Sunday, March 30, 2014

ချစ်ဦးနော်


  ရေးသူ  ကုလားမင်းသား စရကား။ 



စာရေးသူ ပထမဦးဆုံး အခေါက်ပြည်ပ သို့ ထွက်လာခဲ့ သည်မှာ ၁၉၈၁ခုနှစ် မတ် ၂၉ ရက်ဖြစ်၏။ပါယာလေဘာ လေဆိပ်(Paya Lebar Airport) မှာ ဆင်းသက် ရခြင်း ဖြစ်၏။ ထိုစဉ်က ချန်ဂီ လေဆိပ်မှာ ဆောက်လက်စ ပြီးလုလု ဖြစ်၏။ နောက်ပြန်လှည့်ကြည့် တော့ အတိတ်သည် တရိပ်ရိပ်ပြေွးှားကာ  ကျန်ရစ်ခဲ့ပေပြီ။ စာရေးသူတို့ လည်း ဇရာ၏ အရိပ်အငွေ့များဖြစ်သော ဆံဖြူခြင်း၊ သွားကျိုးခြင်းတို့ကို မျက်မှောက်ပြုလာရပြီဖြစ်ပါ၏။  ထွက်လာခဲ့သည် မှာ မြန်မာနိင်ငံ သင်္ဘောသား အလုပ်အကိုင်ကြီးကြပ်ရေး ဋ္ဌာနခွဲ (ဋ္ဌာနခွဲ)  မှ ပေးအပ်သော တာဝန် ကိုထမ်းဆောင်ရန်ဖြစ်၏။ တာဝန်အရ လစာရင်း၏ တဝက်တိတိ (၅၀%) ကို နိုင်ငံခြားငွေဖြင့်  မိသားစွှုဲငွေ (family allotment) အဖြစ် ဋ္ဌာနခွဲ သို့ ပို့ရပါသည်။ ထို နိုင်ငံခြားငွေကို မြန်မာကျပ်ငွေသို့ လဲပြီး၊ ဝင်ငွေခွန် (၁၀%) ဖြတ်ပြီးနောက် ကျန်ငွေကို  ဋ္ဌာနခွဲ က သင်္ဘောသား မိသားစုအား ထုတ်ပေးပါသည်။ စာရေးသူ၏ မိသားစုမှာ  စာရေးသူ၏ ဇနီး မဟေသီ ဖြစ်၏။ တိုက်ဆိုင်လာ   မဟေသီ ဆိုတဲ့ဝေါဟာရ ရဲ့ ဇစ်မြစ်ကို အနည်းငယ် ရှင်းပြလိုပါသည်။ အမှန်စင်စစ်  မဟေသီမှာ အန္ဒိယ ဝေါဟာရ “မဟီဆီ (mahisi)” ကနေ မြန်မာမှုပြု (transliteration) ခဲ့ခြင်းဖြစ်၏။

   တော်တော်လေရှည်တာဘဲ။ အဲ့ဒါနဲ့  ချစ်ဦးနော်”  ဘာဆိုင်တုံး လို့ ၊ စာရှုသူတွေး နေမည် ထင်ပါသည်။ 

   ဒီလိုပါ မနေ့က ဒီဗွင်္ီဘီ မှာ သတင်း (၂) ခု ကို သတိထား ဖတ်ဖြစ်ပါတယ်။ တခုက အပြစ်အခတ် ရပ်စဲရေးပါ။ နောက်တခုက ၄ နှစ်ဗီဇာပြည့် အလုပ်သမားများ သတင်း ဖြစ်၏။
ဒီသတင်းများက စရကား ခေါ် စာရေးသူအား ချစ်ဦးနော်”  ကို သတိရ စေခဲ့သည်။ သူက ကရင်အမျိုးသမီး ဖြစ်၏။ နာမည်က နော်မေဖော ဟုခေါ်၏။ သင်းသင်းခိုင်ဟုလည်း ခေါ်၏။ ကျွှန်တော်သူ့ကို မမသင်း ဟု ခေါ်ခဲ့ သည်။ သူကကျွှန်တော့်ကို “မောင်” ဟု ခေါ်၏။သူ က ကျွန်တော်ထက် အသက် ၅ နှစ်ခန့် ကြီး၏။ ဒါလောက်ကွာတာ ဘာဟုတ်သေးလဲ။ It is nothing. နတ်သျှင်နောင် နှင့် ရာဇ ဓာတုကလျာ တို့ ဆိုလျှင် အသက် အတော်ပင်ကွာ၏။ နတ်သျှင်နောင် က ၁၆ နှစ် ရာဇ ဓာတုကလျာ က အသက် ၄၀ နှစ်။ 


ထိုစဉ်အချိန်က ဆရာ အောင်လင်း နှင့် ဆရာ တက္ကသိုလ် ဘုန်းနိုင် တို့ ဝတ္တုတွေ က ထိုခေတ်လူငယ်များ ဖြစ်သော ကျွှန်တော်တို့ကို အတော်အတန် ဆွဲဆောင်ွှမ်းမိုး ခဲ့ပါသည်။ ကျွန်တော်ကလည်း ဤ ဝတ္တုများကို ဖတ်သလား မမေးနဲ့ အချို့ စာပိုဒ်များကို အလွတ်ပင်ရ ၏။ ထို့ပြင် စာဆိုတော် စစ်ဘုရင် နတ်သျှင်နောင် ၏ ရတု များကိုလည်း ဖတ်၊ မှတ်၊ အလွတ် ကျက် ခဲ့ ၏။  ဆရာအောင်လင်းရဲ့ ၁)ဗေဒါ ၂) မောင့်မမငြိမ်း တို့ ဖြစ်၏။ တက္ကသိုလ် ဘုန်းနိုင် ဝတ္တုတွေ က ပိုများပါတယ်။ ၁) သူ့ကျွှန်မခံပြီ၊ ၂) ကမ္ဘာကုန်ကျယ်သ ၍ဝယ်၊ ၃) သူငယ်ချင်းလို့ဘဲဆက် ၍ ခေါ်မည် ခိုင်၊ ၄) နွေကန္တာဦး၊ ၅) ဝသန်လေ ချိန်မှန်ကူး၊ ၆) မိုးညအိပ်မက်မြူ၊ ၇) တပြည်သူမရွှေ ထား စသည်များ။
အချိန်အခါမှာ ၁၉၆၇-၆၈ ခုနှစ်။
ကျွှန်တော့ ချစ်ဦးနော်”  က ဖြူဖြူ ညိုညို သွယ်သွယ် ‘ပြာစင်မွန်လတ်၊ မြူဝင်းမွတ်လျှင်၊ ကြာညွတ်ဖရောင်း၊ နေရှိန်ပြောင်းသို့’ ဟု စာဖွဲ့ တင်စားရလောက် အောင် ပျိုမြစ်တင့်တယ်၏။
 သူချစ်ဦးနော်” ကတောင်ငူဇာတိ၊ တောင်ငူမှာနေခဲ့၏။ ဒီတော့ ကျွှန်တော် ရမည်းသင်းမှ မိုင် တရာ ခန့်ဝေးတဲ့ တောင်ငူကို ရက်သတ္တ တပါတ် တခေါက်၊ စာပို့ရထားစီးကာ သွား၏။ သူနဲ့ တပါတ်မှာ ၂ ရက်တွေ့၏။ ချစ်တာကိုး။ ကျွှန်တော် ကရင်ကို ချစ်ပါသည်။ ဒီကြားထဲမှာ စာလည်းမပြတ်ရေးကြ၊ ပြန်ကြ၏။ မြန်မာစာဖြင့်ရေးကြတာပါ။ သူလက်ရေးတွေက ဝိုင်းဝိုင်းစက်စက် လှသလို သူ့စာကမြန်မာပီသပါသည်။ ကျွှန်တော်က နတ်သျှင်နောင် ရတုထဲက စာပိုဒ် အနည်းငယ် 

 “တင့်လှပေဟန်၊
ဘက်မရန်တည့်၊
ခြေက်တန်နတ်ရွာ၊
ဘုံကလာသို. ဟု၊” စသဖြင့် တင်စားရေးလျှင်၊ သူကလည်း ပြန် ၍ ၊
“ချစ်စထုံးနှောင်၊
ပျော်ရအောင်ဟု၊
သန်ခေါင်မဟူ၊
အတူမခွဲ၊
ဝါးရုံဝါးစေး၊
သစ်ကျားဘေးကို၊
မတွေးဆံဖျား၊
မလေးစားတည့်” စသည်ဖြင့် ကျွှန်တော် တနယ်တကျေးမှ စွန့်စားလာသည်ကို အသိအမှတ်ထား၏။ ထိုစဉ်က ရန်ကုန်-မန်းတလေး ရထား လမ်းတ လျှောက် သိပ်စိတ် မချ ရသေးပါ။ ပြီးတော့ ၆၇ မှာထင်ပါတယ်။ အရေးအခင်း တခုလည်း ဖြစ်ခဲ့ပါသည်။

ကရင်လည်း မြန်မာစာပေ ကို မြတ်နိုး တန်ဘိုးထားကြောင်း ထို အချိန်ထဲက ကျွှန်တော်သိခဲ့၏။ တကယ်တော့ ကရင်များမှာလည်း ဗမာပါ၊ သွေးချင်း သားချင်း တွေဖြစ်ပါသည်။ ဘယ်လိုပန်းမျိုးကို ကြိုက်သလဲ ကျွှန်တော် က မေးစဉ် ကျွှန်တော့်  ချစ်ဦးနော်” ကပြော ခဲ့တာ။ သူက နှင်းဆီကို ကြိုက်တယ် တဲ့။ ကျွှန်တော် က နှင်းဆီက ဆူးတွေနဲ့ စပါယ် မကြိက်ဖူးလား ဆို တော့ သူကပြန်ပြောတယ်။ “စပါယ်က ကြွေလွယ်တာ တခုထဲရယ် ” တဲ့။ ဟုတ် ပါတယ်။ မြန်မာ သမီးငယ်တို့ကို ဒီစာမျက်နှာက နေ မှာလိုတာက ချစ်ဦးနော်”  ပြောသလို နှင်းဆီကဲ့သို့ ဖြစ်ပါစေ။
တောင်ငူရောက်ရင် ကျွှန်တော်ရှာဖွေတာက   ကေတုမတီ နန်းတော်၊     နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာတို့ တွေ့ခဲ့တဲ့ နေရာ၊ ဘုရင်နောင်ကျော်ထင် နော်ရထာ နှင့် အတုလ သိရီ (Atula Seri) ခေါ် မဟာရာဇဒေဝီတို့ မညားမီ မင်းကြီးညို မသိအောင် တိတ်တိတ် ချိန်းတွေ့ တဲ့ နေရာ တွေ ဖြစ်ပါတယ်။ ဘုရင်နောင် မင်းကြီးရဲ့ သမိုင်း အကျဉ်းကား။



·  King BAYINNAUNG [Prince Shin Ye Htut], 3rd King of Burma [11.1.1551] - [xx.11.1581], born 13th February 1516, son of Prince Mingyiswe, and his wife, Princess Shin Myo Myat; Crown Prince of Burma [xx.1.1531] - [xx.5.1550], crowned King on 12th January 1554, he launched a campaign of conquest, including Manipur (1560) and Ayutthaya (1569) and made Taungoo the most powerful state in Southeast Asia, he had extended his borders from Laos to Ayutthaya, near Bangkok, although his greatest legacy was the integration of the Shan States into the Irrawaddy-valley-based Burmese kingdoms, which eliminated the threat of Shan raids into Upper Burma, an ongoing concern to Upper Burma since the late 13th century; married 1stly, Mahayazadewi (Queen) Atulathiri, daughter of King Minkyinyo of Tungoo (see above), married (b), Sandadewi (Queen) Thiri Hponhtut, former wife of King Minkhaung of Prome (see above), married (c), Queen Yazadewi, married (d), Lady Khin Pyezon, a commoner, and had issue. He died on 9th November 1581 in Pegu.



  သူက သတ္တမနေ့ ဥပုဒ် အသင်း (Seventh Day Advantist Mission) အသင်းဝင်ဖြစ်၏။ ရန်ကုန် ဦးဝိစာရလမ်း အမျိုးသား ရေကူးကန် နှင့် မျက်စောင်းထိုးတွင် (Seventh Day Advantist Mission) ရှိခဲ့၏။ ယခုလည်းရှိဆဲ ဟုထင်ပါသည်။  ကျွှန်တော် တောင်ငူရောက်လျှင် မမသင်း နဲ့ အသင်းရဲ့ ကျောင်းတော် (not a Church but a Chapel) မှာတွေ့၏။ သူက အဖွဲ့နှင့်တေးဂီတများဖြင့် ဓမ္မတေးများ သီဆို ကြ၏။ ထိုစဉ်က ကျွှန်တော် သိပ် မလေ့လာ နိုင်ခဲ့ပါ။  မ္မာကျမ်းစာ နှင့် သခင် ယေရှု ခရစ်တော် စသည်ဖြင့် အနည်းအကျဉ်းမျှသာ ဖြစ်၏။ နောင်မှသာ ဓမ္မဟောင်း (old testament) နှင့် မ္မသစ် (new testament) စသဖြင့် လေ့လာ သိရှိ ခဲ့ပါသည်။ ကရင်အမျိုးသားများနှင့် ကျွှန်တော်တို့ ချစ်ခင်ကြ၏။ ကျောင်းတုံးက စဝင်းမြင့်၊ဂျော်လီ စသော သူငယ်ချင်း တော်တော်များများ ရှိ၏။ တောင်ငူရောက်လျှင် ကျွှန်တော် ကောက်ညှင်း တင်းဝါး စား၏။
၁၉၆၉ မှာ ကျွှန်တော် ဆယ်တန်းကျပြီး မြစ်ကြီးနားကို ဦးလေးမိသားစု နှင့်လိုက်သွား တော့၊ ကျွှန်တော့်  ချစ်ဦးနော်” နှင့် ကျွှန်တော်  ဝေးကွာသွားခဲ့ပါသည်။  မစ်ကြီးနား ရှမ်းစုရပ်က အလယ်တန်းကျောင်းလေး မှာ ဖွင့်တဲ့  လူငယ့်ရေးရာ ညကျောင်းမှာ ကျွှန်တော် ကျောင်း ဆက်တက်ခဲ့ရပါတယ်။ နေ့ကျောင်းမှာ (၂) နှစ်တက်ခဲ့ပြီးတာမို့ နေ့ကျောင်း ဆက်တက်ခွင့်  မရတော့ပါ။ ဒါက မြန်မာတနိုင်ငံလုံး အတူတူပါ။ တမူတည်း ဖြစ်ပါသည်။ အဲ့ဒီမှာ ကျွှန်တော့် ဆွေမျိုး ကရင်များကို ထပ်တွေ့ ခဲ့ပါသည်။ ကျောင်းက မှတ်မိသမျှ ဆရာ၊ဆရာမ များမှာ mr. Francis (ဖရန့်စစ်)- အန္ဒိယနွယ်ဖွား၊ အင်္ဂလိပ်ဘာသာ ပြ၏။ သင်္ချာ တရုတ် နွယ်ဖွား- ဦးမြင့်လွင်၊ ရူပ ဦးဝင်းမြင့် 
နှင့် ဓာတု ဒေါ်မြင့်မြင့် တို့ဖြစ်၏။ ရူပ ဆရာ နှင့် ဓာတုဆရာမ တို့က မောင်နှမ ဖြစ်ပြီး၊ သျှမ်းအမျိုးသားများဖြစ်ကြပါသည်။ စာရေးသူက လည်း အမေဖက်က သျှမ်းသွေးပါ၏။ အတန်းပိုင် ဆရာမ က မော်ရင်းပိုး (Maureen Poh)။ သူက ကရင်အမျိုး သမီး။ အစ်မ သဖွယ် ရင်းနှီးစွာ စာသင်၏။ သူက အင်္ဂလိပ်စာ သင်၏။ ကျွှန်တော် အသံထွက်တာ မမှန် တဲ့ (Victorious) ဆိုတဲ့ အင်္ဂလိပ် ဝေါဟာရ ၏ အသံထွက်ကို သေချာ ပြင်ပေးခဲ့၏။ 
  ကျွှန်တော် မြစ်ကြီးနား ရောက်မှ၊ စာပေ ဟောပြောပွဲ နားထောင်ဘူးခဲ့၏။ ဟိုတုံးက စာပေ ဟောပြောပွဲတွေ ဒီလောက် ခေတ် မစားသေးပါ။ အဲ့ဒီမှာ ဆရာ ဆန်းထွန်း( မန်း တက္ကသိုလ်)၊ ယုဝတီ ဂျင်းဖောမယ် (ဒေါ်ခင်ဖုန်းတင့် ဖြစ်မည် ထင်ပါသည်။ မသေချာ ပါ)။ ယုဝတီ ဂျင်းဖောမယ် ဆိုတာတော့သေချာ၏။ သူက ဖြူဖြူ ထောင်ထောင်မောင်းမောင်း၊ အမျိုးသမီးများထဲမှာ အရပ်အမောင်းကောင်းသူဖြစ်၏။ အပြောအဟော ကောင်း ဟာသလည်းနှော၏။  ဆရာ ဆန်းထွန်း က၊ တေးကဗျာတွေ၊ တေးထပ်တွေ အရွတ်ကောင်း၏။ နောက်တဦးမှာ  ဆရာ ဗန်းမော် ညိုနွဲ့ ဖြစ်၏။ နာမည်ကြောင့် အမျိုးသမီး ဆရာမ ဟုထင်ခဲ့တာ မှားသွား၏။
ဆရာ ရဲ့ “လဘက်ရည်ကြမ်းဝိုင်း” မှာ  အထက်တန်း ကဗျာ လက်ရွေးစင် သင်ရိုးတွင်ပါ၏။ ဆရာ့နာမည်ရင်းမှာ ဦးပုထွေးဖြစ်၏။  ဤကဗျာနှင့် ပတ်သက် ၍ သီးသန့် ခေါင်းစဉ်တခုဖြင့်ရေးပါမည်။ 
 
   ကျွှန်တော် ရူပ နှင့်ဓာတု နှစ်ဘာသာ ဂုဏ်ထူးဖြင့် ၁၀တန်းအောင်ခဲ့၏။ ၁၉၇၀ ခုနှစ်ဖြစ်ပါသည်။ 
ဆရာဦးမြင့်လွင်က သူ့သင်္ချာတော့ ဂုဏ်ထူးယူမပေးဘူးဆိုကာ စိတ်မကောင်းဖြစ်၏။ သင်္ချာ မှာ ၇၅ မှတ် ဘဲရခဲ့၏။ ထိုစဉ်က အမှတ် ၈၀ ပြည့်မှ ဂုဏ်ထူး ရ၏။  ကျွှန်တော် ဆရာမ က မော်ရင်းပိုး ရေစက်ဆုံ   ရန်ကုန်စက်မှု တက္ကသိုလ်မှာ ပြန်တွေ.ခဲ့ ကြသေး၏။ နောင်တော့ မတွေ့ကြတော့ပါ။ သူအင်္ဂလိပ်စာဋ္ဌာန သို့ ပြောင်းလာခဲ့ခြင်းဖြစ်၏။
အဲ့ဒီတုံး ကျောင်းသွားဖော်သူငယ်ချင်း မိတ်ဆွေ တချို့ ကို မှတ်မိသလောက် ရေးပါမည်။ ချင်းအမျိုးသား ငိုထိပ်ပြောင် နှင့် ရစ်ချတ်၊ သျှမ်းအမျိုးသား စောညွန့်ဝင်း၊ ကရင် ညီမလေး နော်ခရစ္စ တယ်လ်(Chrystal)၊ တပ်ကြပ်(ဆရာ) မောင်မောင်(COD)၊ မြမြ (တပ်ရင်း အရာခံဗိုလ်၏ သမီး)  နှင့် အခြား ရှိသေး၏။ နောင် သတိရမှ ထပ်ရေးပါမည်။ ဆရာမောင်မောင် နှင့် စာရေးသူ တို့ အတော်ခင်မင်ရင်းနှီးကြ၏။ အတန်း အတူတူတက်ကြ၏။ သူတို့ COD နှင့် ကျွှန်တော်တို့ ခလရ(၁၃) မှာ သိပ်မဝေးပါ။ လမ်းနည်းနည်း လျှောက်သွားရုံနှင့် ရောက်၏။ ဒီအကြောင်းများ နောင် ခေါင်းစဉ် တခုဖြင့် ရေးပါမည်။
ကျွှန်တော့်  ချစ်ဦးနော်” နှင့် နောက်ဘယ်လိုဖြစ်လဲ ဆိုတာလည်း နောင်မှဆက်ရေးပါမည်။  ဒီလောက်ဆို  စာရေးသူ ၏ တိုင်းရင်းသားတို့ နှင့်ရင်းနှီးမှု၊ သံယောဇဉ် ရှိမှု ကို အနည်းအပါး သိလောက်ပါပြီ။ 

    ယခု အဓိက ရေးသားတင်ပြလိုသော အကြောင်းကို ရေးပါမည်။  အဲ့ဒါကတော့  ယိုးဒယားရောက် တိုင်းရင်းသား လူငယ်အလုပ်သမားများ အရေးဖြစ်ပါသည်။ ဖတ်ရန် အောက်ကလင့်ခ်ကိုနှိပ်ပါ။ သူတို့ထဲမှာ ကျွှန်တော့်  ချစ်ဦးနော်” နှင့် ကျွှန်တော်တို့ အမျိုးတွေ တော်တော်များများ ပါ နေမှာ သေချာပါ၏။ ဘယ်တော့များ အမိနိုင်ငံသို့ ပြန်ခေါ်ကြမှာပါလဲ။ နောက် ၆ လ တော့ အနည်းဆုံး ရုန်းကန်ကြရ ပါဦးမည်။  ဒီ ၆ လ ဗွီဇာ မကုန်မီ တခုခု စီစဉ်ပေးကြရန်သင့်ပါသည်။ အပြစ်အခတ် ရပ်စဲရေး လည်း သေချာစွာ လုပ်တော့မည်ဆိုတော့ တကယ့်ငြိမ်းချမ်းရေး ကိုလည်း မဝေးတော့ဘူးဟု မျှော်လင့်ရပေသည်။ အပြစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ကို အကောင်အထည် ဖော်နေကြတဲ့ ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖက်ဖက်မှ ခေါင်းဆောင်များ ကို ကျေးဇူးတင်စွာ  အလေးပြုလိုက်ပါသည်။
   စာရေးသူလည်း ၁၉၈၃-၈၄ က ဘန်ကောက်မှာ တရားဝင် နေပြီး အလုပ်ရှာစဉ်က ဆိုးတဲ့  ယိုးဒယား လဝက တချို့ကို တွေ့ ခဲ့ဘူးတော့ သူတို့လေးများရဲ့ ဘဝတွေ ဘယ်လိုရှိမယ်၊ ဘယ်လို ရုန်းကန်နေရမယ်  ဆိုတာ စာနာနားလည် နိုင်ပါသည်။ ယိုးဒယားမှာ ရော တခြားတိုင်းပြည်များမှာပါ  ဘဝတခုလုံး မြှပ်နှံပြီး အများအကျိုးကို သည်ပိုးနေကြတဲ့ အမျိုးသား သူရဲကောင်း ရဲမေ၊ ရဲဘော် အပေါင်း (နာမည်တွေရေး ရင် အများကြီး၊ကျန်သွားမှာလည်းစိုးတယ်။ ကမ္ဘာကြီး တခုလုံးကသိပါတယ်။) ကိုလည်း ကျေးဇူးတင်စွာ အလေးပြုလိုက်ပါသည်။

အောက်က လင့်ခ်များကို နှိပ် ပြီးဖတ်ပါ။





{စကားချပ်။ ဤစာကို ဝတ္တု  အမျိုးအစားတွင် ထည့်ပါမည်။ မူလ ရည်ရွယ်ရင်းကတော့ သမိုင်း ဆရာကြီး တောစိန်ကို အကြမ်းရေးခဲ့တဲ့ “Burmese Sketches” ကို  အခြေခံ   “Reconstruction of Burma – the Golden Land” လို့ အထောက်အထားများ ခိုင်လုံစွာရှာ ရေးနေခြင်းဖြစ်ပါသည်။ ဒီနေရာမှာ လည်း သူရေးဆွဲခဲ့တာ မပီပြင်ရင်၊ မှားနေတာကို ယနေ့ထိ တွေ့ရှိထားသော အထောက်အထား များနဲ့ သေချာစွာ ပြင်ရေးခြင်း ဖြစ်ပါသည်။}

ဒီအခါ သမယ မှာ မြန်မာများဆိုရမဲ့  သီချင်းက 








No comments:

Post a Comment