Monday, November 21, 2022

စံပါနဂို ၊ Champa Nagar နှင့် ဗီယက်နမ် = ချန်ပါ (Champa)သျှမ်ပါ

Saturday, October 18, 2014 စံပါနဂို ၊ Champa Nagar နှင့် ဗီယက်နမ် = ချန်ပါ (Champa)သျှမ်ပါ ဗမာပြည် အလယ်ပိုင်း မိုးကုတ်နှင့် ကြပ်ပန် သို့မဟုတ် ကြပ်ပြင် အနီးတွင် စံပါနဂို (ဝါ) စံပန်နဂို (Sanpannago) အမည်ရှိ ဗမာတိုင်းရင်းသားများအားလုံး တန်ဘိုးထားအပ်သော၊ တန်ဘိုးထားရာဖြစ်သော ရှေးဟောင်းမြို့တော်ရှိခဲ့ ၏။ ယနေ့မျက်မှောက်ခေတ်တွင်လည်း မထင်ရှားသော ရွာလေး တရွာ အဖြစ်ရပ်တည်နေဆဲဖြစ်သည်ဟု စာရေးသူ ထင်မြင်မိပါသည်။ သို့သော် စံပန်နဂို မြို့တည်ရှိရာ အရပ်ကို Google တွင်ရှာ မတွေ့နိုင်ဖြစ်နေ၏။ ဤ စံပါနဂို (ဝါ) စံပန်နဂိုမြို ့တည်ရာ နေရာမှာ ယနေ့မျက်မှောက်ခေတ် မိုးကုတ် ကြပ်ပြင် သို့မဟုတ် ကျပ်ပန် အနီးတွင် ရှိသည်ဟု သမိုင်းဆရာများ (Historians) နှင့် မနဿဗေဒ ပညာရှင်များ (Archaeologists) တို့၏ တူးဖော်တွေ့ရှိချက်မျာ၊ အထူးသဖြင့် အယ်လ်လီဇဘက်မိုး (Elizabeth Moore) ၏တွေ့ရှိချက်များက လွန်စွာ အဖိုးတန်၏။[1 and 2] အယ်လ်လီဇဘက်မိုး (Elizabeth Moore) ၏တွေ့ရှိချက်များထဲတွင် မိုးကုတ် ကြပ်ပြင်ဒေသတွင် ရှေးဟောင်းသမိုင်းဝင်အထောက်အထားများလည်းပါဝင်၏။ စံပန်နဂိုမြို ့နှင့် နာမည်သာ မက သ မိုင်း အနှစ်သာရများ၊ ယဉ်ကျေးမှု အနုပညာ၊ ဘာသာရေး ဓလေ့ထုံးတမ်းများ၊ လူမှုရေးရာများပါ တူညီတိုက်ဆိုင်သော ဒေသများ တိုင်းပြည်များ၊ အင်ဒီးယားနှင့် အရှေ့တောင်အာရှနိုင်ငံများ ထဲတွင်လည်း ရှိခဲ့ကြောင်း၊ ရှိနေဆဲလည်းဖြစ်ကြောင်း သမိုင်း အထောက်အထားများကို ကျွှန်တော်တို့တွေ့ရပါသည်။ သက်သေအထောက်အထားများစွာရှိခဲ့၊ ရှိနေဆဲလည်းဖြစ်ပါသည်။ အဆိုပါဒေသ၊တိုင်းပြည်နိုငံများကို တွေ့ရသမျှ အောက်တွင်ဖော်ပြပါသည်။[3] ၁) အင်ဒီးယား အရှေ့မြောက်ပိုင်းရှိ စံပါနာဂါ = ချမ်ပါနာဂါ (Champa Nagar) ၂) ကမ္ဘောဇ (ကမ်ဗောဒီးယား) နိုင်ငံ ရှိ ၃) ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ပင်လယ်ကမ်းခြေဒေသ (တောင်ဗီယက်နမ်) ရှိ စံပါ (Champa) တို့ဖြစ်ပါသည်။ ဤဒေသများ တိုင်းနိုင်ငံများ ကို အုပ်ချုပ်မင်းလုပ်ခဲ့သူများမှာ၊ ဗရာမဲန် (ဗြာမင်) ခေါ် varman= Barman = Burman ဟင်ဒူဗရာမင် ဘုန်းကြီးဘုရင်များ (Varman Priest or Varman Line Kings) ဖြစ်ပါ၏။ ဤအကြောင်းအရာအချို့ကို ကျွှန်တော်တို့၏ ဝန်ဇင်းမင်းရာဇာ စာမျက်နှာများတွင် ရေးသားတင်ပြပြီးခဲ့ပါပြီ။ ဗမာနိုင်ငံရှိ ပြည် ခေါ်Prome ၏ ကနဦး မူလအမည်မှာ Brom ဖြစ်၏။ [2] ကမ္ဘောဇ (ကမ်ဗောဒီးယား) နိုင်ငံမြို့တော် ဖနွှမ်းပင်၏ အမည်ရင်းမှာလည်း Brom=Vrom ဖြစ်ခဲ့ကြောင်း သမိုင်း အထောက်အထားများကို တွေ့ရှိရပါသည်။[3] ဗုဒ္ဓဘာသာစာပေကျမ်းဂံ များတွင် ပင်လယ်ကို လှေသင်္ဘောများစီးလျှက် ဖြတ်ကူးကြပြီး၊ ကုန်သွယ်မှုများပြုခဲ့ကြသည့် အထောက်အထားများစွာရှိပါသည်။ နိပါတသုတ် (Sutta Nipata) တွင်လာရှိသည်မှာ၊ ဗုဒ္ဓကိုယ်တော်မြတ်ကြီး၏ (၆) လကြာ ပင်လယ်ခရီးစဉ်၏ မှတ်တမ်းဖြစ်ပါသည်။ ဗုဒ္ဓကိုယ်တော်မြတ်ကြီး၏ တရား ဓမ္မဟောကြားရန် ကြွချီခဲ့သော ခရီးစဉ်အများမှာ အင်ဒီးယား အရှေ့ပိုင်းဒေသများ ဖြစ်သော ဥတရပရာဒက်ရှ (Uttar Pradesh) နှင့် ဘီဟာ (Bihar) ဒေသများတွင်ဖြစ်ခဲ့ပါသည်။ သို့သော်လည်း ထိုဒေသများမှ အရှေ့တောင်အာရှနိုင်ငံများသို့ ပင်လယ်ရေကြောင်းခရီး ကြွချီခဲ့သည်ဟုလည်း ဖတ်ရပါသည်။ အဆိုပါဒေသများနှင့်၊ အရှေ့တောင် အာရှနိုင်ငံများ နှင့် ရေကြောင်းကုန်သွယ်မှု များကို ဗုဒ္ဓ ဇာတကများတွင် တွေ့ရပါသည်။ ဒီဟာ နီကယ်(Dighanikaya) တွင်လညရှိသည်မှာ၊ အင်ဒီးယား ကုန်သည်များ ပင်လယ်ရေကြောင်း ခရီးတွင်၊ ခရီးလမ်းညွှန် ငှက်များကို အသုံးပြု ခဲ့သည် ကိုတွေ့နိုင်ပါသည်။ သိရီဂါသ (သို့)သိရီဂါထ (Therigatha) အဆိုအရ အင်ဒီးယား ကုန်သည်များ ပို၍ ကြီးပွား ချမ်းသာလိုသဖြင့် ပင်လယ်ခရီးဖြင့် ကုန်သွယ် ရောင်းဝယ်ဖောက်ကား ခဲ့ခြင်းကိုမှတ်တမ်း အဖြစ်တွေ့ရပါသည်။ အခြား ဇာတက တခုတွင်လည်း ပင်လယ်ခရီးသွားခြင်းနှင့်၊ သင်္ဘောပျက်ခြင်း အကြောင်း သမိုင်းအချို့ကို တွေ့ရပေသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုများကို၊ ဗာရာဏသီ(Varanasi)၊ ဝိဒေဟ(Videha) နှင့် စံပါ (Champa) သို့မဟုတ် သျှမ်ပါ သို့မဟုတ် သျှမ်းပ မှ၊ သုဝဏ်ဏဘူမိ၊ဗမာပြည် နှင့် အိမ်နီးချင်းနှင့် (Suvarnabhumi, Burma and neighbouring territories) တမ္မရပါဏီ (Tamraparni=Sri Lanka) ဒေသများသို့ ကူးလူးဆက်ဆံမှုများ မှတ်တမ်းအဖြစ် တွေ့ရ၏။ သီဟိုဠ် ရာဇဝင် သမိုင်း(Ceylonese Chronicle) နှင့် ဒီပါဝံသ =ဒီပဝင်(Dipavamsa) တွင်လာရှိသည်ကား၊ ဝိဇယမင်းသား (Prince Vijay) ၏ ပင်လယ်ခရီးစဉ်ဖြစ်၏။ ယင်းခရီးစဉ်တွင် ဘန်ဂလာ (သို့) ဘင်္ဂလား (Bengal) မှနေ ၍၊ လူ ၇၀၀ နှင့်အတူ သွားခဲ့ပုံက၊ ဘင်္ဂလာပင်လယ်အော်ထဲတွင် သွားလာခဲ့သော ပင်လယ်ခရီးများကို ထပ်မံအတည်ပြုခဲ့၏။  အာရိသသျှတ္တရ တွင်လာရှိသည်မှာ၊ မောရိယတိုင်းပြည်ကြီးတွင် နာဝါဒီယတ်စရှာ (ဆာ) {=Nawadhyaksha} ကို ရေကြောင်းညွှန်ကြားမှုဦးစီးဌာန (Shipping department) ကို ဦးစီးရန်တာဝန်အပ်နှင်းခဲ့၏။ သင်္ဘောသားများကို၊ ရေကြောင်းသိပ်ပံ ပညာရပ်များ နှင့် သင့်လျှော်သော သင်တန်းများ ပေးရန် ပြင်ဆင်မှုများ ကို ဤ ဌာနက ပြုလုပ်ခဲ့၏။ ထိုပညာရပ်များ၊ ကို “ နိယာမ က ရှီးလ်ပါ= Niyamakashilpa” ဟုခေါ်ခဲ့ကြ၏။ အင်္ဂလိပ်ဝေါဟာရ ship=သင်္ဘော မှာ ဤ ပါဠိဝေါဟာရ shilpa မှ ဘာသာစကားရွှေ့လျောလာမှု (transliteration) ဖြစ်ခဲ့သည်ဟု ယူဆနိုင်ပေသည်။ သင်္ဘောသားများကို ရေကြောင်း ခရီးလမ်းများနှင့် ပတ်သက် ၍ သက်ဆိုင်ရာ ကုန်သွယ်ရေကြောင်းလမ်းညွှန်များကို သင်ကြားပေးခဲ့၏။ ဤပညာရပ်များတွင် ပင်လယ်လေ၏သဘာဝ လေ၏လားရာ၊ နစ်မြှပ်နေခဲ့သော သင်္ဘောပျက်များတည်ရှိရာ နေရာများ၊ ရေကြောင်းလမ်းပြ ငှက်များကို အသုံးပြုပုံ၊ စသည်များပါဝင်၏။ ရေကြောင်းလမ်းညွှန်သူ (Navigator) များသည် မိမိတို့၏ သင်ကြားရေး ပညာရပ်များကို၊ စုစည်းကာ ရေကြောင်းပညာ သင်္ခန်းစာများ အဖြစ်စုစည်းခဲ့ပြီး၊ “နိယာမက ဇာတက” ဟု ခေါ်စမှတ်ပြုခဲ့ကြ၏။  အာရိသသျှတ္တရ တွင်လာရှိသည်မှာ၊ မောရိယတိုင်းပြည်ကြီးတွင် နာဝါဒီယတ်စရှာ (ဆာ) {=Nawadhyaksha} ကို ရေကြောင်းညွှန်ကြားမှုဦးစီးဌာန (Shipping department) ကို ဦးစီးရန်တာဝန်အပ်နှင်းခဲ့၏။ သင်္ဘောသားများကို၊ ရေကြောင်းသိပ်ပံ ပညာရပ်များ နှင့် သင့်လျှော်သော သင်တန်းများ ပေးရန် ပြင်ဆင်မှုများ ကို ဤ ဌာနက ပြုလုပ်ခဲ့၏။ ထိုပညာရပ်များ၊ ကို “ နိယာမ က ရှီးလ်ပါ= Niyamakashilpa” ဟုခေါ်ခဲ့ကြ၏။ အင်္ဂလိပ်ဝေါဟာရ ship=သင်္ဘော မှာ ဤ ပါဠိဝေါဟာရ shilpa မှ ဘာသာစကားရွှေ့လျောလာမှု (transliteration) ဖြစ်ခဲ့သည်ဟု ယူဆနိုင်ပေသည်။ သင်္ဘောသားများကို ရေကြောင်း ခရီးလမ်းများနှင့် ပတ်သက် ၍ သက်ဆိုင်ရာ ကုန်သွယ်ရေကြောင်းလမ်းညွှန်များကို သင်ကြားပေးခဲ့၏။ ဤပညာရပ်များတွင် ပင်လယ်လေ၏သဘာဝ လေ၏လားရာ၊ နစ်မြှပ်နေခဲ့သော သင်္ဘောပျက်များတည်ရှိရာ နေရာများ၊ ရေကြောင်းလမ်းပြ ငှက်များကို အသုံးပြုပုံ၊ စသည်များပါဝင်၏။ ရေကြောင်းလမ်းညွှန်သူ (Navigator) များသည် မိမိတို့၏ သင်ကြားရေး ပညာရပ်များကို၊ စုစည်းကာ ရေကြောင်းပညာ သင်္ခန်းစာများ အဖြစ်စုစည်းခဲ့ပြီး၊ “နိယာမက ဇာတက” ဟု ခေါ်စမှတ်ပြုခဲ့ကြ၏။ [4] [1] Talukdar [2] E. Moore [3] Taw Sein Ko [4] Morakar ဆက်ပါဦးမည်။   ဟင်ဒူဘာသာဝင် မိတ်ဆွေများ ကို ဤ စာစု ဖြင့် ဂုဏ်ပြု နှုတ်ခွန်းဆက်လိုက်ပါသည်။ ဒေဝါလီ အခါ သမယမှာ ကျန်းမာ ချမ်းသာကြပါစေ။

No comments:

Post a Comment