Friday, February 20, 2015

ပြည်သူ့ ရဲ ကြီးများ တကယ် ရဲ ကြ စမ်းပါ။

ဒါကို တော့ တကဲ့ ရဲ လို့  ဂုဏ်ပြု ချီး မွမ်း ထိုက်သည် ဟုထင်ပါသည်။
သူတို့  ပေး တဲ့ ငွေ တွေက ဒုစရိုက်မှု အညစ်အ ထေးတွေ ပေ စွန်းနေ တယ်။
 

လူကြီးမင်းတို့  ရဲ့ မိသားစု ကို အညစ်အ ကြေးတွေ ကျွေး သလို၊ အဝတ်အစား ညစ် ထေးထေး
ဝတ်ဆင် ပေး သလို ဖြစ် နေ မှာ ကို သတိပြုပါ။
 

တို့  ဗမာ ဗုဒ်ဓဘာသာဝင် တွေ အဂတိ မလိုက်စားရဘူး။ အဂတိ မလိုက်စားကြဘူး။ အတုအယောင် တွေသာ
အဓမ်မမှု၊ အဂတိ လိုက်စားခြင်း၊ လဂ်ယူခြင်းများကို ပြုကြပါတယ်။
 

အဒိန်န ဒါန ကို မ မေ့ မ လျော့ ဆောက်တည်ရာ၏။

Credit all original contributors.

သတင်းချစ်သူ - ဝေဟင်'s photo.သတင်းချစ်သူ - ဝေဟင်'s photo.





လောက်ကိုင်မြို့မှာ အကျဉ်းထောင်ကိုကာကွယ်ရင်း ကျဆုံးသွားတဲ့ ဒုရဲအုပ်စိုးအေးထွန်း.......(ဟာဂျူလီ-ကသာ)
***************************
ဒီကနေ့(၁၈-၂-၂၀၁၅ရက်နေ့) ကသာမြို့အမှတ်(၅)ရပ်ကွက်မှာ ဒုရဲအုပ်စိုးအေးထွန်းအတွက်ရည်စူးပြီး ဆွမ်းကပ် အလှူဒါနပြုခဲ့ပါတယ်၊
ဒုရဲအုပ်စိုးအေးထွန်းဟာ လောက်ကိုင် ဆီအောအကျဉ်းထောင်ကိုကာကွယ်ရင်း ကျဆုံးသွားခဲ့ခြင်း ဖြစ်ပါတယ်၊ သိရတာကတော့
အဲဒီနေ့မှာ ဆီအောအကျဉ်းထောင်နဲ့ ကို ၀င်ရောက်စီးနင်းမယ်ဆိုတဲ့ သတင်းအရ ဆီအောအကျဉ်းထောင်ကာကွယ်ရေးအတွက်
ဒုရဲအုပ်စိုးအေးထွန်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူခဲ့ရပါတယ်၊ ညပိုင်းမှာ ထောင်အ၀င်ဝမှာ တားထားတဲ့ သံတံခါးအနီးကို
ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့ဝင်တွေ စက်လတ်အပါအ၀င် လက်နက်မျိုးစုံနဲ့ ၀င်ရောက်စီးနင်းခဲ့ပါတယ်၊ထောင်မျှော်စင်ကနေ မီးမောင်းထိုးနေတဲ့
အကျဉ်းဦးစီးဝန်ထမ်းကို ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့ဝင်တွေက ပစ်ချလိုက်ပါတယ်၊ အ၀င်ဝမှာ တာဝန်ယူထားတဲ့ ဒုရဲအုပ်စိုးအေးထွန်းဟာ နောက်မဆုတ်ဘဲ
သူတာဝန်ကျရာနေရာကနေ ခုခံပစ်ခတ်တဲ့အတွက် ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားခဲ့ရပါတယ်၊ ဒုရဲအုပ်စိုးအေးထွန်းကတော့
နားထင်အပါအ၀င် ဒါဏ်ရာများစွာရရှိခဲ့ပြီး နေရာမှာတင် ကျဆုံးသွားခဲ့ပါတယ်၊သူအလောင်းဘေးမှာ သူခုခံပစ်ခတ်ထားတဲ့ ကျည်ခွံများစွာတွေ့ရှိခဲ့ရပြီး
သေနတ်မောင်းကွင်းးထဲက လက်ညိုးကို အတော်ဆွဲထုတ်ယူရတယ်လို့လည်း သိရှိရပါတယ်၊
ဒုရဲအုပ်စိုးအေးထွန်းကျဆုံးခဲ့မှုကြောင့် ကူညီထောက်ပံ့ငွေ ရရှိမှုဟာ သိန်း(၆၀)ကျော်သွားပြီလို့လည်း သိရှိရပါတယ်၊
(ဟာဂျူလီ-ကသာ)

တာဝန်ကျေခဲ့တဲ့သူရဲကောင်း ရဲအုပ် စိုးအေးထွန်းကောင်းရာသုဂတိလားပါစေဗျာ။

No comments:

Post a Comment