Monday, March 31, 2014

မုဆိုးချင်း (ဦးကြင်ဥ ၏ ပဒေသာသီချင်းများမှ။ )



ရော သည်တခါ၊ ဝနေစရာ တောကိုလျှိုး ၍၊ သားမျိုးကိုရှာတော့မည်၊ နောင်လာနောင်သားတို့၊ မှတ်သားလောက်အောင်၊ ကောက်ကြရော့ရစ်တန်၊ ဘုန်းဖန်သည့်ရှင့်ကျွှန်၊ ……..

သက်တန့်ရောင် ဖန်သွေး နှင့်၊ လေး စွန်တောင့်ရှင်၊  အောင်ခန်းဗာရာခွင်က၊ စိုးနတ်ရှင်ဘုန်း။
 အော် ဟိုကုန်းသည်ကုန်း၊ မြရောင်စီလို့ မြူခြည်ဖုံး၊ တောလုံးပျံ့မွှေး၊ ခွေးတကောင်ငါ၊ ဋ္ဌ စန္ဒာကို၊ နတ်လာသနှင်း၊ ရာမမင်းလို၊ ရန်တင်းမဝံ့၊ ငါ့ကိုယ်..တယ် ခန့် ပေ တောင်း ကဗျား။ 

လာဟဲ့ငါ့သား၊ ခွေးရဲကျား ၊
လာဟဲ့အို့အို့ ၊ ညို့ညို့ မှောင်မှောင် ၊ သည်တောတောင်မှာ၊ ပြောင်သမင်ကြံ့၊ ယာယီကြော၊ တောမလန့်စေနဲ့။ ငါ့ခွေးကို ခေါ်ရ ဦးတော့ မဗျား။

ဟိုကုန်းသည်ကုန်း  သည်တောင်ကုန်းတွေ အဘယ်မျှ ကုန်ဆုံး ပြောက်ကွယ် သွားပါပြီနည်း။

မြရောင်စီလို့ မြူခြည်ဖုံး၊  တောင်တွေလည်းဆုံး တောလည်းပြုန်းပြီမို့ မြရောင်မစီ နိုင်၊    မြူခြည်လည်းကင်းလို့  ၊ရာသီဥတုလည်း  ပူပြင်းလှပေပြီ။

ညို့ညို့ မှောင်မှောင် ၊ သည်တောတောင်မှာ၊

အဲ့ဒီလို စိမ်းလန်းညို့မှောင် တဲ့ တောတွေ တောင်တွေ ရှိပါသေး၏လော။ 

ပြောင်သမင်ကြံ့   ချေငယ် စိုင်ဆတ် ဝေးလို့   ဖွတ်ဗရတ်နှင့် ယုန်ငယ် လယ်ကြွက် တို့မှ ရှိပါသေး၏လော။
စာရေးသူ မောင်ကုလား တို့ ပြောသာပြော ရေးသာရေးရ၊ ကြောက်အားတော့ ပိုပါသည်။ ဝန်ကြီးလည်းကြောက်၊ အားလုံးကြောက်ရသည် မဟုတ်ပါလား။ 

လက်ပံတောင်းမထိနဲ့ ၊ ထိရင် မီးပွင့်သွား နိုင် သည်။ မီးပွင့်သွားခဲ့ ဘူးပြီ မဟုတ်ပါလော။
နောက်ဆုံးအဆင့်၊ အမျိုး ဘာသာ၊ သာသနာ နှင့် တတိုင်းပြည်လုံး က အထွတ်အမြတ်ထားတဲ့  လယ်တီ ဆရာတော်ကြီးရဲ့ သိမ်တော် ကိုတောင် ဖယ်ရှားခဲ့ ကြပြီဘဲ။ 

အမျိုး ဘာသာ၊ သာသနာ  ကိုထိန်းသိမ်းစောင့်လျှောက်ကြပါမယ် ဆိုပြီး ကြွေးကြော်နေတဲ့ ဦးဝီရသူ လို ဘုန်းကြီးများ လည်း တုံနိဘာဝေ၊ ဆိတ်ဆိတ်နေကြ၏။

ဗုဒ္ဓဘာသာဝင် ဗမာ (မြန်မာ) များရော၊ တခြားဘာသာဝင် ဗမာ(မြန်မာ) များ ကော၊ ဓမ္မစေတီမင်း တည်ထားခဲ့ပြီး    ဗုဒ္ဓဘာသာဝင် ဗမာ (မြန်မာ) များ ကိုးကွယ်ကြတဲ့ ကလျာဏီသိမ် နှင့် ရွှေမော်ဋ္ဌော ဘုရား အနီးတဝိုက်မှာ ရွှေ ငွေ ကြေး နှင့် ဘယ်လိုသယံဇာတမျိုးမှ မရှိပါစေနဲ့လို့ ဘဲ ဆုတောင်းကြပါ။
နိုင်ငံခြားသားများကို တွေ့ ရင် “ငါတို့မြန်မာ ပြည်မှာ ကျောက်မျက် ရတနာတွေ၊ သယံဇာတတွေ ပေါများလှတယ်လို့  မကြွားကြပါ နဲ့တော့။  ရှိတာတွေ ကုန်ပြီ၊  အခုတူးလက်စတွေလဲ ကိုယ်မပိုင်တော့ဘူး။ ရောင်းထားပြီမို့ မပိုင်တော့ဘူးလို့ပြောပါ။”   ဒါအမှန်ဘဲ မဟုတ်လား။ ဘာသယံဇာတ မှ မရှိတဲ့ နိုင်ငံတွေလို ဘဲ အသိပညာ၊အတတ်ပညာ၊ လုပ်အား နှင့် အကျိုးဆောင်မှုများ နဲ့ အသက်မွေးဝမ်းကျောင်းပြု ကြ ဘို့သာ ပြင်ဆင်ကြပါ။ 

အပြည့်အစုံကို ဖော်ပြပါ လင့်ခ်ကိုနှိပ်ပြီးဖတ်ပါ။




No comments:

Post a Comment