Monday, January 22, 2018

မုန်းတော်မူပါ ငါဗမာ

 Credit : သ န္တာ ဖြိုး။
====================================================

ကရင်ကပြည်စစ်ခင်းတော့လဲ
ဆုတောင်းခြင်းတွေ မိုးထက်ညံ
အေးငြိမ်းဖို့ အသံတွေထဲမှာ
တို့ဗမာတွေပါတယ်

ကချင်ပြည် အမြှောက်ဆံကြားမှာ
တောက်ခေါက်ခါ ခံပြင်း
လူသားခြင်းတွေ စာနာဖို့
မျက်ရည်စို့တာ တို့ဗမာပါတယ်
ရခိုင်ကို ကုလားသတ်တော့
ငုတ်တုတ်ထိုင် မတ်တတ်ရပ်
အနေကြပ် ရေငတ်ပြီးတော့
အစာပြတ်ခါနေမလားလို့
ကူကာဆယ်ကာ အသင်းထဲမှာ
တို့ဗမာတွေ အများဆုံးပါ
ဘုရင်စနစ် ပဒေသရာဇ်က
စစ်မက်လို့ အောင်လံထူ
နိုင်တော်မရင် ဘဝင်ပြုံး
ဆုံးရှူံးသူက တပည့်ခံ
ပြုသမျှခံ မန်သမျှကြောက်
အဲဒါတွေကို သမိုင်းထောက်ပြီး
သွေးချင်းတွေ မိုင်းမဖေါက်ကြနဲ့
သူတလူငါတမင်းရယ်နဲ့
အာဏာမူ အလံထူခြင်းကို
ဗမာလူ ရန်သူထင်ကာ
မီးစကိုင် ရေမုတ်ဆွဲပြီး
လောင်သောမီးကို သူပဲညှိမ်း
ငြိမ်းတဲ့မီး သူ့ကြောင့်လောင်
အတို့အထောင် သဘောမဆောင်နဲ့
တို့ညီနောင် တို့မြေဖွါးမို့
ဗမာ မွန် ရခိုင် မကဘူး
ကရင် နဲ့ချင်း ကယား ကချင်
စည်းလုံးရင် အင်းအား
မီးလောင်သူ လေပင့်စကားကို
သိကြပါစို့ ညီနောင်ဖွား
Original Writer
တာတေလန်
Comments
Alex Oo
Alex Oo ငါ ဗမာဖြစ်ရတာ အဖက်ဖက်က ရှက်ဖို့ကောင်းတယ် ဗမာဖြစ်ပြီး လီးစိတ်ဝင်နေကြလို့ပဲ
Manage
· Reply · 10h

No comments:

Post a Comment