Sunday, November 30, 2014

အောင်ဆန်း ( သို့ ) ဗိုလ်ချူ ပ်....အောင်ဆန်းသည် စာအုပ်ကြီးသမားမဟုတ်


အောင်ဆန်း ( သို့ ) ဗိုလ်ချူ ပ်....

(၅) အချို့ က အောင်ဆန်းအား စိတ်လိုက်မန်ပါ လုပ်တတ်သည်ဟု ထင်ကောင်းထင်ကြပေလိမ့်မည်.. အမှန်မှာ ပြဿ နာတစ်ရပ် ဖြေရှင်းရာတွင် အောင်ဆန်းလောက် ခေါင်းအေးအေးထား စဉ်းစားတတ်သူ ရှားမယ်ထင်ပါသည်.. ကျွန်တော်နိုင်ငံရေးနယ်ထဲဝင်ခါစ တောင်တွင်းကြီး ဖဆပလ ဥက္ကဋ္ဌလုပ်နေစဉ် အင်္ဂလိပ်စစ်အုပ်ချူ ပ်ရေးကို မကျေနပ်သဖြင့် သူပုန်ထလိုစိတ် ပေါ်လာသည်.. ရန်ကုန်ဆင်းလာပြီး အောင်ဆန်းအား ပြောပြရာ...

" နိုင်ငံရေးမှာ စောင့်နိုင်တဲ့ သတ္တိရှိရတယ်"
(In Politics you must have the power to wait).. ဟု ပြောပါသည်..
စောင့်နိုင်တဲ့ အရည်အချင်း မရှိလို့ အချို့ နိုင်ငံရေးခေါင်းဆောင်တွေ အရှုံးနှင့် ရင်ဆိုင်ရသည်ကို အတွေ့အကြုံများလာလေ သဘောပေါက်လာလေ ဖြစ်ပါသည်....

အောင်ဆန်းတွင် စောင့်နိုင်တဲ့ အရည်အချင်း ရှိသဖြင့် ကျွန်တော်နှင့်တွေ့ပြီး မကြာမီပင် အင်္ဂလိပ်အစိုးရက သူ့အား ထိုးအပ်ရလေသည်.. စောင့်နိုင်တဲ့ အရည်အချင်းဆိုသည်မှာ ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေခြင်းကို မဆိုလို.. လက်ဝဲမကျွံခြင်းအောင် သတိထားခြင်းကို ဆိုလိုခြင်း ဖြစ်ပါသည်.. ဥပမာ- အောင်ဆန်းသည် ၁၉၄၂ ခု ဂျပန်ဝင်လာစကပင် ဂျပန်ကို တော်လှန်လိုစိတ်ရှိသည်.. သို့သော်လည်း ချက်ချင်း မတော်လှန်သေးဘဲ လူထုစည်းရုံးရေးသာလုပ်သည်.. ၁၉၄၅ တော်လှန်ရေးလုပ်သော် အောင်မြင်သည်...

အောင်ဆန်းသည် စာအုပ်ကြီးသမားမဟုတ်.. တစ်နည်းအားဖြင့် တရားသေဝါဒသမားမဟုတ်ဟု ဆိုရမည်.. ပြဿ နာအရပ်ရပ်ကို ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစားပြီးမှသာ ဆုံးဖြတ်သည်.. ပါရဂူ ဆိုသူများကို အထင်မကြီးပါ.. * ပါရဂူ ဆိုသူများလည်း မမှားနိုင် မဟုတ်ပါ.. ပါရဂူများ၏ အကြံပေးချက်ကို ကိုယ်ပိုင်ဥာဏ်ဖြင့် ပေါင်းစပ်ပြီးမှသာ လက်ခံရမည်* ဟု ဆိုရွန်တိုဗီလာ အစည်းအဝေးတွင် ထည့်သွင်းပြောကြားသွားသည်...

ထိုအစည်းအဝေးမှာပင် ( In our eagerness we may fall into the error of wanting to accomplish too much in too short a time.)...

" ကျွန်ုပ်တို့သည် ဆန္ဒစောပြီး အချိန်တိုတိုလေးနှင့် အများကြီး ပြီးမြောက်စေလိုသော အမှားမျိုး မဖြစ်စေရန် ဂရုစိုက်ရမည် ဟု ပြောကြားသွားလေသည်....

ဦးအောင်သန်း
တောင်တွင်းရွှေပြည်မဂ္ဂဇင်း
၁၉၈၄ ဇန်န၀ါရီ
— Credit Aung Kyaw Moe

No comments:

Post a Comment