿနာပဲဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲရေးများ အပြီးသတ်မလုပ်ဆောင်မီမှာပင် မြန်မာအစိုးရက ဆုလာဘ်များချီး မြှင့်ခံနေရသည်။ အနောက်နိုင်ငံ များက ပိတ်ဆို့မှုတွေ ရုပ်သိမ်း သကဲ့သို့ အချို့ကလည်းလျှော့ ပေါ့ပေးခဲ့ကြ၏။ မကြာသေးမီ အောက်တိုဘာက အာဆီယံထိပ် သီးအစည်းအဝေးအတွက် မြန်မာ သို့ သွားရောက်ခဲ့သော အမေရိ ကန်သမ္မတအိုဘားမားနှင့် နိုင်ငံ ခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်တို့ကဲ့သို့ အနောက် နိုင်ငံခေါင်းဆောင်တွေကလည်း မြန်မာကို ပုံမှန်သွားရောက်နေကြ သည်။ သို့ရာတွင် မကြာသေးမီက မေးမြန်းခန်းတစ်ခုတွင် ဒေါ်အောင် ဆန်းစုကြည်ပြောကြားခဲ့သလို အနောက်နိုင်ငံများအနေဖြင့် မြန်မာ၏ ပြုပြင်ပြောင်းလဲရေး သည် ပြီးမြောက်ရန်အများကြီး လိုအပ်နေသော လုပ်ငန်းစဉ်တစ် ခုဆိုတာထက် တကယ်ပင် ပြီး မြောက်ဆုံးခန်းတိုင်သွားသကဲ့သို့ မြန်မာအပေါ်မှာ ပြုမူဆောင်ရွက် နေကြသည်။ ထို့ကြောင့် ယခု အချိန်မှာ သူတို့၏ ဆောင်ရွက် ချက်များကို ပြောင်းလဲပြီးပြုပြင် ပြောင်းလဲရေးလုပ်ရန် မြန်မာ ကို ဖိအားပေးဖို့ အချိန်အနည်း ငယ်သာကျန်ပါတော့သည်။ _______________________________ ဗြိတိန်နိုင်ငံထုတ် ဂါးဒီယန်းသတင်းစာ၏ အယ်ဒီတာအာဘော်ဖြစ် သော The Guardian view on Aung San Suu Kyi and Burmar's Future ကို ထားထား မြင့် ဘာသာပြန်ဆိုသည် မူရင်း >>> http://www.theguardian.com/…/guardian-view-aung-san-suu-kyi… နမူနာယူလိုက်တာပါ
Copy and WIN : http://bit.ly/copy_win
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ အနာဂတ်ကို ဂါးဒီးယန်းသတင်းစာ၏အမြင် (မြန်မာဘာသာပြန်)
Copy and WIN : http://bit.ly/copy_win
Friday, January 2, 2015 ================================ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်... ငန်းစဉ်များသည် အနောက်နိုင်ငံများ၏ လက်ခုပ် ဩဘာပေးခြင်းနှင့် ချီးမြှောက် အားပေးခြင်းကို ခံယူနေရပါ သည်။ သို့သော် ထိုပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်များကို တရား ဥပဒေမြဲမြံစွာစိုးမိုးသည်အထိ၊ ခိုင်မာသော ဒီမိုကရေစီနိုင်ငံတစ် ခုပေါ်လာသည်အထိ သယ် ဆောင် သွားနိုင်မည်လားဆိုသည် မှာတော့ ချိန်ဆစရာတွေ အများ ကြီးရှိနေပါသည်။ နောင်လာမည့် သီတင်းပတ်အနည်းငယ်သည် မြန်မာနိုင်ငံအတွက် အရေးကြီး သည့် အဆုံးအဖြတ်ပေးမည့် ကာလဖြစ်ပါသည်။ လာမည့် ဖေဖော်ဝါရီလကုန် သည် နောက်ဆုံးဖြစ်ကောင်းဖြစ် နိုင်ပါ၏။ ထိုကာလအတွင်းမှာ မြန်မာအစိုးရသည် လူအများ အမျိုးမျိုးထင်ကြေးပေးနေကြ သော ပြဿနာတစ်ခု အတွက် အခြေခံဥပဒေပြင်ဆင်နိုင်မှု အကောင်အထည်ဖော်ရေး ကော်မတီကတင်ပြလာမှုအပေါ် ၎င်း၏ ဆုံးဖြတ်ချက်တစ်ခုကို တုံ့ပြန်ဖြေ ကြားပေးရမည်ဖြစ်ပါသည်။ ထိုအရာက ၂၀၁၅ နှောင်း ပိုင်းတွင် ကျင်းပမည့် နိုင်ငံ၏ရွေး ကောက်ပွဲကို မည်သည့်အနေ အထားမှာကျင်းပမလဲဆိုတာကို သတ်မှတ်ရမည်ဖြစ်သည်။ သို့ သော်လည်း ထိုဆုံးဖြတ်ချက်က နောက်နှစ်တွေမှာ ဖြစ်ပေါ်လာ မည့် တိုင်းပြည်အနေအထားကို ပုံဖော်ပေးပါလိမ့်မည်။ သည်နေ ရာမှာ ဘာဆုံးဖြတ်ချက်ချသလဲဆို သည့် အပေါ်မူတည်ပြီး လွန်ခဲ့ သော နှစ်ငါးဆယ်ခန့်က စစ်အာ ဏာသိမ်းခဲ့သလို စစ်တပ်နှင့် အရပ်သားအစိုးရကြားမှာ မြန်မာ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ် ဆောင်မှုများက ကျဆင်းသွားနိုင် သည် (သို့မဟုတ်) အရပ်သား အစိုးရကိုဗန်းပြထားသည့်နောက် မှာ စစ်တပ်၏လွှမ်းမိုးမှုကလည်း သည့်ထက်ပိုဆိုးလာကောင်းဆိုး လာနိုင်သည်။ မြန်မာ့နိုင်ငံရေးတွင် အတိုက် အခံခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်၏ အခန်းကဏ္ဍကား မည်သို့မျှရှောင်လွှဲ၍မရသော အဓိကကိစ္စတစ်ခုဖြစ်ပါသည်။ သူသည် တောင်အာဖရိကခေါင်း ဆောင်နယ်လ်ဆင်မန်ဒဲလားနှင့် ရုရှားနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူအန်ဒရောရှားကောဗ် တို့ကဲ့သို့ မြန်မာ့နိုင်ငံရေးမှာ ပါဝင် ကစားနိုင်သော နိုင်ငံရေးခေါင်း ဆောင်တစ်ဦးဖြစ်၏။ လူအများ လေးစားယုံကြည်မှုကိုရထား သော ခေါင်းဆောင်လည်းဖြစ်၏။ အခက်အခဲသမိုင်းကြောင်းတွေ ကြုံရသော နိုင်ငံအတော်များများ သည် မြန်မာနိုင်ငံကဲ့သို့ ဒေါ် အောင်ဆန်းစုကြည်လို ခေါင်း ဆောင်မျိုးများရှိသည်အထိ ကံ မကောင်းကြပါ။ သို့သော်လည်း အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားသားများဖြစ် သည့် သားနှစ်ယောက်ကြောင့် သမ္မတမဖြစ်နိုင်ရန် ကန့်သတ် ထားသည်။ အဓိကအန္တရာယ်ဖြစ်အလာ နိုင်ဆုံးက မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဘေး ဖယ်ထားမှာပဲဖြစ်သည်။ မြန်မာစစ်တပ်အနေဖြင့် သူတို့၏ရပိုင်ခွင့် များဆုံးရှုံးသွားမည်ကို ကြောက် နေကြသည်။ သူတို့က အစဉ် အလာအတိုင်း နိုင်ငံလုံခြုံရေးကို ချုပ်ကိုင်ထားချင်သည်။ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ် ခေါ်ခြင်းဖြင့် ယခုအခါ တရုတ် နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကိုချိန်ခွင် လျှာညှိထားနိုင်ပြီဟု သူတို့က ယူဆနေကြ၏။ ဒေါ်အောင်ဆန်းစု ကြည်၏ ခေါင်းဆောင်ခွင့်ဆုံးရှုံး သွားလျှင် သူ့အဖေဗိုလ်ချုပ် အောင်ဆန်းကိုဆုံးရှုံးရသလို မြန်မာအတွက် ရင်နာစရာဖြစ် လာပါလိမ့်မည်။ ဆိုလိုသည်က ဒေါ်အောင် ဆန်းစုကြည်သည် အမှားကင်းပြီး အစစအရာရာခြောက်ပြစ်ကင်း သဲလဲစင်ဟု ပြောခြင်းမဟုတ်ပါ။ သို့သော်လည်း သူသည်သာ မြန်မာ၏ အနာဂတ်ကောင်းမွန် လာနိုင်မည့် အကောင်းဆုံးအခွင့် အရေးတစ်ခုဖြစ်ပါသည်။ ယခု အချိန်မှာ ပြင်ပကလူတွေအတွက် မြန်မာအစိုးရသည် တိုးတက်မှု တွေလုပ်နေပါသည်ဟု ပြောရမှာ ခပ်ခက်ခက်ဖြစ်ပါသည်။ သူတို့ လုပ်သည့် အပြောင်းအလဲနည်း နည်းအတွက် မြန်မာအစိုးရသည် အမှတ်တွေအများကြီးရထားပြီး သားဖြစ်နေသည်။ နောက်ထပ်ပြု ပြင်ဆောင်ရွက်ရေးများ ပိုမိုလုပ် ရန် မြန်မာအစိုးရကို တခြားနိုင်ငံ များက ဖိအားပေးဖို့ လိုပါသည်။ အကယ်၍မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တား ဆီးပိတ်ပင်မည်ဆိုပါက လက်ရှိ မြန်မာအစိုးရသည် နောက်ထပ်တိုးတက် ဆောင်ရွက်မှုများမလုပ် တော့ဘူးဆိုသည့် အနောက်နိုင်ငံ များနှင့်အခြားသူများသိသင့်သည့် လက္ခဏာတစ်ခုဖြစ်ပါလိမ့်မည်။ သို့သော်လည်း မြန်မာ အပေါ် နိုင်ငံတကာဖိအားတွေတိုးလာရမည့်အစား ပြေလျော့ လာနေပါသည်။ နိုင်ငံရေးအကျဉ်း သားများ ပြန်လွှတ်ပေးခြင်း၊ လူစု လူဝေးလုပ်ခွင့်ကန့်သတ်ချက်ကို ဖယ်ရှားပေးခြင်းနှင့် ပုဂ္ဂလိက သတင်းစာများထုတ်ခွင့်ပေးခြင်း တို့လို ကောင်းမွန်သောလုပ်ဆောင် ချက်များလည်းရှိသည်။ ပြည်သူ့ လွှတ်တော်မှာလည်း စစ်တပ်အမတ်က ၂၅ ရာခိုင်နှုန်းရှိနေပြီး သူတို့က အခြေခံဥပဒေပြင်ဆင်မှုကို တစ်ချက်လွှတ်အာဏာဖြင့် ကန့်သတ်ပယ်ဖျက်နိုင်သည့် အာဏာရှိသည်။ အဓိကကျသည့် ဝန်ကြီးဌာနများကလည်း စစ် တပ်အရာရှိများအတွက်သာဖြစ် သည်။ ကမ္ဘာပေါ်မှာ မည်သည့် နိုင်ငံကမှ သည်လိုနည်းလမ်းနှင့် စစ်တပ်က ထိန်းချုပ်ထားခြင်းမရှိ ပါ။ သည်အချက်က အတော်ကို ဒီမိုကရေစီနည်းလမ်းမကျသည့် အချက်ဖြစ်ပြီး မြန်မာမှာလည်း လူတွေက သဘောမကျသည့် အတွက် လူငါးသန်းကျော်က လက်မှတ်ထိုးပြီး အခြေခံဥပဒေ ကိုပြင်ဆင်ဖို့ တောင်းဆိုနေကြ ခြင်းဖြစ်ပါသည်။ စီးပွားရေးပိတ်ဆို့မှုများ တစ် စိတ်တစ်ပိုင်းဖယ်ရှားလိုက်သဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစီးဝင် လာကာ မြန်မာ၏စီးပွားရေးက လည်း အနည်းငယ်တိုးတက်လာ သည်မှာလည်း အမှန်ပင်ဖြစ် သည်။ သာမန်နိုင်ငံသားများ ဘဝ အခြေအနေပိုကောင်းလာကြပြီး မြန်မာစစ်တပ်နှင့်ပတ်သက်နေ သော ချမ်းသာပြီးသား မြန်မာများ ကမူ ချမ်းသာသထက်ပိုချမ်းသာ လာကြသည်။ သည်အချက်က ပြဿနာပဲဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲရေးများ အပြီးသတ်မလုပ်ဆောင်မီမှာပင် မြန်မာအစိုးရက ဆုလာဘ်များချီး မြှင့်ခံနေရသည်။ အနောက်နိုင်ငံ များက ပိတ်ဆို့မှုတွေ ရုပ်သိမ်း သကဲ့သို့ အချို့ကလည်းလျှော့ ပေါ့ပေးခဲ့ကြ၏။ မကြာသေးမီ အောက်တိုဘာက အာဆီယံထိပ် သီးအစည်းအဝေးအတွက် မြန်မာ သို့ သွားရောက်ခဲ့သော အမေရိ ကန်သမ္မတအိုဘားမားနှင့် နိုင်ငံ ခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်တို့ကဲ့သို့ အနောက် နိုင်ငံခေါင်းဆောင်တွေကလည်း မြန်မာကို ပုံမှန်သွားရောက်နေကြ သည်။ သို့ရာတွင် မကြာသေးမီက မေးမြန်းခန်းတစ်ခုတွင် ဒေါ်အောင် ဆန်းစုကြည်ပြောကြားခဲ့သလို အနောက်နိုင်ငံများအနေဖြင့် မြန်မာ၏ ပြုပြင်ပြောင်းလဲရေး သည် ပြီးမြောက်ရန်အများကြီး လိုအပ်နေသော လုပ်ငန်းစဉ်တစ် ခုဆိုတာထက် တကယ်ပင် ပြီး မြောက်ဆုံးခန်းတိုင်သွားသကဲ့သို့ မြန်မာအပေါ်မှာ ပြုမူဆောင်ရွက် နေကြသည်။ ထို့ကြောင့် ယခု အချိန်မှာ သူတို့၏ ဆောင်ရွက် ချက်များကို ပြောင်းလဲပြီးပြုပြင် ပြောင်းလဲရေးလုပ်ရန် မြန်မာ ကို ဖိအားပေးဖို့ အချိန်အနည်း ငယ်သာကျန်ပါတော့သည်။
Copy and WIN : http://bit.ly/copy_win
 Credit :http://8888newgenerations.blogspot.de/2015/01/blog-post_79.html
Copy and WIN : http://bit.ly/copy_wi
နောက်ဆုံး သီပေါစော်ဘွား စပ်ကြာဆိုင်
Credit နန်းလောင် ခမ်းနွံ့ 
(မူရင်းစာရေး သူ့  အာဘော် သာ ဖြစ်ါပါသည်။)
 ဂျပန်ခေတ် သီပေါစော်ဘွား စပ်အိုနှင့် မဟာဒေဝီ စပ်စိန်လွှာ တို့မှ အငယ်ဆုံးသား စပ်ကြာဆိုင်ကို ၁၉၂၄ခုနှစ် ၊ ဇူလိုင်လတွင် သီပေါမြို့၌ ဖွားမြင်ခဲ့သည် ။
၁၉၄၁ခုနှစ်တွင် တောင်ကြီးမြို့ ရှမ်းစော်ဘွားများ၏ မြေး ၊သားသမီးများ ကျောင်းမှ ၁၀တန်း အောင်မြင်ခဲ့သည်။၎င်းမှအိန္ဒိယနိုင်ငံ၊ဒါလီလင်မြို့ စိန်ပေါလ် ကျောင်း၌ ပညာဆက်လက်ဆည်းပူး သင်ကြားခဲ့သည်။ စီနီယာကင်းဘရစ်ခ်ျအောင်မြင်ခဲ့သည် ။၁၉၄၇ ခုနစ်ဖေဖော်ဝါရီ လတွင်
အသက်၂၃နစ် သာရှိသေးသော်လည်း သီပေါနယ် လူထုတို့၏ တင်မြှောက်ချက်အရ သီပေါစော်ဘွား အဖြစ်လက်ခံခဲ့ရသည်။
သို့ရာတွင် ဘိသိတ်မခံယူသေးဘဲ ၁၉၄၉ခုနှစ် ကိုလိုရာဒိုပြည်နယ် ဒင်ဗာမြို့ရှိ အင်ဂျင်နီယာ သိပ္ပံကျောင်းသို့  သွားရောက်ပညာသင်ကြားခဲ့သည် စော်ဘွားအလောင်းအလျှာအဖြစ်လူမသိခံဘဲ
သာမန်တောင်သူလုပ်ကိုင်စားသောက်သောမုဆိုးမတစ်ဦးသားအဖြစ်နှင့်သာသူ့ကိုယ်သူနှိမ့်ချ ပြောဆိုမိတ်ဆက်ရာမှ အင်ဂျီအဲဗားဟတ် ( နောင်မဟာဒေဝီ စပ်သုစန္ဒီ ) နှင့်မေတ္တာမျှခဲ့ကြသည်။ စပ်ကြာဆိုင်၏ အဓိက ရည်မန်းချက်မှာ အင်ဂျင်နီယာပညာရပ်ဖြင့် ရှမ်းပြည်နယ်မှ သဘာဝသယံဇာတ များကို ကြိုးစားရှာဖွေမည်။
ရှမ်းပြည်နယ်၏ များပြားလှသော သဘာဝသံယာဇာတပစ္စည်းများသည် မိမိမိသားစုအတွက်သာ ခံစားဖို့ မဟုတ်၊ ဒေသခံလူထုအတွက်အဓိက ရည်မှန်းခဲ့သည်။ ရှမ်းလူထုအတွင်း အရိုးစွဲနေသော
၃၆ ကောင်ထီ လေးကောင်ဂျင် ။
အစဉ်အလာအရစော်ဘွားများအားဆ
စသည့်လောင်းကစားဝိုင်းကိုတဖြေးဖြေးပပျောက်စေလိုသည်က်သရသော လယ်ခွန်ယာခွန်များ လျော့ချပြီး တဖြေးဖြေး ရပ်ဆဲမည်။ တောင်သူများ၏စိုက်ပျိုးရေးလိုအပ်ချက်များကိုကူညီမည်။  ထို့ကြောင့်သူ၏ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် ပါရမီဖြည့်ဖက် ဇနီးကောင်းတစ်ဦးကို
အသေအချာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဘွဲ့ယူလက်ထပ်ပြီး ရန်ကုန်ဆိပ်ကမ်းရောက်မှ သီပေါနယ်သားများ၏ ခန်းနားစွာကြိုဆိုကြမှုကြောင့်သာစပ်ကြာဆိုင်အားသီပေါစော်ဘွားလေး
အဖြစ် အင်ဂျီ သိခွင့်ရခဲ့သည်။ အများပြည်သူက ဇနီးကို လက်ခံသဘောတူချက်ရပြီးမှသာ
၁၉၅၆ခုနှစ်စက်တင်ဘာလ၂ရက်နေ့တွင်တော်ဝင်မျိုးနွယ်မဟာဒေဝီသီရိမင်္ဂလာစပ်သုစန္ဒီဘွဲ့ကို အပ်နှင်းခဲ့သည်။ သီပေါလူထု၏ ချစ်ခင်မှုရရှိသော မဟာဒေဝီ စပ်သုစန္ဒီသည် တိုင်းတပါး သူဖြစ်သော်ငြားလည်း သူ့ခင်ပွန်း သီပေါစော်ဘွားနှင့်အတူ သီပေါနယ်သူနယ်သားတို့၏ ဘဝဖွံ့ဖြိုးရးအတွက် (စိုက်ပျိုးရေး ပညာရေးအစရှိသည်ဖြင့်) စိတ်ရောကိုယ်ပါ နစ်မြုပ်ဆောင်ရွက်ခဲ့သည်။နောက်ဆုံးလူထု၏ ချစ်စနိုးဖြင့်
စပ်မယ်ဟု သူမအားအမြတ်တနိုး ခေါ်ဝေါ်သည်အထိ လူထု၏ချစ်ခင်မှုကိုရရှိခဲ့သည်။  လူထုများ၏ရင်ဖွင့်သံမှာ စော်ဘွားလေး စပ်ကြာဆိုင်သည်ထိုင်းဘုရင်ဘူမိဘောလိုဘဲ အလုပ်ကိုကြိုးစားတယ် ။ ရိုးသားဖြောင့်မတ်တယ် ။မိမိကိုယ်ကျိုးထက် လူထုရဲ့ အကျိုးကို ဦးစားပေးစောင့်ရှောက်တယ် အသက်ငယ်သော်ငြားလည်း ပြည်သူကို ရင်အုပ်မကွာ စောင့်ရှောက်တယ်။အဲ့ဒီတုံးကဆို ကျုပ်တို့နယ်သူနယ်သားများက
အကောင်းစားဆန်ကိုမှ စားရတယ် ။ အခုများတော့ ( နေဝင်းခေတ် ) စီမံကိန်းသီးနှံဆိုပြီး အစိုးရကအတင်းအကြပ် စိုက်ခိုင်းနေတာနဲ့  အခုတော့ အညာက တင်ပို့ခဲ့တဲ့ ဆန်ဖျင်းဆန်ညံ့ကိုဘဲ စားရတော့တယ်။ ၁၉၆၂ ခုနှစ် မတ်လ ၂ရက်နေ့တွင်ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော စစ်အာဏာသိမ်း အဖွဲ့ က အာဏာသိမ်းယူလိုက်ပြီး ဗိုလ်ချုပ်အောင်ဆန်းအားထုတ် ကြိုးပမ်းခဲ့၍ ပါလီမန်အစိုးရ အဆက်အဆက် ကျင့်သုံးလာခဲ့သောဖယ်ဒရယ်စနစ်ကို
ဖျက်သိမ်းခဲ့သည်။
ထိုအချိန်မှ စ၍ ရှမ်း ၊ကရင် ၊ ကချင် ၊ကယား၊ချင်း ပလောင် စသည်ဖြင့် တိုင်းရင်းသားတို့ အတွက် အထူးတလည်ပေးထားသောနိုင်ငံရေး အခွင့်အရေး (သို့ ) အဆင့်အတန်း အားလုံးရုပ်သိမ်းဖျက်စီးခံခဲ့
ရသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ သမိုင်းစဉ်တစ်လျှောက်လုံး မြန်မာပြည် အစွန်အဖျား တောင်တန်းဒေသနေ တိုင်းရင်းသားအများစုကမူ မြန်မာတို့ကို မည့်အခါမျှ ယုံကြည် ချစ်ခင် လေးစား၍မရနိုင်သည့်အပြင်  အဓိကရန်သူအဖြစ် မြန်မာတို့အပေါ် သတ်မှတ်လာခဲ့သည်။
၁၉၆၂ ခုနှစ်မတ်လ၂ရက်နေ့တွင်အာဏာသိမ်းတပ်ဖွဲ့ဝင်များကကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များအားလုံးကိုဖမ်းဆီးခဲ့သည်။၎င်း ဖမ်းဆီးမှုတွင် သမ္မတစပ်ရွှေသိုက်လည်း ပါဝင်ပြီး
၁၇နှစ်မျှသာရှိသေးသော စပ်ရွှေသိုက်၏သားကို အာဏာသိမ်းအဖွဲ့၏ အဆိုအရပြန် လည်ခုခံသည် ဟုဆိုသဖြင့်သူ၏နေအိမ် မှာပင်အာဏာသိမ်းတပ်ဖွဲ့ဝင်တို့၏လက်ချက်ဖြင့်သေဆုံးခဲ့ရသည်။
သမ္မတကြီးစပ်ရွှေသိုက်သည်လည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ၈လအကြာမှာခိုင်လုံသော အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ အကျဉ်းတိုက်ထဲမှာရေတိမ်နစ်ခဲ့ရသည်။
သီပေါစော်ဘွားလေးစပ်ကြာဆိုင်သည်လည်း ပါလီမန်အစည်းအဝေးတက်ပြီးအပြန်အာဏာမသိမ်းမီ တစ်ရက်အလိုတွင်တောင်ကြီး _ ဟဲဟိုး လေဆိပ်လမ်းမတစ်နေရာတွင်ဖမ်းဆီးခေါ်ဆောင်သွားရာ
ဤသည်ကား စော်ဘွားလေးစပ်ကြာဆိုင်အား နောက်ဆုံး မြင်တွေ့လိုက်ရခြင်းဖြစ်သည်။
Credit နိုင်ဦးမှ  တခါတရံက •••••• မဟာဒေဝီ စပ်သုစန္ဒီ ••
Twilight Over Burma
My Life As A Shan Princess
ဗမာ့လွတ်လပ်ရေး နှင့် အချုပ်အခြာ အာဏာတည်တန့် ခိုင်မြဲရေး။ ကျွန်တော် တို့ အ နေ နှင့် ရှေ့ အနာဂတ် ကို နှစ် ပေါင်း တရာ က နေ လေး ငါး ရာ နှစ်ပေါင်း တ ထောင် လောက် ထိ ကို မျှော် မြင် တွေးထင် (vision) နိုင် ရ ပါ မည်။ အဲ့ ဒီလိုတွေးမြင်ပြီး အမြင် မှန် ကို အ ကောင် အထည် ဖော်နိုင် စွမ်း ရှိ ရ ပါ မည်။ အဲ့ ဒီ အပြု အမူ ကို ဦး ဆောင် ဦးရွက် ပြု ခြင်း တိုတို ရေး ရ မယ်ဆို ရင် ခေါင်းဆောင် မှု (leadership ) ဟု ခေါ်ဆို ကြ ပါ သည်။လွန် ခဲ့ သော နှစ် ပေါင်း သုံး ထောင် ခန့် တကယ် ဆို နှစ် ပေါင်း ၂၈၅၀ ကျော် က အ ဘိရာ ဇာ တည် ထောင် ခဲ့ တဲ့ တ ကောင်းက စ တဲ့ ဗြမာ ။ ဗရမာ ဗမာ ပြည် ကို နှစ် နှစ်ဆယ် အတွင်း တိုင်း တပါးသား များ လက်ကို ရောက် စေ မဲ့ လုံ့ လ ပြု မှု မျိုး ကို မလုပ် သင့် ဘူး လို့ ထင် မြင် ယူ ဆ ပါသည်။ လူကြီးမင်း များ နှင့် အမျိုးကောင်းသမီး များ ဝေဖန် ကြပါ။ အထူး သဖြင့် အချုပ်အခြာ အာ ဏာ ကို တည် တန့် ခိုင် မြဲ အောင်တာ ဝန်ယူကြ မည့် သူ များ တာဝန် ရှိ သည့် လူကြီးမင်းများ စဉ်းစားသုံးသပ် ကြ ပါ။ ပညာရှိ သတိ ဖြစ် ခဲမို့ လေး စား စွာ ပန် ကြား ရ ခြင်း ဖြစ် ပါ တယ်။
ကုလားဆို တာ အမျိုးကောင်းသား (Noble Son)
ကုလား ဆိုတဲ့ ဝေါဟာရ ကို မသိသူများ က သမိုင်း ကို မလေ့လာ သူများဖြစ်ပါ တယ်။
ကုလားဆို တာ အမျိုးကောင်းသား (Noble Son) လို့  အဓိပ်ပါယ် ရ ပါတယ်။
ဂေါတမ ကိုယ်တော်မြတ်ကြီး ကလည်း ကုလားပါ ဘဲ။ ကုလားပြည် ကြီး မှာ မွေးဖွား ခဲ့တာပါ။
ကိုမြအေး ခင်ဗျား သည် ဗမာ မွတ်စလင် သူရဲကောင်းဖြစ်တဲ့ အတွက် ကျုပ်တို့  ဂုဏ်ယူ
ပါတယ်၊။ Congratulations! We salute you.
Credit Aung Gyi
ဗိုလ်ရှု့ သဘင်မှ လူများအတွက်““ဖတ်ဖို့ သီးသန့်စာ
Credit U Tun Wai.
ဦးဘိုးလှိုင်သည် တစ်ခါသော် သမီး၊ နှမ စသည်တို့ကို ပေးဆက်လျက် အခွင့်အရေးယူသူ အမှုထမ်းတစ်ဦးကို မင်းတုန်းမင်းကြီးက လွန်စွာမှ မျက်နှာသာ ပေးတော်မူသည့်အတွက် မသင့်တော်ကြောင်း မင်းတုန်းမင်းကြီးအား တင်လျှောက်ခဲ့သော်လည်း မင်းတုန်းမင်းကြီးက အလေးအနက် မထားသည့်အတွက် မှူးမတ်စုံညီတို့၏ ရှေ့မှောက်၌ ...
“အစ်မ၊ နှမ၊ သမီးကကို၊ စ၍ဆက်နှင်း၊ လက်ဆောင်သွင်း၍၊ စိုးမင်းချစ်မြတ်၊ ထိုအမတ်သည်၊ အတတ်မရှိ၊သတိကင်းကွာ၊ ဘုန်းကြီးလှာမူ၊ ပြည်ရွာပျက်ကြောင်း တစ်ပါးတည်း” ဟူ၍ လျှောက်တင် လိုက်သည်။
ထိုအခါမင်းတုန်းမင်းကြီးလည်း အမျက်ပြင်းစွာ ထွက်သဖြင့် လှံကို ကောက်ကိုင်လိုက်ကာ..
“သည်လှံနှင့် ငါ့ခမည်းတော် စီရင်၍ နင့်အဖေ ယင်းတော်ဝန်ကြီး သေခဲ့သည်မဟုတ်လော။ သည်လှံနှင့် မောင်မင်းကို စီရင်ခြင်း ခံလိုသလော” ဟူ၍ မေးလိုက်သည်။ ထိုအခါ ဦးဘိုးလှိုင်သည် တုန်လှုပ်ခြင်း အလျဉ်းမရှိဘဲ
“ထိုးတော်မူပါဘုရား” ဟု ဆို၍ ရင်ဘတ်ကိုပင် ကော့ပေးလိုက်သေး၏။ မင်းတုန်းမင်းကြီးလည်း စိတ်ကို ထိန်းချုပ်ကာ အတွင်းတော်သို့ ဝင်သွားသည်ဟူ၏။
ဤတွင် အခြားမှူးမတ်များက ...
“ဝန်ကြီးမင်းမှာလည်း တင်းတင်းမာမာ ရဲပဲရဲလွန်းသဗျာ” ဟူ၍ ပြောကြလေ၏။ ထိုအခါ ဦးဘိုးလှိုင်က ...
“ကျွန်ုပ်အဖို့ လှံနှင့်ထိုးသတ်ခံရ၍ သေရခြင်းက မြတ်၏။ နေရာတိုင်း မင်းလိုလိုက်၍ စီမံသော်
မကောင်းမူ ဖြစ်ပွားနေသည့်အတွက် နိုင်ငံတော် ပျက်စီးခြင်း ဖြစ်ရလေသည်ဟု ဤနာမည်မျိုး ကျန်ရစ်ခဲ့ပါလျှင် သေကျိုးမနပ် ဖြစ်သည်။ ထိုမကောင်းသော အပုပ်နံသည် တထောင်းထောင်းနှင့် လူအပေါင်းတို့ နှာခေါင်းရှုံ့ကြမည်ကို ကြောက်စရာကောင်းသည်။ မှူးမတ်ဆိုသည့်အတိုင်း တည့်တည့်မတ်မတ် ဖြစ်အောင် စီမံခန့်ခွဲလျက် လျှောက်တင်ခွင့်ရှိက အသက်ကိုစွန့်၍ ရဲရဲဝံ့ဝံ့ တင်ကြရမည်။ သို့မှ မှူးမတ်နှင့်တူသည်” ဟူ၍ ပြန်လည်ပြောကြားခဲ့လေသည်။
((((( ယောမင်းကြီး ဦးဘိုးလှိုင်၏ စိတ်ဓာတ်))))
ဝန်ကြီးတွေ နဲ့ အာဏာပိုင်တွေဟာ ဒီအစိုးရခေတ်မှာ လူထုကို
ရင့်ရင့်သီးသီးမစဉ်းမစား
စော်စော်ကားကားဖိဖိနှိမ်နှိမ်စည်းလွတ်ဝါးလွတ်
ချိုးချိုးဖဲ့ဖဲ့
ကြမ်းကြမ်းတမ်းတမ်း
မဆင်မခြင်
မချင့်မချိန် ပြောဆိုတာတွေ မကြာခဏ တွေ့ရတတ်သလို ကြားရ ခံရသူအပေါင်းကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြောကြ ဆိုကြရင်းနဲ့ပဲ ပြီးသွားခဲ့ကြပါတယ်။ လူထုကို စော်ကားမှုတွေ ထပ်မဖြစ်အောင် စုပေါင်းပြီး အရေးဆိုကြမယ်ဆိုရင် အနည်းနဲ့အများ ပို ထိရောက်လာလိမ့်မယ်လို့ ယူဆမိပါတယ်။ဒါကြောင့်အဖိုးဦးအောင်ဆန်းရဲ့ ပုံနဲ့ ဘဲမျှဝေေ၀လိုက်ပါတယ်။
ပြန်လည်ဖော်ပြလိုက်ပါတယ်။
အတုယူကြပါကုန်
လေးစားလျှက်
Tun Wai
4.1.2015