Saturday, July 5, 2014

မြန်မာ့တပ်မတော်ဆိုတာ


ဟိုစဉ်အခါ ရှေးအနည်းငယ်ကျသွားသည့် အချိန်က သမိုင်းမှာ မြန်မာ့တပ်မတော်ဆိုတာ အစဉ်အလာကောင်းခဲ့၏။ စွမ်းရည်ရှိ၏။ သိက်ခါ သမာဓိရှိ၏။ မြန်မာနိုင်ငံနှင့် ပြည်သူလူထု အပေါ်မှာ သစ္စာရှိ၏။ ကျူးကျော်လာသည့်ရန်သူများကို တွန်းလှန်တိုက်ခိုက်နိုင်ခဲ့၏။

ယခုအခါ မြန်မာ့တပ်မတော် ဘယ်လိုဖြစ်နေပါပြီနည်း။
ဖွဲ့ စည်းပုံပြည့် တပ်ခွဲ ၂ ခွဲစာလောက်ရှိသော အကြမ်းဖက်သမားလူဆိုးလူုမိုက်များ မြန်မာနိုင်ငံ နယ်တကာလှည့်၍ လူသတ်ခြင်း၊လုယက်ခြင်း၊ပြည်သူပိုင်နှင့် ပုဂ်ဂလိကပိုင် အိမ်ယာဈေးဆိုင်များကို မီးတင်ရှို့ ခြင်း၊ ဖြက်ဆီးခြင်းများကို စနစ်တကျ တိုက်ပွဲခေါ်သံများ ဟစ်ကြွေးပြီး သောင်းကျန်းမိုက်ကန်း နေခဲ့သည်မှာ လမှနှစ်ကူး နှစ်များကျူးခဲ့ပေပြီ။

ထောက်လှမ်းရေးဆိုကလည်း အင်မတန်ခေတ်မီပြီး အရည်အချင်းပြည့် ထောက်လှမ်းရေး တပ်ဖွဲ့ များရှိ၏။ ရဲနှင့်လုံထိန်းတပ်ဖွဲ့ များလည်းရှိ၏။

သို့ သော်လည်း ယနေ့ ထိ ဟိုလိုလို ဒီလိုလို မရေမရာ စကားများကို တာဝန်ရှိ အရာရှိကြီးများကပြောနေကြ၏။ ထိုလူကြီးအများစုမှာလည်း တပ်မတော်က အရာရှိကြီးများ၊ အငြီမ်းစားကာ အရပ်ဝတ်ဖြင့် တာဝန်ကြီးများ ရာထူးကြီးများ ယူထားသူများဖြစ်ပါ၏။

 ဤမျှသေးငယ်သည့် ပြည်သူလူထုကိုရန်ပြုနေသော ဘိန်းစားသူခိုးသာသာ လူမသမာများကိုတောင် နိုင်အောင် ထိန်းသိမ်းအုပ်ချုပ်နိုင်ခြင်း မရှိတော့ ပါသလော။ တွေးမိလျှင် ရင်လေးသလို များစွာပင် အရှက်ရပါ၏။ ကျွှန်တော်တို့  ဂုဏ်တင်ခဲ့သော၊ ဂုဏ်ယူခဲ့ရသော၊ ချစ်ခင်လေးစားခဲ့ရသော တပ်မတော် ဘယ်ဘဝကို ရောက်နေပါပြီနည်း။ ဒေါက်တာလွဏ်းဆွေ နှင့် ဒေါင်းမာန်ဟုန် အပြင် သတင်းဌာနများစွာက သတင်းများကိုဖတ်ရလေ အရှက်ရ၊ အမျက်ဒေါမနသပွားရသလို စိတ်မချမ်းမသာဖြစ်ကြရပါသည်။ ထိုသို့ ဆိုက ပြည်ပရန်ကို မည်သို့ ကာကွယ်ပါမည်နည်း။

ပြည်သူလူထု၏ နှလုံးသားကို မအောင်နိုင်က မည်သည့်ခေါင်းဆောင်မျှ အောင်မြင်မှုရမည် မဟုတ်သည်မှာ သေချာ၏။ ကမ္ဘာ့နိုင်ငံအများတွင် သက်သေသာဓကများရှိပါသည်။



အနော်ရထာမင်းတရားကြီး၊ကျန်စစ်သားမင်းတရားကြီး၊မင်းကြီးညို၊တပင်ရွှေထီးမင်း၊ဘုရင်နောင်မင်းတရားကြီး၊အလောင်းမင်းတရားကြီး၊ ဆင်ဖြူရှင် မြေထူးမင်းတရား တို့  ကဲ့သို့  နှလုံးရည်၊လက်ရုံးရည် နှင့် ပြည့်စုံပြီး ထက်မျက်သူများ   မြန်မာ့တပ်မတော်တွင် မရှိတော့ ပါပြီလော။ 


   ယခင်က စာတန်းတစောင်တွင် သျှမ်း ခေါ် ကမ္ဘောဇလူမျိုး (Kambuj tribe) တို့ ၏ မူလဘူတ ဇာတိမြေမှာ ယခု အာဖဂံနစ်စတန်နိုင်ငံ တောင်ပိုင်းရှိ “ ပါမီရ်အသေး (ဝါ) ပါမီရ်ငယ် = Little Pamir ”  
ဖြစ်ကြောင်း စာရေးသူ ကျွှန်တော်တို့ တင်ပြခဲ့ ပါ၏။   ကျွှန်တော်တို့  ဝန်ဇင်းမင်းရာဇာ  စာမျက်နှာတနေရာတွင် တင်ပြခဲ့သည့် အတိုင်း မြန်မာနှင့် မြန်မာပြည်တွင်းက သျှမ်းများနှင့် ယိုးဒယားသျှမ်း တို့ မှာ မိဘမျိုးရိုး တခုတည်းဖြစ်သော  ကမ္ဘောဇ(Kambuj) တို့ က ဆင်းသက်ခဲ့သဖြင့်၊ အနောက်တိုင်း ကိုလိုနီ အစိုးရများ၏ လူမျိုးရေး ခွဲခြားရန်တိုက်ပေးသည့် သမိုင်းများကို လစ်လျူ  ရှု ပယ်ချ ပြီး ယိုးဒယားသျှမ်းတို့ က ဘုရင့်နောင်မင်းတရားကြီး ကို “ အရပ်ဆယ်မျက်နှာကို အောင်မြင်သည့် အင်ပါရာ ဘုရင်ကြီး-   (Phu Chana Sip Htit - Conqueror of the Ten Directions.) ဟုပင် ဂုဏ်ပြုတင်စား ခေါ်ခဲ့ကြပါသည်။ ယိုးဒယားတွင် အင်မတန် ခေတ်စားသည့် သီချင်းတပုဒ်ကို နားသောတ ဆင်ကြည့်ကြပါ။ Hla Oo’s Blog ကိုလည်း သွားလည်ကြပါ။ အောက်ဖော်ပြပါ လင့်ခ် ကို နှိပ်ပါ။


  ဘုရင့်နောင်မင်းတရားကြီး


သို့ ရာတွင် မြန်မာ့တပ်မတော်သည် မကြားရတာကြာပြီဖြစ်သော “မျိုး မြန်မာ ပြည်ရွာ တို့ စောင့်ရှောက်ဖို့ ပါ  ” စစ်ချီ သီချင်းကို သီကျူးး လျှက် မြန်မာပြည်သူ လူထု နှင့် ပြည်ရွာများ ကို ထိထိရောက်ရောက် ကာကွယ်ရန်လိုပါသည်။ ဤတာဝန်ကို မထမ်းဆောင်နိုင်ခဲ့သည် မှာ အချိန်ကြာမြင့်ခဲ့ပေပြီ။





No comments:

Post a Comment