Tuesday, November 22, 2022

Critical feedback sent to Dr Elizabeth Howard Moore (4)

Dear Elizabeth, Please ask your Burmese Colleagues to read or translate for you သမိုင်းအမှားကို သင်ရိုးထဲထည့်တာ တရားခံဘယ်သူလဲ ******* ******** ****** ***** စတုတ္ထတန်း လူမှုရေးဘာသာ သင်ရိုးစာအုပ်မှာ ပါတဲ့ မြန်မာတွေဟာ အေဒီ၉ရာစုနောက်ပိုင်း ရှမ်းကုန်းပြင်မြင့်မှ မြန်မာနိုင်ငံ အလယ်ပိုင်းကို ဝင်လာတယ်။ ကျောက်ဆည် မင်းဘူးဒေသတွေမှာ အခြေချနေထိုင် နယ်မြေချဲ့ထွင်ပြီး ပုဂံကိုတည်တယ် ဆိုတာ ဘာအထောက်အထားမှ မရှိတဲ့ သမိုင်းအမှားကြီး ဖြစ်ပါတယ်။ GH Luce ရဲ့ သမိုင်းအမှားကြီးကို အခြေခံထားတဲ့ အမှားပေါ် အမှားဆင့်ထားတဲ့ သမိုင်းအမှားကြီးသာ ဖြစ်တယ်။ နောက်ထပ်အမှားများကတော့ သင်ကြားမယ့် ဆရာတွေကို ညွှန်ကြားချက်များပဲ ဖြစ်တယ်။ ပုဂံကို မတည်ထောင်မီက မြန်မာနိုင်ငံအနှံ့ ပဒေသရာဇ် နိုင်ငံငယ်များ ရှိခဲ့ပြီး မြန်မာတို့ဟာ အေဒီ၉ရာစုမှာ ယူနန်ကတဆင့် ရှမ်းကုန်းပြင်မြင့်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ အလည်ပိုင်းမှာ အခြေချ၊ ပဒေသရာဇ်နိုင်ငံငယ်တွေကို သိမ်းသွင်းပြီး ညောင်ဦးမှာ ပုဂံကိုတည်ထောင်တယ် ဆိုတာလဲ ဘာအထောက်အထားမှ မရှိတဲ့ ဘာသုတေသနမှ မရှိတဲ့ လိုရာဆွဲ လုံးထွေးပြောထားတဲ့ သမိုင်းအမှားသာ ဖြစ်ပါတယ်။ ဒီလို သမိုင်းအမှားတွေကို ငယ်ရွယ်နုနယ်သေးတဲ့၊ ဖြူစင်နေဆဲ မူလတန်းအရွယ် ကလေးတွေ ခေါင်းထဲကို အဆိပ်အပင်းလို မထည့်သင့်ကြောင်း ပညာရှင်တွေရော ဝါသနာရှင်တွေရော ထောက်ပြနေကြတာ တွေ့နေရပေမယ့် တရားခံ ဘယ်သူလဲ၊ နောက်ကွယ်က လက်မဲကြီးဟာ ဘယ်သူလဲ ဆိုတာတော့ မသိရသေးပါဘူး။ သင်ရိုးထဲ ပါလာတဲ့ ဒီသမိုင်းအမှားကြီးဟာ GH Luce ရဲ့ ကျောက်ဆည်စာတမ်း သမိုင်းအမှားကြီးပဲဖြစ်ပြီး GH Luce ဒီစာတမ်းကို စရေးကတည်းက ပညာရှင်တွေဖြစ်ကြတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာထင်အောင်၊ ရှေးဟောင်းသုတေသနဌာန ညွှန်ကြားရေးမှူးချုပ် ဆရာကြီးဦးဖိုးလတ်၊ ပြင်ပ ပညာရှင်တွေဖြစ်တဲ့ သတင်းစာဆရာကြီးဦးသိန်းမောင်၊ စာရေးဆရာကြီး သိန်းဖေမြင့်တို့က ဒါ အမှားကြီးဆို ကန့်ကွက်ခဲ့ကြပြီး စွယ်စုံကျမ်းထဲ မထည့်ဖို့ သင်ရိုးထဲ မထည့်ဖို့ ကန့်ကွက်ခဲ့ကြပါတယ်။ ဒါ့ အပြင်ယင်းသမိုင်းအယူအဆကို မြန်မာစာဌာနက ပညာရှင် ဆရာကြီးဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)၊ ကထိက ဦးသက်တင်တို့ကလဲ လက်မခံ ကန့်ကွက်ခဲ့ကြပါတယ်။ သမိုင်းပညာရှင် ဆရာကြီးဒေါက်တာသန်းထွန်းကလဲ ဆရာကြီးဦးဖိုးလတ်ကို ထောက်ခံပြီး ဦးဖိုးလတ် အဆိုသင့်မြတ်ကြောင်း၊ ဒီသမိုင်းအမှားကြီးကို သင်ရိုးထဲ မထည့်သင့်ကြောင်း ရေးသားခဲ့ပါတယ်။ သက္ကရာဇ် ၂၀၀၀ နောက်ပိုင်း မျက်မှောက်ခေတ်မှာလဲ အမေရိကန်နိုင်ငံ ဟာဝိုင်ယီတက္ကသိုလ်က နိုင်ငံတကာပညာရှင် ဆရာကြီး မိုက်ကယ်အောင်သွင်၊ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့သား သမိုင်းသုတေသီ ဆရာကြီးဘုန်းတင့်ကျော်တို့ကလဲ ရန်ကုန်တက္ကသိုလ် မြန်မာ့သမိုင်းကော်မရှင်မှာ GH Luce မှားကြောင်း စာတမ်းတွေ တင်သွင်းဖတ်ကြားခဲ့ကြပြီးပါပြီ။ ဒေါက်တာသန်းထွန်းနဲ့ မြန်မာ့သမိုင်းကော်မရှင်က ပညာရှင်အများ စစ်ဆေးလက်ခံခဲ့ပြီးပါပြီ။ တစ်သက်လုံး သမိုင်းနဲ့ရှေးဟောင်းသုတေသန လုပ်လာတဲ့၊ မြန်မာနိုင်ငံက လူမသိသေးတဲ့ မြို့ဟောင်းများစွာ ဖေါ်ထုတ်ပေးခဲ့တဲ့၊ မြန်မာ့ကြေးခေတ်ကို စတင်ရှာဖွေပေးခဲ့တဲ့၊ မြန်မာ့သမိုင်းပြုစုရေးအဖွဲ့ အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ ပညာရှင် မန္တလေးက ဆရာကြီး တမ္ပဝတီဦးဝင်းမောင်ကလဲ ဒီသမိုင်းအမှားကြီးကို လက်မခံ ကန့်ကွက်ပါတယ်။ တကောင်းမြို့ဟောင်းသည် ပျူမြို့ဟောင်းကြီးဖြစ်ကြောင်း၊ ဘီစီ၆ရာစု တကောင်းကို ဖေါ်ထုတ်ပေးခဲ့တဲ့ ဆရာဒေါက်တာမင်းဟန်လဲ ဒီသမိုင်းအမှားကြီးကို ကန့်ကွက်ပါတယ်။ အလွတ်တန်း သမိုင်းသုတေသီ လူငယ် လူလတ်များစွာ၊ စာဖတ်သမ္ဘာရင့် သမိုင်းဝါသနာရှင် များစွာကလဲ ကန့်ကွက်ကြပါတယ်။ သမိုင်းပညာရဲ့ စံက ရှင်းရှင်းလေးပါ။ No evidance no history အထောက်အထား မရှိရင် အမှန်သမိုင်းမဟုတ်ဘူး။ အခု ဒီသင်ရိုးထဲ သမိုင်းဆိုပြီး ရေးထားတဲ့ အကြောင်းအရာတွေသည် အထောက်အထား လုံးဝမရှိတဲ့အတွက် အမှန်သမိုင်းတွေ မဟုတ်တဲ့ လုပ်ဇာတ်ကြီးပါ။ အဲဒီလို လုပ်ဇာတ်ကြီးကို သမိုင်းဆိုပြီး ကလေးတွေကို သင်ကြားခိုင်းတာ အနာဂတ်မျိုးဆက်သစ်တွေရဲ့ အသိဉာဏ်ကို သတ်နေတာပါ။ ဒါကို ဘယ်သူ လုပ်သလဲ။ အခု မြန်မာ့သမိုင်းကော်မရှင်ကို ဘယ်သူတွေနဲ့ ဖွဲ့စည်းထားလဲ။ မြန်မာ့သမိုင်းကော်မရှင် ဥက္ကဋ္ဌသည် ဝန်ကြီးသူရအောင်ကိုဖြစ်ပြီး ပညာရှင်တွေဘက်က လုပ်ရတဲ့ ဒုဥက္ကဋ္ဌသည် ဆရာကြီး ဒေါက်တာတိုးလှ ဖြစ်ပါတယ်။ ကျွန်တော် ရန်ကုန်တက္ကသိုလ်သမိုင်းဌာနမှာ သမိုင်းဘွဲ့လွန်အတန်းတက်တော့ ဆရာကြီးဦးတိုးလှက တစ်ချိန်လာ ဟောပြောပြီး သူ့ကိုယ်သူ GH Luce ရဲ့ မြေးတပည့်လို့ ပြောခဲ့ဖူးပါတယ်။ ဆရာကြီးဦးတိုးလှရဲ့ ဇနီးဟာ ရှမ်းဖြစ်ပြီး ဆရာကြီးဟာ Luce ရဲ့ တပည့်ဖြစ်တာကြောင့်လား၊ ဒါမှမဟုတ် မိန်းမဘက်လိုက်ပြီး မြန်မာ့သမိုင်းကို နှိမ်ချင်တာလားဆိုတာ မေးချင်ပေမယ့် မမေးရဲပါဘူး။ လက်ရှိ မြန်မာ့သမိုင်းကော်မရှင်ရဲ့ အရေးပါလှတဲ့ အတွင်းရေးမှူးကတော့ ဆရာကြီးဒေါက်တာကျော်ဝင်းဖြစ်ပြီး သူက မွန်ပြည်နယ်ဇာတိ မွန်တရုတ်အမျိုူသား တစ်ယောက်ဖြစ်ပြီး မွန်စွဲ အတော်လေးကြီးပါတယ်။ မြန်မာ့သမိုင်းကို နှိမ်ချပြောဆိုလေ့ရှိပြီး ဘာအထောက်အထားမှမရှိတဲ့ သုဝဏ္ဏဘူမိတို့ မွန်ယဉ်ကျေးမှုတို့ကို စိတ်ပါလက်ပါ ပြောလေ့ရှိပါတယ်။ အဲဒီလို မြန်မာ့သမိုင်းကော်မရှင်မှာ အရေးပါတဲ့ အဖွဲ့ဝင် တစ်ဦးကတော့ သမိုင်းသုတေသန ဦးစီးဌာနက အငြိမ်းစားယူသွားတဲ့ ဆရာဦးစံဝင်းပဲဖြစ်တယ်။ ဆရာဦးစံဝင်းဟာ အတွင်းရေးမှူး ဦးကျော်ဝင်းရဲ့ လက်ရင်းတပည့်တစ်ဦးဖြစ်ပြီး မွန်သမိုင်းကိုသာ အဓိက ရေးသားပြုစုသူဖြစ်ပြီး မွန်လူမျိုးစွဲစိတ် ကြီးမားသူ ဖြစ်ပါတယ်။ သုဝဏ္ဏဘူမိကို မွန်လို့ပြောဖို့ တူးဖေါ်သုတေသန လုပ်နေတာကြာပြီ ဖြစ်ပေမယ့် ခိုင်ခိုင်မာမာ ပြောနိုင်တာ ဘာတစ်ခုမှ မရှိသေးပါဘူး။ နောက်ထပ် အရေးပါသူ မြန်မာ့သမိုင်းကော်မရှင် အဖွဲ့ဝင်တစ်ဦးကတော့ ဆရာကြီးဦးသန်းလွင်ပါ။ ဆရာကြီးဟာ ဒဂုံတက္ကသိုလ် သမိုင်းပါမောက္ခက အငြိမ်းစားယူထားတာဖြစ်ပြီး ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရပြီးခေတ် သမိုင်း ကျွမ်းကျင်သူပါ။ သို့သော် ဆရာကြီးဟာ GH Luce အပေါ် အလွန်လေးထားတဲ့ လုစ်ဂိုဏ်းဝင် တစ်ဦးဖြစ်ဟန်ရှိပြီး စာသင်ခန်းထဲ စဝင်တာနဲ့ လုစ်ရဲ့ အာဘော်ကိုသာ စတင်ပြောဆိုတာ ကြားခဲ့ရပါတယ်။ သူပြောပုံက ပျူခေတ် အေဒီ၄ရာစု ၉ရာစု၊ ပုဂံခေတ် အေဒီ၉ရာစု ၁၃ ရာစု ကျန်တာတွေ လာမပြောနဲ့ လက်မခံဘူး ဆိုတာက စတင်ပြောလေ့ရှိပါတယ်။ ပညာရပ်ဆိုတာ သုတေသန အသစ်တွေအရ အသိသစ်တွေ တိုးလာရင် လက်ခံရမှာ မဟုတ်ပါလား။ ရှေးသုက တူးဖေါ်မှုတွေအရ ပျူခေတ်ကို ဘီစီ၂ ရာစုက စတင်နေမယ့် ဆရာကြီးဦးသန်းလွင်ကတော့ အေဒီ၄ ကစနေတုန်းပါပဲ။ မြန်မာနိုင်ငံရဲ့ ကျောင်းသုံးသင်ရိုး ရေးဆွဲရေးကော်မတီကို ရန်ကုန်တက္ကသိုလ်က ဦးဆောင်လုပ်ပါတယ်။ သမိုင်းနဲ့ပတ်သက်တာတွေကို ရန်ကုန်တက္ကသိုလ်သမိုင်းဌာနက တာဝန်ယူတယ်လို့ သိရပါတယ်။ အခု လက်ရှိ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှူးဟာ ပြောင်းရွှေ့လာတာ နှစ်မကြာသေးပဲ ဒီသင်ရိုးတွေ ရေးဆွဲတုန်းက သူ မရှိလောက်သေးဘူး ထင်ပါတယ်။ သူ့ရှေ့က ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှူးက ဆရာမကြီး မာဂရက်ဝေါင်းဖြစ်ပြီး တရုတ်အမျိုးသမီး ဖြစ်ပါတယ်။ သူ့ အမျိုးသားက သမိုင်းသုတေသန ဦးစီးဌာနက ညွန်ချုပ် အငြိမ်းစား ဆရာကြီးဒေါက်တာမြင့်သိန်းဖြစ်ပြီး ရခိုင်ဆရာကြီး ပါ။ ဆရာကြီးရော ဆရာမကြီးရော ကျနော့်ရဲ့ ဆရာတွေ ဖြစ်ခဲ့ဖူးပြီး သူတို့ စာသင်တဲ့ဘအတန်းတွေ လကချာလိုက်ခဲ့ဖူးပါတယ်။ ဆရာမကြီး ဒေါက်တာ မာဂရက်ဝေါင်းဟာ စာသင်ရင် တရုတ်ကောင်းကြောင်းပြောလေ့ရှိပြီး မြန်မာဘက်က မှတ်တမ်းတွေကို သိပ်ပြောလေ့ မရှိပါဘူး။ ညောင်ရမ်းခေတ် ပင်းတလဲမင်းလက်ထက် မြန်မာပြည်ကို အလွန်ဒုက္ခပေးသွားတဲ့ မန်ချူးပြေးမင်း တရုတ်ဘုရင် ယုံလီ မိသားစု မန်ချုးတွေ သတ်တာခံရတာ အလွန်ဝမ်းနည်းစရာ ဆိုတာမျိုး ပြောတတ်ပြီး ယုံလီရဲ့လူတွေ မြန်မာပြည်ကို ဖျက်ဆီးတဲ့အကြောင်းတော့ သိပ်ပြောလေ့ မရှိဘူး။ ဆရာကြီးဦးမြင့်သိန်းကတော့ ရခိုင်က မြောက်ဦးမြို့ကြီးရဲ့ အံ့မခန်းပုံတွေ ဆည်မြောင်း ကျုံးစနစ် ကောင်းလှပုံတွေ ပြောပါတယ်။ မြောက်ဦးမြို့ကြီးက ဒီလောက် ခံစစ် စနစ်ကောင်းလှတာ အိမ်ရှေ့ကိုယ်တော်ကြီး ရွှေတောင်မင်းသားရဲ့ တပ်တွေကို ဘာကြောင့်ရှုံးလဲဆိုတာ မေးချင်ပေမယ် မမေးရဲခဲ့ဘူး။ ကန့်လန့်တိုက်တယ်ဆို စာမေးပွဲချမှာ ကြောက်ရသေးတာကိုး။ သူ့ဇနီးက ဌာနမှူးလေ။ ဒီဆရာကြီးတွေထဲမှာ ဆရာကြီးဦးတိုးလှက ဧည့်ပါမောက္ခအဖြစ် လာဟောပြောတာ နာယူဖူးတယ်။ ဦးစံဝင်းကတော့ သင်ကြားရေးဖက်က မဟုတ်လို့ မသင်ရပါဘူး။ ကျန်တဲ့ဆရာကြီး ဆရာမကြီးတွေအတန်းကို တက်ခဲ့ရဖူးပါတယ်။ အရင်ကတော့ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှူးဟာ သင်ရိုးရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်လေ့ရှိပြီး အခုတော့ ဘယ်သူက ဥက္ကဋ္ဌလုပ်ရလဲ မသိပါဘူး။ ဆရာမကြီး ဒေါက်တာ မာဂရက်ဝေါင်းဟာ သင်ရိုးရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌဖြစ်ခဲ့ဖူးပြီး အခုလဲ အကြံပေးပညာရှင်အဖြစ် ပါဝင်ဆဲလို့ သိရပါတယ်။ ကျနော် အတန်းတက်ခဲ့ဖူးတဲ့ ဦးကျော်ဝင်းက သမိုင်းကော်မရှင် အတွင်းရေးမှူး၊ ဦးသန်းလွင်က သမိုင်းကော်မရှင်အဖွဲ့ဝင်၊ ဒေါ်မာဂရက်ဝေါင်းက သင်ရိုးရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌဟောင်း အကြံပေးပညာရှင်တွေ ဆိုပေမယ့် ကျနော်နဲ့ မရင်းနှီးပါဘူး။ ကျနော်နဲ့များ ရင်းနှီးရင် ဒီလို အထောက်အထားမဲ့တဲ့၊ ပညာရှင်တွေက သမိုင်းအမှား လုပ်ဇာတ်လို့ ဖေါ်ထုတ်ထားတဲ့၊ ကန့်ကွက်သူတွေများလှတဲ့ ဒီ သမိုင်းအမှားကြီးကို ဘာလို့သင်ရိုးထဲ ထည့်ရတာလဲ၊ ဘယ်သူ သင်ရိုးရေးပြီး ဘယ်သူအတည်ပြု ထည့်တာလဲဆိုတာ မေးမြန်းကြည့်ချင်လှပါတော့တယ်။ Sep 2020 Adam Khan left a reason for downloading The Sacred Geography of Dawei: Buddhism in peninsular Myanmar (Burma) Dear Elizabeth Moore, Thanks for your contribution and sharing. For your information စွန် ပ ဒတ် is not jack fruit. Malay people call this fruit Cempedak. https://en.wikipedia.org/wiki/Artocarpus_integer It looks like or similar to Jack fruit but different. You try in Singapore. We have both Cempedak and jack fruit. Both fruits are tasty. Best regards. adam khan Oct 2020 Adam Khan left a reason for downloading Unexpected Spaces at the Shwedagon Dear Elizabeth Moore, Thanks and best regards. adam khan

No comments:

Post a Comment