Wednesday, April 16, 2014

မြန်မာ့ဒီမိုကရေစီနွေဦး နှင့် နိုင်ငံရေး မီးကြွင်းမီးကျန်များ။


စာရေးသူ ကျွှန်တော်တို့ ငယ်စဉ် အခါက မီးသတ်ဋ္ဌာန များမှာ ယခုနှယ်၊ ယခုလောက် မတိုးတက်သေးပါ။ သို့ဖြစ်   ကျွှန်တော်တို့မြို ရပ်ကွက်တိုင်းမှာ ညစဉ်မီးကင်းစောင့်ကြပါသည်။ မီးကင်း မှာ စောင့်ရန် ကင်းတဲ ရှိသလို ကင်းလည်း လှည့်ရပါသည်။ ကင်းတဲတွင် မီးသတ်ရာ မှာ အသုံးပြုသည့် အခြေခံ လိုအပ်ချက်များ ထားရှိရပါသည်။ ယင်းတို့မှာ ရေပုံး ၊ သဲပုံး ၊ မီးချိတ် ၊ မီးကပ်။ မီးသံချောင်း နှင့် ကင်းလှည့်ရာ တွင် အသုံးပြုရန် အော်လံ သို့မဟုတ် ဂေါ်လံ တို့ ဖြစ်ပါသည်။ လှည့်ကင်း လှည့်သည့် အခါအော်ရသည် မှာ ကျွှန်တော် မှတ်မိ သလောက် အောက်ပါ အတိုင်းဖြစ်ပါ၏။
“မြို့ မိ မြို့ ဖ များခင်ဗျား ယခုအခါ နွေရာသီကျ ရောက်လာပြီ ဖြစ်ပါ သဖြင့် မိမိတို့ အိမ်ရှိမီးကြွင်းမီးကျန်များ ကို လုံခြုံ စွာ သိမ်းဆည်းငြိမ်းသတ် ပြီးမှ အိပ်ကြပါရန် သတိပေး နှိုးဆော် အပ်ပါသည် ခင်ဗျား ” ဟူ ၍ ဖြစ်ပါသည်။
ယခုလို ဒီမိုကရေစီနွေဦး တွင် ရှေးအခါ က နိုင်ငံရေး မီးဒုတ်ကြီးများ မွှေးထား ရှို. ထားခဲ့သော နိုင်ငံရေးမီးများ မှ ကျန်ခဲ့ သည့် နိုင်ငံရေး မီးကြွင်းမီးကျန်များ ရှိနေသေးသည်ကို ပြည်သူလူထုကြီး သတိထားမိကြ မည် ထင်ပါသည်။  ဒေါ်အောင်ဆန်းစုကြည် ကလည်း အခုလို ပြောသွားပါသည်။
  “မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မထွန်းကားသေးပါဘူး။ ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ အခွင့်အရေးတော့ ရနေပါပြီ။ ဒါပေမဲ့လည်း အခုထိတော့ မတည်ထောင်ရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျမတို့မှာ အခွင့်အရေး ရနေပြီ။ ရွေးချယ်ခွင့်လည်း ရှိနေပြီဖြစ်တဲ့အတွက် ဒီအချိန်က ကျမတို့အတွက် အရမ်းကို အကဲဆတ်ပြီး ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့အတွက် အရမ်းကို အန္တရာယ်များတဲ့ ကာလတခုဖြစ်ပါတယ်။”
ဂျာမနီနိုင်ငံမှာ ပြောသည့် စကားကို ညွှန်းပါ၏။ 
DVB ဒီဗီဘီ တင်ပြထားကည်ကို အောက်ဖော်ပြပါ လင့်ခ် ကို နှိပ်ပြီး ဖတ်ပါ။ 


ဤအခြေအနေ နှင့် အချိန် အခါ ကို အောင်မြင်စွာ ကျော်လွှားပြီး ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်လျှောက်လှမ်း နိုင်ရန် ပြည်သူလူထုကြီးကလည်း သတိ ဝီရိယ ရှိရန် လိုမည် ဟုထင်ပါသည်။ ပြည်သူလူထုကြီးက   နိုင်ငံရေးမီးကင်း ဖွဲ့စည်းကာ စောင့်ကင်း လှည့်ကင်း တို့ဖြင့်  လုံ့လစိုက် ကာကွယ် မည်ဆိုပါ က ပန်းတိုင်သို့ မလွဲမသွေ ရောက် ကြမည် ဖြစ်ပါသည်။ သို့ပါသဖြင့် ပဏာမ လှည့်ကင်း အဖြစ် သတိပေး  နှိုးဆော်လို သည် မှာ ၊
“မြို့ မိ မြို့ ဖ များခင်ဗျား ယခုအခါ ဒီမိုကရေစီနွေဦး ကို ရောက်ရှိလာပြီ ဖြစ်ပါ သဖြင့် မိမိတို့ အနီးအပါးတွင်  နိုင်ငံရေး မီးကြွင်းမီးကျန်များကို တွေ့ပါက ကျေးဇူးပြု ၍ ကူညီငြှိမ်းသတ်ကြပါရန် သတိပေး နှိုးဆော် အပ်ပါသည် ခင်ဗျား ”  ဟူ   ဖြစ်ပါသည်။
နှစ်သစ်နှစ်ဦးမှာ ဒီမိုကရေစီ ပန်းတိုင်သို့ အလျင်အမြန် လျှောက်လှမ်းနိုင် ကြပါစေ လို့ ဆုတောင်း လိုက်ပါသည်။

No comments:

Post a Comment