Saturday, March 8, 2014

“ငါပြောမယ်ရွှေရှင်ဘုရင်ရဲ့ နင်ဆင်ခြင်အုံး” ရှေးသီချင်း။



စာရေးသူ သတိရလျက်ရှိပါတယ်။ ကျောင်းသား ဘဝက ဆရာဆရာမများကို သတိရတာပါ။ အဲဒီထဲက ပထမဆုံး ဆရာဦးမြင့်မောင် (၇ တန်း ) အတန်းပိုင် ဆရာဖြစ်ပါတယ်။ အဲ့ဒါ ၁၉၆၄-၆၅ မှာဖြစ်တယ်။ နောက်တနှစ် နှစ်နှစ်အကြာမှာ ဆရာက လူထုရေးရာမှူးအဖြစ်နဲ. တခြားမြို့ကိုပြောင်းသွားရပါတယ်။ ဆရာက အင်္ဂလိပ်ဘာသာ (အင်္ဂလိပ်စာ) သင်ပါတယ်။ ဗမာသီချင်းတပိုဒ်ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပုံ ဆိုရင်းသင်၊သင်ရင်းဆို ဟာသ နှောခဲ့တာပါ။ ဆိုပုံလေးက ဒီလို ၊
ယာတောအလယ်မှာ …..လေ….ငါပြောမယ် ……..ရွှေ ရှင်ဘုရင်ရဲ့ ……နင် ဆင် ခြင် အုံး……။
ဆရာက ဒီသီချင်းလေးကို အင်္ဂလိပ် လိုပြန် ဆိုပုံကား တော့ ဒီလို ဗျ။

In… the…. Middle… of… the… village…    မှာ…လေ၊
I…tell….you….the…golden ……king……ရဲ့……၊
You……elephant……..mosquito………အုံး …………..။

စဉ်းစားကြည့်တော့  …ဆင်ခြင် တွေးတော မှုလား။ တခါတလေ …အတိတ် နှစ် ၅၀ လောက်၊ တလျှောက်လုံး၊ ဆင်ဆိုးကြီးများ မုန်ယိုပြီး တောထဲက သစ်ပင်တွေကို တွန်းလှဲ၊ တွေ. သမျှတဲ        လေးတွေကိုတွန်းဖြို၊ လူတွေကို နင်းသတ်၊ ဗမာပြည်တခွင် ပြဲပြဲစင်အောင် ဆင်ဆိုးအုပ်ကြီးများ ကျက်စားလိုက်တာ၊ အခုတော့ လွင်တီးခေါင် ကွင်းပြင်နဲ့ ခြုံဘုတ် ပဲ ကျန်ပါတော့တယ်။ သစ်တပင်ကောင်းလည်း မရှိတော့ ငှက်တသောင်းတို့လည်း ဝေးရာကို ပြေးရှာကြပါပြီ။ ဆင်ဆိုးအုပ်ကြီးများဆိုတာကို စာရှုသူများ သိကြမှာပါ။ တကယ်တော့ ဆင်ကြံ ကြံပြီး ဆိုးဝါးစွာ လက်ဝါးကြီးအုပ် နေကြတဲ့ ဆင်ဆိုးအုပ် ကို ညွှန်း တာပါ။
နောက်တမျိုး၊ “ခြင်ဆိုးအုပ်များ”  နဲ့တူသော နေရာအရပ်ရပ်က အောက်ခြေ အဖွဲ.အစည်းများက ဝန်ထမ်းတွေပါ။ နိုင်ငံအနှံ့ ပျံသန်းပြီး ကိုက်ခဲခဲ့ ကြသည်မှာ၊ တနိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနှင့် ရောဂါမျိုးစုံ ဖိစီး သလို လူထုကြီးမှာ လည်း ချွှတ်ခြုံကျပြီး ဆင်းရဲမွဲတေ နေကြပါပြီ။ ငွေရင်းနဲ့ဝင်လာသူ နဲ့ နပ်တဲ့သူများကတော့ ချမ်းသာလိုက် ကြတာ သိကြတဲ့ အတိုင်းပါ။
ဒီမှာနိဂုံးချုပ် အနေနဲ့ ဆရာဆိုပြတဲ့ သီချင်းပိုဒ်လေးကို ဆိုကြပါဦးစို.။

ယာတောအလယ်မှာ …..လေ….ငါပြောမယ် …….. ရွှေ ရှင်ဘုရင်ရဲ့ ……နင် ဆင် ခြင် အုံး……။
အရှင်မင်းတရားကြီး ဘုရား   “ထွန်တုံးတွေနဲ့ လယ်သမားများလဲ အဆင်သင့်စောင့်လျက်ရှိပါပြီ၊ လယ်ထွန် မင်္ဂလာ ထွက်တော်မူပါ့ ဘုရား။” 

ရွာစားရေ “လယ်ထွန် မင်္ဂလာ” တေးနဲ့ ကြို ။
လယ်ထွန်မဂံလာဆင်းချိန် 

ဆရာနေဝင်းမြင့်(ပဋိက္ကရားမင်းသား)  ဟောပြာတာလည်း နားဆင် ကြည့်ပါ။ အစိုးရတွေကို ဝေဖန်ဟန်ရှိငြား သူကား အမျိုးသားရေးကို နိုးဆော်နေတာပါ။အဲ့ဒီလို အမျိုးသားရေးကို နိုးဆော်နေတဲ့  စာရေးဆရာ၊ အနုပညာရှင် တွေ အများကြီးပါ။ဥပမာ မောင်စိန်ဝင်း၊ ချစ်ဦးညို၊ ဖေမြင့်၊ လယ်တွင်းသားစောချစ်၊ အော်ပီကျယ်(ဝင်းနိုင်)၊မနသကျော်ဝင်း …….အများကြီးပါ။ ဗမာပါ မြန်မာပါ ဆိုတဲ့ ဗိုလ်မင်းများ၊ အရာရှိမင်းများ နားဆင်ကြပါ။  ပြီးတော့တွေးတောပါ၊ စာနာစိတ်များ ကရုဏာ မုဒိတာ ထားလို. ကူညီနိုင် ကြပါစေ။Click on link below.

 

 
 
 

No comments:

Post a Comment