Sunday, January 4, 2015

၂၀၁၅ လွတ်လပ်ရေးနေ့ 

“၁၉၄၈ ခုနှစ် လွတ်လပ်ရေးနေ့ အတွေး”
ဆွေးမိသည်တည့် ဆွေးမိသည်
မလေးမောင် သည်ယနေ့ 
ဆွေးမြေ့မိသည်။
သွေးစက်နဲ့  ကျမျက်ရည်၊ ပြည်နိုင်ငံ့အရေး
လူ့ လမ်းစဉ် လူ့ ခရီးမှာ
စီးရတယ်လေး။
ငေးမိသည်တည့် ငေးမိသည်
မလေးမောင် သည်ယနေ့ 
ငေးမေ့မိသည်။
ဝမ်းမဝ မျှမညီ၊ ပြည်နိုင်ငံ့အရေး
လူလောကီ သည်ရှုပ်ထွေး
ရှင်းပါမှလေး။

ရေးမိသည်တည့် ရေးမိသည်
မလေးမောင် သည်ယနေ့ 
ရေးမွေ့ မိသည်။
စီးခဲ့တဲ့ သွေးမျက်ရည်၊ ပြည်နိုင်ငံ့အရေး
စာတေး သည်မြိုင်ချောင်က
သည်ကလောင် ရောင်ခြည်လွှတ်
ဦးညွှတ်တယ်လေး။ ။
ဇော်ဂျီ
ဟံသာဝတီ စာစောင် ၄၊ ဇန်န၀ါရီ ၁၉၈၄
Credit http://wanna23-23 blog

No comments:

Post a Comment