Sunday, March 2, 2014

A good poem from စံပယ်ချို

{source:  စံပယ်ချို blog}
 
ငါ့ ရင်ဘတ်တခုထဲ
ကုဋေကုဋာ ဝေဒနာတွေ
လာပြီးစုအောင်းနေတာ
ငါ နားလည်စွာနဲ့ ခွင့်လွတ်လျှက်ပါ ။
 
ညဉ့်နက်နက် ရင်ခွင်အောက်က
ချစ်ရသူရဲ့ ပဲ့တင်ထပ်နေတဲ့
အသက်ရှုသံ ခပ်မျှင်းမျှင်းလေး
ပြန်ကောက်လို့မရအောင်ကို ကြေမွသွားခဲ့တာလားကွယ်။
 
လေးရာသီရှိနေတဲ့ အရပ်ဒေသတခု
ရာသီတွေရဲ့ လျှိုဝှက်ချက်တွေက
ချစ်ရသူ သူ့ အတိုင်းပါပဲ
အသီးမတင်တဲ့ အပင် ထွားကျိုင်းသတဲ့လေ။
 
ညအချိန်ရောက်လို့
အမှောင်ဖြစ်တာလား
အမှောင်ရောက်လာလို့ ညဖြစ်တာလားတဲ့
ငါ နေတဲ့ အရပ် ည ၁၀ နာရီမှ နေ၀င်တယ်ချစ်သူ။
(နွေရာသီကာလ)
တဖြေးဖြေးနဲ့ လျောဆင်းလာတဲ့
ချစ်သူရဲ့ သမုဒ္ဒယ
ပြန်ပြီး ယုယ ဖို့ အင်အားက  နတ္ထိ။
 
သိက္ခာတွေ ချရောင်းရတဲ့ သူတချို့
ယာမကာထဲ အသည်းစိမ်တဲ့ လူတချို့
အပျော်သန့်သန့်မဟုတ်ပါပဲ
ရမ္မက်နဲ့ရောပြီးပျော်တတ်တဲ့ လူတချို့
ဝမ်းတထွာ စားစရာအတွက်ဆိုပြီး
သိက္ခာ တွေချရောင်းနေတဲ့ လူ တချို့
များလှစွာသော လူအထွေထွေကြားထဲ
ချစ်သူ မင်းရဲ့ မရှိမာန ခိုမြဲပါစေ
တည်တန့်ပါစေ။
 
မိုးလေ၀သတွေ တူညီပြီး
ကမ္ဘာကြီး တခုလုံး အုံ့ မှိုင်း နေခဲ့ရင်တောင်မှ
ငါ့ ရဲ့ တွယ်တာမိတဲ့စိတ်က ချစ်သူအတွက်
တုံ့ ဆိုင်းနေမည်မထင်ပါ။
 
မဟာ မဆန်တဲ့ ကျွန်မရဲ့ ကဗျာ
ကာရံ မပါတဲ့ ကျွန်မရဲ့ ကဗျာ
ဒါပေမဲ့လည်း ချစ်ရသူအတွက်
ရင်ဘတ်ကြီးနဲ့ ခံစားပြီးရေးထားတာပါ။
 
jasmine 
 
 
 

No comments:

Post a Comment