Sunday, March 2, 2014

အများနှင့်ညီသော်လည်း ဤချင်ယောင်ဆောင်လိုက်ကြသော ကျွဲများ

 

သမက်သခိုးထင်သူတွေရှိသလို 
ဖွက်ထွက်ဖို့စောင့်နေတဲ့ တောင်ပို့တွေလည်း အစီအရီပဲ
ဘီလူးခေါင်းဆောင်းထားတဲ့ မင်းသားတွေနဲ့ 
ဘီလူးခေါင်းဆောင်းထားတဲ့ ဘီလူးတွေ
မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးတွေနဲ့
မင်းသားခေါင်းဆောင်းထားတဲ့ မင်းသားတွေ
စေတီမှတ်ခဲ့ရတဲ့ ကောက်ရိုးပုံတွေ
မှန်ကင်းဘဝကို တမ်းတနေဆဲ ထင်းမီးတွေထဲ
ဖောက်ပြန်တဲ့ မယ်သီတာတွေ ခုန်ချရဲသလိုမျိုး 
မပြထားတဲ့ အစွယ်တွေနဲ့ ဖွက်မထားတဲ့ လက်သည်းတွေ 
ယက်ကန်နေတဲ့ လိပ်တွေနဲ့ ငြိမ်နေတဲ့ လိပ်ပက်လက်တွေ 
တောက်မယ့်မီးခဲပေမဲ့ ရဲတဲ့မီးကရဲ ပြာဖုံးတဲ့မီးကမည်း (မဲ)
နွံအတုထဲ နစ်ချင်ယောင်ဆောင်နေတဲ့ ပတ္တမြားအတုတွေ
နားလည်ဖို့ ရာဇဝင်သိရမယ့် ကဗျာတွေဟာ 
လူပြိန်းတွေလက်ထဲမှာ ဘာသာအလွဲ အပြန်ခံရ 
တကယ်တော့ ရာဇဝင်တိုင်းကလည်း လွဲချင်ရင်လွဲနေပြန်ရော
ညောင်လောင်းရေနဲ့ အဆိပ်ပင်လောင်းတဲ့ရေ သိပ်မကွာခြားတဲ့ခါ
ဗောဓိညောင်ပင်ညီမျှခြင်း အဆိပ်ပင်ဖြစ်လာသတဲ့
သြော် ကိုယ့်ဘုရားနဲ့ သူ့ဘုရားတောင် မတူပါဆိုနေမှပဲ 
ဘုရားမရှိသူတွေမှာဖြင့် နာစရာ ဇာတ်တောင်မရှိဘူး 
ခိုင်စိုးလင်း

 အများနှင့်ညီသော်လည်း ဤချင်ယောင်ဆောင်လိုက်ကြသော ကျွဲများ

{Source:  ရေးချင်၍ရေးသည် ဖတ်လိုက ဖတ်နိုင်သည် written by passion. read at own discretion.}

No comments:

Post a Comment