Monday, March 17, 2014

မြေမျိုလို့ လူမျိုးမပြောက်၊ လူမျိုမှ လူမျိုးပြောက်မည် ဆိုတဲ့စကား။(revised on 29/03/14)


အနောက်တောင်ကဝင်ပေါက် သေသေချာချာ ပိတ်ထားပြီး အစောင့်အကြပ်များ ထားခဲ့သည်မှာ ကြာပြီဖြစ် ၍ လုံချုံလှ ၏။ သို့သော် မြောက်ဖက်၊အရှေ.ဖက် နှင့် အရှေ. မြောက်ဖက် အပေါက်များကိုကား၊ တံခါးမရှိ ဓားမရှိ ဟင်းလင်းဖွင့်ပေးထားခဲ့ သည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာခဲ့ပေပြီ။၁၉၈၉-၉၀ လောက် ကထဲက ဖြစ် ၏။ ဒီကနေ့ ဘာဖြစ်နေသလဲ။ တတိုင်းပြည်လုံး အသိပါ။ နိုင်ငံတဝှန်းမှ  သယံဇာတများ၊ သစ်ပင်ကြီးငယ်များစွာ ကို ခုတ်လှဲ ၍ သစ်လုံးများကို ထုတ်သွားရုံမက ၊ အမြစ်ကပါနှုတ် ၍ တဖက်နိုင်ငံ သို့ သယ်သွားကြပါသည်။ ဆက်လက် ၍လည်း ထုတ်ယူနေကြဆဲဖြစ်ပါသည်။ ဒါတွင်မကသေး ဗမာနိင်ငံသူ အမျိုးသမီးများကို တဖက်နိုင်ငံသို့ ခိုးထုတ်ပြီး ယောက်ျား အများ ၏ ဘုံမယားအဖြစ်ထားကာ လိင်ကျွှန်ဘဝသို့ ပို့နေခြင်းများလည်း ရှိနေကြောင်း ကြားခဲ့ ကြပြီးဖြစ် ပါသည်။အောက်ဖော်ပြပါ လင့်ခ် ကိုနှိပ်ပြီး အဆိုပါ အဖြစ်မျိုး ထဲက သတင်းတပုဒ် ကိုဖတ်ပါ။
ရှေးနှစ်ပေါင်းများစွာကပင် အချို့ အဖွဲ့အစည်းများမှာ လောဘဇောဖြင် ငွေရလွယ်သည့်လုပ်ငန်းများလုပ်နေခဲ့ကြသည်။ ယခုလည်း ရှိနေဆဲ လုပ်ကိုင်နေကြဆဲ ဖြစ်ပါသည်။ နယ်မြေအေးချမ်းရေး နှင့် ဥပဒေစိုးမိုးရေး ကိုခြိမ်းခြောက်နေသော လုပ်ငန်းများပင်ပါဝင် သည် ဟုဆိုကြပါသည်။ သစ်ပင်ကြီးငယ်များခုတ်လှဲခဲ့သည်မှာ  သစ်ကြီးဝါးကြီး မကျန်တော့ သလောက်ပင်ဖြစ်သည်။

မြေမျိုလို့ လူမျိုးမပြောက်၊ လူမျိုမှ လူမျိုးပြောက်မည် ဆိုတဲ့စကား။

အထက်ပါ ဆောင်ပုဒ်ကို လဝက ရုံး များတွင် ချိတ်ဆွဲထား သည်ကို အားလုံး တွေ့ဖူးမြင်ဖူး ကြမည်ဟုထင်ပါသည်။ ယခု ဗမာလူမျိုးများကို အဘယ်လူမျိုးတို့က ဝါးမျို သွားကြပါပြီနည်း။         ဆောင်ပုဒ်မှာ  ဒါဝင်၏ သီအိုရီကို အတိုချုံးရေးထားတာ ဖြစ်နိုင်ကြောင်း တွေးဆမိပါသည်။   
 
ဒါဝင် ၏ သီအိုရီ။

 အကျဉ်းချုပ်ဆိုပါလျှင် အင်အားကြီးသောလူမျိုးက အင်အားနည်းသောလူမျိုးကို တိုက်ခိုက်အနိုင်ယူ သွားခြင်း ဟု ပြောနိုင်ပါသည်။ ထိုအခါ အင်အားနည်းသောလူမျိုး သည်၊ သမိုင်း ဇာတ်ခုံပေါ်မှ အပြီးပြောက်ကွယ် သွားရပါတော့ သည်။

   ဒါဝင် ၏ သီအိုရီ အတိုင်း၊ အင်အားကြီး(လက်နက် စသည်)၊ အင်အားများ(လူအရေအတွက်များ) သူက အင်အားနည်းသူကို ဝါးမျိုသွားပေမည်။ အင်အား ဆိုရာတွင် ဓနဥစ္စာ နှင့်ငွေအသပြာ မှာလည်း ကြီးမားသော အင်အား ဖြစ်ပါသည်။ မည်သူတွေမှာ ငွေအင်အား၊ လူအင်အား၊ လက်နက်အင်အား နှင့် အာဏာ ပါဝါ အထောက်အခံ ရှိကြပါသလဲ။ ဆင်းရဲနွမ်းပါး သော ဗမာ နှင့် တိုင်းရင်းသား များမှာ ဘာအင်အားမျှ မရှိတဲ့ အတွက် ချိနဲ့ရာက လုံးပါးပါးကာ နောက်ဆုံး အမျိုးပြောက် သွားရပါလိမ့် မည်။ သက်လူမျိုးများ ပြောက်လှု နီးနီး ဖြစ်နေပါပြီ။ သက်လူမျိုးမှာ မြန်မာ တိုင်းရင်းသားများဖြစ်သည်။
 
သို့ပါ အခုအခါ ဗမာလူမျိုး နှင့် တိုင်းရင်းသား လူမျိုး နည်းပါးလာပြီး ပြောက် သလောက်ဖြစ်နေပြီ ဟုဆိုနိုင်ပါသည်။ ဇာတိမာန်လည်း ဆိတ်သုန်း နေသည်မှာ ကြောက်ခမှန်းလိလိဖြစ် ၏ ။ အချုပ်တန်းဆရာဖေ ၏ တေးထပ် ကိုသတိရမိပါသည်။
ဗမာတွေ စီးကမ်းဖောက်၊
ထီးနန်းပျောက်ဖြစ်ပြီ၊
မှီးကွန်းထောက်အသစ်မှီသည်၊

ညစ်ပလီလူမျိုး။
ကုလားမြင် သူ့အမေ ရိုးတော့မလိုပ၊
ခုမြေရှိုး ပုံးရှောင်၊
ပြောရော့ဟဲ့ ရာဇဝင် ပြောင်အောင်၊
စာစဉ်တောင် ဒူးချလို့၊
ပလူးရ ပြေးကြိုကာ၊
ခွေးသို့ပမာ။
  -အချုပ်တန်း ဆရာဖေ။

ဆရာဖေက ထီးနန်းပြောက် စမှာရေးခဲ့ဟန်တူပါသည်။ သီပေါမင်း ပါတော်မူပြီး စ နဲ့ နောက်ပိုင်း အတော်ကြာကြာ ဇာတိမာန် ထက်သန်ခဲ့ကြ ၏။ ဇာတိမာန် နည်းပါးစပြုလာ သည်မှာ ၁၀ နှစ် ၁၅နှစ် အလွန် နှစ် နှစ်ဆယ်ခန့်သာရှိအုံးမည် ထင်ရသည်။


မြန်မာ(ဗမာ) နိုင်ငံပါဝင်သော၊ ပင်နီဆူလာ အရှေ့တောင် အာရှရဲ့ အနာဂတ် မိမိတို အလိုကျ၊ မိမိတို့ ဖြစ်စေချင်သလို ပုံဖော်နေသည်များလည်းရှိပေသည်။ ကိုယ့်အမိ နိုင်ငံ သမိုင်းကို သိပြီး၊ ရေးသားမှတ်တမ်းတင်ထား မှသာ၊ နောင် တချိန်အငြင်းပွားလာလျှင် အထောက်အထားပြ နိုင်ပေမည်။ ရှေ့နှစ်ပေါင်း တရာထက်မနဲကြိုတင် တွေးတောမြင်နိုင်ရပါမည်။ အနောက်တိုင်းသား ကိုလိုနီ နယ်ချဲ့များမှာ၊ဥာဏ်များ အမြော်အမြင်လည်းကြီးသည့် အပြင်  သူတို့ချင်းရိုင်းပင်းကြ ၏။ အရှေ့တောင်အာရှ၊ အင်ဒိုချိုင်းနား ကို ခွဲဝေယူခဲ့ပြီး၊ ခွဲခြားအုပ်ချုပ်ခဲ့ ၏။ ဗမာဘုရင်များက သူတိုင်း  ပြည်နှင့် ညီနောင်ဒေသငယ်တွေ  ကာကွယ်တာကျတော့ နယ်ချဲ့သမား၊ကြီးထွားလိုသူ(expansionist) ဟု အမည်တပ်ပြီး အချင်းချင်းသွေးကွဲအောင် စိတ်ဝမ်းကွဲအောင်  ဝါဒဖြန့် ခဲ့တယ်။ လက်ရှိဖြစ်နေတာဟာ အဲ့ဒီ့ အကျိုး ဆက်တွေပါ။

နိုင်ငံခြားသားများ မည်ကဲ့သို့ မြန်မာမှတ်ပုံတင်၊ နိုင်ငံသားစိစစ်ရေး ကဒ်ပြားများရရှိထားကြပါသလဲ။ ဒေသခံ မြန်မာအချို့ရဲ့ အကူအညီနှင့် နိုင်ငံခြားသားများ က သူတို့နည်းသူတို့ဟန်ဖြင့် ရယူကိုင်ဆောင် ကြခြင်း ဖြစ်နိုင်ပါ၏။   တချို့ နိုင်ငံခြားသား များလက်တွင်  နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ နှစ်ခု၊ သုံးခု ကိုင်ဆောင် ထားသည်ဟု ပြောနေကြ ၏။ ငွေအင်အားသုံးပြီး ရယူထားခြင်းဖြစ် ပေမည်။   ဤကိစ္စ တွင်ပါဝင်ကူညီကြ သည့် ဒေသခံ မြန်မာများမှာ ဇာတိမာန် ကင်းမဲ့မှုကို မီးမောင်းထိုးပြလျှက် ရှိပါသည်။ မကြာခင် သန်ခေါင်စာရင်းကောက်သည့်အခါ၊ ဤနိုင်ငံခြားသားများသည် အလိုအလျောက် မြန်မာနိုင်ငံသား ဖြစ်လာပေတော့မည်။ ဒီလို နိုင်ငံခြာသား ဘယ်လောက်များ ရှိနေကြပါသလဲ။ မည်သို့ စစ်ဆေးအရေးယူပါမည်နည်း။ 

အောက်ဖော်ပြပါလင့်ကိုနှိပ်ပြီး “ဒုတိယရွှေလီ သို့ မဟုတ် မန္တလေး  ပါရာဒိုင်း” ခေါင်းစဉ်ပါ သတင်းတပုဒ်  ကို ဖတ်ရှုပါ။  ဤသတင်းမှာ မူရင်းစာရေးသူ၏ အာဖော်သာဖြစ်ပါသည်။ 
 ဒါဝင် ၏ သီအိုရီ အတိုင်း ဖြစ်နေပုံ ကို မြန်မာတို့ တားဆီးကာကွယ်ရန်မှာ ဇာတိမာန် ရှိရပါမည်။
 ဇာတိမာန်ကင်းမဲ့လာသည် နှင့်အမျှ လူမျိုးလဲယုတ်လျှော့ ပြောက်ကွယ်သွားမည်မှာ ဓမ္မတာ ပင်ဖြစ် ၏။
 

 

No comments:

Post a Comment