Wednesday, March 19, 2014

ဗမာ့တပ်မတော် ဟာ ခေတ်မီသလား ၂၁ရာစု စိန်ခေါ်မှုတွေကိုရင်ဆိုင်ရန် အဆင်သင့်ဖြစ်ပါသလား။(၃)



(၁) စိတ်ဓါတ်ရေးရာ (Morale)
ဖဆပလ ပါလီမန်ခေတ်က ဗိုလ်အောင်ကြီး ရဲ့ တပ်မတော် သား (အရရှိ၊အရာခံ၊ အကြပ်တပ်သား) များ  အတွက် သက်သာချောင်ခြိရေးဆိုင် ဖွင့်ပေးခဲ့ခြင်းမှာ၊ တပ်မတော်သားတို့ကို စိတ်ဓါတ်တက်စေခဲ့ ၏။ အစိုးရ ထံမှာ ဘတ်ဂျက်တောင်းခံရာ   ဦးနုက ပယ်ချသဖြင့် သူ(ဗိုလ်အောင်ကြီး)က ငွေချေးပြီး ဤ ဆိုင်များ ကို တည်ထောင်ဖွင့်လှစ် ခဲ့သည် ဆို ၏။ အဲ့ဒီချေးငွေကိုလည်း (၂) နှစ် အတွင်း ပြန်ဆပ်ခဲ့ သည်ဆို ၏။ အတုယူဖွယ်ဖြစ်ပါသည်။ ဤ ဆိုင်များတွင် အရပ်သားများလည်း ဝယ်ခွင့်ရှိပါသည်။ စာရေးသူ ငယ်စဉ်က ရောက်ဖူးဝယ်ဖူးပါသည်။ထို့ပြင် သူသည် တပ်မတော်နှင့် ပြည်သူလူထု ကြားမှာ ယုံကြည်မှုပြန်လည်ရ အောင် ဆောင်ရွက် ခဲ့သည်။ အောက်ဖော်ပြပါ မှတ်စု ကိုရှုပါ။{ ဗိုလ်အောင်ကြီးကို စာရေးသူ မတွေ.ဖူးပါ။ ဤကား စကားချပ်။}  
At the same time, the War Office-which had been designed along British lines under the tutelage of the British Services Mission—was restructured to accommodate better the peculiarities of the internal security situation in Burma. Col. Aung Gyi apparently organized a fairly successful public relations campaign in 1952 when the army’s reputation among civilians hit an all-time low. Psychological warfare aimed at the communists was first launched at the 1953 Commanding Officers’ Conference. Soon thereafter, training was reorganized, a degree-granting military academy was planned and opened in 1954, the staff college was revamped, and military doctrine was drafted for the very first time. Study and purchasing missions were sent overseas and brought back Yugoslavian artillery, Israeli plans for civil defense, and Italian advisors to oversee the establishment of the first defense industry to produce locally several types of ammunition. Army leaders also had become more adept at tapping into the international arms trade, hence finding ways to eliminate dependence on both Socialist politicians and the intransigent British Services Mission for arms supply.[25] Finally, the army also began to move into economy by setting up NAAFI-style stores where troops could buy affordable consumer items.[26] { Mary P. Callahan (pp27)}

အပြည့်အစုံကို အောက် ဖော်ပြပါ လင့်ကို နှိပ်ပြီးဖတ်ပါ။



အဲ့ဒီလို ဈေးနှုန်းသက်သာ သည့်ဆိုင်မျိုး ကနဦး အနေဖြင့်၊ အရာရှိငယ်များ နှင်. အရာခံ အကြပ်တပ်သားများ အတွက် ဖွင့်ပေးသင့်ပါသည်။ သူတို့မှာလည်း နွမ်းပါးကြသည်။ တလောက သတင်းကြားခဲ့ရ တာကို ဥပမာ အဖြစ် စဉ်းစားသင့်ပါ ၏။
  ရန်ကုန်ကို လက်နက်ကြီး သင်တန်းတက်ရန်ရောက်နေသော ဗိုလ်လေးတယောက် လိုင်းကားကို နောက်မှတွယ်စီးစဉ်၊ နောက်မှ ကားကြီးတစီးကဝင်တိုက် သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပါသည်။ ဒီလိုတာဝန်နှင့် လာသော အရာရှိငယ်တွေအတွက်၊ ကားအကြို အပို့ လုပ်ပေးရန် စီစဉ်ထားရှိ သင့်ပါသည်။
နောက်တချက်မှာ အထက်ပါ ခေါင်းစဉ်နှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း၊ သွယ်ဝိုက်  ဆက် ဆက်နွယ်နေပါသည်။ ဝီကီပီးဒီးယား မှာ ဗမာ့တပ်မတော် အကြောင်း အသေးစိတ် တွေ့ ရ ၏။ ယိုးဒယား တပ်မတော် အကြောင်း ကိုမူ တစိတ်တဒေသ၊ လူအင်အား၊ အသုံးစရိတ် နှင့် သမိုင်း အတိုအထွာ သာဖြစ် ၏။ စစ်ဆေးပြီး တခုခုတော့  လုပ်သင့်ပါသည်။  ဤသည်တို့ကို ရေးသားရခြင်းမှာ၊ ပြည်ထောင်စု မြန်မာ (ဗမာ) နိုင်ငံ ရဲ့ အနာဂတ် ကို၊ ပြန်လည်ထူထောင်ရန်   ပြည်သူလူထုနှင့်အတူ ဗမာ့တပ်မတော် ပါဝင်မှဖြစ်မည် ဟု ယုံကြည် သောကြောင့် ပင်ဖြစ် ၏။ ဤသို့ဆောင်ရွက်လျှက် ရှိသည်ဟုလည်း ထင်မြင်မိပါသည်။ သို့ရာတွင် ဗမာ့တပ်မတော်သည် ပြည်သူလူထုကြီး ရဲ့ မေတ္တာ ကို ပြန်လည်ရရှိအောင် ကျိုးစားရပါအုံးမည်။ 

No comments:

Post a Comment