Sunday, February 27, 2022

BHONE TINT KYAW'S COMMENT ON DR THN TUN'S TITLE WHERE THE PRU PEOPLE DISAPPERED?

နိုင်ငံတကာ Academic ပညာရေးလို့ခေါ် တဲ့ တက္ကသိုလ် ပညာရေးခေါ် အထက်တန်းအဆင့် ပညာရေး ရဲ့ ကျင့်သုံးပုံ ကျင့်သုံးနည်း ရှိပါတယ်။ သုတေသန အသစ်အသစ်တွေ ( latest research တွေ ) ရဲ့ တွေ့ရှိချက် အထောက်အထား အသစ်တွေ အရ ယခင် အယူအဆဟောင်း သီအိုရီဟောင်း တွေ့ရှိ ပြောဆိုချက် ဟာ မမှန်တော့ဘူး၊ မှားနေပြီ ဆိုတာကို သေချာ ပေါ် ပေါက် တွေ့ရှိရပြီဆိုရင် ယခင် အယူအဆ ဟောင်း ( old theory ) ကို မည်သည့် နာမည်ကျော် ပညာရှင်က ရေးခဲ့ ပြောခဲ့ သည် ဖြစ်စေကာမူ ပယ်ပါတယ်။ သူ့ထက် မှန်ကန်ကြောင်း အထောက်အထားတွေ အရ တွေ့ရှိရတဲ့ ပညာရပ်ဆိုင်ရာ အယူအဆသစ် ( new theory ) ကိုသာ အတည်ပြု လက်ခံ ကြပါတယ်။ သူ့ခေတ်နဲ့သူ နာမည်ရ နာမည်ယူနိုင်ခဲ့ ပေမဲ့ သုတေသန အသစ် တွေ အရ မမှန်တော့ကြောင်း မှားနေကြောင်း တွေ့ရတဲ့ အယူအဆဟောင်း သီအိုရီ အဟောင်းကို မျက်နှာမလိုက် စွန့်ပယ်ပြီး ပိုမှန်တဲ့ အရာ ပိုမှန်တဲ့ ပညာ ခေါ် ပိုမှန်တဲ့ တွေ့ရှိချက် ခေါ် ပိုမှန်တဲ့ အယူအဆသစ် ( new rheory ) ကိုသာ လက်ခံ အတည်ပြု ကြပါတယ်။ သိပ္ပံ ပညာရော ဝိဇ္ဇာပညာရော အဲဒီ့ အတိုင်းသာ ကျင့်သုံးကြပါတယ်။ ဥပမာအားဖြင့် ပြောရရင် မော်လီကြူးသည် အသေးဆုံး ရုပ် အရွယ်၊ ထပ်မံ ခွဲစိပ် ၍ မရတော့သော အသေးဆုံး ရုပ်အမှုန် ဆိုတဲ့ မော်လီကြူး သီအိုရီ ကို နောက်ထပ် တွေ့ရှိတဲ့ အက်တမ် သီအိုရီ၊ နောက်ထပ် ထပ်မံ တွေ့ရှိတဲ့ အနုမြူ သီရီ တွေ အရ မှားကြောင်းတွေ့ရလို့ ပညာလောကမှာ စွန့်ပယ်ခဲ့ကြပါတယ်။ သုတေသန အသစ် တွေ အရ ပရမာ အနုမြူ တွေ့ရှိ တဲ့ ခေတ် မှာ မော်လီကြူးသီအိုရီသာ အမှန်ဆုံး လို့ စွဲကိုင် ပြောဆိုနေတဲ့သူဟာ ငပေါ ငတုံး ပုဇွန် ဦးဏှောက်သမား out of date သမား ဖြစ်ကြောင်း သူ့ကိုယ်သူ ဖော်ထုတ် ကြေငြာ လိုက်သူ မျိုး ဖြစိပါတယ်။ သမိုင်းပညာမှာလည်း အဲဒီ အတိုင်းပဲ ဖြစ်ပါတယ်။ သုတေသန အသစ် အသစ် တွေ့ရှိချက်တွေက အထောက်အထား အသစ်အသစ် တွေ့ရှိချက်တွေ အရ ယခင် သုတေသန အဟောင်းက ပြောခဲ့ ကောက်ချက်ချခဲ့တဲ့ သမိုင်းအယူအဆ မှားကြောင်း အထောက်အထားသစ်များအရ ထင်ရှားခိုင်မာစွာ တွေ့ရပြီဆိုရင် ယခင် သမိုင်းအယူအဆဟောင်းကို မည်သည့် နာမည်ကြီး ပညာရှင်က ပြောခဲ့ တာဖြစ်ပါစေ ဖက်တွယ် ခြင်းမပြုပဲ ပယ်ကြပါတယ်။ ဒါက အမှန် တရားကိုသာ လိုချင်တဲ့ ပညာလောကရဲ့ ကျင့်သုံး နည်း၊ ကျောငိးသူကျောင်းသားတွေနဲ့ အများပြည်သူကို မှားနေပြီဆိုတာတွေကို မသင်မပေးလိုပဲ အမှန် တရားတွေကိုသာ သင်ပေး ဖြန့်ချိ ပေးချင်တဲ့ ပညာ စိတ်ဓာတ် ဖြစိပါတယ်။ ကိုလိုနီခေတ် အင်္ဂလန် က " Apostle " လို့ အမည်ခံ ဖွဲ့ စည်းထားတဲ့ အင်္ဂလန် စစ်ထောက်လှမ်းရေး MI 6 အသိုင်းအဝိုင်း အဖွဲ့ အစည်းတခုမှာ အဖွဲ့ ဝင် တစ်ဦး အဖြစ် ပါဝင်ခဲ့တဲ့ လုစ်ဟာ " ဗမာအစ ကျောက်ဆည် အေဒီ ၉ရာစု မှ ဗမာတွေ ကျောက်ဆည်ကို ယူနန်ကနေ ရှောင်ပြေးလာပြီး ဗမာ သမိုင်း ပုဂံသမိုင်း စတင်ပါတယ်၊ ဗမာမရောက်ခင် အခြားသူတွေက ဧရာဝတီ မြစ်ဝှမ်းဒေသသို့ အရင် ရောက် နေပါတယ်။ ဗမာဟာ သူ့အရင်ရောက်နေတဲ့ အခြားသူ အခြား လူမျိုးစု တွေ လက်ထဲကနေ ဧရာဝတီ မြစ်ဝှမ်း လွင်ပြင် ကြီးရော၊ တောင်တန်းဒေသ တွေရောကို စစ်အင်အားသုံးပြီး တိုက်ခိုက် လုယူခဲ့ပါတယ်။ ဗမာဟာ ပျူ မဟုတ် " ဆိုတဲ့ သမိုင်းအယူအဆ အမည်ခံ သမိုင်းအတု လံကြုတ် ဇာတ်ကို ခေတ်ပြိုင် အိန္ဒိယ ဘင်္ဂလား တရုတ် မှတ်တမ်းတွေနဲ့ ခေတ်ပြိုင် ဗမာ ကျောက်စာ အများအပြားတွေ ကို သိလျက်နဲ့မဖော်ပြပဲ ထိန်ချန် ပြီး တိုင်းရင်းသားတွေ အနေနဲ့ ဗမာကို စိတ်ဝမ်းကွဲအောင် ဗမာ သမိုင်း အယူအဆသစ် ဆိုပြီး ဗမာသမိုင်း အတု လုပ်ဇာတ် နဲ့ တိုင်းရင်းသားများ သမိုင်းအတု လုပ် ဇာတ်တွေကို လုပ်ကြံ ရေးသား ဖြန့်ချိခဲ့ပါတယ်။ လုစ်ရဲ့ အဆိုပါ ဗမာအကြောင်း သမိုင်း တု အယူအဆဟာ လွန်ခဲ့တဲ့ နှစ် ၂၆၀၀ တကောင်းနိုင်ငံနဲ့ လူမျိုး ၊ လွန်ခဲ့တဲ့ နှစ် ၂၅၀၀ သရေခေတ္တရာနိုင်ငံနဲ့ လူမျိုးဟာ ဗြဟ္မာဗမာ ဖြစ်ကြောင်း ဖော် ပြ နေတဲ့ ခေတ်ပြိုင် အထောက်အထား အများအပြားကို သူသိလျက်နဲ့ ထိန်ချန် ထားခဲ့ ပြီး လံကြုတ် လုပ်ကြံ ရေးထားတဲ့ ဗမာ သမိုင်းအတု သာ ဖြစ်ကြောင်း ၊ ဗမာ လူမျိုး ဗမာ သမိုင်းဟာ အနည်းဆုံး နှစ် ၂၂၀၀ကျော် သက်တမ်းရှိပြီ ဖြစ်ကြောင်း ၊ ဗြဟ္မာ ဗမာ ဟာ ပျူ လူမျိုးဖြစ်ကြောင်း ခေတ်ပြိုင် အထောက်အထား အများအပြားနဲ့ ကျွန်တော် သုတေသန စာတမ်း တင်သွင်းခဲ့ပါတယ်။ မြန်မာသမိုင်း ကော်မရှင် ခေါ် နိုင်ငံတော် အဆင့် မြန်မာသမိုင်းပြုစုရေးအဖွဲ့ ဒုတိယ ဥက္ကဌ ဆရာကြီး ဦးစိုင်းအောင်ထွန်းနဲ့ ယာယီ အမည် ပေး ပျူခေတ်ကိုပါ လေ့လာနေတဲ့ ပုဂံခေတ် ပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်းတို့ ၂ဦး ကျွန်တော့် စာတမ်းပါ ခေတ်ပြိုင်အထောက်အထားများကို မှန် မမှန် စစ်ဆေးပြီး မှန်ကန်ကြောင်းတွေ့ရှိရလို့ မြန်မာ သမိုင်းပြုစုရေးအဖွဲ့ ပညာရှင် စာတမ်းဖတ်ပွဲ အဆင့် နဲ့ စာတမ်းဖတ်ကြားခွင့် ပြုခဲ့တာ ဖြစိပါတယ်။ အဲဒီ နိုင်ငံတော် အဆင့် ပညာရှင် အဖွဲ့ ကြီးထံ စာတမ်းတင်သွင်းတိုင်း စာတမ်းဖတ်ခွင့် ပြုတာ မဟုတ်ပါဘူး၊ တင်ပြထားတဲ့ ခေတ်ပျြိင် အထောက်အထားတွေ မှန်ရဲ့လား၊ မှားနေလားဆိုတာကို အ စစ်ဆေး ခံရပြီး တင်ပြထားတဲ့ ခေတ်ပြိုင် အထောက်အထားတွေ မှန် ကန်မှု ရှိမှ၊ ရေးထားတာလည်း မှန်ကန်မှု ရှိမှ စာတမ်း ဖတ်ခွင့်ပြုတဲ့ စည်းမျဉ်းစည်းကမ်း လုပ်ထုံး ရှိပါတယ်။ နိုင်ငံတော်အဆင့် ပညာရှင် အဖွဲ့ အစည်းကြီးတခုဖြစ်တဲ့ မြန်မာ သမိုင်းပြုစုရေး အဖွဲ့ ကြီး ( ယခင် မြန်မာသမိုင်း ကော်မရှင် အဖွဲ့ ကြီး ) ကို ဝါရင့် သမ္ဘာရင့် အငြိမ်းစား သမိုင်းပါမောက္ခတွေ ၊ အငြိမ်းစား ရှေးဟောင်း သုတေသန ညွှန်ကြားရေးမှူးချုပ် တွေ အမျာစု ပါဝင် ဖွဲ့စည်း ထားတာ ဖြစိပါတယ်။ မနုသ ဗေဒ ပညာရှင် ၊ ပထဝီ ပညာရှင် ၊ မြန်ာမာစာ ပညာရှင် အနည်းစုမျှ ကလေးပဲ ပါဝင်ပါတယ်။ သမိုင်းပညာစံနှုန်း စည်းမျဉ်း စည်ကမ်းတွေနဲ့ အညီ အလုပ်လုပ်တဲ့ ပညာရှင် အဖွဲ့ကြီးဖြစ် လို့ သမိုင်းပညာစံနှုန်း မမီ ပဲ ခေတ်ပြိုင် အထောက်အထားမရှိတဲ့ ရာဇဝင် အားကိုး သမိုင်းအတု အားကိုးပြီး ငါ့စကားနွားရ ပြောကြရေးကြတဲ့ စာတမ်းမျိုးတွေကို အသိအမှတ် မပြု ဖတ်ကြားခွင့် မပြု ပါဘူး။ တင်ပြလာတဲ့ စာတမ်းတွေကို သမိုင်းပညာ စံနှုန်း စည်းကမ်းတွေနဲ့ အညီ စစ်ဆေးပြီး ခေတ်ပြိုင် အထောက်အထားတွေနဲ့ ပြုစု ရေးသားထားတဲ့ သမိုင်းသုတေသန စာတမ်း၊ ရှေးဟောင်းသုတေသန စာတမ်းတွေကိုသာ စာတမ်းဖတ်ခွင့် ပြုတဲ့ ပညာရှင် အဖွဲ့ကြီး ဖြစိပါတယ်။ ဆရာကြီး ဒေါက်တာ သန်းထွန်း အပါအဝင် ဝါရင့် သမ္ဘာရင့် သမိုင်းပါမောက္ခကြီး ( အငြိမ်းစား) တွေ အများစု နဲ့ ရှေးဟောင်းသုတေသန ညွှန်ကြားရေးမှူးချုပ် ( အငြိမ်းစားတွေ ) ဦးဆောင်တဲ့ ပညာရှင် အဖွဲ့ အစည်းကြီး ဖြစ်တာကြောင့် ရာဇဝင်သမားတွေ၊ သမိုင်းသမားအတုသမားတွေ လာလိမ် လာညာ လို့ မရတဲ့ ပညာရှင် အဖွဲ့ အစည်း ကြီးဖြစိပါတယ်။ မြနိမာနိုင်ငံ လွတိလပ်ရေး ရပြီး မြန်မာနိုင်ငံ အစိုးရ အဆက်ဆက်က ဖွဲ့ စည်း ပေးထားတဲ့ နိုင်ငံတကာသိ သမိုင်းပညာရှင် အဖွဲ့ အစည်းကြီး ဖြစ်ပါတယ်။ နိုင်ငံတကာ သမိုင်းပညာရှင် လောကက အသိအမှတ် ပြု လေးစားတဲ့ မြန်မာနိုင်ငံ သမိုင်းပညာရှင် အဖွဲ့ ကြီးဖြစ်ပါတယ်။ ဆရာကြီး ဦးစိုင်းအောင်ထွန်းက အမေရိကန် ဒမ်ဗာ ယူနီ ဗာစီတီက နေ သမိုင်း မဟာဝိဇ္ဇာ ဘွဲ့ အောင်မြင် ရရှိ ထားသူ ပညာရှင် ဖြစ်ပြီး ဆရာကြီး ဒေါက်တာ သန်းထွန်းက အင်္ဂလန် လန်ဒန် တက္ကသိုလ်ကနေ သမိုင်း ပါရဂူ Phd. ဘွဲ့ အောင်မြင် ရရှိထားသူ ပုဂံခေတ် ပညာရှင် ပျူခေတ် လေ့လာသူ ပညာရှင် ဖြစ်ပါတယ်။ ဒီ လို ပညာရှင် ဆရာကြီး ၂ဦးက ကျွန်တော် တင်သွင်းတဲ့ စာတန်းကို အထောက်အထား မှန်မမှန် စစ်ဆေးပြီးမှ ကျွန်တော့်ကို အထောက်အထားတွေ မှန်တဲ့ အတွက် နိုင်ငံတော် မြန်မာသမိုင်းပြုစုရေးအဖွဲ့ မှာ စာတမ်းဖတ်ခွင့် ပြု တာ ဖြစ်ပါတယ်။ ကြွားချင်လို့ မဟုတ်ပါဘူး၊ နိုင်ငံတော် အဆင့် သမိုင်းပာရှင် အဖွဲ့ ရဲ့ လုပ်ထုံး လုပ်နည်းနဲ့ ဖြစ်စဉ်ကို အမှန်အတိုင်း ဖေိာပြတာသာ ဖြစ်ပါတယ်။ နိုင်ငံတော် ပညာရှင် အဖွဲ့ အဆင့်ဟာ ကျွန်တော့် စာတမ်းကို မစစ်ဆေးပဲ ပြီးပြီးရော ဖတ်ခွင့်ပြုတာလို့ လိမ်ညာပြောဆိုနေကြသူတွေကြောင့် ဖြစ်စဉ်ကို အမှန်အတိုင်း ပြန်ဖော်ပြရတာ ဖြစိပါတယ်။ စာတမ်းဖတ်ခွင့်ရတဲ့ နေ့မှာ နိုင်ငံတော် ပညာရှင် အဆင့် မြန်မာသမိုင်းပြုစုရေး အဖွဲ့ဝင် ပညာရှင် အုပ်စုနဲ့ တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာန သမိုင်း ပညာရှင်များ အဖွဲ အုပ်စု ၂စု ရှေ့မှောက်မှာ ရန်ကုန်တက္ကသိုလ် အမရဆောင် မြန်မာသမိုင်းပြုစုရေး အဖွဲ့ ပညာရှင် စာတမ်းဖတ် ခန်းမမှာ ကြားနာ အစစ်ဆေးခံ ဖတ်ကြားရခြင်း ဖြစ်ပါတယ်။ ဒီ ပညာရှင် အဖွဲ့ ကြီးထံ တက္ကသိုလ်က ဆရာဆရာမ အချို့တောင် စာတမ်း မတင် ကြပါဘူး၊ ကျွန်တေိာ့ သူငယ်ချင်း သမိုင်းဌာနက ဆရာ အချို့နဲ့ မြန်မာစာဌာနက ဆရာ အချို့ဟာ ဒီ ပညာရှင် အဖွဲ့ကြီးထံ ကျွန်တော် စာတမ်းတင် ထားတယ် ဆိုတာ သိရတဲ့ အခါမှာ ကျွန်တော့်ကိုယ်စား ကျော ချမ်း ကြောင်း ကျွန်တော့်ကို ပြောခဲ့ ကြပါတယ်။ အင်မတန် အစစ်အဆေး အမေးအမြန်း ထူလွန်းတာကြောင့် ပါ။ မေးတာတွေကို မဖြေနိုင်ရင် ပညာရှင် အများရှေ့ စင်ပေါ်မှာ အရှက် ကွဲမှာကြောင့် ဖြစ်ပါတယ်။ ကျွန်တော် စာတမ်း၂စောင်လုံး အစစ်ဆေးခံပြီး တင်သွင်းဖတ်ကြားခွင့် ရသလို နိုင်ငံတော် ပညာရှင် အဖွဲ့ ၂အုပ်စု က တက်ရောက်ကြားနာ စစ်ဆေးတာ ခံရပါတယ်။ ဒီစာတမ်းဖတ်ပွဲ ၂ပွဲ လုံးမှာ ဆရာကြီး ဒေါက်တာ သန်းထွန်းက သဘာပတိ အဖြစ် ဆောင်ရွက် ကျင်းပပေးခဲ့ပါတယ်။ သဘာပတိ ဆိုတာ စာတမ်းဖတ်သူ မှားနေရင် မှားကြောင်း ပညာရှင် တွေ ရှေ့မှာ တာဝန် အရ ထောက်ပြ ပြော ကြားရတာ ဖြစ်သလို မှန်ရင် မှန်ကြောင်း ထောက်ခံ အတည်ပြု ခွင့် ရှိသူ ဖြစ်ပါတယ်။ ကျွန်တော့် ဘဝမှာ မမေ့နိုင်တဲ့ စာတမ်းဖတ်ပွဲကြီး ၂ပွဲ ဖြစ်ပါတယ်။ ကြိုတငိ စစ်ဆေး ခံ ရပြီး ဖြစ်တဲ့ အပြင် နိုင်ငံတော်အဆင့် လက်ရွေးစင် ပညာရှင် အဖွဲ့ကြီး ၂ဖွဲ့ ရှေ့မှောက်မှာ ထပ်မံ အစစ်ဆေးခံ ဖတ်ကြားရခြင်းဖြစ်ပါတယ်။ ကြားနာတဲ့ ပညာရှင်တွေဟာ ကျွန်တော့်ဘက်က တင်ပြတဲ့ ခေတ်ပြိုင် အထောက်အထားတွေ မခိုင်လုံရင် သို့မဟုတ် မရှင်းလင်းရင် တန်ပြန် မေးခွန်းတွေ မေးပြီး ကျွန်တော့်ကို ကန်ုကွက် ငြင်း ဆန် ပယ်ချကြမှာ ဖြစိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့မှာ အမှန်သမိုင်း ဖြစ်ဘို့ နိုငိငံတော် ကိုယ်စား တာဝန် ရှိကြတာကြောင့် ဖြစိပါတယ်။ အဲဒီ့ အပြင် ပညာရှင် အများစုဟာ ဆရာလုစ်ရဲ့ သားတပြည့် မြေးတပြည့် မြစ်တပြည့်တွေ ဖြစ်ကြတာကြောင့် ဆရာလုစ်ပြောတဲ့ ဗမာသမိုင်း အယူအဆမှားတယ်၊ ပျူဟာ ဗမာ မဟုတ်လို့ ပြောတာမှားတယ်လို့ စာတမ်းတင်လာတဲ့ ကျွန်တော့်ကို သူတို့ အလွန်လေးစားလှတဲ့ ဆရာကြီး လုစ် ကို ထိပါးစော်ကားသူ အဖြစ် ကျွန်တော့်ကို မညှာတမ်း ဝိုင်းစစ်ဆေးကြဘို့၊ အမှားတွေ့ရင် ဝိုင်း တွယ်ကြမလို့ စာတမ်းဖတ်ပွဲ မတိုင်ခင် ၃ရက် အလိုကတည်းက warning တွေ ပေးပြီး စာတမ်းဖတ်ပွဲ ကို အုပ်လိုက်ကြီး စောင့်နေခဲ့ကြတာပါ။ ၂၀၀၃ ခုနှစ် အောက်တိုဘာလ စာတမ်းဖတ်ပွဲမှာ တာဝန်အရ ကြားနာ စစ်ဆေးကြတဲ့ အဘယ်ပညာရှင်တဦးက မှ ကျွန်တော်တင်ပြတဲ့ အထောက်အထားတွေကို ကန့်ကွက် နှုတ်ပယ် နိုင်ခြင်း မရှိ ခဲ့တဲ့ အပြင် ကြားနာပြီးနောက် ထောက်ခံသူတွေ သာ ရှိခဲ့ ပါတယ်။ သဘာပတိ ဆရာကြီး ဒေါက်တာ သန်းထွန်းက ယခု စာတမ်းရှင် တင်ပြတဲ့ အထောက်အထားများအရ ဆရာလုစ်မှားတာ တွေ့ရတဲ့ အတွက် ဆရာလုစ်ရဲ့ ဗမာ အစကျောက်ဆည် အေဒီ ၉ရာစု အယူအဆကို ပယ်ကြောင်း၊ ဗမာ သမိုင်းကို ကျွန်တော်တင်ပြတဲ့ ခေတ်ပြို့ င်အထောက်အထားများနဲ့ အသစ် ပြန်လည် ပြုစု ရေးသားရမှာ ဖြစ်ကြောင်း ၊ ယခု ဦးကျော်ဇင် (ဘုန်းတငိ့ကျော် ) တင်ပြတဲ့ စာတမ်း အလွန်ကောင်းကြောင်း ပထမ စာတမ်းဖတ်ပွဲ သဘာပတိ နိဂုံးစကားမှာ ဆရာကြီး သမာဓိ ပြည့်စွာ ပြောကြားခဲ့ ပါတယ်။ သူ့ ဆရာသမား အရင်းအချာ လုစ်ရဲ့ အယူအဆကို ခေတ်ပြိုင် အထောကိအထားများနဲ့ မညီပဲ မှားယွင်းနေတာ ထင်ရှားစွာ တွေ့ မြင်ရတာကြောင့် မျက်နှာ မလိုက်ပဲ ပယ်ခဲ့တာပါ။ ပြီးတော့ ကျွန်တော့်ကို သမိုင်း ပညာရှင် အသစ် တဦးအဖြစ် အသိအမှတ်ပြုပြီး နောင်ကိုလည်းြုမန်မာ သမိုင်းပြုစုရေးအဖွဲ့ မှာ သုတေသန စာတမ်းအသစ်များ ဆက်လက် တင်သွင်း ဖတ်ကြားဘို့ ပညာရှင် အဖွဲ့ ကိုယ်စား ပညာရှင် အားလုံးရှေ့မှာ ဆရာကြီး ဖိတ်ကြားခဲ့ပါတယ်။ ဆရာကြီး ကနေ ကျွန်တော့်ကို သမိုင်းပညာရှင် အသစ် တဦး အဖြစ် အသိအမှတ်ပြု ဖိတိကြားခဲ့တဲ့ အတိုင်း ကျွန်တော့်ရဲ့ ဒုတိယ ပျူမြန်မာ သမိုင်းသုတေသန စာတမ်းကို နိုင်ငံတော် ပညာရှင် အဖွဲ့ကြီးသို့ ထပ်မံ တင်သွင်း ဖတ်ကြားခွင့် ရခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် မတ်လမှာပါ။ ပထမ စာတမ်းဖတ်ပွဲ တုန်းကလိုပဲ ပညာရှင် အဖွဲ့ ဒုဥက္ကဌ ဆရာကြီး ဦးစိုင်းအောင်ထွန်းနဲ့ အဖွ့ဲ့ဝင် ပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်းတို့က ကြိုတင် ဖတ်ရှု စစ်ဆေးပြီး ကျွန်တော် တင်ပြတဲ့ ပျူဟာ မြနိမာဖြစ် ကြောင်း ပြည်တွင်း ပြည်ပ ခေတ်ပြိုင် အထောက်အထားများကို ကြားနာ စစ်ဆေးတဲ့ ပညာရှင် အဖွဲ့ကြီး ၂ဖွဲ့က ပညာရှင် တွေ နှုတ်ပယ်နိုငိခြင်းမရှိ ခဲ့ ပါဘူး။ စစ်ဆေးကြားနာပြီး ထောက်ခံတဲ့ ပညာရှင်ပဲ ရှိပါတယ်။ ဒုတိယ စာတမ်းဖတ်ပွဲ သဘာပတိ နိဂုံးစကားမှာ ကျွန်တော် ဘန်ုးတင့်ကျော် ( ဦးကျော်ဇင် ) တင်ပြတဲ့ ခေတ်ပြိုင် အထောက်အထားများ အရ ပျူဟာ မြန်မာ ဖြစ်ကြောင်း၊ အထောက်အထားတွေ မပြည့်စုံ မဖော်ပြနိုင်ပဲ နဲ့ ပြော ခဲ့တဲ့ ပျူဟာ မြန်မာ မဟုတ်ဆိုတဲ့ ကိုလိုနီခေတ် ဗလက်ဒင်နဲ့ လုစ်ရဲ့ အယူအဆ ဟောင်းကို ပယ်ပြီး ပျူဟာ မြန်မာဖြစ်ကြောင်း၊ ပျောက်ဆုံးနေတဲ့ ပျူ လူမျိုးကို ပြန်လည် ရှာ တွေ့ခဲ့ ပြီ ဖြစ်ကြောင်း ဆရာကြီးဒေါက်တာ သန်းထွန်းက ပြုံးပြုံးကြီး အတည်ပြု ပြောကြားခဲ့ ပါတယ်။ အဲ့ဒီ့ အပြင် ၂၀၀၄ ခုနှစ် ဇူလိုင်လထုတ် ဆရာကြီးရဲ့ "~ မြန်မာသမိုင်းပုံ " စာအုပ်မှာရော ၊ ၂၀၀၅ ခုနှစ် အမှာစာရေး " ပျူတွေ ဘယ်ရောက်သွားသလဲ " စာအုပ် အမှာစာမှာရော ၊ အဲဒီ စာအုပ်ပါ သမိုင်း သုတေသန ဆောင်းပါးမှာရော ပျူဟာ မြန်မာနဲ့ လူမျိုးတူ ဖြစ်ကြောင်း၊ ပျူ ဟာ မြန်မာဖြစ်ကြောင်း ဆရာကြီး အတိအလင်း အတည်ပြုရေးသားသွားခဲ့ပါတယ်။ ဗမာ မဟုတ်တဲ့ အခြားလူမျိုးစုတွေထဲက ရိုးသား ဖြောင့်မှန်သူတွေက ဘာမှ မပြောကြပေမဲ့ လူမျိုးရေးအစွန်းရောက် နေသူတွေ မြန်မာနိုင်ငံက မြန်မာ့မြေကို သမိုင်းလိမ် လုယူ ပြီး ခွဲထွက်ရေး လုပ်လို့သူတွေကတော့ အထက်ပါ ကျွန်တော့် သူတေသန စာတမ်း၂စောင်ပါ ပျူဟာ မြန်မာ ဖြစ်ကြောင်း၊ ပျူခေါ် မြန်မာနိုင်ငံဟာ အနည်းဆုံး နှစ်ပေါင်း ၂၂၀၀ကျော်ပြီ ဖြစ်ကြောင်း ခေတ်ပြုင် အထောက်အထားများနဲ့ တွေ့ရှိချက်တွေကို ဝန်မခံရဲ ကြ သလို အလွန်ကို မလိုမလား မကြည်မလင် ဖြစ်ကြပါတယ်။ ဗမာ မြန်မာဟာ ပျူ ဖြစ်ကြောင်း၊ ဗမာ သမိုင်းဟာ အနည်းဆုံး နှစ် ၂၂၀၀ကျော်ပြီ ဖြစ်ကြောင်း ခေတ်ပြိုင် အထောက်အထားတွေနဲ့ ဗမာအမှန် သမိုင်း ပေါ် ပေါက် လာတာကို အချို့သော ဗမာ မဟုတ်သူတွေ၊ လူမျိုးရေးအစွန်းရောက်မှိုင်း သွင်း ခံ ထားရသူတွေ၊ ပြည်ပ ပယောဂ မှိုင်းမိနေသူတွေက အလွန် ကြောက်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သြစတြေလျ နိုင်ငံ သိပ္ပံ ဓာတ်ခွဲ ခန်း စစ်ဆေး တွေ့ရှိချက် အရ နှစ် ၅၀၀၀ သက်တမ်းရှိနေပြီ ဖြစ်တဲ့ ဟန်လင်း ပျူခေါ် ဗြဟ္မာ ဗမာ ခေါ် မြန်မာနိုင်ငံ ထဲသို့ အေဒီ ၁၁ ရာစု နဲ့ နောက်ပိုင်းမှာ မှ သူတို့တွေ တရုတ် ကူဗလိုင်ခန် မွန်ဂီု ခမာ မောရှမ်း တို့ရဲ့ ရန်တွေက လွတ်အောင် စစ်ပြေးဒုက္ခသည်များ အဖြစ် ရွှေ့ပြောင်း ခိုလှုံ သစ္စာခံ နေထိုင်လာကြတာ ပေါ်ပေါက် သွားတဲ့ အတွက် မြန်မာနိုင်ငံ မြေ ပိုင်ရှင်ဟာ ဗမာတွေ ဖြစ်ကြောင်း ခေတ်ပြိုင် အထောက်အထားတွေ ကာဗွန် ဒိတ်တင်းတွေ အရ ပေါ် ပေါက်သွားတဲ့ အတွက် ကြောင် တချိန်ကျရင် မြန်မာနိုင်ငံကနေ မြန်မာ့မြေကို လုစ်ရဲ့ သမိုင်းအတု လုပ်ဇာတ် စာတမ်းနဲ့ မောင်ပိုင်စီး လုယူ ခွဲထွက်ရေး လုပ်ဘို့၊ နိုင်ငံ တကာ အပြည်ပြည်ဆိုင်ရာ တ ရားရုံးသို့ လုစ်ရဲ့ ဗမာ အစ ကျောက်ဆည် စာတမ်းကို သူတို့ဘက်က အထောက်အထားအဖြစ် ကိုင်စွဲ တင်သွင်း အမှု တိုင် တောင်းဆိုဘို့ ဗမာမဟုတ်တဲ့ လူမျိုးစု အဖွဲ့ အချို့ ချိတ်ဆက် စုပေါင်းပြီး အကြံကြီး ကြံစည် စိတ်ကူးထားကြရာမှာ လုစ်ရဲ့ အေဒီ ၉ရာစုမှ ဗမာ အစ ကျောက်ဆည် သမိုင်းအတု လုပ်ဇာတ် ဇာတ်ညွှန်း လို အေဒီ ၉ ရာစု မတိုင်ခင် သူတို့တွေ ရောက်နေပြီ ၊ သူတို့ လက်ထဲကနေ ဧရာဝတီ မြစ်ဝှမ်း လွင်ပြင်ကြီးနဲ့ တောင်တန်းဒေသ တွေကို နောက်မှ ရောက်တဲ့ ဗမာတွေက စစ်အင်အားသုံးပြီး လုယူထားတယ်ဆိုတဲ့ အင်္ဂလန် Cambridge Universityမှာ ဘာသာရေး ပညာရေး အဖွဲ့ အသွင်ယူ ဖွဲ့ စည်းထားတဲ့ အင်္ဂလန် MI 6 စစ်ထောက်လှမ်းရေး အသိုင်းအဝိုင်း Apostle အဖွဲ့ရဲ့ အဖွဲ့ဝင် သို့မဟုတ် အင်္ဂလိပ် M I 6 စစ်ထောက်လှမ်းရေး agent လုစ်ရဲ့ ဗမာသမိုင်း အတု လံကြုတ် လုပ်ဇာတ် စာတမ်းကို နိုင်ငံတကာ တရားရုံးတက်မယ်ဆိုရင် အထောက်အထားအဖြစ် သူတို့ သုံးလို့ မရတော့တာကြောင့်၊ လွန်ခဲ့တဲ့ နှစ် ၂၅၀၀ သရေခေတ္တရာ ဗြဟ္မာ ဗမာ သမိုင်းကို လုစ် စာတမ်း အားကိုးနဲ့ ဖျောက်ဖျက်လို့ မရတော့တာကြောင့်၊ လုစ်ရဲ့ ဗမာသမိုင်းအတု ကို အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ သုံးလို့ မရတော့တာကြောငိ့ ဖြစ်ပါတယ်။ ဗမာသမိုင်းနဲ့ တိုင်းရင်းသား လူမျိုးစုများရဲ့ အမှန်သမိုင်းတွေ ဟာ ခေတ်ပြိုင် အထောက်အထားများ နဲ့ အညီ မှန်ကန်စွာ အများပြည်သူများအသိ ပေါ် ပေါက်ပါစေ။ အားလုံး အတူ ငြိမ်းချမ်းစွာ နေလို့ရတဲ့ တိုင်းရင်းသားတွေလည်း မြန်မာနိုင်ငံ သမ္မတ လုပ်ခွင့် ရှိတဲ့ အမိမြန်မာနိုင်ငံ ကြီး ဟာ သမိုင်းအတု လုပ်ဇာတ်ကြောင့် ဖြစ်ပွါး နေရတဲ့ ပြည်တွင်း စစ်ဘေးမှ ကင်းလွတ် ငြိမ်းချမ်းပါစေ။ မေတ္တာရည်လျက် ဘုန်းတင့်ကျော်

THE LIARS IN HISTORY

GORDON H LUCE, PE MAUNG TIN, THAN TUN, COL BA SHIN, NAI PAN HLA, MICHAEL AUNG THWIN AND THANT MYINT-u ARE LIARS.

Wednesday, January 5, 2022

Lord of The Flies: ABSDF Student Army went brutally wild?

http://hlaoo1980.blogspot.com/2012/01/lord-of-flies-absdf-studnet-army-went.html Like many failed uprisings against the seemingly never-ending military rule in Burma the 1988 Uprising popularly known as 8-8-88 Uprising left many tens of thousands of paranoid student revolutionaries in its wake. In my time as an excited student rebel during 1974 U Thant Uprising was not that different from the later student-led uprisings in Burma. We students fled our homes and took refuge in the rural towns and villages till the whole thing died down and the peoples’ lives back in the cities were back to normal and the universities were reopened. And we all came back homes to go back to schools and universities. But the aftermath of 1988 Uprising was starkly different as those rebelling students didn’t just flee from the chasing MIS (Military Intelligence Services) agents. They ran so fast and so far deep into the jungle that they ended up on the Eastern border line and met up with a variety of ethnic insurgents then active on the border like KNU, CPB, KIA, and other clandestine groups. The student army now well-known as the ABSDF (All Burma Students’ Democratic Front) was the result of those chaotic events in 1988. Those fleeing student-boys and also student-girls some of them as young as 12 ended up as the armed-soldiers in that rag-tagged student army controlled mainly by the KNU and KIA on the border. And their anarchic course of actions finally resembled the well-known story of Williams Golding’s Lord of The Flies where the stranded boys went wild and started torturing and killing each other on a remote island. This is a brutally archetypical Lord of The Flies story of ABSDF Northern Army in the Kachin Highland of Burma in 1992.