WunZinMin Raja ဝန်ဇင်း မင်းရာဇာ
ဝန်ဇင်းမင်းရာဇာ Wunzinminraja
WZMR CONTENT PAGE
Friday, July 18, 2025
သမိုင်းများ အထောက်အထားများ ရှာဖွေစုဆောင်းခြင်း နှင့်စူးစမ်းလေ့လာခြင်း ။
တာမွေကဘရ်စတန် (သင်္ချိင်း) ၏ယနေ့ထိပိုင်ဆိုင်နေသော မြန်မာနိုင်ငံသား သူဌေးကြီး ME Mullah အကြောင်း တစ်စိတ်တပိုင်း
စူရတီပလီ့ဒကာ မူလ္လာအစ္စမန်အင် '
အမရပူရနေပြည်တော်တွင် သာယာဝတီထီးနန်းစိုးစံနေစဉ် အိန္ဒိယနိုင်ငံစူရတ်မြို့မှ အမရပူရမြို့သို့ကူးသန်းရောင်းဝယ်ရန်အတွက် ညီနောင် ၄ ဦးရောက်ရှိလာကြရာ
၎င်း ညီနောင် ၄ ဦး မှာ
မူလ္လာ ဟာရှင်
မူလ္လာ ကာစင်
မူလ္လာ အီဘရာဟင်
မူလ္လာ မာမက်တို့ဖြစ်ကြတယ်
၎င်း ညီနောင်၄ ဦးက သာယာဝတီမင်းထံသို့ ပိုးဖဲကတ္တီပါ နှင့် နန်းသုံးပစ္စည်းတွေဆက်သွင်းရတဲ့အသုံးတော်ခံတွေဖြစ်ကြတယ်
ညီနောင် ၄ ဦးအနက် မူလ္လာအီဘရာဟင်က ပိုမိုတတ်ကျွမ်းနားလည်တဲ့အတွက် သာယာဝတီမင်းက အကောက်ဝန် အခွန်ဝန် ရာထူးများကိုချီးမြှင့်မြှောက်စားခဲ့ပါတယ်
အကောက်ဝန်ရာထူးများချီးမြှင့်မြှောက်စားခဲ့ပြီးနောက်မူလ္လာအီဘရာဟင်ကို နန်းတွင်းအပျ ု ိတော် ခင်စံပယ်နဲ့ထိမ်းမြားပေးခဲ့ပြီးနောက် သား ၄ ဦးဖွားမြင်ခဲ့ပါတယ်
မူလ္လာအစ္စမန်အင်
မူလ္လာဟူစိန်
မူလ္လာ မာမွတ်
မူလ္လာ အာရစ် တို့ဖြစ်ကြတယ်
သားအကြီးဆုံးဖြစ်တဲ့ မူလ္လာအစ္စမန်အင်ကို သာယာဝတီမင်းလက်ထက် ၁၈၃၉ ဂျ ူ လိုင် ၂၁ ရက်နေ့မှာ အမရပူရမြို့ မန်ကျည်းပင်စျေးရပ်မှာမွေးဖွားခဲ့ပါတယ်
သာယာဝတီမင်းနတ်ရွာစံပြီးနောက် သားတော်တွေဖြစ်တဲ့ပုဂံမင်းနဲ့မင်းတုန်းမင်းတို့လက်ထက်တွေမှာလဲ မူလ္လာအီဘရာဟင် ကဆက်လက်အမှုထမ်းခဲ့ပါတယ်
မင်းတုန်းမင်းလက်ထက်မန္တလေးမြို့သစ်နန်းသစ်တည်ပြီးနောက် မူလ္လာအီဘရာဟင်အား ယခု ၈၃ လမ်းကူးသန်းရောင်းဝယ်ရေးကျောင်းနေရာ ယခင် မူလ္လာဝန်မင်းကြီးဝင်းအား နေထိုင်ရန် ချီးမြှင့်ခဲ့ပါတယ်
မူလ္လာအီဘရာဟင်က မင်းတုန်းမင်း လက်ထက် အသက် ၆၄ နှစ်အရွယ်မှာကွယ်လွန်ခဲ့ရာ သူ့ရဲ့နေရာတွင် သားကြီးဖြစ်သူ မူလ္လာအစ္စမန်အင်အား ဆက်လက်အမှုတော်ထမ်းရွက်စေခဲ့ရာ တာဝန်ကျေပြွန်စွာ တတ်သိနားလည်ကျွမ်းကျင်လိမ္မာသည့်အတွက် ကုလားဝန်မင်းခန့်အပ်ပြီး သူဌေးတို့၏ အစီးအနင်းအဆောင်အယောင် နှင့်တကွ မဟာဘောဂဓနရာဇာဘွဲ့နှင့် သူကောင်းပြုခြင်းခံခဲ့ရပါတယ်
မူလ္လာအစ္စမန်အင် တွင် ဒေါ်လှမင်း နှင့် ဒေါ်ဒေါ်သိုက် ဇနီးနှစ်ယောက်ရှိခဲ့ပြီး မွေးဖွားခဲ့သောသားသမီးများမှာ
ဘိလပ်မောင်မောင်
ခင်လေးကြီး
မောင်မောင်ဘ
ရေနံချောင်းခင်လေးငယ်
မောင်မောင်လတ်
မူလ္လာမောင်မောင် တို့ကိုဖြစ်ကြတယ်
မင်းတုန်းမင်းက မန္တလေးစျေးချ ု ိသစ်ကြီးဆောက်လုပ်ပြီးစီးသောအခါ မူလ္လာအစ္စမန်အင်အား အကောက်စားစေခဲ့သောကြောင့် အရင်တုန်းက မန္တလေးစျေးချ ု ိအား ကုလားဝန်မင်းစျေး မူလ္လာအစ္စမန်အင်စျေးလို့လဲခေါ်ခဲ့ကြပါတယ်
စျေးချ ု ိနားမှာပဲမူလ္လာအစ္စမန်အင်က သူရဲ့ကုသိုလ်ကောင်းမှု စူရတီပလီကြီးကို မန္တလေးမြို့တည်တဲ့နှစ် ၁၈၅၉ မှာ မြန်မာမှုလက်ရာ ကျွန်းသားပလီကြီးအဖြစ်ဆောက်လုပ်လှူ ဒါန်းခဲ့ပါတယ်
မင်းတုန်းမင်းနတ်ရွာစံပြီးသားတော်သီပေါမင်းလက်ထက်မှာလဲ မူလ္လာအစ္စမန်အင်အား ဆက်လက်ချီးမြှင့်မြှောက်စားခဲ့ရာ မြန်မာသက္ကရာဇ် ၁၂၄၄ သီတင်းကျွတ်လဆန်း ၁၄ ရက်တွင်ပြန်တမ်းထုတိပြန်ခဲ့ပါတယ်
၎င်းပြန်တမ်းအရ မူလ္လာအစ္စမန်အား အကောက်ဝန် အခွန်ဝန် ကျောက်ရဲမြို့စား လောကဗိမာန်လှေတော်အုပ် မဟာဘောဂဓနရာဇာဘွဲ့ မင်းလှစည်သူဘွဲ့များကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်
ကျောက်ရဲမြို့မှာ ရေနံချောင်းမြို့အထက် ၇ မိုင်တွင်ရှိ၍ ရေနံထွက်ရှိပြီး သဘောင်္ဆိပ်မြို့လဲဖြစ်ခဲ့ပါတယ် မူလ္လာအစ္စမန်အင်မှာ ရေနံချောင်းမြို့တွင် ရေနံတွင်း ၁၀၀ ခန့်နှင့် ကျောက်ဆည်ခရိုင်အတွင်း လယ်ဧက ၅၀၀ ကျော်ခန့်ပိုင်ဆိုင်သူဖြစ်ပါတယ်
ယခု ဧရာဝတီရုံးနေရာ ၈၃ လမ်း ကူးသန်းရောင်းဝယ်ရေးကျောင်းနေရာနှင့် စျေးချ ု ိမြောက်ဘက်တိုက်တန်းကြီးမြေနေရာများမှာလည်း မူလ္လာအစ္စမန်အင်ပိုင်ဆိုင်ခဲ့သောနေရာများဖြစ်တယ်
သီပေါမင်းက မူလ္လာအစ္စမန်အင်အား ရာထူးများတိုးမြှင့်မြှောက်စားခဲ့ရာ စျေးချ ု ိခွန် ရေနံခွန် အောက်စုန်ခွန် ရတနာပုံအကောက်ခွန် ငပိရိုင်းခွန်များကို အကောက်စားစေပြီး ဘုရင့်ထံ အခွန်သေဆက်သွင်းခဲ့ရပါတယ်
သီပေါမင်းရဲ့မိဖုရားခေါင်ကြီးမြတောင်စုဖုရားလတ်က မြတောင်ကျောင်းတိုက်ကြီးဆောက်လုပ်နေတဲ့တစ်ချိန်ထဲမှာပဲ မူလ္လာအစ္စမန်အင်က ဒေးဝန်းအရပ် ကိုးလုံးတကာရဲ့တောင်ဘက်မှာလည်း ထင်ရှားကျော်ကြားလှတဲ့ အကောက်ဝန်မင်းကျောင်းတိုက်ကြီးကို ဗုဒ္ဓဘာသာမြန်မာဘုန်းတော်ကြီးများအတွက် တစ်ဦးတည်းဆောက်လုပ်လှူ ဒါန်း ခဲ့ပါတယ်
ဒါ့အပြင် မော်လမြိုင်မြို့မှာလဲ စူရတီပလီနှင့် သချ ို င်္င်းမြေနေရာ ကိုလည်းလှူ ဒါန်းခဲ့ပါတယ် သီပေါမင်းပါတော်မူပြီးနောက် အင်္ဂလိပ်အစိုးရ လက်ထက်မှာလည်း ခန်ှဟာဒူး ဘွဲ့ကို ချီးမြှင့်ခံခဲ့ရပါတယ်
ခရစ်နှစ် ၁၈၈၈ မှာ မန္တလေးစူရတီပလီ ကို မူလ ကျွန်းသားပလီအဖြစ်မှ အခုလက်ရှိ အုတ်ကျောင်းပလီအဖြစ် ဆောက်လုပ်လှူ ဒါန်းခဲ့ပါတယ်
နာမည်ကောင်းများစွာနဲ့မင်းအဆက်ဆက်ချီးမြှင့်မြှောက်စားခံရပြီး ကိုယ့် ဘာသာအတွက်သာမက ဗုဒ္ဓဘာသာအတွက်ပါ များစွာသော ကုသိုလ်ကောင်းမှုတွေလုပ်ဆောင်ပေးခဲ့တဲ့ အခွန်ဝန် အကောက်ဝန် ကျောက်ရဲမြို့စား လောကဗိမာန်လှေတော်အုပ် မဟာဘောဂဓနရာဇာဘွဲ့ မင်းလှစည်သူဘွဲ့ ခန်ဗဟာဒူးဘွဲ့များ ခံ စူရတီပလီနှင့် အကောက်ဝန်မင်းကျောင်းတိုက်ဒကာ မူလ္လာ အစ္စမန်အင်သည် ၁၉၀၅ နိုဝင်ဘာ ၂၇ ရက် အသက် ၆၆ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ရာ ၎င်း ၏ ကောင်းမှုကုသိုလ် စူရတီပလီဝင်းအတွင်းတွင် မြှု ပ်နှံ သဂြို ဟ် ထား၍ ယခုထက်တိုင်တွေ့မြင်နိုင်ပါသေးကြောင်းနှင့် မန္တလေးသူမန္တလေးသားများ၏ ကောင်းမှုကုသိုလ်များထဲတွင် သမိုင်းတွင်ကျန်ရစ်ခဲ့ပါတယ်
Hj ထက်နောင်ဦး
ကိုးကား ( ရွှေဘိုဦးဘဦး ရွှေမန်းနှစ်တစ်ရာပြည့်မြန်မာမွတ်စလင်တို့၏ အတ္ထု ပတ္တိ ).
မြို့နယ်အစ္စလာမ်သာသနာရေးရာ ကောင်စီ
ချမ်းအေးသာဇံမြို့နယ် ၊မန္တလေးမြို့ ၏ဖေါ်ပြချက်အား ကူးယူတင်ပြအပ်ပါသည်
မူရင်းတင်ပြသူအား Credit ပေးပါသည် ။
M.Z.T
Thursday, February 20, 2025
အာဇာနည်နေ.- ၁၉ ဇူလိုင်မမေ့နိုင် (Unicode version)
Thursday, February 27, 2014
အာဇာနည်နေ.- ၁၉ ဇူလိုင်မမေ့နိုင် (updated on 10th March 2014)
ဗိုလ်ချုပ်အောင်ဆန်း ကိုလုပ်ကြံမှုလား။ ဗမာတပြည်လုံးနဲ့လူထုကြီးကိုလုပ်ကြံမှုလား။
ဦးစောက ဗိုလ်ချုပ်ကိုအငြိုးနဲ. လုပ်ကြံတာဆိုရင် ဗိုလ်ချုပ်တဦးတည်းကိုသာ လုပ်ကြံမှာပေါ့။ တကယ်တော့ ဗမာနိုင်ငံရဲ့ အဓိကခေါင်းဆောင်တွေကို လုပ်ကြံခဲ့တာ။There are also his colleagues,leaders and cabinet members namely Thakhin Mya, Deedok U Ba Cho (A Burman-Shan),Mhan Ba Khaing (A Karen), U Ba Win (the older brother of Gen Aung San),Sao San Htun(မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉ဝ၇ - ၁၉၄၇ ,Chapha of Mounpong), and U Razak (A Burman Muslim). ဒါဟာ ဗမာနိုင်ငံနဲ့ လူထုကို နလံမထူနိုင်အောင် အသေသတ်ခဲ့တာ။ အဲ့ဒီ အကျိုးဆက်ကို ဒို.ဗမာတွေ အခုထိ ခံစားနေရတုံး မဟုတ်လား။ ဦးစောက လည်း ဓားစာခံ (scapegoat) ဖြစ်ခဲ့တယ်။လုပ်ကြံသူတွေက ဦးစောကိုလည်း ရှင်းချင်လို. ဒီလိုလုပ်ကြံခဲ့တာ ဖြစ်တယ်။ဗမာနိုင်ငံရဲ့ ဦးခေါင်းနဲ့တူတဲ့ အရည်အချင်း ပြည့်ဝတဲ့ ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ခဲ့တာ ပေါ်လွင် ထင်ရှားတယ်။
ဗိုလ်ချုပ်ကို ရည်ညွန်းပြီး ဦးကျော်ငြိမ်း ပြောခဲ့တယ်။ He had to die. တဲ့။ Refer the followings. Click on the text below.
Wednesday, February 19, 2025
The Tritsu or Tircul or Pru or Pyu of Burma (Bramah-desh), the Golden Land (2)
The earlier article "The Tritsu or Tircul or Pru or Pyu of Burma (Bramah-desh), the Golden Land" was posted on Sunday, December 22, 2013.
It needs to be updated since the new evidences found and linked to the same. It constitutes to add into and/or revise the first publised one.
Abhira-Raja's Tagaung of modern Burma was linked to Sarasvati Civilization.
Saturday, December 28, 2024
ဗိုလ်ချုပ်ကြီးကျော်စွာလင်း အနာဂတ်တပ်ချုပ်လား
၂၇ ဒီဇင်ဘာ ၂၀၂၄
မြန်မာစစ်တပ်မှာနံပါတ်သုံး အဆင့်ရှိတဲ့ ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ဖို့ လက်တစ်ကမ်းအကွာမှာရှိနေပေမဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း အဲဒီရာထူးနေရာရခဲ့ပြီးတဲ့နောက် တပ်ချုပ်ဖြစ်လာသူတစ်ဦးသာ ရှိခဲ့ပါတယ်။
၂၀၀၁ ခုနှစ်မှာ စတင်တီထွင်ခဲ့တဲ့ ဒီရာထူးကို ဗိုလ်ချုပ်ကြီး ၆ ဦးအထိ တာဝန်ယူခဲ့ကြပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်ဦးပဲ တပ်ချုပ်ဖြစ်လာခဲ့ပါတယ်။
အခုနောက်ဆုံး ခုနစ်ယောက်မြောက် ညှိကွပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို အနာဂတ်တပ်ချုပ် ဖြစ်လာမယ်လို့ စစ်ရေးအကဲခတ်တွေက ထင်ကြေးပေးနေကြပါတယ်။
အသက် ၅၀ စွန်းစွန်းသာရှိသေးတဲ့ အသက်အငယ်ဆုံး ဗိုလ်ချုပ်ကြီးရဲ့ တက်လမ်းဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပေါ်မှာပဲ မူတည်နေပါတယ်။
ညှိကွပ်အပါအဝင် စစ်ဗိုလ်ချုပ်တချို့ အပြောင်းအလဲဖြစ်
စစ်ခေါင်းဆောင်က ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ဘာကြောင့်သဘောကျသလဲ
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တည်တဲ့ မာရဝိဇယ ရုပ်ပွားတော် တည်ဆောက်ရေးမှာ ဗိုလ်ချုပ်ကြီးကျော်စွာလင်းက အဓိက နေရာက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
အနာဂတ်တပ်ချုပ်ဖြစ်လာမယ်လို့ ဗိုလ်ချုပ်ကြီးကျော်စွာလင်း ထင်ကြေးပေးခံရတဲ့ အဓိကအကြောင်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ယုံကြည်မှုကို အခိုင်အမာရရှိထားသူဖြစ်လို့ ဖြစ်ပါတယ်။
''ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လူတွေကိုမယုံကြည်တတ်သူ'' လို့ စစ်ရုံးမှာ နာမည်ကြီးပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ရဲ့တပ်ချုပ်ရာထူး ၁၃ နှစ်အတွင်း စစ်ဗိုလ်ချုပ်ဒါဇင်ပေါင်းများစွာကို အပြောင်းအလဲလုပ်ခဲ့သလို သူယုံကြည်ရနိုင်တဲ့ ဗိုလ်ချုပ်တချို့ကိုလည်း ရှာဖွေနေခဲ့ပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
''ထောက်လှမ်းရေးစကားနဲ့ပြောရရင် ရှာ/မှတ် ပေါ့။ ပြုစုပျိုးထောင်ဖို့ ရှာဖွေမှတ်သားထားရတဲ့ အရာရှိတွေပေါ့'' လို့ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
ယုံကြည်စိတ်ချရသူတွေကို ဗိုလ်ချုပ်မှူးကြီးဝန်းရံ
အဲဒီထဲမှာ စစ်တက္ကသိုလ်အပတ်စဉ် (၃၀) ဆင်း ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း နဲ့ အပတ်စဉ်(၃၅) ဆင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း တို့ နှစ်ယောက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သဘောကျတဲ့အထဲ ထိပ်ဆုံးက ဖြစ်ပါတယ်။
ငယ်ရွယ်တဲ့ ဒီစစ်ဗိုလ်ချုပ်နှစ်ယောက်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ရုံးမှာခေါ်ထားပြီး သူတို့နှစ်ယောက်စလုံးဟာ ရာထူးလည်းအတက်မြန်ခဲ့ပါတယ်။
သူတို့နှစ်ဦးက အရာရှိငယ်ဘဝမှာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ဒုချုပ်ရုံးက လူတွေဖြစ်လို့ စစ်ရုံးရဲ့လုပ်ထုံးလုပ်နည်းတွေကို ကျွမ်းကျင်ကြသူတွေ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ သမ္မတအိပ်မက်ရှိခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို တပ်ချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ဒုချုပ်အဖြစ်ထားခဲ့ဖို့ လျာထားခဲ့တာလို့ စစ်ရုံးကဘီဘီစီအရင်းအမြစ်က ပြောပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းမှုပေါ်ပေါက်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့လည်း အလျင်အမြန်ပဲ ထိပ်တန်းရာထူးတွေရလာခဲ့ကြပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ စစ်တပ်မှာ နံပါတ် (၆) အဆင့်ရှိတဲ့ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ရာထူးအထိ ရောက်ပြီးမှ လာဘ်စားမှုနဲ့ အရေးယူခံခဲ့ရတာဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းလာဘ်စားမှုနဲ့ အရေးယူခံရအပြီးမှာတော့ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ၂၀၂၅ ရွေးကောက်ပွဲအလွန်မှာ ချန်ထားခဲ့မဲ့ တပ်ချုပ်လောင်းအဖြစ် တပ်တွင်းမှာ ရှုမြင်ခံလာ ရပါတယ်။
''အဓိကက အသက်ပေါ့။ ဗိုလ်ချုပ်ကြီးကျော်စွာလင်းက အသက် ၅၀ ဝန်းကျင်ပဲရှိသေးတယ်။ ဒါကြောင့် ဦးမင်းအောင်လှိုင်သမ္မတလုပ်ရင် သက်တမ်းနှစ်ကြိမ်လောက်အထိ တပ်ချုပ်အဖြစ်ထားခဲ့လို့ရမယ်လို့ စဉ်းစားပုံရတယ်'' လို့ ဘီဘီစီရဲ့စစ်ရုံးသတင်းအရင်းအမြစ်က ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း - ကြည်းတပ်ရဲ့ နံပါတ် (၄) ခေါင်းဆောင် စစ်ဆေးခံနေရ
ဗိုလ်ချုပ်ကြီးကျော်စွာလင်း လာရာလမ်း
ရုရှားခရီးစဉ်မှာတွေ့ရတဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်း
ဓာတ်ပုံ ရင်းမြစ်, cincds
ဓာတ်ပုံ ပုံစာ, ရုရှားခရီးစဉ်မှာတွေ့ရတဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်း
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့အချိန်မှာ ဗိုလ်ချုပ်ကြီးကျော်စွာလင်းက စစ်ရုံးမှာ ဒုဗိုလ်မှူးကြီးအဆင့်ပဲ ရှိပါသေးတယ်။
ဒါကြောင့် ဒုဗိုလ်မှူးကြီးအဆင့်ကနေ ဗိုလ်ချုပ်ကြီးဖြစ်တဲ့အထိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပဲ ရာထူးအဆင့်ဆင့်တိုးပေးခဲ့တဲ့ လူရင်းဖြစ်ပါတယ်။
သူ့ကို အဓိက အပြောင်းအလဲဖြစ်စေခဲ့တာက ၂၀၁၇ ခုနှစ် ရခိုင်မှာ ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာစစ်ဆင်ရေး ဖြစ်ပါတယ်။
အဲဒီတုန်းက ဗိုလ်ချုပ်ကြီးကျော်စွာလင်းက စစ်ရုံးမှာ စစ်ဦးစီးဗိုလ်မှူးချုပ်ဖြစ်ပြီး တပ်ချုပ်နဲ့ တိုင်းမှူးတွေကြားထဲက အဆက်အသွယ်ဖြစ်ပါတယ်။
''Operation room မှာ သူက စစ်ဆင်ရေးကို ရှင်းပြရတာ။ တပ်ချုပ်က သူ့ကိုတော်တော်သဘောကျတာ'' လို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။
စစ်ရုံးမှာ စစ်ဦးစီးဗိုလ်မှူးချုပ်ရာထူးဟာ မြေပြင်က စစ်ဆင်ရေးအခြေအနေတွေကို တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးတွေကိုရှင်းပြရတဲ့ အရေးပါတဲ့ရာထူးတစ်ခုဖြစ်ပါတယ်။
''တိုင်းမှူးတွေက တပ်ချုပ်ကိုတိုက်ရိုက်ဖုန်းဆက်တင်ပြလို့မရဘူးလေ။ စစ်ဆင်ရေးအခြေအနေတွေကို စစ်ဦးစီးဗိုလ်မှူးချုပ်က တဆင့်ပဲသွားရတာ'' လို့ စစ်ဘက်အရာရှိဟောင်းတစ်ဦးက ရှင်းပြပါတယ်။
ဗိုလ်မှူးချုပ်ကျော်စွာလင်းဟာ ၂၀၁၈ မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ရာထူးတိုးခံရပြီး ဗိုလ်ချုပ်ဖြစ်လာပါတယ်။
သူတိုင်းမှူးတာဝန်ယူစဉ် ၂၀၁၉ ခုနှစ်မှာ ပြင်ဦးလွင်မြို့က တပ်မတော်နည်းပညာတက္ကသိုလ်ကို တအာင်းတပ် TNLA က ရှော့တိုက်ဒုံးနဲ့ ပစ်ခဲ့တဲ့ဖြစ်စဉ်က ထင်ရှားပါတယ်။
တိုင်းမှူးတာဝန်ယူပြီး နှစ်နှစ်အကြာမှာပဲ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်တာဝန်ပေးခံရလို့ ရာထူးတက် အမြန်ဆုံးလူအဖြစ် သတိထားမိလာကြပါတယ်။
ပိုပြီးသတိထားမိစေတာက စစ်ခေါင်းဆောင်ရဲ့ လူရင်းတစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးညိုစော တာဝန်ယူထားတဲ့ စစ်ထောက်ချုပ်ရာထူးကို သူ့ကိုလွှဲပေးလိုက်လို့ပဲ ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းအရေးယူခံရချိန်မှာလည်း စစ်ဦးစီးအရာရှိချုပ် (ကြည်း) နေရာကို ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကပဲ ဆက်ခံပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူးအထိ ခန့်အပ်တာဝန်ပေးခြင်းခံရတဲ့အတွက် တပ်ရာထူးမှာ ဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့ အထက်မှာ တပ်ချုပ်နဲ့ ဒုချုပ်နှစ်ဦးတည်း ရှိပါတော့တယ်။
ဒါကြောင့် သူ့ကို အနာဂတ် တပ်ချုပ်လောင်းအဖြစ် ထင်ကြေးပေးလာကြတာ ဖြစ်ပါတယ်။
'' ဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့ ရာထူးတက်တဲ့လမ်းကြောင်းကိုကြည့်လိုက်ရင် စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထ)မှူးတောင်မဖြစ်ဘဲ ညှိကွပ် ဖြစ်လာတယ်လို့ ပြောလို့ရတယ်'' လို့ စစ်ရေးအကဲခတ်တစ်ဦးကပြောပါတယ်။
ထွက်ပြေးသွားသည့် ဗိုလ်မှူးချုပ်သူရိန်ထွန်းကို AA ဖမ်းဆီးရမိ
ပုံအညွှန်း-ဗိုလ်မှူးချုပ်သူရိန်ထွန်း
ဓါတု
မဇ္ဈိမ။ ။ရခိုင်ပြည်နယ်၊ မောင်တော နယ်ခြားစောင့်တပ်ခွဲ-နခခ(၅)ကို သိမ်းပိုက်ပြီးနောက် ထွက်ပြေး သွားသည့် စကခ(၁၅)တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းကို အရှင်ဖမ်းဆီးရမိကြောင်း AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“မနေ့က ဗိုလ်မှူးချုပ်သူရိန်ထွန်းနဲ့အတူ မွတ်စလင်လက်နက်ကိုင်တွေရော အကုန်ဖမ်းမိတယ်။ မောင် တော ကျီးကန်ပြင်ဘက်မှာ သီဟိုဠ်ခြံရှိတယ်။ အဲဒီမှာ လက်ရဖမ်းမိတယ်” ဟု ၎င်းက ဆိုသည်။
ယမန်နေ့(ဒီဇင်ဘာ ၈ ရက်) နံနက်ပိုင်းက အာရက္ခတပ်တော်(AA)က နခခ(၅)တခုလုံးကို အပြီးသတ်သိမ်း ပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်စဉ် အဆိုပါတပ်မမှူးနှင့်အတူ ၈၀ ဝန်းကျင်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
စကခ(၁၅)တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် နခခ(၅)ကိုကွပ်ကဲနေသူဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ကတည်းက စခန်းမှလက်အောက်ငယ်သားများကိုထားခဲ့ကာ အခြားတနေရာကို ထွက်ပြေးပုန်းရှောင်နေ ခြင်းဖြစ်သည်။
ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် နခခ(၅) AA လက်ထဲသို့မကျရောက်စဥ်က လက်အောက်ငယ်သားများ စခန်း မှထွက်ပြေးပါက အသေပစ်သတ်ရန် အချင်းချင်းကို ပစ်မိန့်ပေးထားကြောင်း တပ်တွင်းနီးစပ်သူထံက သိရ သည်။
၎င်းသည် ဒီဇင်ဘာလ ၈ ရက် ညနေခင်းတွင် ARSA ၊ RSO ၊ ARA လက်နက်ကိုင်များနှင့်အတူပူးပေါင်းကာ နတ်မြစ်တဖက်ကမ်းသို့ထွက်ခွာရန်ကြိုးပမ်းနေစဥ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ် များကဆိုသည်။
“ဗိုလ်မှူးချုပ်သူရိန်ထွန်းက အရင်ကလည်း ကျောက်တော် တင်းမရွာသား ၁၆ ယောက်ကို သတ်ပစ်ခဲ့သူ ဖြစ်တယ်။ ရခိုင်ပြည်သူလူထုကို စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တာကို ကျွန်တော်တို့ကြားသိရပါတယ်”ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအသင်း၏ဒါရိုက်တာ ဦးမြတ်ထွန်းက မဇ္စျိမကိုပြောသည်။
ဗိုလ်မှူးချုပ်သူရိန်ထွန်းကိုဖမ်းဆီးရမိသည့်သတင်းမှာမှန်ကန်ကြောင်း ဦးမြတ်ထွန်းကလည်း အတည်ပြု သည်။
ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ၂၀၁၈ မှ ၂၀၂၀ ခုနှစ်အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်မြို့၏ စစ်ဗျူ ဟာမှူးဖြစ်ပြီး စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်း ဦးစီးအဖြစ် တာဝန်ယူခဲ့သည်။
ယင်းနောက် ၂၀၂၂ အောက်တိုဘာလမှစ၍ မောင်တော နခခ(၅)တွင် စကခ(၁၅)တပ်မမှူးအဖြစ် တာဝန် ယူ ကွပ်ကဲနေခြင်းဖြစ်သည်။
ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ရခိုင်ပြည်နယ်စပ်ဒေသတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖန်တီးနေသည့် အပြင် အရပ်သားပြည်သူများအား ပစ်သတ်ရန်ဆောင်ရွက်နေခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေ သူဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သော မောင်တောမြို့တွင် နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သော နခခ(၅) ကို ဒီဇင်ဘာလ ၈ ရက် နံနက်တွင် အပြီးသတ်ချေမှူန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
ARSA ၊ RSO ၊ ARA လက်နက်ကိုင်များ ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ် နတ်မြစ်တလျှောက် ထွက်ပြေးရန် ကြိုးစားနေခြင်းကြောင့် ပြည်သူများလုံခြုံရေးအတွက် နတ်မြစ်(ရခိုင်ရေပိုင်နက်)အတွင်း ရေကြောင်းခရီး သွားလာမှုကို ဒီဇင်ဘာလ ၈ ရက် ညနေ ၃ နာရီ မိနစ် ၃၀ မှစ၍ အကန့်အသတ်မရှိပိတ်ပင်တားမြစ်လိုက်ကြောင်း AA က သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့်မြို့များမှာ ချင်း-ရခိုင်နယ်စပ် ပလက်ဝမြို့နှင့် ရခိုင်ရှိ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲနှင့် မောင်တောမြို့တို့ဖြစ်သည်။
စာတည်း။ ။စောဖေ
Tagged နခခ(၅), ဗိုလ်မှူးချုပ်သူရိန်ထွန်း, မောင်တောမြို့, ရခိုင်ပြည်နယ်, အာရက္ခတပ်တော်(AA)
ရန်ကုန်တွင် တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သော ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်း မံစီမြို့တိုက်ပွဲတွင် သေဆုံး
ရန်ကုန်တွင် တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သော ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်း မံစီမြို့တိုက်ပွဲတွင် သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၈
ရန်ကုန်မြို့တွင် တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သော ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်းသည် ကချင်ပြည်နယ်၊ မံစီမြို့တိုက်ပွဲတွင် သေဆုံးသွားကြောင်း သေဆုံးသူ ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်း မိသားစုနှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ ကချင်ပြည်နယ်၊ မံစီမြို့တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက မံစီမြို့ကို တိုက်ခိုက် သိမ်းပိုက်နေစဉ် တပ်မ ၈၈ ၏ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်းသည် တိုက်ပွဲအတွင်းသေဆုံးသွားခြင်းဖြစ်ကြောင်း၊ မိသားစုက ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီအချိန် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ နေအိမ်တွင် ရက်လည် ဆွမ်းသွပ်တရားနာပြုလုပ်ပြီးဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၄ သင်တန်းဆင်းဖြစ်ကာ သေဆုံးချိန်တွင် ဇနီး ဒေါ်စိုးစိုးထွေးနှင့် သား တစ်ဦးကျန်ရစ်ကြောင်း၊ မံစံမြို့သို့ မပြောင်းရွှေ့ခင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် စစ်ဦးစီးပထမတန်း (G1) ဒုတိယဗိုလ်မှူးကြီး ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ၂၀၂၃ ခုနှစ်အထိ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းတို့ကို ကိုင်တွယ်ခဲ့ရကြောင်း၊ ထိုကာလ ရန်ကုန်ရှိ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီး သတ်ဖြတ်ရာတွင် ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်းက အဓိက ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။
“အရင်က ရန်ကုန်မှာ G1 အနေနဲ့ တာဝန်ကျဖူးတယ်။ မြောက်ဒဂုံနဲ့အရှေ့ဒဂုံကို ကိုင်ရတာ။ ၂၀၂၂ ကနေ ၂၀၂၃ အထိပေါ့။ ပြီးတော့ ဖြူးဘက်ပြောင်းသွားတယ်။ ပြီးမှ ဗျူဟာမှူးရာထူးတိုးပြီး မံစီရောက်သွားတာ။ ရန်ကုန်မှာ တော်လှန်ရေးရဲဘော်တွေကို သူ့နယ်မဟုတ်ဘဲ နယ်ကျော်ဖမ်းတာ” ဟု သေဆုံးသူ ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်း မိသားစုနှင့်နီးစပ်သော သတင်းရင်းမြစ်က ရှင်းပြသည်။
ရန်ကုန်တွင် တာဝန်ကျခဲ့စဉ်က မြေကွက်များကို ပွဲစားလုပ် ရောင်းချရာမှ ငွေကြေး ချမ်းသာသွားပြီး မြေကွက်အရောင်းအဝယ် အရှုပ်အရှင်းများစွာ ဖြစ်ပေါ်ခဲ့သော်လည်း ရှင်းမပေးခဲ့ဘဲ ရာထူးတိုး ပြောင်းရွှေ့သွားခဲ့ကြောင်း၊ ဗိုလ်မှူးကြီး အောင်ချမ်းငြိမ်းသည် ဥသျှစ်ပင်မြို့၊ ပြည်တော်သာရပ်ကွက် ဇာတိဖြစ်ပြီး မိဘများမှာ ဦတင့်ဆွေနှင့် ဒေါ်မြင့်မြင့်ဆွေဖြစ်ကြောင်း ၎င်းဖခင် ဦးတင့်ဆွေမှာ ယခုနှစ် ဇန်နဝါရီတွင် အူမကြီးကင်ဆာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
Subscribe to:
Comments (Atom)