Thursday, March 6, 2014

ဝစ်စနှစ်လုံးပေါက်(သို.) ရှေ.စီးနှင့် သူ့တန်ဘိုး။



ဗမာနိုင်ငံမှာ တကယ်လိုနေတဲ့ ခေါင်းဆောင်မှာ လူထုတရပ်လုံး ကို စည်ရုံးဦးဆောင် နိုင်မဲ့ လူတဦး ဖြစ်၏။ တပ်မတော်ဗိုလ်မင်းများ၊ သင်္ဃာတော်များ၊ ကျောင်းသားများ၊ လယ်သမား၊ အလုပ်သမားတွေ၊ ပြည်သူလူထုကြီးတရပ်လုံး နှင့် အဆင်ပြေ၊ တိုင်းရင်းသားအားလုံး နဲ့ စည်းလုံးတဲ့ ခေါင်းဆောင် ဖြစ်ရပါမယ်။
Please listen to him. He gives some important message for all. နားထောင် ကြည့်ပါ။Click on Link.

Yae Literary Talk 9 


နိုင်ငံရဲ့ အချုပ်အခြာအာဏာ (sovereignty) သည် ဗမာများရဲ့လက်ထဲမှာရှိရပါမယ်။ ကနေ.ကော အနာဂတ်မှာပါ ဒီအတိုင်းပဲ ရှိနေဖို. က ဗမာခေါင်းဆောင်များနဲ. အစိုးရရဲ့  အဓိက တာဝန်ဖြစ်ပါတယ်။

လူအများနဲ. ဇော်ဝင်း (ဖော်ပြပါ ဆောင်းပါးမှာ တင်ပြထားသလို) -  အုပ်ချုပ်ရေးအာဏာ (administrative power) ကိုသာပြောကြရေးကြပါတယ်။ ဇော်ဝင်းတင်ပြတာတွေဟာ သူ.ရဲ့အာဖော်သာဖြစ်ပါတယ်။




    ဒါပေမဲ့ ဇော်ဝင်း ဆောင်းပါးထဲမှာ ဗမာမူဆလင်တွေကို ပစ်မှတ်ထားပြီး နိုင်ငံရေး လှည့်ကွက်တွေဖန်တီး နေခြင်းဖြစ်ပါတယ်။ အဲ့ဒီလိုဖန်တီးနေသူတွေ အဖွဲ.အစည်းတွေရှိနေပါတယ်။ အဲ့ဒီအဖွဲ.အစည်း နဲ. တာဝန်ရှိသူတွေကို ဖော်ထုတ်ကာ စစ်ဆေးအပြစ်ပေးမဲ့ အရေးကို လူထု က မျှော်လင့်စောင့်စားနေတာကို အစိုးရမင်းများ သိပါ ၏။ ဘယ်တော့အရေးယူမှာ ပါလဲ။ တရားဥပဒေ စိုးမိုးရေးကို အမှန်တကယ် ဘယ်တော့ဆောင်ရွက်မှာပါလဲ။

စာရေးသူအမြင်မှာ ဒါတွေဟာ ပြသနာရဲ့အဖြေ မဟုတ်ပါ။ အဓိက ပြသနာမှာ ဗမာ (မြန်မာ) နိုင်ငံကို Myanmar မှ Myan-Tai (မြန်တိုင်) အသွင်ပြောင်းရန် အားထုတ်နေမှုများ ဖြစ်ပါတယ်။ ဗမာဘုရင်တွေ လက်ထက်က မြန်မာနိုင်ငံကို အခါအားလျှော်စွာ မြန်တိုင်း(Myan-Taing) ရယ်လို့ ခေါ်ခဲ့ကြတယ်။ ဒါကို ကြောင်းပြုပြီး အချို့ က မြန်တိုင်း ကို မြန်တိုင်(Myan-Tai) အဖြစ် ပြောင်းရန်ကြိုးစားနေကြတယ်။ 

မြန်မာ(ဗမာ) နိုင်ငံပါဝင်သော၊ ပင်နီဆူလာ အရှေ့တောင် အာရှရဲ့ အနာဂတ်ကို အချို့က မိမိတို့ အလိုကျ၊ 
 မိမိတို့ ဖြစ်စေချင်သလို ပုံဖော်နေသည်များလည်းရှိပေသည်။ ကိုယ့်အမိ နိုင်ငံ သမိုင်းကို သိပြီး၊ ရေးသားမှတ်တမ်းတင်ထား မှသာ၊ နောင် တချိန်အငြင်းပွားလာလျှင် အထောက်အထားပြ နိုင်ပေမည်။ ရှေ့နှစ်ပေါင်း တရာထက်မနဲကြိုတင် တွေးတောမြင်နိုင်ရပါမည်။
ဝစ်စနှစ်လုံးပေါက်(သို.) ရှေ.စီး (း ) ဟာ ဘယ့်လောက် အရေးကြီး အဖိုးတန်ကြောင်း နားလည် ပြီး ကာကွယ်ကြပါခင်ဗျား။

No comments:

Post a Comment