မြန်မာ့စွမ်းအင်ဖြည့်ဆည်းပေးရန် PTTEP က သဘာဝဓာတ်ငွေ့ ၂ ဆ တိုး ဖြန့်မည်
{source: DVB }
ကောက်နှုတ်ချက်အချို့ကို အောက်မှာ ဖော်ပြပါသည်။
ဇောတိက စီမံကိန်းက ရန်ကုန်မြို့ရဲ့တောင်ဘက် ခန့်မှန်းခြေ
ကီလိုမီတာ ၃၀၀ အကွာ မုတ္တမကမ်းလွန်ပင်လယ်မှာ တည်ရှိပါတယ်။ ဒီစီမံကိန်းကို
၂၀၀၇ ခုနှစ်မှာ M11 လုပ်ကွက်နဲ့ M9 လုပ်ကွက်တို့ကနေ သဘာဝဓာတ်ငွေ့တွေ
များစွာတွေ့ရှိခဲ့ပြီးတော့ ဇောတိကစီမံကိန်းဆိုပြီး အမည်တွင်လာတာပါ။
ဇောတိကစီမံကိန်းမှာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက
ရှယ်ယာ၂၀ ရာခိုင်နှုန်းနဲ့ ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီက ရှယ်ယာ ၈၀
ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်ထားပါတယ်။
လူငယ်များအတွက် ဗဟုသုတ အလို့ငှာ အောက်ပါ အကြောင်းအရာများ ကို တင်ပြဆွေးနွေးလိုပါသည်။
ယခင်က မြန်မာနိုင်ငံတွင် MOC (Myanma Oil Corporation)
ဆိုတာရှိခဲ့ပါသည်။ စာရေးသူ ဘွဲ့ရကာစ ၁၉၇၇ တွင် MOC နှင့် အခြား အစိုးရ ဋ္ဌာနကြီးများမှာ
ကျိုးစား အလုပ်ရှာဖွေခဲ့
၏။ မရသဖြင့် ပြည်ပနိုင်ငံများသို့ ထွက်လာခဲ့ရခြင်းဖြစ်ပါသည်။
MOC မှနေ ၍ ၁၉၉၀ နောက်ပိုင်း(အတိအကျမမှတ်မိပါ) တွင် MOGE (Myanma Oil and Gas Enterprise) ဟုနာမည်ပြောင်းခဲ့ပါသည်။ MOGE( မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း)။
ယခုအခါ
ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းများစွာ အောင်မြင် နေရာ၊ မြန်မာ
အင်ဂျင်နီယာနှင့် အမှုထမ်းများ မည်သို့ပါဝင် ပါသလဲ။ ပြည်ပရောက်နေသူများနှင့်
ဘွဲ့ရကာစ ကျောင်းပြီးစ လူငယ်များ အတွက် အခွင့်အလမ်း မည်သို့ ရှိပါ သလဲ။
စပ်မိသဖြင့်
စာရေးသူ ၏ အတွေ့အကြုံကို
မျှဝေ(ရှယ်) လိုပါသည်။ ၁၉၇၉-၈၀ ခုနှစ်ခန့်ကဖြစ်ပါသည်။ ဘွဲ့ရပြီး ပြည်ပတွင် အလုပ်သွားရောက်
လုပ်ရန်ကျိုးစားနေချိန်ကဖြစ် ၏။ လေ့လာစူးစမ်းလိုမှု နှင့် အတွေ့မကြုံ ရှာနေခြင်းလည်းဖြစ်
၏။ မြန်မာ့ရေတပ်မတော် ရန်တိုင်းအောင် ရေယဉ်တွင် နေ့စား ဝင်လုပ် ၏။ စာရေးသူ ၏ တာဝန်မှာ
Leading ခေါ် တပ်ကြပ် ဆရာမြင့်လွင် နှင့် ဝါယာရင်း (ဓါတ်အားကြိုးများ) ကို လိုက်လံစစ်ဆေးရပါသည်။
ဆရာမြင့်လွင်နှင့် စာရေးသူ ဤ
ရေယဉ်တွင် စတင်တွေ့ရခြင်းဖြစ်သော်လည်း ဆက်ဆံရေးမှာ ညီအကို သဖွယ်
ရောင်းရင်းများကဲ့သို့ ဖြစ်ခဲ့ပါ သည်။
တနေ့သ
၌ ဆရာမြင့်လွင် တို့ မီးစက်=လျှပ်စစ်ဓါတ်အားပေးစက်( Diesel Engine Generator) နှိုးသည်ကို
လေ့လာဖြစ် ၏။ မီးစက်မှာ
Cummins ဖြစ်မည်ထင်ပါသည်။ ရေယဉ်မှာ ၁၉၄၃ က တည်ဆောက်ခဲ့သည့် အမေရိကန် စစ်ရေယဉ်ဟောင်းဖြစ်
၏။ မီးစက်လည်စပြုသောအခါ၊ လူတယောက်က မီးစက် စတတ်တာ (Starter panel) အတွင်းမှ သံလိုက်
ကပ်ခွာ (Magnetic Contactor) ကို သုံးမြှောင့်ပုံ သပ်တခု လျှိုသွင်း ၍ တူနှင့်ရိုက် ၏။ ဘာဖြစ်လို့ အဲ့ဒီလို လုပ်ရပါသလဲလို့
စပ်စုမိ ၏။ ဆရာမြင့်လွင် က ပြောပြသည်။ သံလိုက် ကပ်ခွာ (Magnetic Contactor) က အလိုအလျှေက်ပြန်ထွက်ရမှာ
ဖြစ်ပေမဲ့ ပုံမှန်အလုပ် မလုပ်ကြောင်း။ သို့်ဖြစ် ၍ သတ်နှင့်တူသုံးကာ ရိုက်နှက်ခွာရ တဲ့အကြောင်း။
ထိုအခါစာရေးသူက
စတတ်တာ (Starter
panel) ကဲ့သို့ လျှပ်စစ်ကရိယာများမှာ နုနယ် (fragile) ကြောင်းနှင့် ခွင့်ပြုမယ်ဆိုရင်
လေ့လာပြုပြင်လိုကြောင်းပြောရာ၊ သူက ဝမ်းမြောက်ဝမ်းသာ လက်ခံခွင့်ပြု ၏။
စာရေးသူက
“ကျနော်တို့က ကျောင်းဆင်းစ အတွေ့အကြုံ နည်းသေး ၍ drawing
, schematic diagram စသော ထုတ်လုပ်သူ
၏ ပြုပြင်ထိန်းသိမ်းရေး လမ်းညွှန်စာအုပ်လိုကြောင်း ပြောပါသည်။ သူက မာလိန်စင်
(Wheel House) ခေါ် ရေယဉ် ထိန်းချုပ်မောင်းနှင်ခန်းမှာ ရှိနိုင်သည်ဟု ဆိုကာ နှစ်ယောက်သား
မာလိန်စင် သို့ တက်ခဲ့ကြပါသည်။ ရှာဖွေရာ ဟောင်းနွမ်းနေပြီဖြစ်သော စာရွက်တွေထဲမှ၊ schematic diagram
ကိုတွေ့ကြ ၏။ စာလုံးများမှာ
သေးငယ်လှသဖြင့် မာလိန်စင် တွင် တွေ့သော မှန်ဘီလူးဖြင့် စာရေးသူက ဖတ်၊ ဆရာမြင့်လွင်က
စာရွက်လွတ်တွင် လိုက်ရေးပါသည်။ ထိုနေ့ညနေမှာ ဖတ်ခြင်းရေးခြင်း ဖြင့် အချိန် အတော်ပင်ကုန်ခဲ့
၏။ သို့သော် နောက်နေ့တွင် စစ်ဆေးရမည့် ဝါယာနံပါတ်များကို သိရပြီဖြစ် ၍၊
စာရေးသူပျော်ရွှင်နေခဲ့
၏။ နောက်နေ့တွင် ဆရာမြင့်လွင် ကတခြား အလုပ်များလည်း ရှိနေသေးသဖြင့် လုပ်နေရသည်။ စာရေးသူက
တယောက်တည်း စတတ်တာ (Starter panel) အတွင်း အပြစ်ရှာခြင်း (trouble shooting or
fault finding) ဆက်လုပ်ခဲ့ ၏။ တနာရီခန့် ကြာမည်ထင်ပါသည်။ ဝါယာတပင်မှာ schematic diagram
အတိုင်းမဟုတ်ပဲ မှားယွင်းစွာ ဆက်သွယ် ထားသည်ကိုတွေ့ရှိခဲ့ ၏။ ထိုနောက်
ဆရာမြင့်လွင် နှင့်တွေ့ကာ အသေးစိတ်ရှင်းပြပြီး ဝါယာကို schematic diagram
အတိုင်း ပြောင်းရွှေ့ ပြီး မီးစက်ကို
နှိုးကြည့်လို ကြောင်းပြောပါသည်။ သူကလည်း အင်ဂျင်နီယာ အရာရှိ (Enginer officer=EO
ကြီး)၊ (RIT ကျောင်းဆင်းပင်ဖြစ်
၏။ သို့သော်သူက စက်မှုအင်ဂျင်နီယာဖြစ်ပါသည်။) ၏ ခွင့်ပြုချက် တောင်းရဦးမည်ဖြစ် ၏။ထိုစဉ်က
ဒီဇယ်ဆီ(diesel oil) ရှားပါသည်။ မီးစက်=လျှပ်စစ်ဓါတ်အားပေးစက်(
Diesel Engine Generator) တို့မှာ ဒီဇယ်ဆီ
ဖြင့်သာမောင်းရပါသည်။ ဈေးပေါသော ဆီမည်းများ(Heavy Oil) ဖြင့်မောင်း ၍ မရပါ။
နေ့လည်တွင်
ဆရာမြင်လွင်နှင့် စာရေးသူတို့ နှစ်ဦးသား ဝါယါရင်း ကို ပြင်ဆက်ပါသည်။
တပင်တည်း လဲဖြစ်၊ လျှပ်စစ် အလုပ်များမှာ အပြစ်ရှာရာမှာ ခက်ခဲအချိန် ကြာတတ်သော်လည်း
အပိုပစ္စည်း ရှိက မြန်မြန် လုပ်နိုင်
သောကြောင့် မိနစ်ပိုင်း အတွင်းပြီး ၏။ ပြီးလျှင် ဆရာမြင့်လွင်က အင်ဂျင်နီယာ
အရာရှိ EO ထံ သတင်းပို့ပြီး EO ကြီး ဦးစီး ၍ မီးစက်ကို
နှိုးကြပါသည်။ သံလိုက် ကပ်ခွာ
(Magnetic Contactor) မှာ အလိုအလျှောက်(automatic) ကွာပြီး၊ နှိုးမော်တာ (cranking
motor, battery operated) မှာလည်း ဂီယာဘောက် (gear box) မှ အလိုအလျှောက် ထွက်ခွာ(auto
disengage) ပြီး၊ မီးစက် အင်ဂျင်မှာ ပုံမှန် အလုပ်လုပ် ပါ သည်။ ဆရာမြင့်လွင် ၏ ပျော်ရွှင်နေသော မျက်နှာကို စိတ်အာရုံတွင်
ယခုတိုင် မြင်နေပါသည်။
ဤဝါယာရင်းမှားယွင်းမှုမှာ မတော်တဆ ဖြစ်နိုင် သလို
ယခင်ကတာဝန်ကျပြီး ထွက်သွားသူတဦးက မညီညွတ်၍ တမင်လုပ်ခဲ့တာလည်း
ဖြစ်နိုင် ပါ ၏။ မည်သူသိနိုင်ပါမည်နည်း။
တမင်လုပ်ခြင်းဖြစ်ပါက ဤ
အပြုအမူမှာ မကောင်းပါ။ နိမ်ကျသော စိတ်ဓါတ် နှင့် အပြုအမူ ဖြစ်သည်ဟုဆိုနိုင်ပါသည်။
မြန်မာများ သည် တဦးချင်းတော်ကြပါ
၏။ ပူးပေါင်းဆောင်ရွက်ရာတွင်မူ အာနည်းသည် ဟုမြန်မာများဆိုကြပါသည်။ နိုင်ငံခြားသား အချို့က ပြောကြပါသည်မှာ
Burmese are very individual. တဦးချင်း၊တကိုယ်ကောင်းဖြစ်နေကြ ၏။
၁ x ၁ =၁ နှင့် ၁+၁=၂ ကို ဥပမာ ပေးလိုပါသည်။ မြန်မာစကားပုံတွင်လည်း၊ “တယောက်အားနဲ့ ယူသော်မရ၊ တသောင်းအားနှင့် ယူသော်ရ ၏။” ရှိပါသည်။တစ်ဦးနှင့်တဦးပေါင်းမှသာ တဖွဲ့ ဇြစ်ပါ မည်။ မြှောက်နေခြင်း၊ပြိုင်နေခြင်းဖြင့် အကျိုး မများနိုင်ပါ။
၁ x ၁ =၁ နှင့် ၁+၁=၂ ကို ဥပမာ ပေးလိုပါသည်။ မြန်မာစကားပုံတွင်လည်း၊ “တယောက်အားနဲ့ ယူသော်မရ၊ တသောင်းအားနှင့် ယူသော်ရ ၏။” ရှိပါသည်။တစ်ဦးနှင့်တဦးပေါင်းမှသာ တဖွဲ့ ဇြစ်ပါ မည်။ မြှောက်နေခြင်း၊ပြိုင်နေခြင်းဖြင့် အကျိုး မများနိုင်ပါ။
ထိုနောက် စာရေးသူ ရေကျောင်းအင်ဂျင်နီယာ
အဖြစ် တာဝန် ထမ်းစဉ် ထိုင်ဝမ်ခေါ် ဖော်မိုဆာ ကျွှန်းသို့ အကြိမ် အနည်းငယ်ရောက်ခဲ့ပါသည်။
သူတို့ဆီမှာ စာအုပ်များပေါ၊ အဝတ်အထည်များလည်းပေါ ၏။
စာရေးသူ အင်ဂျင်နီယာ စာအုပ် များဝယ်ဖြစ်ခဲ့ပါ သည်။ ရည်ရွယ်ချက်မှာ ပြည်ပတာဝန်များပြီးက
ရေကြောင်း အင်ဂျင်နီယာကျောင်းတွင် စာသင်ပြရန်ဖြစ် ၏။ အချိန်မှာ ၁၉၈၆-၈၇-၈၈ ကဖြစ်ပါ
၏။ သို့သော်စာရေးသူ အိပ်မက် အကောင်အထည်ပေါ်မလာ။ မိမိ အားထုတ်မှု နည်းလို့ဖြစ်ပါလိမ့်မည်။
စာရေးသူ ဖော်မိုဆာ ကိုရောက်သည့် အခါများက မိတ်ဆွေများ ရှိခဲ့ ၏။ အင်မတန် ခင်မင်ဘို့ကောင်း ၍ လှိုက်လှဲပြူငှာ ရှိကြပါသည်။ စာရေးသူအား တရုတ်စကားပြော (Mandrin Speaking) လည်းသင်ပေး ၏။
စာရေးသူ ဖော်မိုဆာ ကိုရောက်သည့် အခါများက မိတ်ဆွေများ ရှိခဲ့ ၏။ အင်မတန် ခင်မင်ဘို့ကောင်း ၍ လှိုက်လှဲပြူငှာ ရှိကြပါသည်။ စာရေးသူအား တရုတ်စကားပြော (Mandrin Speaking) လည်းသင်ပေး ၏။
စာရေးသူ ဤ အကြောင်းအရာများကို ရေးသားခြင်းမှာ ပြန်လည်တည်ဆောက်နေသော
မြန်မာပြည် အတွက် တတပ်တအား အုတ်သစ်တလုံး သည်ဆောင်ပေးခြင်း ကဲ့သို့သာဖြစ်ပါသည်။
ဤစာမျက်နှာမှတဆင့် မြန်မာလူငယ် မောင်မယ်မျာကို မှာလို သည်မှာ “တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည်” ဆိုတဲ့ဆောင်ပုဒ်ကို ကိုင်စွဲပြီး အထူးကျိုးစားကြရန်ဖြစ်ပါသည်။
ဤစာမျက်နှာမှတဆင့် မြန်မာလူငယ် မောင်မယ်မျာကို မှာလို သည်မှာ “တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည်” ဆိုတဲ့ဆောင်ပုဒ်ကို ကိုင်စွဲပြီး အထူးကျိုးစားကြရန်ဖြစ်ပါသည်။
{ စကားချပ်။
ဆောင်းပါးမမည် ဤစာတို တပိုင်းတစ ဖြင့် မိဘဆရာများ၊ လူကြီးသူမများ၊ ကို ကန်တော့ပါသည်။
မြန်မာနိုင်ငံနှင့်နိုင်ငံခေါင်းဆောင်များ၊ တပ်မတော်များ၊အထူးသဖြင့် တပ်မတော် (ရေ)
နှင့် ရန်ကုန်ရှိ သင်္ဘောကျင်းများကို အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းရေးပါသည်။ ထိုင်ဝမ်ခေါ်
ဖော်မိုဆာမှ စာရေးသူ ၏ မိတ်ဆွေများကိုလည်း၊ စိတ်ကမရည်ရွယ်ဘဲ (unintentionally) မိမိစာများမှာ၊
အမှားများပါခဲ့လျှင် ခွင့်လွတ်ပါရန်၊ တောင်းပန်အပ်ပါသည်။ တည်းဖြတ်ပြင်ဆင်နေပါသည်။ အထူးကျေးဇူးတင်လျှက်ရှိပါသည်။}
No comments:
Post a Comment