Wednesday, March 26, 2014

အချုပ်အခြာအာဏာ တည်တန့်ခိုင်မြဲရေး နှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး။(၂)



(ခ) တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး။
မွန် ချင်း၊ကချင်၊ ကရင်၊ကယား၊ရခိုင် နှင့် တိုင်းရင်းသားလူမျိုးများ ကလည်း၊ လက်ရှိ ကျရာနေရာမှ၊ ပြည်ထောင်စုတည်တန့် ရေး၊အချုပ်အခြာအာဏာခိုင်မြဲရေး တို့ကို ပြည်ထောင်စုအစိုးရနှင့် အတူ လက်တွဲဆောင်ရွက်ရန်လိုပါသည်။

နိုင်ဟံသာ ပြောသွား ပါတယ်။ လက်နက်မချနိုင်သေးဘူးလို့။ ABSDF ဆလိုင်းယောအောင် က တပ်မတော် အင်အားလျှော့ဘို့ပြောတယ်။ “ပညာရှိ သတိဖြစ်ခဲ “ ဆိုတဲ့စကားရှိတယ်။ သေချာလေ့လာသုံးသပ်ပါ။ အခုအချိန်မှာ ငြိမ်းချမ်းရေး။ ပြည်ထောင်စုအရေးကို စေ့စပ် ဆွေးနွေး နေဆဲဖြစ်သဖြင်တပ်မတော်အင်အားလိုနေဆဲဖြစ် တာ တွေ့ရ ၏။ တပ်မတော်ရဲ့ အရံအင်အား အဖြစ် မြန်မာ တိုင်းရင်းသား တပ်ဖွဲ့ အားလုံးနဲ့ ကျောင်းသားတပ်မတော်တို့ (ABSDF) လက်နက်ကို ဆက်ကိုင်ထားလိုခြင်း မှာ ပြည်ထောင်စု တပ်မတော် ဖွဲ့ စည်းနေစဉ် ဖြစ် မည်ထင်ပါ သည်။   ရပ်ရွာ နယ်မြေ နယ်ခြားဒေသများ အုပ်ချုပ်မှုနှင့် ဝေးလံတဲ့ ဒေသများမှာ ပြည်သူလူထု ကို ကာကွယ်ရန်သာ ဖြစ်ပါသည်။ နယ်မြေအေးချမ်း စေရန် ဖြစ်မည်ဟုထင်ပါသည်။ အချိန် အတိုင်းအတာ တခု ကို တော့ စောင့် ရမည်ထင်ပါသည်။ အချိန်တန်သောအခါ အမြဲတမ်း တပ်မတော် ကိုလျှော့  ၍ အရံတပ်ဖွဲ့ များ ထားကောင်းထားနိုင် မည်ထင်ပါသည်။
ငွေချေးကိုယ်စားလှယ် တဦးက စေတနာလိုလို နဲ့   ချေးငွေယူ ပြီး လယ်သမားတွေကို ငွေချေးမဲ့ အစီအစဉ်မှာ ပို၍ဝန်ထုပ်ဝန်ပိုးဖြစ်လာ နိုင်ပါသည်။ ယခုပင် တတိုင်းပြည်လုံး ကြွေးမြီ များ ပေးဆပ်ရန် ရှိနေကြောင်း သိပြီး ဖြစ်ပါ  သည်။ ပညာနည်းခြင်း၊ ဆင်းရဲခြင်းနှင့် မညီညွတ်မှုများ ကြောင့် အချင်းချင်း တိုက်ခိုက်ကြသည်များ ကို အဖိုးသခင်ကိုယ်တော်မှိုင်း က အောက်ပါအတိုင်း စာချိုး ခဲ့၏။ အဖိုးပြောခဲ့တာ ကား။

‘မန်း အပျက်မှာ
စန်လဂ် မသာမယာမို့
ဗမာ ဗမာချင်းတောင်မှ
အတင်းရန်မူလို့
ရန်သူကို ရန် ဟူ၍ မမှတ်တဲ့ပြင်
ကိုယ့်တပ်ကိုယ် ပြန်ကာနင်းကြတဲ့
ဖျင်းလှတဲ့ ကမြင်းမအကောင် ဗိုလ်ချုပ်တချို့ရယ်က  ’လို့ ‘ဗိုလ်လရောင်’ ကို တခမ်းတနားဖွဲ့ဆိုခဲ့တဲ့
ဆရာကြီး ဦးလွန်း(ခေါ်) သခင်ကိုယ်တော်မှိုင်း
{Source: တို့ ဗမာ အစည်းအရုံ။ http://dobamaasiayone.blogspot.sg}

ညီနောင်တို့ရေ အင်္ဂလိပ်က တို့ ဘုရင်ကို ဖမ်းခေါ် သွားလို့ မန်း ရတ္တနာပုံ ပျက်ခဲ့တာ တကြိမ်။ အခု ဘယ် နိုင်ငံခြား သားတွေ နှင့် ဗမာများ အကြား နားမလည် မှုများ မန်းမြေမှာ ရှိပါသလဲ။ ဆန်းစစ်ကြပါ။ သခင်ကိုယ်တော်မှိုင်း ရေးခဲ့သလိုတော့ ဗမာ အချင်းချင်း မတိုက်ခိုက်ပဲ၊ အချင်းချင်း ညီညွတ်ကြပြီး ဧည့်သည်များနှင့်လည်း အဆင်ပြေအောင် ဆွေးနွေး ဆောင်ရွက်ရပါမည်။ အရေးကြီးပြီ၊ သွေးစည်း ညီညွတ်ကြပါ။

တပ်မတော်နေ့ ခေါ်တော်လှန်ရေးနေ့ အကြို မှာ သီဆိုရမဲ့ သီချင်း ကား။

တို့ဗမာတွေ ရဲစွမ်းပြမည်၊
အာဇာနည်ပီပီ၊
တို့ ရဲဘော်များ အားလုံးညီညီ၊
သက်စွန့်ကာ တိုက်မည်၊
မျိုးရိုးနဲ့ ရာဇဝင် မော်ကွန်းတည်၊
သူရဲကောင်းများ မွေးဖွားသည်။

နောက်တပုဒ်ကား။

တို့ နိုင်ငံရဲ့ တို့အင်အား…..တို့ပြည်တွင်းမှာရှိထား သလေ….. အမျိုးချစ်တဲ့ စိတ်တွေ ပြည်ချစ်တတ်တဲ့ စိတ်တွေ အင်အားရှိမှ …. အမြဲခိုင်မာနေ…..။
မာန်အဟုန်ကြီးတွေ  သတ္တိ သွေးတွေ......ဇာတိမာန်နှင့် ယှဉ်ကာ မပြက်ပြားပေ၊

နောက်တပုဒ်က

မိုးထိမြင့်မား....တောင်ပေါ်ရွာ၊
သွေးချင်းဆုံတဲ့ တောင်ပေါ်ရွာ၊



ဆက်ပါဦးမည်။

No comments:

Post a Comment