Monday, January 22, 2018

ပြည်ထောင်စုမပြိုကွဲရေးနှင့် ရခိုင်ပြည်နယ်အရေး

Credit: သ န္တာ ဖြိုး။
=====================================================
ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး မြန်မာပြည်ရဲ့အရေးကို သုံးသပ်တဲ့အခါမှာ ပြတ်သားစွာ သုံးသပ်ဖို့အချိန် ရောက်လာပါပြီ။ လက်ရှိဖြစ်ပျက်မှုတွေသာမကပဲ အတိတ်သမိုင်းတွေကိုပါ ဖြန့်ကျက်ပြီး ကြည့်နိုင်မှသာ အဖြစ်မှန်တွေအပေါ် သတိတရား ထင်ရှားစွာ ရှိနိုင်မှာဖြစ်ပါတယ်။ ဓည၀တီပြည်ကို ဗဒုံမင်းလက်ထက်ကနေစပြီးတော့ ဗမာတွေသိမ်းခဲ့တယ်။ အခုချိန်ထိလဲ ကိုလိုနီလုပ်နေဆဲပဲ ဆိုပြီးတော့ ဗမာပြည်ကိုလိုနီလက်အောက်က လွတ်မြောက်အောင် ဆန္ဒရှိနေကြတဲ့ ရခိုင်တိုင်းရင်းသား ပမာဏတစ်ခုဟာ ရှင်သန်နေတယ်ဆိုတာကို ပကတိအဖြစ်အလည်း အားလုံးသိပြီးသားဖြစ်ပါတယ်။ အခုလို ဗမာမင်းကနေ သိမ်းယူပြီးတော့ အခုချိန်ထိ ဗမာပြည်လက်အောက်ပဲဆိုတာ ကြားထဲမှာရှိတဲ့ သမိုင်းကွင်းဆက်တွေကို ကျော်ဖြတ်ပြီးတော့ သုံးသပ်တဲ့အရာ ဖြစ်တယ့်အတွက် မလိုလားအပ်တဲ့ အဓိပ္ပါယ်ကွဲ၊ မှားယွင်းတဲ့အဖြေတွေကို ထွက်တယ်လို့ ရှုမြင်မိပါတယ်။
သမိုင်းစဉ်ကို ပြန်ကောက်ကြည့်မယ်ဆိုရင် ကုန်း​ဘောင်​မင်းဆက်​ဟာ ဓည၀တီပြည်ကိုသိမ်းခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်တွေ မြန်မာပြည်ကို 1824 - 1842 - 1885 သုံးကြိမ်ကျူးကျော်စစ်နဲ့ သိမ်းခဲ့တဲ့အချိန်ကိုပါ မမေ့သင့်ပါဘူး။ ဒါတွေကိုကြည့်ရင် ပထမကျူးကျော်စစ်၊ ဒုတိယကျူးကျော်စစ် အပြီးမှာ ရခိုင်ပြည်နယ်ဟာ အင်္ဂလိပ်တွေ သိမ်းပိုက်ခံရပါတယ်။ အဲ့အချိန်ကစပြီး ဗမာမင်းလက်အောက်ခံ မဟုတ်တော့ပဲ အင်္ဂလိပ်လက်အောက်ခံ ဖြစ်သွားခဲ့ပါပြီ။ ဒီနေရာမှာ အင်္ဂလိပ်တွေဟာ ဗြိတိသျှအင်ပါယာဆိုတာထက် ဗြိတိသျှအင်ပါယာရဲ့ ကိုလိုနီလက်အောက်ခံဖြစ်တဲ့ အိန္ဒိယတိုက်၊ ဒီအိန္ဒိယတိုက်ရဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ ဘင်္ဂလားပြည်နယ်၊ ဒီဘင်္ဂလားပြည်နယ်ရဲ့ အစိတ်အပိုင်းအဖြစ်နဲ့ပဲ သတ်မှတ်ပြီးတော့ ရခိုင်ပြည်နယ်ကို ကိုလိုနီပြုခဲ့ကြတာဖြစ်ပါတယ်။
ဆိုလိုတာကတော့ အဲ့ဒီအချိန်မှာ ဗမာမင်းလက်အောက်ခံ မဟုတ်တော့ပါဘူး။ ဘင်္ဂလားဒေ့ရှ်ရဲ့လက်အောက်ခံဖြစ်ပြီး ဗြိတိသျှရဲ့ကိုလိုနီဖြစ်နေခဲ့ပါပြီ။ နောင်အချိန် ဗမာပြည်တစ်ပြည်လုံးကို ကိုလိုနီအဖြစ် သွတ်သွင်းလိုက်တဲ့အချိန်မှာတော့ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားပြည်နယ်ရဲ့ အစိတ်အပိုင်းမဟုတ်တော့ဘဲ မြန်မာပြည်ရဲ့အစိတ်အပိုင်း ဖြစ်သွားပါတယ်။ နောင်တစ်ကြိမ် ပြန်ရောက်လာတဲ့အချိန်မှာ မြန်မာပြည်ကသွတ်သွင်းတယ့် ကိုလိုနီမဟုတ်ပါဘူး။ ဗြိတိသျှသွတ်သွင်းလို့ မြန်မာပြည်လက်အောက်ရောက်ခဲ့တာဖြစ်ပါတယ်။
ပင်လုံစာချုပ်မှာ ကရင်၊ ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အတူတူစုပြီးတော့ ပြည်ထောင်စုတစ်ခုလုံးအတူလွတ်လပ်ရေးယူကြဖို့ ဆိုပြီးတော့ ကြိုးစားခဲ့ကြပါတယ်။ ဒီနေရာမှာ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေကို ဖိတ်ကြားခြင်းရှိသလား၊ မရှိဘူးလားဆိုတာ စိတ်ဝင်စားစရာရှိပါတယ်။ အဲ့ဒီအချိန်မှာ စောစောကတင်ပြခဲ့တယ့် ကရင်၊ ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားတွေအနေနဲ့ သီးခြားနိုင်ငံအဖြစ်ထူထောင်ဖို့ ပြောကြ၊ ဆိုကြ၊ အသံတွေထွက်နေကြတာ ဖြစ်တယ့်အတွက် ပင်လုံညီလာခံဖြစ်ပေါ်ခဲ့ရတယ်ဆိုတာ သုတေသီတို့ သတိထားမိကြမှာပါ။ အဲ့ဒီအချိန်မှာ ကျန်တဲ့တိုင်းရင်းသားတွေဟာ ပြည်ထောင်စုစိတ်ဓာတ်နဲ့ အားလုံးဝိုင်းပြီး နေကြ ထိုင်ကြ ထူထောင်လိုကြပါတယ်။ ဒီနေရာမှာ ရခိုင်တိုင်းရင်းသား​တွေလဲအပါအ၀င်ဖြစ်ပါတယ်။
အင်္ဂလိပ်တွေက မြန်မာပြည်မှ ပြန်လည်ဆုတ်ခွါစဉ်မှာ မူဂျာဟစ်ဒင်တွေကို လက်နက်တွေ တပ်ဆင်ပေးခဲ့ပါတယ်။ ရည်ရွယ်ချက်ပေါင်းများစွာတွေထဲကမှ တချို့အချက်တွေဟာ ဂျပန်တွေကို တုံ့ပြန်နိုင်ဖို့အတွက်၊ မိမိတို့ပြန်ဝင်လာရင်လည်း အထောက်အပံ့ရဖို့အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် မူလရည်ရွယ်တဲ့အတိုင်း ဂျပန်ကို တိုက်ခိုက်တာမလုပ်ဘဲ မူဂျာဟစ်ဒင်တွေက ဆူပူအောင်လုပ်ခဲ့တယ်။ ဒေသခံရခိုင်တိုင်းရင်းသားတွေကို သတ်ဖြတ်ခဲ့တာ သမိုင်းမှတ်တမ်းရှိပါတယ်။
ဒါကြောင့်မို့လို့ အဲ့ဒီလိုပဋိပက္ခတွေမှာ အေးငြိမ်းဖို့ဆိုပြီးတော့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာရှိတဲ့ မြို့မဗလီကြီးတစ်ခုမှာ ရဲဘော်သုံးကျိပ်ဝင်တစ်ဦး ဦးဆောင်ပြီးတော့ လာရောက်ညှိနှိုင်း ဆွေးနွေးတယ့်အထိ လုပ်ခဲ့ပါတယ်။ ဒါနဲ့ပဲ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဆက်တိုက်ဆိုသလိုပဲ မွတ်စလင်ဘာသာရေးအခြေပြုတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို သတိထားပြီး အထူးတလည် တန်ပြန်တိုက်ခိုက်နှိပ်ကွပ်ခဲ့ပါတယ်။
အဲ့ဒီနေရာမှာ မြန်မာပြည်တစ်ခုလုံး မွတ်စလင်အများစုရဲ့ သဘောထားကို သုံးသပ်ဖို့လိုပါတယ်။ အဲ့ဒီအချိန်အထိ မြန်မာပြည်ထဲမှာရှိနေတဲ့ မွတ်စလင်ဘာသာဝင်ကိုးကွယ်တဲ့ အသိုင်းအ၀ိုင်းအများစုဟာ မွတ်စလင်ဘာသာကို ဘာသာရေးအရကိုးကွယ်ပြီးတော့ မြန်မာပြည်ကို ကိုယ့်တိုင်းပြည်အဖြစ်ချစ်ကြတယ်။ ဘာသာရေးနဲ့ တိုင်းပြည်ချစ်စိတ်ကို သီးခြားစီပဲထားကြတယ့် ပုဂ္ဂိုလ်တွေက အင်အားကြီးမားခဲ့ပါတယ်။ မူဂျာဟစ်အရေးဖြစ်တဲ့အချိန်မှာလည်း မွတ်စလင်ဘာသာဝင်အချင်းချင်း ဆိုတဲ့အသိစိတ်နဲ့ ဒီကိစ္စကို ပံ့ပိုးအားပေးတဲ့ ပမာဏဟာ အတော်နည်းပါးပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကမ္ဘာအရပ်ရပ်၊ အထူးအားဖြင့် အီရန်၊ ဆော်ဒီအာရေးဗီးယား အစရှိတဲ့နိုင်ငံတွေမှာ မွတ်စလင်ဘာသာကို ရှီးယားလောတွေနဲ့ ပြင်းပြင်းထန်ထန်ကျင့်သုံးလိုတဲ့ စီးပွားရေး၊ နိုင်ငံရေးတောင့်တင်းလာတဲ့နိုင်ငံတွေဟာ ပေါ်ထွက်လာပါတယ်။ အဲ့ဒီပေါ်ထွက်လာတဲ့နိုင်ငံတွေရဲ့ ဘာသာရေးအထောက်အပံ့အားကိုးမှု အစပြုပြီးတော့ နောင်အခါမှာ သက်ဆိုင်ရာ ဘာသာကိုးကွယ်မှုတင်မကဘဲ အဲ့ဒီရှီးယားလောဆိုတဲ့ ကိုရမ်ကျမ်းကိုအခြေပြုပြီးရေးထားတဲ့ မွတ်စလင်ဘာသာဝင်တို့ရဲ့ ကျင့်ကြံလိုက်နာရမယ့် ဥပဒေတွေကိုပါ ကျင့်သုံးလက်ခံလိုတဲ့ပမာဏဟာ သတိထားစရာဖြစ်လောက်အောင် ပွားများလာခဲ့ပါတယ်။ ခုလို မွတ်စလင်ဘာသာကိုးကွယ်သူတွေထဲမှာ တိုးပွားလာတာကို ပြည်တွင်းပြည်ပမှပညာရှင်တွေ သတိထားလာမိကြပါတယ်။ ပြည်တွင်းမှာ အဲ့ဒီတုန်းက တိုက်ပုံ၊ ပုဆိုး မြန်မာ့ရိုးရာယဉ်ကျေးမှု အမျိုးသားဝတ်စုံတွေ၊ ထမိန်၊ အင်္ကျီ၊ ရင်ဖုံးတွေကို မြတ်မြတ်နိုးနိုးဝတ်ဆင်ကြတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်ကြသူတွေများသေးပေမယ့် စောစောကပြောခဲ့တယ့်အတိုင်း အီရန်၊ ဆော်ဒီအာရေးဗီးယား အစရှိတဲ့နိုင်ငံတွေရဲ့ စီးပွားရေးကိုအားကျမှု ရှိခဲ့တဲ့အခါမှာတော့ ဒီရှီယားလောတွေကို လက်ခံကျင့်သုံးလိုတဲ့ လူများဟာလည်း မြန်မာပြည်မွတ်စလင် အသိုင်းအ၀န်းထဲမှာ တစ်ပြိုင်နက်တည်းမှာ ပေါက်ဖွားရှင်သန်လာပါတယ်။
ရခိုင်ပြည်နယ်ဘက်ကို ပြန်ကြည့်မယ်ဆိုရင် စဦးရောက်ရှိ မွတ်စလင်တွေ အများစုဟာ လယ်သမားတွေဖြစ်ကြတယ်။ မွတ်စလင် လယ်သမားတွေဟာ ရခိုင်ဒေသမှာများစွာ ပြန့်နှံ့နေခဲ့ကြပါတယ်။ ယဉ်ကျေးမှုကျင့်သုံးပုံ မတူညီမှုကြောင့် ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂလီတွေအကြား ရံခါတိုက်ခိုက်ကြတဲ့ အနေအထားတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဈေးချိုပြီး အလုပ်ကောင်းတယ့် ဘင်္ဂလီများရှိနေကြတယ့်အတွက် (အထူးသဖြင့် ရခိုင်ပြည်နယ်တောင်ပိုင်းမှာ) ခိုက်ရန်ဖြစ်ပွားမှု နည်းပါးခဲ့ပါတယ်။ သို့ပေမယ့် မကြာခင်မှာပဲ တိုင်းရင်းသားတွေကို သွေးခွဲတဲ့ အုပ်ချုပ်မှုစနစ်က ခေါင်းထောင်လာပါတယ်။ တိုင်းရင်းသားတွေကို သွေးခွဲအုပ်ချုပ်တဲ့ကိစ္စမှာ ရခိုင်ပြည်နယ်ဘက်မှာ အင်္ဂလိပ်တွေက စနစ်ကျတာတွေ့ရတယ်။ ကျွန်တော်ရှေ့ကတင်ပြခဲ့တဲ့အတိုင်း ဘင်္ဂလားဒေ့ရှ်ရဲ့ လက်အောက်ခံနယ်ပယ်တစ်ခုအဖြစ် ဗြိတိသျှကိုလိုနီသွတ်သွင်းတဲ့အချိန်မှာ ပထမ အင်္ဂလိပ်-မြန်မာစစ်၊ ဒုတိယအင်္ဂလိပ်-မြန်မာစစ် အစရှိသဖြင့် 1824-1842 တွေမှာဖြစ်ပွားတော့ ရှေးဦးစွာအင်္ဂလိပ်စကားကို ကျွမ်းကျင်တတ်ကျွမ်းစွာ အသုံးပြုလာတာက ရခိုင်တိုင်းရင်းသားတွေ အများစုဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်အုပ်ချုပ်ရေးယန္တယားတွေကို လည်ပတ်စေခဲ့တယ့် I.C.S အကြီးအကဲတွေအများစုဟာ ရခိုင်လူမျိုးတွေဖြစ်ပါတယ်။ အင်္ဂလိပ်စကားတတ်ကျွမ်းမှုတွေကြောင့် နေရာများရရှိခဲ့ခြင်းပါ။ အဲ့ဒီတုန်းက ဘင်္ဂလားရဲ့မြို့တော်ဖြစ်တဲ့ ဒါကာမှာပညာတော်သင်သွားကြပါတယ်။ ဒါကာကို သွားနိုင် ပညာသင်ဖို့ကို ဂုဏ်ယူကြတဲ့ခေတ်တခုလည်း ဖြစ်ခဲ့ပါတယ်။ မြန်မာတစ်ပြည်လုံး အင်္ဂလိပ်လက်အောက်ခံဖြစ်မှသာလျှင် ကာလက္ကတ္တား၊ စစ်တကောင်း အစရှိသည့် ဘက်တွေကိုသွားပြီးတော့ လေ့လာရတာကို ဂုဏ်ယူတဲ့အသိုင်းအ၀န်းထွက် ပေါ်လာပါတယ်။ ဒီနေရာမှာ ဒေသခံရခိုင်တိုင်းရင်းသားများထဲမှာ ပညာတတ် ရခိုင်အသိုင်းအ၀န်းနဲ့ ဒေသခံရခိုင်တိုင်းရင်းသား သာမန်စီးပွားရေးသမားများအကြားမှာ မတူညီတဲ့အမြင်ရှိတာတွေ့ စတင်တွေ့မြင်ရပါတယ်။ ဒေသခံရခိုင်တိုင်းရင်းသား သာမန်စီးပွားရေးသမားများက စီးပွားရေးပိုင်းကိုပဲ အဓိကထားကြတယ်။ လူမှုရေးဆက်စပ်မှုတွေလည်း လက်ခံကျင့်သုံးမှုတွေ ရှိခဲ့ကြပါတယ်။ (ဒါတွေကို ဘယ်အချိန်ထိ အားကောင်းစွာတွေ့ရသလဲဆိုရင် ဦးနေ၀င်းလက်ထက် ဘင်္ဂလီကုလားတွေကို ဘင်္ဂလားပြန်ပို့တော့ ငိုယိုခဲ့ကြတယ့် ဒေသခံရခိုင်တိုင်းရင်းသားတွေ များစွာရှိခဲ့တာ သက်သေပါ။) ဒါပေမယ့် ပညာတတ်ရခိုင်အချို့တွေဟာ အင်္ဂလိပ်ကိုတွန်းလှန်ရမယ်ဆိုတာထက် ဗမာမင်းလက်ထက်ကနေ ရခိုင်ပြည်ကို ဗမာတွေ ယနေ့တိုင်ဖျက်စီးနေတယ်ဆိုတဲ့အမြင်နဲ့ လက်စားချေ လိုတဲ့ဆန္ဒတွေ များနေတာတွေရှိခဲ့ပါတယ်။ ပမာဏမများပေမယ့် အနက်အရှိုင်းတစ်ခုထိတော့ ဖြစ်တည်နေခဲ့ကြပါတယ်။
ကိုလိုနီကို တော်လှန်မယ်ဆိုပြီး ရခိုင်ပြည်နယ်ဘက်မှာ အင်္ဂလိပ်ကိုတော်လှန်စဉ်မှာတော့ တစ်ပြည်လုံးနဲ့ ကာလမကွာလှပါဘူး။ ဂျပန်ကိုတိုက်ချိန်မှာတော့ ပြည်မမြန်မာပြည်မှာထက် တစ်နှစ်စောပြီး တိုက်ထုတ်ခဲ့ကြပါတယ်။ ဒါဟာ ပြည်ထောင်စုစိတ်ဓာတ်ပြည့်ဝတယ့် ရခိုင်တိုင်းရင်းသားတွေ များစွာရှိတယ့် သာဓကပါပဲ။ ဒါပေမယ့် နောင်အခါ ဟင်္သာစစ်ဆင်ရေးနဲ့ ဘင်္ဂလီတွေကို ပြန်လက်ခံတာဟာ မြန်မာတွေအနေနဲ့ ရခိုင်တွေကို အလုပ်ရှုပ်အောင်၊ ရခိုင်တွေကိုမတိုးတက်အောင် တဖက်လှည့်ပြန်ပြီးတော့ လက်ခံတယ်။ ဗမာပြည် ပြည်မထဲထိမခေါ်ပဲ ရခိုင်မှာပဲ နေရာချပေးတာကြည့်လေ … ဆိုတဲ့ သုံးသပ်တာတွေကလည်း စောစောကတင်ပြခဲ့တယ့် ရခိုင်ပညာတတ်အချို့ရဲ့ ဗမာအပေါ်အမြင်မကြည်မှုစကားကို အသံပိုကျယ်စေခဲ့ပါတယ်။ နိုင်​ငံသားမ​သေချာသူများကို လာရာနီးစပ်​ရာ နိုင်​ငံနယ်​စပ်​မှာ ထားကြတာ နိုင်​ငံတကာသဘာဝပါ။ ဒါမှ ပြန်​ပို့ဖို့ လွယ်​မှာပါ။
ထူးခြားတဲ့နိုင်ငံရေးဖြစ်စဉ်တွေ ကမ္ဘာအရပ်ရပ် ဖြစ်နေတဲ့အချိန်မှာ ဒီရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ပတ်သက်ပြီးတော့ လူသားချင်းစာနာမှုတွေနဲ့ မြန်မာပြည်က ရပ်တည်လက်ခံခဲ့တာတွေဟာ အဓိကအသတ်ခံခဲ့ရတဲ့ ရခိုင်ဒေသခံတွေရဲ့ မြန်မာအစိုးရဆိုတဲ့အမြင်နဲ့ပေါင်းစပ်ပြီးတော့ ပြည်ထောင်စုစိတ်ဓါတ်ကို အားလျော့မှုဖြစ်စေခဲ့ပါတယ်။ စီးပွားရေးအဓိကထားတဲ့ ရခိုင်အချို့တွေကလည်း မိမိတို့ရဲ့လုပ်ငန်းတွေအတွက် ဈေးနှုန်းသက်သာပြီး လုပ်အားကောင်းတဲ့ ဘင်္ဂလီတွေကို အလုပ်တွေပေး၊ နေရာပေး တစစနဲ့ ဘင်္ဂလီတွေပိုင်ဆိုင်လာတဲ့ လယ်၊ မြေ၊ ယာတွေက များလာပါတယ်။ ပညာပေးအမျိုးမျိုးနဲ့ ကျေးရွာတွေ အစိုးရကနယ်စပ်မှာ တည်ဆောက်ပေးခဲ့တာရှိပေမယ့် ထိုတည်ဆောက်ပေးခဲ့တဲ့ကျေးရွာတွေ ထောက်ပံ့မှုတွေကို ပြန်ရောင်းချစားသောက်ပြီးတော့ မနေရဲတဲ့၊ မနေခဲ့ကြတဲ့ပြည်သူတွေကလည်း တကယ်ဖြစ်ပျက်ခဲ့တာတွေပါ။
ရခိုင်ဒေသမှာ လူတွေလုံခြုံမှုမှုမရှိဘူးလို့ ခံစားခဲ့ကြရတဲ့ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်များက အရေးအခင်းတွေ၊ မကြာသေးခင်အတွင်းမှာ ဖြစ်နေဆဲဖြစ်တဲ့ကိစ္စတွေကတော့ အကြီးအကျယ် အပိုင်းကွဲစေပါတယ်။ ကွဲတယ်ဆိုတဲ့နေရာမှာ ရခိုင်ဒေသခံတွေအနေနဲ့ ကွဲပြားခြင်းရှိသလို ဒီရခိုင်ပြည်နယ်မှာ မျိုးဆက်သုံးဆက်၊လေးဆက်တိုင်နေပြီဖြစ်တဲ့ မိမိကိုယ်မိမိ ဒေသခံလို့အစွဲတွေ စွဲနေကြပြီဖြစ်တဲ့ မိမိလူမျိုး မိမိတို့သည် ဒေသခံလို့ အစွဲရှိတဲ့ ဘင်္ဂလီထဲမှာပါ အစုကွဲပါတယ်။ ဘင်္ဂလီတွေမှာ လက်ရှိ မိမိရောက်ရှိနေထိုင်နေတဲ့ မြန်မာနိုင်ငံကို သစ္စာမစောင့်သိရင်နေ၊ ကျေးဇူးမကန်းဘူးဆိုတဲ့သူတွေရှိသလို မိမိတို့ရဲ့မွတ်စလင်ဘာသာကို အဓိကနေရာထားပြီးတော့ သွေးဆူနေပြီဖြစ်တဲ့ လူတွေစုပြီးတော့ သီးခြားရပ်တည်ဖို့အတွက် နိုင်ငံတကာအထောက်အပံ့ ယူနေသူတွေ အားပေးသူတွေလည်း တွေ့ရပါတယ်။
ရခိုင်ဘက်တွေမှာလည်း ဒီလိုပါပဲ။ ပြည်ထောင်စုအပေါ်ကို သစ္စာရှိတဲ့စိတ်နဲ့ ဆက်လက်သွားလိုတဲ့သူတွေရှိသလို ဒုတိယကမ္ဘာစစ်ဖြစ်တုန်းက အင်္ဂလိပ်အခက်၊ဗမာအချက်ဆိုသလို အခုအခါမှာ ဗမာအခက် ရခိုင်အချက်ဆိုပြီးတော့ ထကြွလိုကြတဲ့ ရခိုင်ဓည၀တီတိုင်းပြည် ပြန်လည်ထူထောင်လိုသူတွေလည်း အတော်ကျယ်ပြန့် သိသာထင်ရှားစွာရှိနေပါတယ်။ အခုဆို ဘူးသီးတောင် မောင်တောဘက်မှာ မွတ်စလင်မဟုတ်တဲ့ လူဦးရေပမာဏဟာ ၂% ၊ ၃% ပဲရှိပြီး ဒီရာခိုင်နှုန်းကလည်း တပ်မတော်၊ တပ်မတော်မိသားစုဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်၊ အစိုးရ၀န်ထမ်း၊ ၀န်ထမ်းမိသားစုဝင်တွေ ပါလို့သာလျှင် ဒီ ၂% ၃% ဆိုတာ ရောက်ရှိနေတာဖြစ်ပါတယ်။
အခုလိုဖြစ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ သုံးသပ်ရမယ်ဆိုရင် ပါကစ္စတန် အခြေပြုပြီးတော့ ရွေးချယ်ထားတဲ့၊ ဒီဒေသကို မိမိတို့စိုးမိုးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မွတ်စလင်တွေ ရှိသလို၊ အဲ့ဒီလိုစိုးမိုးမှုကို လက်ခံပြီးတော့ အတိုင်းအတာတစ်ခုနဲ့ ခွင့်ပြုပေးနေတဲ့ ဓည၀တီနိုင်ငံပြန်ထူထောင်လိုတဲ့ ရခိုင်တချို့လည်းပါနေတာ သတိထားမိပါတယ်။ ဓည၀တီတိုင်းပြည်ပြန်လည်ထူထောင်လိုတဲ့ ရခိုင်မျိုးချစ်စိတ်ပြင်းထန်တဲ့ ဒေသခံတွေဖြစ်ပါတယ်။ တချို့ရခိုင်မျိုးချစ်တွေကတော့ သီးခြားတိုင်းပြည် တည်ထောင်တဲ့အခါမှာ ကိုယ့်ဟာကိုယ်နဲ့ ရရှိမယ့်နယ်မြေ သေးသည်ဖြစ်စေ၊ ကာလကြာသည်ဖြစ်စေ သီးခြားပဲလှုပ်ရှားလိုသူတွေ ရှိနေကြပါတယ်။ တချို့ကြတော့လည်း ဖက်ဆစ်ဂျပန်တွေကိုလည်း ခေါ်ပြီးတော့ ပြန်တိုက်ထုတ်ခဲ့တာပဲ ဆိုတဲ့သဘောနဲ့ လက်ရှိအနေအထားအရ မြန်မာ့တပ်မတော်ကိုလည်း တိုက်ထုတ်ဖို့မလွယ်ကူ၊ အခြေအနေလည်းမရှိတော့ (လက်နက်ကိုင်တော်လှန်တိုက်ခိုက်ဖို့ဆိုရင် မိမိတို့ရဲ့ နီးစပ်ရာပြည်နယ်၊ နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှု၊ အားမပေးတောင် ၀င်ရောက်နယ်မြေဖြတ်သန်းမှုကို လက်ခံမယ့်အနေအထားရှိမှသာ လက်နက်ကိုင်တော်လှန်မှုဆိုတာ ရေရှည်တည်တံ့မှာဖြစ်ပါတယ်။ ခုခါမှာတော့ မိမိနဲ့ကပ်ရက်ဖြစ်တဲ့ ပြည်တွင်းဒေသတွေက ထောက်ပံ့မှုမရနိုင်၊ ကပ်နေတဲ့ ပြည်ပဘင်္ဂလားဒေ့ရှ်မှာလည်း မိမိတို့နဲ့ ရေရှည်တည့်မယ့် အနေအထား တွက်လို့မရနိုင်တဲ့အတွက် လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ ပေါ်ပေါက်ဖို့ခဲ့ယဉ်းတဲ့အတွက်) မြန်မာ့တပ်မတော်လို အင်အားကြီးမားတဲ့အဖွဲ့ကို တိုက်နိုင်စွမ်းအားရှိတဲ့၊ အခုလိုဘင်္ဂလီ အကြမ်းဖက်အဖွဲ့တွေကို အားပေးခြင်း၊ လျစ်လျူရှုကာ အခွင့်ပေးထားခြင်းဖြင့် ထိုဘင်္ဂလီအကြမ်းဖက်သမားတွေ စိုးမိုးလို့ မြန်မာ့တပ်မတော်က နယ်မြေတွေကို လက်လွတ်သွားတဲ့အခါကြမှ ထိုဘင်္ဂလီများထံမှ ပြန်လည်သိမ်းပိုက်ဖို့ဆိုတဲ့ အနေအထားကို စောင့်ဆိုင်းနေတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့တွေလည်းရှိနေကြပါတယ်။ ဒါဟာ ပကတိအမှန်တစ်ရား တစ်ခုဆိုတာ မြေပြင်မှာ သိရှိနိုင်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကပဲ ဒုက္ခသည်စခန်းတွေကို ဘူးသီးတောင်မောင်းတောဘက်မှာ သွားရောက်ထောက်ပံ့သူများနဲ့ ရှေ့တန်းစစ်မျက်နှာမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ့တပ်မတော် အစရှိတဲ့ ၀န်ထမ်းအာဇာနည်တွေအတွက် အားပေးထောက်ခံကြောင်းပြသဖို့ သွားရောက်ခဲ့ရာမှာ စစ်တွေမြို့ပေါ်မှာပဲ အ.ထ.က(၁)ကျောင်းရှေ့ အလှူခံနေတာနဲ့ဆုံပါတယ်။ AA (အာရကန်အာမီ)ရဲ့ စစ်ချီတေးကိုဖွင့်ပြီးတော့ အလှူခံတာကို အများပြည်သူ (Public)မှာပဲ တွေ့ရပါတယ်။ နောက် စစ်တွေကနေ ဘူးသီးတောင်သွားတဲ့ဆီမှာလည်း အမြန်ရှပ်ပြေးပေါ်မှာပဲ ဗမာမင်းလက်ထက်ကနေဖြစ်ခဲ့တဲ့ ဆိုးဝါးတဲ့အဖြစ်တွေ ဒါတွေကိုပြန်ပြီးသတိတရနဲ့ ပြန်တွန်းလှန်နိုင်ဖို့ အထူးအားဖြင့် (ဓည၀တီရခိုင်ပြည်)ကိုယ့်တိုင်းပြည်ကိုယ်ပြန်ယူနိုင်ဖို့ဆိုတဲ့ AAရဲ့မူဝါဒတွေ ကို အားပေးထောက်ခံတဲ့ သီချင်းတွေကို အများပြည်သူရှေ့မှာပဲ ဖွင့်နေတာကိုတွေ့ရပါတယ်။ နီးစပ်ရာ သက်ဆိုင်ရာလူကြီးပိုင်းတွေကို ပြောပြအသိပေးခဲ့ပါတယ်။ တစ်ဦးရဲ့ပြန်ဖြေပုံကတော့ ကျနော်တို့လည်း သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းကို ပြောပါတယ်။ ဒါမျိုးတွေက ဥပဒေနဲ့မညီပါဘူး။ မဖွင့်သင့်ဘူး။ ဒါတွေတားပေးပါလို့ ပြောပေမယ့် ဒါမျိုးတွေလုပ်နေတာ ခဏခဏပဲလို့ ပြောပါတယ်။
အထူးသဖြင့် အခုလို ဘင်္ဂလီအကြမ်းဖက်တွေနဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့အစရှိတဲ့ မြန်မာ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပစ်အခတ်ကာလမှာ ရခိုင်တပ်မတော်ကို အားပေးတဲ့သီချင်းတွေဟာ ဘာအဓိပ္ပါယ်ဖြစ်စေလည်းဆိုတာ စာဖတ်သူများ သတိထားမိနိုင်ပါတယ်။
ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် 1947 အခြေခံဖွဲ့စည်းပုံဥပဒေထဲမှာ သေသေချာချာ သတိထားပြီးရေးခဲ့တာကို လွတ်လပ်သောနိုင်ငံတော်ကို တည်ထောင်ခဲ့ကြတဲ့ ဖခင်ကြီးတွေ ပြုလုပ်ခဲ့ကြပါတယ်။ ပြည်ထောင်စု မပြိုကွဲရေးဟာ နံပါတ်(၁)ဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဟာ နံပါတ်(၂)ဖြစ်ပါတယ်။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟာ နံပါတ်(၃)ဖြစ်ပါတယ်။ ဒါတွေကိုအားလုံး ညီတူမျှတူ အပြိုင်ထမ်းရွက်ဖို့ဖြစ်ပါတယ်။
အကယ်လို့ တစ်ခုခုကိုပဲရွေးရဖို့ ကြုံလာပြီဆိုရင် ဘာကိုရွေးရမလဲဆိုတာကိုပါ စီစဉ်ပေးထားခဲ့တာလို့ မြင်ပါတယ်။ ပြည်ထောင်စုမပြိုကွဲရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးထိပ်တိုက်တွေ့ရင် တစ်ခုပဲ ရွေးရတော့မယ်ဆိုရင် ဘယ်ဟာရွေးမလဲ။ ကျနော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးကို ရွေးရမှာပါ။ ဘာကြောင့်လည်းဆိုတော့ ပြည်ထောင်စုရဲ့ တစ်စိတ်တစ်ပိုင်း တစ်ခုတစ်ခြမ်း ပါသွားခဲ့ရင်တောင်မှ ကျနော်တို့ တိုင်းရင်းသားတွေ တစ်ညီတစ်ညွတ်တည်းရှိရင် ပြည်ထောင်စုကို ပြန်လည်တည်ထောင်နိုင်ပါတယ်။ ကျနော်တို့ ကိုလိုနီခေတ်ကိုပြန်ပြီး တွန်းလှန်နိုင်ခဲ့တဲ့ သာဓကတွေက သက်သေပါ။ တရုတ်ပြည်ရဲ့နယ်စပ်မှာ ရွာသုံးရွာကို ပေးခဲ့ရတဲ့ကိစ္စဟာ ပြည်ထောင်စုရဲ့တစ်စိတ်တစ်ပိုင်းပါသွားပေမယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ပြည်ထောင်စုတစ်စိတ်တစ်ပိုင်းပေးလိုက်ရတာ ဒါသာဓကပါ။ ဒါ့ကြောင့် ပြည်ထောင်စု ရုတ်တရက် အတိုင်းအတာတစ်ခု ပြိုကွဲမယ်ဆိုရင်တောင် တိုင်းရင်းသားတွေ တညီတညွတ်တည်းရှိရင် ပြည်ထောင်စုကို ပြန်လည်တည်ထောင်နိုင်တယ်။ ကျနော်တို့ ကိုလိုနီခေတ်ကိုပင် တွန်းလှန်နိုင်ခဲ့တဲ့သာဓကတွေက သက်သေပါဆိုတာ ထပ်ပြောပါရစေ။
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဟာ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ထပ်တိုက် ​တွေ့ပြီဆိုရင်တော့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အလေးပေးရမှာပါ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ကြပေမယ့် အကြောင်းကြောင်းကြောင့် အတူစည်းလုံးမှု မရှိဘူးဖြစ်လာပြီဆိုရင် အချုပ်အခြာအာဏာတိုင်းပြည်တစ်ခုတည်ဖို့အတွက် လုပ်သင့်ရာလုပ်ရပါတယ်။ အချုပ်အခြာအာဏာရှိတယ့် တိုင်းပြည်ဖြစ်မှသာ ပဲ့ထွက်သွားတယ့် ပြည်ထောင်စုနယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်မှာပါ၊
အချုပ်အခြာအာဏာရှိတယ့် တိုင်းပြည်ဖြစ်မှသာ စည်းလုံးမှုပြိုကွဲနေတယ့် တိုင်းရင်းသားမိသားစုဝင်တွေကို (အချိန်ကာလ ကြာကောင်းကြာပါ့မယ်။ ဒါပေမယ့် ပြန်လည်ပြီး) စုဆည်းနိုင်မှာပါ။ အချုပ်အခြာအာဏာတိုင်းပြည်မရှိဘူးဆိုရင် တိုင်းရင်းသားမျိုးနွယ်တွေဟာ တပါးပါးသောနိုင်ငံတွေအောက်ကို အသစ်ဝင်ရောက်သွားနိုင်တဲ့ (second class citizens တွေ) အနေအထားပဲဖြစ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီအခါမှာ ရောက်ရှိသွားတဲ့ တိုင်းရင်းသားတွေဟာ ပင်မ(ဒေသခံ)ရှိပြီးသားတိုင်းရင်းသားတွေနဲ့ ပဋိပက္ခတွေဖြစ်တတ်တာကို ကမ္ဘာအနှံ့မှာ မြင်နေရတာဖြစ်ပါတယ်။ ဒါကြောင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲတယ်ဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ ပြန်ဖြည့်တင်းရေးတွေကို ကာလတခုစောင့်ဆိုင်းပြီးတော့ ပြန်တည်ဆောက်လို့ ရနိုင်ပါတယ်။
တိုင်းပြည်မရှိတဲ့လူမျိုးဆိုတာ ဘယ်လို ဖြတ်သန်းရသလဲဆိုတာကို ဂျူးလူမျိုးတွေရဲ့ Isreal နိုင်ငံမတည်ထောင်နိုင်သေးတယ့် ကာလရှည်သမိုင်းကြောင်းကိုကြည့်ပြီးတော့ သာဓကသက်သေ ယူနိုင်ပါတယ်။ ဒါကြောင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟာ တိုင်းပြည်တစ်ခုအတွက် အလွန်အရေးကြီးတာဖြစ်ပါတယ်။
ထောက်ပံ့အားပေးတယ့်ခရီးစဉ်မှာ အမျိုးမျိုးသော (ရခိုင်ပြည်နယ်ဒေသ) စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနေ ဒေသခံပြည်သူတွေနဲ့ သူတို့နေရာမှာပဲ တွေ့ဆုံစကားပြော ဆွေးနွေးခဲ့ပါတယ်။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ အချုပ်အခြာအာဏာကို ချိုးဖောက်လာတဲ့အတွက် တုံ့ပြန်မယ် တိုက်ခိုက်မယ် ဒီအသံ မျိုးထွက်ပါတယ်။ (အများရှေ့မို့ဆိုဆို) ဘင်္ဂလီအများစုက ခုလိုအကြမ်းဖက်မှုကို စိုးရိမ်ကြောင်း၊ အေးအေးေးဆေးဖြစ်လိုကြောင်း ပြောကြတယ်။ ကျွန်တော်တွေ့မိတဲ့ ရခိုင်လူမျိုးအများစုကတော့ (AA သီချင်းတွေဖွင့်တာကိုအားပေး လက်ခံတာမျိုး ရှိနေတဲ့အပြင်) ယခုလိုဖြစ်စဉ်တွေသည် မြန်မာတွေ အုပ်ချုပ်သည့်ကာလမို့ မြန်မာတွေမှာပဲ တာဝန်ရှိတာပေါ့လို့ ဖြေပါတယ်။ ဘင်္ဂလီတွေအပေါ် စိတ်နာတဲ့ ဒေါသထွက်တဲ့ပုံ သိပ်မတွေ့ရတာကို အတူပါလာတဲ့ မိတ်ဆွေများကတော့ အံ့သြကြတယ်။ ကျွန်တော်က​တော့ မအံ့သြခဲ့ပါဘူး။ မြင်​ သိ ဖူးလို့ပါ။
AA လက်နက်ကိုင်တွေအနေနဲ့ ဆူပူအကြမ်းဖက်ပြီး ရခိုင်နယ်မြေတွေကို ခြေကုပ်ချဲ့ထွင်လာတဲ့ ပုဂ္ဂိုလ်တွေကို ဘာမှမလုပ်ဘူးလား။ AA ထဲရော မဝင်ဘူးလားမေးတော့ တူညီတဲ့ အဖြေတွေထွက်လာတာက အခြေအနေကြည့်နေတာပါလို့ ပြောကြပါတယ်။ အဓိပ္ပါယ်ကတော့ အခုကိစ္စတွေသည် ဗမာအုပ်ချုပ်နေသည့်ကာလ ဗမာတွေတာဝန်သာ ဖြစ်တယ်။ အခုလို အကြမ်းဖက်တိုက်ခိုက်မှုတွေကိုလည်း ဘာမှဒေါသထွက်စရာမရှိဘူး။ မြန်မာ့တပ်မတော် (သူတို့​​ခေါ် ဗမာ့တပ်​မ​တော်​) သာ ထွက်သွားပါ။ AA လက်နက်ကိုင်တွေက အကုန်လုံးကို ရှင်းပစ်နိုင်တယ်လို့ ယုံကြည်မှုအပြည့်နဲ့ စကားမျိုးတွေပဲ ကြားခဲ့ရပါတယ်။ ပကတိအခြေအနေမှာ ပြည်ထောင်စု စိတ်ဓာတ်ဆိုတဲ့ အနေအထားကို ဖော်ဆောင်ဖို့ မလွယ်သေးဘူး။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ဖို့လည်း မလွယ်သေးပါဘူးလို့ အတူပါလာတဲ့ မိတ်ဆွေတွေက ပြောဖြစ်ကြပါတယ်။ ARSA ရဲ့ ရခိုင်​​ဒေသမှာ အကြမ်းဖက်​တိုက်​ခိုက်​လာမှု​တွေအ​ပေါ် AA မှ လက်​မခံ​ကြာင်း စာက​လေးတစ်​​စောင်​ပင်​ မထုတ်​ပြန်​တာကလည်း အဓိပ္ပာယ်​တစ်​ခု ညွှန်း​နေပါတယ်​။
လက်ရှိအနေအထားအရ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးကိုပဲ ဦးစားပေးသင့်တဲ့ ကာလလို့ပြောချင်ပါတယ်။ ဒီနေရာမှာ ပြည်မဘက်ကို ပြန်ကြည့်ရင်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး မွတ်စလင်ဘာသာကိုးကွယ်သူတွေကြားမှာပါ နှစ်ပိုင်းကွဲနေပါတယ်။ ဒီကိစ္စကို အားပေးလိုက်မလား၊ ရှုံ့ချမလား။ ရှုံ့ချတယ်လို့ ပြောရအောင်ကလည်း မိမိတို့ မွတ်စလင်အသိုင်း အဝိုင်းများရဲ့ ဝိုင်းကျဉ်တာခံရမှာ ကြောက်လို့ နှုတ်ပိတ်နေကြတဲ့ပုဂ္ဂိုလ်တွေလည်း များလှပါတယ်။ လက်ခံတယ်လို့ ပြောပြန်ရင်လည်း ဥပဒေကြောင်းအရ အရေးယူခံရမှာစိုးလို့ မပြောဝံ့တဲ့သူတွေလည်း အများကြီးပါ။ သေချာတာကတော့ ဒီကိစ္စတွေကို လက်မခံတဲ့ တိုင်းပြည်ချစ်တဲ့ သစ္စာမစောင့်သိနိုင်တောင်မှ ကျေးဇူးမကန်းဘူးဆိုတဲ့ တိုင်းပြည်အပေါ်ထားတဲ့စေတနာနဲ့ မွတ်စလင်ဘာသာ ကိုးကွယ်သူများလည်း အများကြီးရှိနေပါတယ်။ သူတို့ရဲ့ အကူအညီတွေနဲ့ပဲ အချို့သောအကြမ်းဖက်တိုက်ခိုက်မှုမှာ နောက်ကွယ်က ငွေကြေးထောက်ပံ့မှုတွေကို သက်သေတွေ ရရှိလာတာဖြစ်ပါတယ်။ ရှေ့ဆက်လက်ပြီးတော့ ဘာဆက်လုပ်ရမယ်။ ဘာဆက်ဖြစ်သင့်လဲ ဆိုတာကိုတော့ အလွန်ကျယ်ပြန့်စွာ သုံးသပ်ရမှာဖြစ်ပါတယ်။
ဒီနေရာမှာ AA နဲ့ ပတ်သက်လို့ သုံးသပ်တင်ပြစရာ ရှိပါတယ်။ AA ဟာ မြ၀တီအခြေစိုက် AA နဲ့ Fb အစရှိတဲ့ လူမှုရေးကွန်ရက်တွေမှာ ပျံနှံ့နေတဲ့ KIA၊ ဝ အခြေပြုတဲ့ AA ဆိုပြီး လက်ရှိမှာ ကွဲနေပါတယ်။ KIA , ၀ အထောက်အပံ့ခံ AA က လူထုထောက်ခံမှု (လူထုဆိုတဲ့နေရာမှာ ဓညဝတီပြည်ကို ပြန်လည်ထူထောင်လိုသူတွေရဲ့) ထောက်ခံအားပေးမှုကို ပိုမိုရရှိနေပါတယ်။ ဒီ AA နှစ်ဖွဲ့ဟာ တူညီလက်တွဲနိုင်တဲ့ ကိစ္စတွေရှိကြသလို မတူတဲ့အနေအထားတွေရှိနေလို့လည်း ကွဲနေတာဖြစ်ပါတယ်။
ပကတိအခြေအနေမှာတော့ မြေပြင်နောက်ဆုံးအနေအထားမှာ သစ္စာဖောက်တယ်လို့ အမြင်ခံရတဲ့ ဘင်္ဂလီတွေကို အခုအကြမ်းဖက်သူတွေကပဲ စီးနင်းတာတွေ ဖမ်းဆီးပြီးသတ်ဖြတ်တာတွေကို စတင်တွေ့ရှိနေရပြီ ဖြစ်ပါတယ်။ မိမိတို့ရဲ့ အခုလို တော်လှန်ရေးမှာ မပါဝင်ပဲနဲ့ မြန်မာပြည်အစိုးရပေါ်ကို သစ္စာရှိနေတယ်ဆိုတဲ့ သစ္စာဖောက်ဆိုတဲ့ စွဲချက်တွေနဲ့ အခုအကြမ်းဖက် ဘင်္ဂလီတွေဟာ ဘင်္ဂလီရွာတွေကိုပဲ ပြန်ပြီးတော့ စီးနင်းနေကြပါတယ်။ ဒါဟာ သူတို့ကြားထဲမှာ ကွဲပြားချက်တစ်ခုကို ထင်ရှားစွာမြင်တွေ့ရခြင်းပါ။ တိုင်းပြည်အပေါ်ကို သစ္စာအပြည့်အဝ မရှိပေးနိုင်ရင်တောင်မှ ကျေးဇူးမကန်းသော ဘင်္ဂလီများ သီးခြားရပ်တည်နေကြကြောင်း အသိအမှတ်ပြုပေးရမှာ ဖြစ်ပါတယ်။ သတိထားမိတာတစ်ခုကလည်း ခုလို ဘင်္ဂလီအကြမ်းဖက်များ တပ်မတော်၊ ရဲ တွေကို ထိပ်တိုက်တွေ့တယ်။ ဘင်္ဂလီရွာအချို့ကိုပါ သစ္စာဖောက်ရှင်းလင်းရေးအနေမျိုး ဝင်ရောက် စီးနင်းခြင်းများလုပ်နေကြတယ်။ ဟိန္ဒူ​တွေ အခြားတိုင်းရင်းသားလူနည်းစု​တွေကို သတ်​ဖြတ်​ပြတယ်​။ ဒါပေမယ့် ရခိုင်ရွာတွေကို စီးနင်းခြင်းမရှိတာ သတိထားမိသူတွေ ထားမိကြပါတယ်။ လုံခြုံရေးတွေရှိနေလို့ ဆိုကြပေမယ့် ကျယ်ပြန့်လှတဲ့နေရာကြီးမှာ လုံလောက်အောင် လုံခြုံရေး မချထားနိုင်ပါဘူး။ ဒါ့အပြင် တပ်မတော်စစ်ကြောင်းတွေကိုတောင်မှ ထိပ်တိုက်တွေ့ဝံ့တဲ့ ဘင်္ဂလီတွေအနေနဲ့ ရခိုင်ကျေးရွာအချို့ကို လုံးဝ မထိခြင်းဟာ ကြီးမားတဲ့နိုင်ငံရေး ဗျူဟာများကို စတင်သုံးနေပြီဆိုတာ သတိထားသင့်ပါတယ်။
ပြည်ထောင်စုစိတ်ဓာတ်အပြည့်နဲ့ မြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကို အသက်စွန့်ထမ်းခဲ့ကြတယ့် ရခိုင်လူမျိုးများဖြစ်ကြသော ဆရာတော်ဦးဥတ္တမ၊ ဦးရွှေဇံအောင်၊ ဦး​မေ​အောင်၊ ဦးလှဘော်၊ ဦးချမ်းသာ…….အစရှိတယ့် မြန်မာပြည်ရဲ့ မိုးကောင်းကင်က ကြယ်ပွင့်များအား ဂါရ၀ပြုဦးညွတ်ရင်း ….
ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဒီစာကို ရေးခြင်းဖြစ်ပါတယ်။ အခြေအနေအမှန်ကို သိရှိမှသာ မိမိတို့ဘာဆက်လုပ်သင့်တယ်။ ဘာဆက်လုပ်ကြမယ်ဆိုတာကို ရှင်းလင်းပြတ်သားစွာ သိမြင်နိုင်မှာပါ။ အနာဂါတ်မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်တယ့် အုတ်တစ်ချပ် သဲတစ်ပွင့်တွေ ဖြစ်ကြပါစေ။
အမှန်သိမှသာ ဖြည့်သင့်တဲ့နေရာမှာ ဖြည့်,ထမ်းဆောင်ခြင်း မှန်ကန်စွာ ပြုနိုင်ကြမှာပါ။
ပြည်ထောင်စု အဓွန့်တည်ပါစေ။ ။
ထိန်လင်း
၁၉.၁၁.၂၀၁၆
အင်္ဂလိပ်​ဘာသာ ပြန်​ဆိုထားမှု Link :-
https://m.facebook.com/story.php…
× × ×
၂၀၁၆ တုန်းက အ​ကောင့်​​ဟောင်းမှာ ​ရေးသားခဲ့တယ့်​ ပို့်​စ်​ပါ။ ရခိုင်​​ဒေသ အ​ခြေအ​နေကို သတိမထားမိခဲ့သူများအတွက်​ မူရင်းအတိုင်း ပြန်​လည်​မျှ​ဝေပါတယ်​။
Credit 📝
LikeShow more reactions
Comment
28 Comments
Comments
Ba Mg
LikeShow more reactions
· Reply · 1d
Caung Myat
Caung Myat မင်းအမေလိုးပေါ့ကွာ
Manage
LikeShow more reactions
· Reply · 1d
လှတော သား
လှတော သား သမိုင်းမတတ်​လို့တင်​တာလား
Manage
LikeShow more reactions
· Reply · 1d
လှတော သား
လှတော သား မသိလို့တင်​တာလား
Manage
LikeShow more reactions
· Reply · 1d
လှတော သား
လှတော သား ​သမိုင်းကို​သေချာ​လေ့လာကြည်​ပါ
Manage
LikeShow more reactions
· Reply · 1d
လှတော သား
လှတော သား Postတင်​တဲ့လူထက်​စာတတ်​တဲ့ရခိုင်​ သမိုင်းပညာရှင်​​တွေအများကြီးရှိတယ်
Manage
LikeShow more reactions
· Reply · 1d
လှတော သား
လှတော သား သွား​ရောက်​​လေ့လာကြည့်​ပါ
Manage
LikeShow more reactions
· Reply · 1d
လှတော သား
လှတော သား လူမျိုး​ရေး​သွေးခွဲဖို့​လောက်​ပဲစာတတ်​တယ်​ထင်​တယ်
Manage
LikeShow more reactions
· Reply · 1d
လှတော သား
လှတော သား ခုလို​ရေးလိုမ​ကျေနပ်​ရင်​ ဘန်းနိုင်​ပါတယ်
Manage
LikeShow more reactions
· Reply · 1d
လှတော သား
လှတော သား ဆဲ​တော့မဆဲတတ်​ဘူး
Manage
LikeShow more reactions
· Reply · 1d
Soe Soe
Soe Soe ရခိုင်အရေးစိတ်မဝင်စားတော့ဘူးချီထုပ်တွေ
Manage
LikeShow more reactions
· Reply · 1d
Thet Naing Oo
Thet Naing Oo ဒီgpက admin ဘဲ postတင်​လို့ရတဲ့ gpလား
Manage
LikeShow more reactions
· Reply · 1d
Moe San
Moe San မင်းအမေ့လင် အစိပ်သားက

တိုင်းပြည်အေးချမ်းသွားရင်
...See More
Manage
LikeShow more reactions
· Reply · 1d · Edited
Soe Tun
Soe Tun အရင်တုန်းကတော့
ဖွသတင်းမှိုင်းတိုက်တဲ့သတင်း
စစ်တပ်နဲ့ကြံ့ဖွတ်/မျိုးညစ်သတင်းတွေတင်တယ်
...See More
Manage
LikeShow more reactions
· Reply · 1d
Naing Linn
Naing Linn သူများ gpကိုခိုးထာတာပြန်မပေးသေးပဲနဲ့ရေးချင်တာရေးဆောက်ထင်ကိုမကြီးတာကိုယ်ကျင့်တရားမှမကောင်းရင်ဘာမှလဲကောင်းမှာမဟုတ်
Manage
LikeShow more reactions
· Reply · 1d
Kyaw Lin Aung
Kyaw Lin Aung ရှင်းပြနားဝေးတယ်ဘင်္ဂါလီးခုတ်သတ်သေမှ
နားအေးမယ်လူလိုပြောနားမလည်နဲ့ဒီလောက်တုန်းနေမှတော့လူမဖြစ်သင့်ဘဲ
Manage
LikeShow more reactions
· Reply · 1d
Sai Chan Chan
Sai Chan Chan ဘာ ဘင်္ဂလားပြည်နယ် ရဲ့  အစိတ်အပိုင်း လဲဟ ဆောက်ကုလား ငါလိုးမသား ဝက်လီးစား
Manage
LikeShow more reactions
· Reply · 18h
Sai Chan Chan
Sai Chan Chan ဒီ PAGE ကို report ထုကြပါဗျို့ 
Manage
LikeShow more reactions
· Reply · 18h
Htain Win Htain Win
LikeShow more reactions
· Reply · 18h
Htain Win Htain Win
LikeShow more reactions
· Reply · 18h
Htain Win Htain Win
LikeShow more reactions
· Reply · 18h
Htain Win Htain Win
LikeShow more reactions
· Reply · 18h
Htain Win Htain Win
LikeShow more reactions
· Reply · 18h
Htain Win Htain Win
LikeShow more reactions
· Reply · 18h
Htain Win Htain Win
LikeShow more reactions
· Reply · 18h
Htain Win Htain Win
LikeShow more reactions
· Reply · 18h
ဘားအံ မြေ နှင်းဆီ
ဘားအံ မြေ နှင်းဆီ ငေး 8ရေ
၇၈၆တွေကို ပွတ်လိုက်
ရှိသေးတယ်နော်
...See More
Manage
LikeShow more reactions
· Reply · 13h
Moe San
LikeShow more reactions
· Reply · 11h

No comments:

Post a Comment