Friday, May 4, 2018

March 9 · ကျီး ဖြူ ကျီး မဲ။

ကျီးဖြူ ကျီးမဲ အတွက် အလှည့်ကျ ရေးနေတဲ့အစီစဉ်အတွက်ပါ။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဦးသောင်းထွန်းကတော့ လူမျိုးတုန်းသတ်ဖြတ်မှုတွေရဲ့စွပ်စွဲပြောဆိုမှုတွေ အတွက်ရှင်းလင်းပြတ်သားတဲ့အထောက်အထားလိုခြင်းကြောင်း ၊ရှင်းလင်းပြတ်သားတဲ့ အထောက်အထားရတယ်ဆိုရင် ကျူးလွန်သူ၊လူ့ အခွင့်အရေးချိုးဖေါက်တယ်လို့စွပ်စွဲခံရသူတွေ ကို အသေအချာအရေးယူုမှာဖြစ်ပါတယ်လို့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းဝေးတက်ရောက် နေစဉ် သတင်းထောက်တွေကို ပြောကြားခဲ့တာသိရတယ်။ဒီလို ပြန် ငြင်းချက်ထုတ် ၊ပြန် လည်စောဒကတက် ပိုင်ခွင့်ချေပပိုင်ခွင့်တွေရှိတယ်။ဝါရှင်တန် အခြေစိုက် Genocide Watch ရဲ့ စွပ်စွဲခံ နိုင်ငံတနိုင်ငံ(ဆူဒန်လေ့လာချက်) ရဲ့ genocide စွပ်စွဲပြောဆိုမှုကို လက်သင့်မခံခြင်း အကြောင်းတဆယ့်နှစ်ချက် အရ(The 12 ways to deny genocide )နံပါတ် တစ် အချက် နဲ့ ပြန် လည် မေးခွန်းထုတ်ခြင်းမျိုးဘဲ။
ကုလသမဂ္ဂအထွေထွေ အတွင်းအရေးမှုးချုပ်ဂုတာရက် ကတော့ လူမျိုးတုံးသတ်ဖြတ်မှု(Ethnic Cleansing ) လို့သုံးတယ်။လူပေါင်းသုံးသိန်းကျော်ထွက်ပြေးရတာကို genocide မခေါ် ဘယ်ဟာကို ခေါ်မလဲ လိုဆိုတယ်။ ဂုတာရက် ပြောဆိုစွပ်စွဲမှုက genocide watch အဖွဲ့ ရဲ့ genocide မြောက်မှုအဆင့် ရှစ်ဆင့်တိုင်းတာချက် များအနက်အဆင့်ငါးနဲ့ ခြောက်တွေဖြစ်တဲ့တိုင်းတာမှုတွေအချင်းအရာတွေနဲ့ကိုက်ညီနေတယ်။အဆင့်ငါးမှာအစွန်း နှစ်ဖက်သဘောထားကွဲလွဲစေခြင်းလက္ခဏာများ ( Polarization) နဲ့ အဆင့်ခြောက်က ကြိုတင်ပြင်ဆင်ခြင်းလက္ခဏာများ ( Preparation) တို့ဖြစ်တယ်။
နိင်ငံတနိုင်ငံမှာ ဘယ်နိုင်ငံပဲဖြစ်ဖြစ် Genocide လို့ခေါ်တဲ့ လူမျိုးရေး၊ လူမျိုးစုအရေး၊ နိုင်ငံသားအရေးနဲ့ ဘာသာရေးကြောင့် သတ်ဖြတ်မှု မျိုးတုန်းအောင် လုပ်ဆောင်မှုများ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုဆိုလိုတာလို.နားလည်တယ်။ အဲဒါတွေ မဖြစ်အောင် နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ တာဝန်ရှိတယ်။ နောက်တခါ အဲဒါတွေ ဖြစ်လာရင် နိုင်ငံများအနေနဲ့ တားဆီးနိုင်အောင်။ ဖြစ်နေတယ်ဆိုရင် ကုစားနိုင်အောင် လုပ်ဆောင်ရမယ်လို့ ၂၀၀၅ ခုနှစ်က ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးမှာ တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ပြီး၊ လုံခြုံရေးကောင်စီကလည်း အဲဒီအယူအဆကို ၂၀၀၆ ခုနှစ် ဆုံးဖြတ်ချက်အမှတ် (၁၆၇) မှာ လုံခြုံရေးကောင်စီက သဘောတူခဲ့တယ်။နိုင်ငံများအနေနဲ့ဝင်ရောက်တားဆီးပိုင်ခွင့်( Responsiblity To Protect, R2P ) ရှိသော်ငြား အမြဲတန်းအဖွဲ့ဝင် ငါးနိုင်ငံရဲ့ သဘောတူ ဆုံးဖြတ် ချက် အရင်ယူရမယ် လို့ဆိုတယ်။ နိုင်ငံတခုရဲ့ အချုပ်အချာအာဏာကို ဒီသဘောတူညီချက်ကိုအခြေခံပြီးကုလသမဂ္ဂစစ်ရေး(စစ်ပွဲ) အရ အရေးယူမှုမရှိ သလောက်ဘဲ။၁၉၉၀-၁၉၉၁ အီရပ်-ကူဝိတ် စစ်ပွဲ ကို လုံခြုံရေးကောင်စီဆုံးဖြအချက်အရ အမေရီကန် နဲ့ မဟာမိတ် တပ်တွေ အီရပ်ကို တိုက်ခိုက်နိုင်ခဲ့တယ်။ကုလသမဂ္ဂသမိုင်းမှာ စစ်ရေးအရအရေးယူမှုဆိုတာ တောင်-မြောက်ကိုရီးယားစစ်ပွဲ(၁၉၅၀) တခုသာရှားရှားပါးပါးရှိခဲ့တယ်။ဒါကြောင်မြန်မာပြည်ရဲ့ ရခိုင်အရေးစစ်ရေးအရအရေးယူဘို့ ဖြစ်နိုင်ခြေ မရှိသလောက်ပါဘဲ။စစ်ဆေးမှုတွေ ၊စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကစစ်ရေးမတိုင်မှီလုပ်ဆောင်ချက် တွေကုလသမဂ္ဂသမိုင်းမှာရှိခဲ့တယ်။
"အခုR2Pပြောလာတော့လက်ခမောင်းခတ်နေတဲ့သူတွေက မကြာခင်မှာဘဲအနောက်နိုင်ငံတွေရဲ့ဒီမိုကရေစီတပ်ပေါင်းစုကြီးဟာ မြန်မာနိုင်ငံထဲကိုဝင်လာ၊တပ်မတော်ခေါင်းဆောင်တွေကို ဖမ်းဆီးအရေးယူ၊လွှတ်တော်ထဲက တပ်မတော်ကိုယ်စားလှယ်၂၅ရာခိုင်နှုန်းကိုလည်းဖယ်ရှား၊ုမြန်မာနိုင်ငံကိုတကယ့်ဒီမိုကရေစနိုင်ငံတော်ကြီးဖြစ်အောင်လုပ်ပေး၊ပြီးရင်ပြန်သွား၊ဒီမှာအားလုံးကလွမ်းကျန်ခဲ့မယ်လို့ထင်နေပုံရတယ်။အဲဒီလိုစိတ်ကူးယဉ်နေတဲ့အတွက်ဒီအချက်တွေကိုစဉ်းစားမိပုံမရဘူး။အခု အနောက်နိုင်ငံက R2P ပြောနေတာမြန်မာနိုင်ငံ ဒီအိုကရေစီထွန်းကားရေးအတွက်မဟုတ်ဘူး။ဘူးသီးတောင်မောင်းတောကဘင်္ဂါလီတွေကိုသူနေရာ ပြန်ပို့နိုင်ဘို့နဲ့သူတို့ လုံ့ခြုံမှုအတွက်R2P ကိုပြောနေတာ၊
ရခိုင်ပြည်နယ်တခြမ်းပဲ့တာဘဲအဖတ်တင်မယ်။"ရခိုင်ပြည်နယ် ဖဲ့ထုတ်ပေးရေးအစီအစဉ် လို့ ပြန်/ဝန်ဟောင်းက ဘယ်လို့ဗျာဒိတ်နဲ့ ပြော ပြီး တပ်မတော် ကို ချောင်ထဲရောက်အောင် ရော ဘယ်သူတွေက တွန်းပို့နေတာလဲဆိုတဲ့အသိအမြင်ထက်တပ်မတော်က အစိုးရနဲ့ တသားတည်းပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ အမြင်သဘောထားတွေအပြင်၊လက်တွေ့ပူးပေါင်းဆောင်ရွက်မှုတွေပြသဘို့ သာပြဌာန်းထားသင့်ကြောင်း ပြန်/ဝန်ဟောင်းကအစ၊နိုင်/ဝန်ဟောင်အပါ၊၂၁ဦးပါတီ တို့ နိုင်ငံအကျိုးစီးပွားအတွက် မကျိုးစားသင့်ပေဘူးလား။
ဦးသောင်းထွန်း က ကိုဖီ အာနန်ကော်မရှင်ရဲ့ အကြံ့ပြုချက် တွေကိုလည်း အလေးအနက်ထား အကောင်အထည်ဖေါ်နေတယ်လို့ ထည့်သွင်းပြောကြားခဲ့သလို လူ့အသိုင်းအဝိုင်းတခုရပ်တည်ရေး လူ့အခွင့်ရေးဆိုင်ရာ ကျဉ်းမြောင့်တဲ့ဘောင်အတွင်းမှရှု မြင်စဉ်းမရကြောင်း၊နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်း လက်တွေ့ အဖြေရှာရမှာရခိုင်အရေးကိုအရှိတရားအတိုင်းရှုမြင်၊ချဉ်းကပ်ဘို့လိုကြောင်းပါ ကြေငြာချက် ထုတ်ပြန် ခဲ့ခြင်း ဟာ ငြင်းပယ်ခြင်းနည်းတဆယ့် နှစ် ခု မြောက် အချက်နဲ့ ညီမျှနေခြင်းကို ပါတွေ့ ရပြန်တယ်။အနောက်တံခါး အတွက် တဖက်က လူ့အခွင့်အရေး၊ နယ်မြေ ထိန်းချုပ် နှိုင်ရေး ကျိုးပန်း နေချိန် မှာ အတိုင်ပင်ခံ နှင့်အစိုးရမင်းများက အချုပ်အချာအာဏာ ကို ကိုင်ပြီး နိုင်ငံသားအခွင့်အရေးဥပဒေ နဲ့အညီ ကြိုးပမ်းဆောင်ရွက် နေတာ အထင်အရှားဘဲ။
Bobo Winn
Ref: 1) www.genocidewatch.org

2) www. rakhinecommission.org/

No comments:

Post a Comment