Friday, February 20, 2015

ကျူးကျော် နယ်ချလာသူများကို ပြတ်ပြတ်သားသားချေမှုန်းရေး။

Ko Phyo's photo.
Ko Phyo's photo.
Ko Phyo's photo.


Ko Phyo's photo.


Ko Phyo's photo.

                                                         credit original contributors.

ကျူးကျော် နယ်ချလာသူများကို
အပြီူတိုင် ချေမှူန်း သုတ်သင် ရမည်။
နောက်ထပ် အခွင့် အ ရေး လုံးဝ
မ ပေးပါ နှင့် တော့။
ိတိုက် ကြပါ အပြတ် ရှင်းကြပါ။
ဗမာ့ မြေ ပေါ်မှာ ဘိန်းဖြူထုတ်လုပ်သူ
မရှိပါ စေ နှင့် တော့။

 


ခုဖြစ်နေတဲ့တိုက်ပွဲတွေနဲ့ပြည်ပကျူးကျော်စစ်တွေကို ကာကွယ်ဖို့ (ကြည်း၊ ရေ၊ လေ)တပ်မတော်အနေနဲ့ ယခုထက်ပိုပြီးခေတ်မီ လက်နက်ခဲယမ်း
များ ဖြည့်တင်းတပ်ဆင်ထားဖို့လိုအပ်ပါတယ်၊ တစ်ချို့ မျက်တောင်မွှေးတစ်ဆုံးလောက်ပဲ ကြည့်တက်တဲ့လူတွေအဖို့ကတော့ တိုင်းရင်းသားအချင်းချင်း သတ်ဖို့ဆိုပြီး ခပ်တိမ်တိမ်အတွေးအခေါ်လောက်နဲ့ မလိုအပ်ဘူးလို့ ပြောကြပါလိမ့်မယ်၊ အားလုံးသိတဲ့ အတိုင်းပဲ ဘယ်အရာမှ တရားသေ ပြောလို့မရပါဘူး၊ ခုတိုက်နေတဲ့ ဖုန်ကြားရှင်ဆိုတာက 2009 ခုနှစ်ကအပြုတ်တိုက်ခဲ့ကြတာပဲ၊ ဒီနေ့ဒီချိန်မှာ ဒီလို ပြန်ပြီး တိုက်ခိုက်လာလိမ့်မယ်လို့ ဘယ်သူမှကြိုတွေး မထားခဲ့ကြဘူးလေ၊ တိုင်းရင်းသား သူပုန်ကိုပဲဖြစ်ဖြစ် ပြည်ပကျူးကျော်စစ် အတွက်ပဲဖြစ်ဖြစ် တိုင်းပြည်ကာကွယ်ဖို့အတွက်
တပ်မတော်ကပဲ ရှေ့တန်းက မားမားမတ်မတ် အသက်ပေးပြီးတိုက်ခိုက်ကာကွယ်ကြ
ရတာပါ၊ တစ်ကယ်တမ်းဖြစ်လာပြီဟေ့ဆိုရင် ဘယ်နိုင်ငံရေးသမား၊ ဘယ်ပါတီကမှ
ဘာတစ်ခုမှ တိုင်းပြည်အတွက် တပ်မတော်အတွက် အကျိုးမပြုသလို အကူအညီလဲ
မရခဲ့ပါဘူး၊ ဒါကြောင့် တိုင်းပြည်ကိုအဓိကကာကွယ်ပေးနေတဲ့ တပ်မတော်အတွက် မဖြစ်မနေ ခေတ်မီ လက်နက်ကိရိယာတွေ ရှိနေဖို့လိုအပ်ပါတယ်၊ ဒိတ်ဒိတ်ကြဲ ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်တောင် ကာကွယ်ရေးအသုံးစရိတ်အတွက် ဘတ်ဂျက်တိုးတောင်းဖို့ အိုဘားမားက လွှတ်တော်ကို ပြီးခဲ့တဲ့လက အဆိုတင်ခဲ့တာကို ဖတ်ရပါတယ် ၊ ကျွန်တော်တို့ နိုင်ငံမှာတော့ ထပ်တိုးတောင်းဖို့နေနေသာသာ ခုတောင်များလို့ဆိုပြီး လွှတ်တော်ထဲမှာရော အပြင်မှာပါဝိုင်းပြီးပြောနေကြတော့ ဘာပြောရမှန်းတောင်မသိဘူး၊ တစ်ခြားအသုံးစရိတ်တွေ လိုအပ်သလို ကာကွယ်ရေး အသုံးစရိတ်လဲ လိုအပ်ပါတယ်၊ ကာကွယ်ရေးအသုံးစရိတ်ပိုရလို့လဲ ကျွန်တော်
တစ်ပြားမှ မရပါဘူး၊ ဖြစ်သင့်တာကို ပြောပြယုံပါ၊ ပြည်ပကျူးကျော်စစ်ဆိုတာလဲ မဖြစ်ဘူးလို့ ဘယ်သူမှ ကြိုမပြောနိုင်ဘူး၊ အနီးစပ်ဆုံး ဘင်္ဂလားဒေရှ့်၊တရုတ် တို့ကို ဖြစ်လာခဲ့ရင် ဆိုတဲ့အတွေးနဲ့ စောင့်ကြည့်ရပါမယ့်၊ ဒီကိစ္စက မြန်မာတစ်မျိုး
သားလုံးနဲ့သက်ဆိုင်ပါတယ်၊ ပါတီတွေကလည်း ပြည်တွင်းမှာပဲ အာဏာရဖို့ နည်းမျိုးစုံသုံးပြီး နိုင်ငံရေးလုပ်နေရုံနဲ့မပြီးသလို ကျောင်းသားတွေကလဲ အဆင့်မြင့်ပညာ
တွေချည်းပဲသင်ကြားနေလို့ မရပါဘူး၊ တစ်ကယ်ဖြစ်လာရင် အားလုံးမှာတာဝန်ရှိပါ
တယ်၊ တိုင်းပြည်ကာကွယ်ဖို့က တပ်မတော်သားတွေရဲ့တာဝန်ပဲလို့တော့ တရားသေ
တွက်မထားလိုက်ကြပါနဲ့၊ စစ်မှုမထမ်းမနေရဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေကို 4-11-2010ရက်နေ့မှာ ဥပဒေအမှတ်၊ 27/2010 ၊ 28/2010 ဆိုပြီးပြဋ္ဌာန်းပြီးသားပါ၊ သမ္မတက မလိုအပ်သေးလို့အသက်မသွင်းသေးတာပဲရှိတယ်၊ အသက်သွင်းလိုက်ပြီ ဆိုတဲ့အခါကျရင် အမျိုးသား 18 ကနေ 35၊ ပညာရှင်ဆိုရင် 18 ကနေ 45ထိ၊ အမျိုးသမီး 18 ကနေ 27 ၊ပညာရှင်ဆိုရင်18 မှ 35 ထိ၊ သာမန်လူတွေအတွက် စစ်မှုထမ်းသက် 2 နှစ်ဆိုပေမယ့် ပညာရှင်တွေကတော့ 3 နှစ်ထိ၊ အရေးပေါ်အခြေအနေဆိုရင်တော့ မည်သူမဆို 5 နှစ်ပဲ၊ စစ်မှုထမ်းဖို့ဆင့်ခေါ်စာပို့ပြီဆိုရင် လူကိုယ်တိုင်မတွေ့ဘူးဆိုရင် မိသားစုဝင်တစ်ဦးဦးထံ သက်သေတစ်ဦးရှေ့မှာပေးမှာဖြစ်ပြီး၊ ဆင့်ခေါ်တဲ့အချိန် (ဆေးစစ်၊မှတ်ပုံတင်၊စစ်မှုထမ်း)မှာ ပျက်ကွက်လျှင်ဖြစ်ဖြစ်၊အကြောင်းအရာ တစ်ခုခုကို လိမ်လည်ရေးသားတာပဲဖြစ်ဖြစ်ထောင်ဒဏ်(၃)နှစ် ကျခံရမယ်လို့ ဥပဒေပုဒ်မ ၂၃ မှာ ပြဌာန်းထားပြီးသား၊ နောက်ပြီးစစ်မှုထမ်းရန် ရှောင်လွှဲချင်လို့ ရောဂါရှိဟန်ဆောင်တာ၊ ရောဂါပိုဆိုးလာအောင်လုပ်တာနဲ့၊ အနာတရဖြစ်အောင်လုပ်လျှင် ထောင်ဒဏ် ၅ နှစ်၊ အားပေးကူညီသူ အရပ်သား ၁ နှစ်၊ ၀န်ထမ်းဆို ၃ နှစ်ပြီး ပုဒ်မ ၂၄မှာ ပြဌာန်း ထားပါတယ်၊ ထောင်ပဲ အကျခံမယ်လို့တော့ မတွေးလိုက်နဲ့ အဲဒီပြစ်ဒဏ်ခံပြီးရင်လဲ စစ်မှုထမ်းဆောင်ဖို့ သတင်းပို့ရမှာပဲ၊ အရန်တပ်ဖွဲ့ ဥပဒေပုဒ်မ ၂ အရ စစ်မှုထမ်း (ငြိမ်း)တွေလဲ အဲဒီအချိန်ကျရင် နောက်ဆုံးထွက်ခဲ့တဲ့ ရာထူးဝတ်စုံနဲ့ တပ်မတော် ဦးစီးချုပ်ရဲ့အမိန့်နဲ့ပြည်လည်ဆင့်ခေါ်ပြီး စစ်မှုထမ်းဆောင်ရမှာပါ၊ စစ်မှုထမ်းအားလုံး 1959 အက်ဥပေဒကို လိုက်နာကြရမှာဖြစ်ပြီး အဆင့်လိုက်လစာ/ စားရိတ် ခံစားခွင့် ရရှိမည်ဖြစ်သလို ကျဆုံးခဲ့လျှင်လည်း တပ်မတော်က သတ်မှတ်ထားတဲ့ ခံစားခွင့်များ အတိုင်းခံစားခွင့်ရရှိပါမယ်၊ ဘယ်သူတွေ ကင်းလွတ်မလဲဆိုတော့ သာသနာ့ဝန်ထမ်း
(မည့်သည့်ဘာသာမဆို) ၊အိမ်ထောင်သည် /သားသမီးရှိသော အိမ်ထောင်ပျက်
အမျိုးသမီး၊ ဆေးစစ်ချက်များအရ မသင့်လျော်သူများ၊ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုမှ
သီးခြားအမိန့်ထုတ်ပြန်ကင်းလွတ်ခွင့်ပြု သူများ၊ နောက်ပြီး (ယာယီဆေးအဆင့်နိမ့်
သူများ၊ နိုင်ငံဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားပြုစုစောင့်ရှောက်မည့်သူ
မရှိသည့် မိအိုဖအိုတို့ကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဖြတ်ကုသမှုခံယူနေသူများ၊
ထောင်ဒဏ်ကျခံနေသူများ) ကတော့ ယာယီကင်းလွတ်ခွင့်တော့ရပါလိမ့်မယ်၊ ဒါပေမယ့်
အသက်ကန့်သတ်ချက်ကျော်သွားရင်တော့ ကင်းလွတ်ခွင့်မပြုဘူးလို့ သိရပါတယ်၊
သာသာနာ့ဝန်ထမ်းတွေ ကင်းလွတ်ခွင့်ရမယ်ဆိုပြီး အဲဒီအချိန်ကျမှ (ဘုန်းကြီး၊ မယ်သီလရှင်)ထ၀တ်မယ့်သူတွေ အများကြီးရှိနေမလားတော့မသိဘူး၊ အခု တပ်မတော်သားတွေ စစ်တိုက်လို့ သေတာမဆန်းပါဘူးလို့ပြောနေတဲ့သူတွေ၊ စစ်ခွေးလို့ခေါ်နေကြတဲ့သူတွေ တစ်ကယ်လို့ အဒီလိုအခြေအနေမျိုးရောက်လာခဲ့ရင် ခံနိုင်ရည်ရှိအောင်သာ ကြိုးစားထားကြပါ၊ အလှည့်ကျရင်တော့ မနွဲ့ကြစတမ်းပေါ့ ၊ နောက်ပြီး နယ်စပ်တွေမှာ တာဝန်ထန်းဆောင်နေကြတဲ့ တပ်မတော်သားတွေ အတွက် တစ်ခြားအစိုးရ၀န်ထမ်းတွေလိုလစာ 2 ဆ ပေးသင့်တယ်လို့ထင်ပါတယ်၊ ဒါပေမယ့် လွှတ်တော်မှာဆွေးနွေးကြတာတော့ ပေးဖို့အစီအစဉ်မရှိဘူးဆိုပဲ၊ နယ်စပ်ကတပ်မတော်သားတွေအတွက် အဲဒီအစီအစဉ်လေး ဖြစ်မြောက်စေချင်ပါတယ်၊ ခံစားခွင့်အပြည့်နဲ့ ဘေးကင်းလုံခြုံစွာ (အိပ်ငိုက်နေကြတဲ့)လွှတ်တော် အမတ် တွေတောင် လစာ10 သိန်း ရတာလေ၊ တပ်မတော်ကြီးနဲ့ တပ်မတော်သား
တွေအပေါ် ပြည်သူတွေဘက် အမှန်တွေမြင်ပြီး အမြင်တွေမှန်လာလို့ ၀မ်းသာပါတယ်၊
လက်တစ်ဆုပ်စာလောက် အာဏာရှင်ကြီးတွေရဲ့ စရိုက်ဆိုးတွေကြောင့် တပ်မတော်
တစ်ခုလုံးနဲ့ တပ်မတော်သားအားလုံးကို မုန်းတီးနေကြမယ်ဆိုရင် ကိုယ့်ကိုလိပ်ပြာ
မလုံသလိုခံစားနေကြရပါလိမ့်မယ်၊ ဒါပေမယ့် တစ်ချို့ တစ်ချို့သော လူတွေကတော့
လမင်းကြီးကို ခွေးဟောင်နေသလိုမျိုး ဟောင်မြဲဟောင်နေကြမှာ၊ လမင်းကြီးနဲ့တူတဲ့
တပ်မတော်နဲ့တပ်မတော်သားတွေကတော့ ဘယ်သူတွေဘယ်လိုပဲဟောင်ဟောင် လမင်းကြီးလိုပဲ တိုင်းပြည်နဲ့လူမျိုးအတွက် အမြဲထာဝရ အေးချမ်းမှု ငြိမ်းချမ်းမှုတွေကို ဆောင်ကြဉ်းပေးနေမှာပါ။

တပ်မတော်သားအပေါင်းကို လေးစားဂုဏ်ယူ အလေးပြုလျက်

No comments:

Post a Comment