Thursday, March 27, 2014

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တွင်တပ်မတော် အရေးပါမှု သမ္မတ ဦးသိန်းစိန်မိန့်ကြား(ဗွီဒီယို)



ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အစိုးရသက်တမ်း ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ မိန့်ခွန်းပြောကြားစဉ် အခုလို ပြောခဲ့တာပါ။

"နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တပ်မတော်ဟာ ခေတ်မီတောင့်တင်းခိုင်မာဖို့ အရေးကြီးပါတယ်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ရှိနေရဦးမှာဖြစ်ပါတယ်၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတဲ့ စားပွဲဝိုင်းတွေမှာလည်း တပ်မတော်ဟာ ဆက်လက်ပါဝင်နေဖို့ လိုအပ်ဆဲပဲဖြစ်ပါတယ်၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ တဖြည်းဖြည်းခြင်းလျော့ချဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး တိုးတက်ရရှိလာဖို့နဲ့ ချိန်ဆဆောင်ရွက်သွားဖို့ကိုလည်း ဒီမိုကရေစီရင့်သန်မှုနဲ့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်"


 ဒီနေ့ နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြားတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံး တက်ရောက်ခဲ့ကြပါတယ်။

{source:RFA}

No comments:

Post a Comment