Saturday, March 15, 2014

ဗမာ့တပ်မတော် ဟာ ခေတ်မီသလား ၂၁ရာစု စိန်ခေါ်မှုတွေကိုရင်ဆိုင်ရန် အဆင်သင့်ဖြစ်ပါသလား။ (part-2) ဒေါင်းအလံ တလူလူ ထူလို့သာ လွှင့်အုံးရတော့မှာ။



မျိုးမြန်မာ ပြည်ရွာ တို့စောင့်ရှောက်ဖို့ပါ၊
သေပေစေလည်းမကြောက်ပါ၊
ရင်မြေကတုတ်ပါ၊
စစ်သွေးစစ်ရေး မွေးလို့သာ။
စာမရီ စိတ်ထားတာ ငါတို့ဗမာ၊
ဒေါင်းအလံ တလူလူ ထူလို့သွှာင့်အုံးရတော့မှာ။

သူငယ်ချင်း

  ဗမာ့တပ်မတော်က ပြည်သူလူထုကြီး နဲ့အတူ ဒီသီချင်းကို မဆိုခဲ့သည် မှာ လ ပေါင်းနှစ်ရှည်ြ့ကာခဲ့ပေပြီ။ ဒီသီချင်းကို ငယ်စဉ်အခါ က တို့ဆိုခဲ့ကြတယ်။ ငါတို့ အထက်တန်းကျောင်း မှာ    “ကြံခိုင်ပျော် ရွှင်သင်တန်းတက်တုံးက တို့ဆိုခဲ့တာ မင်းမှတ်မိ နေအုံးမယ်လို့ ငါထင်ပါတယ်။

တို့ အခြေခံစစ်ပညာသင်တန်းတက်ခဲ့ တုံးကလေ။ အေး တကယ့်သေနတ် တော့မပါဘူးပေါ့။ ဒီသီချင်းကို ငါမှတ်တမ်းစာအုပ်ထဲမှာ ရေးထားခဲ့တာ မဟုတ်ဘူး သူငယ်ချင်း။ မင်းလဲ သိသားပဲ။တို့ မှတ်တမ်းစာအုပ်မှ မထားခဲ့နိုင်တာ။  ဒီသီချင်း ငါတို့ နှလုံးသားထဲမှာ၊ ဇာတိမာန်ဆိုတဲ့ ကလောင်နဲ့ သွေးစစ် အက္ခရာ တင်ခဲ့တာ။ မင်းလဲဒီလိုပဲဖြစ်မယ်လို့ ငါယုံပါတယ်။ မင်းက တပ်မတော်ထဲ မှာကြာခဲ့ တော့ ပိုပြီး မှတ်မိနေမှာ မဆန်းပါဘူး။  မင်းနဲ့ငါ မတွေ့ကြတာလည်းကြာ ပြီ။ မင်းတပ်မတော်က အနားယူပြီး ဖြစ်ချင်ဖြစ်မှာပါ။  ဒါပေမဲ့ တို့ဗမာ့တပ်မတော်က ပြည်သူလူထုနဲ့ အတူ ဒီသီချင်းကို မဆိုခဲ့ကြ တာတော့ နှစ် နှစ်ဆယ်ကျော်ခဲ့ပြီထင်တယ်။       ဒါ စစ်ချီ စစ်ထွက် တဲ့အခါ ဆိုတဲ့ စစ်ချီသီချင်းပါ။

         တို့ဖြစ်စေချင်တာပေါ့။ တပ်မတော်သားတွေ လာမဲ့ တော်လှန်ရေးနေ့ ခေါ် တပ်မတော်နေ. မှာ ကျောင်းသားတွေ အပါအဝင် ပြည်သူလူထုကြီးနဲ့ အတူ ဒီသီချင်းကို ဆိုရင် သိတ်ကောင်းမှာပါ။
မင်းကိုယ်နိုင်နဲ့ ကျောင်းသားခေါင်းဆောင်တွေကို “မင်းတို့ချည့် ဒေါင်းအလံထူရမှာ မဟုတ်ပါဘူး။ ငါတို့လည်း မင်းတို့နဲ့ အတူ ဒေါင်းအလံကွှိုင့်ထူမှာပါကွာလို့ အသံကျယ်ကျယ်နဲ့ ပြောလိုက်စေချင် တယ်။
ပြီးတော့ သင်္ဃာတော်များနဲ့ အတူ ဘာသာ သာသနာတော် အားလုံးက ဓမ္မဆရာများကိုပါပင့်ဖိတ်ပြီး ဆုတောင်းပေးရန်ပန်ကြားပါ။ အဲ့ဒါဆိုရင် တပ်မတော်နေ့မှာ တို့ရဲဘော်တွေ သပြေပန်းတွေ၊ ပန်းကုံးတွေ၊ ပန်းစည်းတွေနဲ့ ဝေဆာနေမှာပါ သူငယ်ချင်း။  ဒါကတော့ ဖြစ်နိုင်မယ်လို့ ထင်ရတဲ့ တို့စိတ်ကူး နဲ့မျှော်လင့်ချက်ပေါ့။ 



သူငယ်ချင်းရေ။ တခုပြောဖို့ ကျန်သွားတယ်။ အဲ့ဒါကတော့ တို့ ပထမဆုံးတိုက် ရမှာက တို့ရင်ထဲက   တ္တ တွေ ပါပဲ။  “ငါ ဆိုတဲ့ တ္တ မာန်မာန”  နေရာမှာ   “ငါတို့ ဆိုတဲ့ အများ၊ ပရ စိတ်” နဲ့ အစားထိုး လဲလှယ်ဖို့ ပါ။



No comments:

Post a Comment