Thursday, February 26, 2015

ကျောင်းသားများ၏တောင်းဆိုချက် (၁၁) ချက်

ကျောင်းသားများ၏တောင်းဆိုချက် (၁၁) ချက်

၁။ ပညာရေးမူဝါဒများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကျောင်းသူကိုယ်စားလှယ်များ ဆရာ၊ဆရာမ ကိုယ်စားလှယ်များ
ပါဝင်ရန်။
၂။ ကျောင်းသားသမဂ္ဂများ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ၄င်းသမဂ္ဂများ တည်ရှိမှုအပေါ် တရားဝင်အသိအမှတ်ပြုရန်။
၃။ လက်ရှိပြဌါန်းပြီးဖြစ်သော အမျိုးသားပညာရေးဥပဒေတွင် ပါဝင်သည့် အမျိုးသားပညာရေးကော်မရှင်နှင့်တက္ကသိုလ်များပေါင်းစပ်ညှိနှိုင်းရေးကော်မတီ
ဖွဲ့စည်းထားခြင်း။
၎။ ဒေသအလိုက်နှင့်ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင် ပြဌာန်းခွင့်။
၅။ လက်ရှိကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်စနစ်များ ပြင်ဆင်ရန်။
၆။ ကျောင်းသားများလွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်လေ့လာစူးစမ်းသင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ ပြောင်းလဲရန်။
၇။ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကားအခြေပြုဘာသာစကားစုံ ပညာရေးစနစ် (Mother tongue-based
multilingual education) ကို အမျိုးသားပညာရေး ဥပဒေတွင် ထည့်သွင်းရန်။
၈။ မသန်စွမ်းကလေးများအပါအ၀င် ကလေးအားလုံးအတွက် လူတိုင်းအကျုံးဝင်ပညာရေး(Inclusive Education)။
၉။ ကျောင်းသားအရေးခင်းကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်တက်ရောက်ခွင့်။
၁၀။ ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၂၀% သတ်မှတ်နိုင်ရေး။
၁၁။ အခမဲ့မသင်မနေရပညာရေးစနစ်ကို မူလတန်းအဆင့်မှာသာမက အလယ်တန်းအဆင့်အထိ တိုးမြှင့်ကျင့်သုံးရေး။
(ပြည်ပရောက်မြန်မာနိုင်ငံသားတွေ၊ တောတွင်းလက်နက်ကိုင်အဖွဲ့တွေမိမိနိုင်ငံကို ပြန်လာပါလို့ ကတိပေးပြီး ခေါ်ခဲ့ပါတယ်။ ဒီအချိန်မှာ တိုင်းသူ
ပြည်သားတွေ တစ်ခုပျော်ခဲ့ရတာက "သခင်နု"မြန်မာပြည်ရောက်ခဲ့တယ်။ ပျော်လို့မဆုံးခင်မှာပဲ ပြည်သူပြည်သားတွေ သိလိုက်ရတဲ့အသိကဘာလဲ
ဆိုတော့ ရတနာနတ်မယ်ကို အဖေကြီး နေ၀င်းက လက်ထပ်ဖို့လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်ပါလားဆိုတာ။)
ဒီကနေ့လွှတ်တော်ထဲမှာ ဘယ်သူ့ဆွေးနွေးမှု အကြံပေးမှုတွေကို လက်ခံတယ်ဆိုဒါ အပေါ်ယံကြည့်တော့ ရိုးသားသလိုလို- ဒီအချိန်မှာ အချို့တက္ကသိုလ်တွေက
အထူးစီစဉ်ထားတဲ့ ဘောင်းဘီချွတ် ကျောင်းသားတွေကို ခေါ်သွင်းတဲ့ အချက်ပဲ မဟုတ်လား။ ပိုဆူအောင် ပိုပျက်အောင် ဖန်တီးပြန်ပြီ။ နောက်ပြီး အထူးစီစဉ်ထားတဲ့
ဘောင်းဘီချွတ် ကျောင်းသားတွေကို ပေးအပ်မှာ အမှန်ပါ။

No comments:

Post a Comment